Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, 22 January 2013

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါဝင်မည့် စာချုပ်ချုပ်ဆို

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါဝင်မည့် စာချုပ်ချုပ်ဆို


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သော မန္တလေး စက်မှုလုပ်ငန်းများ
ဖွံဖြိုးရေးအာဏာပိုင် နှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက်တို့သည်
မြေဧက နှစ်သိန်းခြောက်သောင်းကျော် ပါဝင်မည့် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်း
လုပ်ငန်းကို အကျိုးတူဆောင် ရွက်နိုင်ရန် သဘောတူစာချုပ်ကို ယခုလ ၉ ရက်နေ့က
ချုပ်ဆိုခဲ့ကြသည်။

အဆိုပါစာချုပ်ကို ပြည်ကြီးတံခွန်မြို့ နယ် မန္တလေးစက်မှုဇုန်ရှိ Hi-Tech,A-1 (Log House)
တွင် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်
စက်မှုလက်မှု ၀န်ကြီးဋ္ဌာန ၀န်ကြီး ဒေါက်တာမြင့်ကြူနှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့
ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဒေါက်တာ ထွန်းထွန်းအောင်တို့က စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ကြသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်းလုပ်ငန်းပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ "ကျွန်တော်
တို့အစိုးရအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့နောက် ဒီနယ်မြေ မှာ လုပ်ငန်းတစ်ခုဆောင်ရွက်လိုတယ်။
ဒီလုပ်ငန်းက နယ်မြေကထွက်ရှိတဲ့ စိုက် ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို အဆင့် မြှင့်ပြီးတာ့မှ
ပြည်ပပို့လို့ရအောင် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တော်ဝင်အဆင့်မြင့်နည်းပညာ
အဖွဲ့ ကုမ္ပဏီလီမိတက်က စတင်စဉ်းစားလာ ပါတယ်။

ဒီစဉ်းစားလာချက်ကို ကျွန်တော်တို့နဲ့ လာရောက်ပြီး ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာတော့
ဒီကနေ တစ်ဆင့် နယ်မြေအခြေအနေကို အသေး စိတ် လေ့လာပြီးတဲ့နောက် ဒီနေရာမှာ
ဆိပ်ကမ်းတစ်ခု တည်ဆောက်မယ်။ နောက် စက်မှုဥယျာဉ်တစ်ခုကို တည် ဆောက်မယ်ဆို
ပြီးတော့မှ တိုးမြှင့်စဉ်း စားလာကြတယ်။ မူလစဉ်းစားချက်ဟာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊
အလုပ်အကိုင် အခွင့်အလမ်းရရှိရေးများကို အဓိက ဦးတည်ပြီး ဆောင်ရွက်မယ်ဆိုတဲ့
ဆွေးနွေးချက်ဖြစ်တယ်"ဟု ပြောကြားသည်။

"ဒီဆွေးနွေးချက်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အချက်လေးချက်ကို အခြေခံပြီး စဉ်းစားခဲ့
ပါတယ်။ နံပါတ် တစ်အချက်က ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ
တကယ်ပေါ်ပေါက်မှာလား၊ နံပါတ်နှစ် နယ်မြေဒေသမှာရှိတဲ့ လူထုအနေနဲ့ ဘယ်လောက်
အထိ ထိခိုက်သွားနိုင်လဲ၊ နံပါတ်သုံး၊ တကယ့်ကို ဒီနယ်မြေဒေသ ဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်
တဲ့အခြေအနေရှိရဲ့လား၊ နောက်ဆုံးအချက်က တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
ထိခိုက်မှုအနေအထား။ ဒီအချက်လေးချက်ကို အခြေခံပြီးဆွေးနွေးလိုက်တဲ့အခါမှာ ဒီနယ်မြေ
မှာအကောင်အထည်ဖော်မယ်ဆိုရင် အားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်။

ကျော်လွှားနိုင်တယ်ဆိုတဲ့ အဖြေတစ်ခုကို ရရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် တို့တစ်တွေ
လည်းပဲ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တစ်မြို့နယ်လုံး၊ မြင်းခြံ မြို့နယ်က အချို့အ၀က်ပါတဲ့
အစီအစဉ်ကို အစိုးအဖွဲ့တွင်းမှာ ဆွေးနွေးပြီးတော့မှ လက်ခံခဲ့တယ်။ ထို့အတူပဲ ဒီအစီအစဉ်
ဟာ ကျွန်တော်တို့အနေနဲ့ အကောင် အထည်ဖော်မယ့် အနေအထားကို ပြည်ထောင်စုအစိုးရ
အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီလုပ်ငန်း အခြေအနေတွေကနေ စတင်လုပ်
ဆောင်ခဲ့တာ အခုဆိုရင် စာချုပ်ချုပ်ဆိုတဲ့ အဆင့်ကို ရောက်ရှိပြီဖြစ်ပါတယ်" ဟု
ဝန်ကြီးချုပ်ဦးရဲမြင့်က ဆက်လက်ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် ထည့်သွင်းတည်ဆောက်မည့် လုပ်ငန်းများမှာ
သယ်ယူပို့ဆောင်ရေးဌာန၊ အလတ်စားစက်မှုလုပ်ငန်း၊ အသေးစား စက်မှုလုပ်ငန်း၊ အထပ်နိမ့်
အိမ်ရာစီမံ ကိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဇုန်၊ သိပ္ပံနှင့် သုတေသနဌာနရုံး၊
ဂေါက်ကွင်း၊ ပန်းခြံနှင့် စိမ်းလန်းစိုပြည်ရေးနေရာ၊ လုံးချင်းအိမ်ရာ၊ အထပ်မြင့်အိမ်ရာ၊
ကုန်တိုက်နှင့် ဈေးဝယ်စင်တာတို့ ဖြစ်ကြောင်း သိရသည်။

"စီမံကိန်းကို လုပ်ငန်းမစတင်မီ ကြို တင်ဆောင်ရွက်ရမှာဖြစ်လို့ စင်ကာပူနိုင်ငံက ပညာရှင်
အဖွဲ့အစည်းကို ငှားရမ်းပြီး ရေးဆွဲနေပါတယ်။ စက်မှုဥယျာဉ်တစ်ခုလုံးလိုအပ်တဲ့
နိုင်ငံတကာ အဆင့်မီ အချက်အလက်များအားလုံး ပါဝင်စေဖို့ နိုင်ငံခြားသားပညာရှင်များ
ဖြစ်တဲ့ စင်ကာပူတစ်ဦး၊ အမေရိကန်နှစ်ဦး၊ နယူးဇီလန်တစ်ဦး၊ ပြင်သစ်တစ်ဦး
စုစုပေါင်းနိုင်ငံခြားသား ပညာရှင်ငါးဦးကို ထပ်မံငှားရမ်းခန့်ပြီး ကုမ္ပဏီက ငွေကြေးများစွာ
မတည်ရင်းနှီး အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်"ဟု တော်ဝင်အဆင့်မြင့်
နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် အကြီးစားစက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်း
နင့် အသေးစားစက်မှုလုပ်ငန်းများစွာပါဝင်သဖြင့် စက်ရုံပေါင်း ၂,၅၀၀ ခန့်နှင့် အလုပ်အကိုင်
အခွင့်အလမ်းရာထူး/ ၀န်ထမ်းခန့်ထားရန် နေရာစုစုပေါင်း ၁၅၀,၀၀၀ ခန့်ထွက်ပေါ်လာနိုင်
ကြောင်း ၎င်းကပြောသည်။

credit to mmtimes

Friday, 18 January 2013

မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာ၌ စက်မှုဇုန် စီမံကိန်း ဖော်ထုတ်မည်

မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာ၌ စက်မှုဇုန် စီမံကိန်း ဖော်ထုတ်မည်
မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာ၌ စက်မှုဇုန် စီမံကိန်း ဖော်ထုတ်မည်မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ များနှင့် အဆင့်မီစွာ ရင်ဘောင် တန်းနိုင် ရန် ခေတ်မီ ဖွံ့ဖြိုးသော ဇုန်းများ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဖော်ဆောင် နေသော စက်မှုဇုန်များ အနက် မြို့သာ စက်မှုဇုန် သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
နိုင်ငံတော် သမ္မတနှင့် တိုင်းဒေသကြီး ဝန်ကြီးတို့ မှ စေတနာမေတ္တာ ပြည့်ဝ စွာဖြင့် ပြည်သူများ၏ဘဝမြင့်မား လာစေရန်နှင့် မြို့ရွာများ ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေရန် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစား အကောင်အထည် ဖော်နေကြ သည်ကို မြင်တွေ့ နေကြသည်။
စက်မှုဇုန်များနှင့် ဟိုတယ်ဇုန်များ တည်ဆောက်ခြင်းကြောင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလန်းများ ပွင့်လာသလို လူမှုရေးဘဝတွေပါ အဆင့် အတန်း မြင့်များ လာနိုင်ကြောင်း မျှော်လင့်မိသည်။ ဇုန်များကြောင့် အလုပ်လက်မဲ့ များနှင့် ဆင်းရဲမွဲ တေပပျောက်ရေး များမှာလည်းများစွာ အထောက်အကူ ပြုမည်။ နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင် လာသောကြောင့် နည်းပညာ အသစ်များဖြင့် နိုင်ငံ၏လုပ်ငန်း များကိုပိုမိုဖွံ့ဖြိုး တိုးတက် လာနိုင်ကြောင်း ယခင်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန (ရုံးဟောင်း)တွင် စက်တင်ဘာ(၁၄)ရက်နေ့တွင် ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲ ၌ ဒေါက်တာထွန်းထွန်းအောင် ကပြောသည်။
Industrial Park စီမံကိန်းကို မြင်းခြံခရိုင် ၊ငါးဇွန်မြို့နယ် မြို့သာနှင့် နဘူးအိုင်ရွာ ကြားရှိ ဒေသခံများ အသုံးပြု၍ မရသော ကြက်တီးကုန်းတွင် ရှင်းလင်း တည်ဆောက်မှာ ဖြစ်သည်။ ဇုန်အနီးတစ်ဝိုက်ရှိ ကျေးလက်များကို ထိခိုက်မှာ မဟုတ်ကြောင်းနှင့် ဒေသခံများအလုပ် အကိုင် အခွင့်အလမ်းများ ပွင့်လင်း လာမှာ ဖြစ်ကြောင်းနှင့် တစ်ဦး တစ်ယောက်ဝင်ငွေ များလည်းတိုးပွားလာမည်ဖြစ်သည်။
ထိုဒေသသည် စီးပွားရေးဖွံ့ဖြိုးမှုအလွန်နည်းပါး သောကြောင့် လူနေမှု အဆင့်အတန်း ပါ နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် မိမိဒေသတွင် အိုးမကွာ အိမ်မကွာ လုပ်ကိုင် စားသောက်နိုင်စေရန်Industrial Park (မြို့သာ) စီမံကိန်း ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်းလျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူမှ ပြောကြား ခဲ့သည်။
Myo Thar Industrial Park(MIP) တည်ဆောက်မည့် ကြက်တီးကုန်း ဧရိယာမှာ ၁၀၃၄၅၊ဒသမ၈၂ ကျယ်ဝန်းကြောင်း သိရသည်။ ပြည်တွင်းနှင့်နိုင်ငံခြား သင်္ဘောများ ဝင်ထွက် သွားလာနိုင်ရန်နှင့် ကုန်ပစ္စည်းများ တင်ချနိုင်ရန် ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်း Si Mei Kon Port(SP)ကိုလည်း နိုင်ငံတကာ အဆင့်မီ တည်ဆောက် သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
ထိုဆိပ်ကမ်းကြောင့် လည်း လုပ်သားများစွာအလုပ်အကိုင်များပေါ်နိုင်မည်ဖြစ်သည်။ မြို့သာနှင့် ဆီမီးခုံကြားတွင် လည်း ဆက်သွယ် သွားလာမှု လွယ်ကူစေရန် ခေတ်မီလမ်း သစ်များဖောက်လုပ်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ သန်း၃၆၀ဖြစ်ကြောင်းလည်းသိရသည်။
ပြည်တွင်းလုပ်ငန်းပိုင်ရှင်များလည်းစီးပွားရေး အခွင့်အလန်းများထင်သာမြင်သာရှိလာပြီးဖြစ်၍စည်းကမ်းစနစ်ကျစွာအစုရှယ်ယာ များဝယ်ယူပါဝင်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းဝန်ကြီးကပြောကြားခဲ့သည်။ မြို့သာနှင့်ဆီမီးခုံဒေသများမှဒေသခံများသည်အိပ်မက်တစ်ခုမြင်မက်သလိုဖြစ် နေကြသည်။ မတွေ့ဘူး၊မကြားဘူးသောဇုန်ကြီးပေးထွန်းလာမှာကိုလည်းဒေသခံ များမှဝမ်းမြောက်စွာကြိုဆိုကြကြောင်းသိရသည်။
ဆီမီးခုံဆိပ်ကမ်းမြို့ကြီးဖြစ်သွားလျှင် တစ်ဟုန်ထိုးစီးပွားရေးများဖြစ်ထွန်းလာမှာကိုမျှော်လင့်နေကြသည်။ ဒေသခံများလည်း အခြားဒေသများကို မိသားစုနှင့် အိုးအိမ်များ စွန့်ခွာပြီး သွားရောက်မလုပ်ကိုင်ရတော့ပေ။ ကိုယ့်အရပ်ကိုယ့်ဒေသမှာပင်အလုပ်အကိုင်များရကြမှာဖြစ်သောကြောင့်ဒေသခံများ မှာဝမ်းသာ ပီတိများစွာဖြင့် မျှော်လင့် နေကြကြောင်း ဒေသခံများထံမှ ကြားသိ ရသည်။
အောင်ကိုဦး

Tuesday, 15 January 2013

Myotha Industrial Park


Image
Ministers witness the signing for the Mandalay-Myotha Industrial Park Project January 9, 2012. (Than Naing Soe/The Myanmar Times)
Reposted from The Myanmar Times
The Mandalay Industry Development Authority, appointed by the Mandalay Regional Government, and the Royal Hi-Tech Group Company signed a contract to build the Mandalay-Myotha Industry Park project on January 9.
“Since Myanmar’s new government, the RHGC has wanted to implement this project. The main purpose of the project is for agriculture export. Following a feasibility study and discussions with the government, we plan to construct a port along with the industrial park. We believe the project will reduce poverty by creating new job opportunities,” said U Ye Myint, Mandalay Region chief minister.
He continued: “We considered four main points before signing for the project. One was how it will provide job opportunities to the public; two was how will this affect the local people; three was how can we develop the area; and four was how will the environment be impacted. After discussing these points, we came to the conclusion that the project should be done. We decided that the project would be built over the whole township of Nganzun and part of Myingyan township. We presented our conclusions to the Union Government and finally signed the contract.”
The Mandalay-Myotha Industrial Park will comprise 2600 acres. It will include a transportation department, a small industrial enterprise, a middle industrial enterprise, housing projects, an economic and commercial zone, a science and research department, a golf course, a park, high-rises and supermarkets.
“This is a dry region. There’s very little land to cultivate, no big trees, and little chance of success with farming. So, people who live here are very poor and leave the area to earn money. The government wanted us to change this situation and accomplish something,” said U Aung Win Khaing , chairman of the RHGC.
“There will be 2500 factories and 150,000 staff will be required for the Mandalay-Myotha Industrial Park. We will start the project this month,” he added.
U Aung Win Khaing said the company has hired a panel of experts to help them prepare before the implementation phase. The experts will help the RHGC draw up a master plan that adheres to international standards, he said. Two are from America, and there is one each from Singapore, New Zealand and France.
Photo Credit: The Myanmar Times

Friday, 23 December 2011

ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထား


နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းနှင့် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) အသုံးပြုသော အစိုးရဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထားသည်ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြာင်းသည်။ “အစိုးရဌာနတွေရဲ့ နိုင်ငံခြား ငွေလဲနှုန်းကို အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ နှုန်းနဲ့ တွက်ချက်နေပါတယ်။ အစိုးရဘတ်ဂျက်မှာလည်း ကျပ် ၈၀၀ နှုန်းနဲ့ တွက်နေတယ်” ဟု ဦးအောင်သောင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံသား ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင်များ၊ မြန်မာနိုင်ငံဘဏ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် တရားဝင် သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ ၆ ကျပ်ဝန်းကျင်ဖြစ်ပြီး ယခင်က နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းအချို့နှင့် နိုင်ငံခြားငွေ အသုံးပြုသော ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းအချို့ကို တရားဝင်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိ ငွေလဲနှုန်းကို အမြန်ဆုံး ပြင်ဆင်ပြောင်းလဲနိုင်ရန် တိုက်တွန်းပြောကြားထားပြီး အဆိုပါ အစိုးရဌာနတွင်း ကျပ် ၈၀၀ နှုန်း သတ်မှတ်မှုမှာ အဆင်ပြေမှု ရှိနိုင်သော်လည်း ပြင်ပစီးပွားရေးအခြေအနေအရ လျော်ကန်သင့်မြတ်မှု မရှိနိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
credit to သစ်ထူးလွင်

Thursday, 22 December 2011

၂၀၁၂ ခုနှစ်မှ စတင်၍ အိမ်သုံးမီတာ တစ်ယူနစ် ၃၅ ကျပ်နှင့် စီးပွားရေးသုံး မီတာတစ်ယူနစ် ၇၅ ကျပ်သာ ကောက်ခံရန် သတ်မှတ်ထား

လာမယ့် ၂၀၁၂ ခုနှစ်မှ စတင်ကာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံဖို့နဲ့ စီးပွားရေး လုပ်ငန်းသုံး ပါဝါ မီတာတွေမှာ မီတာ တစ် ယူနစ်လျှင် ကျပ် ၁၀၀ ကောက်ခံဖို့ လျာထားသတ်မှတ် ခဲ့ပေမယ့် ယခု အခါမှာတော့ အိမ်သုံးမီတာ တစ်ယူ နစ် လျှင် ၃၅ ကျပ်နဲ့ ပါဝါမီတာ တစ်ယူနစ်လျှင် ၇၅ ကျပ်သာ ကောက်ခံဖို့ သတ်မှတ်လိုက် ပြီ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါသည်။

ယခုလက်ရှိ မီတာခတွေဟာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်နဲ့ စီးပွားရေး လုပ်ငန်း မီတာ တစ်ယူနစ်ကို ကျပ် ၅၀ နှုန်းကောက်ခံ လျက် ရှိတာ ဖြစ်ပါသည်။ ယခုပြောင်းလဲ သတ်မှတ်မယ့် မီတာခ တွေကတော့ လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁  ရက်နေ့မှ စတင်ကာ ကောက်ခံ သွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ မှစတင်ပြီး အဆိုပါ နှုန်းထားနဲ့ လျှပ်စစ်မီတာ ခများ ပေးဆောင်ရမှာ ဖြစ်ပါသည်။ လျှပ်စစ် မီတာခများ ယခုလို အနည်းငယ် တိုးမြင့်ကောက်ခံ ရခြင်းမှာ ယခင်က အိမ်သုံး တစ်ယူနစ်လျင် ၂၅ ကျပ် ၊ စီးပွားရေး လုပ်ငန်းမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ေ ကာက်ခံစဉ်က အစိုးရ အနေနဲ့ တစ်နှစ်လျှင် ကျပ်ငွေ ၂၅၀ ဘီလီယံခန့် အရှုံးပေါ် နေတဲ့အတွက် ရငွေ ၊ သုံးငွေကာ မိစေဖို့  အနည်းငယ် မြင့် တက် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါသည်။


credit to MRTV4