Showing posts with label ဆောင်ပါး. Show all posts
Showing posts with label ဆောင်ပါး. Show all posts

Friday, 29 November 2013

“ဇာတိနွယ်” - စိုးမင်း

                      

 

“ဇာတိနွယ်”

November 29, 2013 at 1:07am
           သမီးလေး သူငယ်တန်းတက်ကတည်းက သူ့အဖေဟာ လွယ်အိပ်တစ်လုံးနဲ့ ရွာစဉ်လည်နေရတဲ့အတွက် ဧည့်သွားဧည့်လာ၊ ဘာလိုချင်လဲ၊ ဘယ်သွားချင်လဲလောက်သာ အနိုင်နိုင် အလိုလိုက်နေရတာမို့ သမီးကို သူ့အသက်သူ့အရွယ်အလျောက် သိသင့်သိထိုက်တဲ့ မြန်မာမှု မြန်မာ့ဓလေ့တွေနဲ့ ယဉ်ပါးအောင် သွန်သင်ရတာ တော်တော်တော့ ခက်ခဲပါတယ်။ သူကျင်လည်ရာပတ်ဝန်းကျင်မှာ အဲဒီမြန်မာစရိုက်ကလေးတွေက တဖြေးဖြေး ပျောက်ကုန်တာကိုး။ မြိုင်မြိုင်ဆိုင်ဆိုင် တန်ဆောင်တိုင် ပွဲဈေးတန်းကြီးခေါ်သွားတာတောင်မှ သူစားတတ်တဲ့ မုန့်ပဲသွားရည်စာ တစ်ခုတလေ ရှာမရဘူး။ ကစားစရာ တစုံတရာ လိုချင်စရာ မရှိဘူး။ သူ့ကို မုန့်ကျွေးချင်ရင် Chewy Junior တို့၊ B & B Bakery တို့လိုဆိုင်မျိုး၊ ဒါမှမဟုတ် အနည်းဆုံးတော့ ပီဇာ၊ ဆူရှီ၊ ဒင်းဆမ်း၊ ဘာဂါရတဲ့ဆိုင်မှပဲ ဖြစ်လိမ့်မယ်။ မြန်မာအဖေအမေကမွေးပြီး မြန်မာပြည်မှာကြီးပြင်းလာတဲ့ သမီးလေးဟာ ဘယ်လိုဖြစ်လို့ နိုင်ငံခြားသူတစ်ယောက်လို မြန်မာအစားအသောက်တွေနဲ့ စိမ်းနေမှန်းမသိပါဘူး။
 
              မုန့်ဟင်းခါး၊ ခေါက်ဆွဲမစားတတ်ပဲ ယမ်ယမ်ခေါက်ဆွဲပြုတ် ကြာဆံပြုတ်လောက်ပဲ စားစရာထင်တယ်။ အကြော်စုံ ပူပူနွေးနွေး အချဉ်ရည်မွှေးမွှေးနဲ့ တို့မစားတတ်ပဲ တန်ပူရာကို တိုမားတိုးကက်ချပ်နဲ့ စားချင်တယ်။ မုန့်လေပွေ နဲ့ ကောက်ညှင်းကျည်တောက်အစား ရေညှိထမင်းလိပ်တို့ ဗူးနဲ့လာတဲ့ အာလူးကြော် အလိန်အလိန်တွေပဲ စားတတ်တယ်။ ဈေးထဲက၀ယ်တဲ့ မုန့်ပဲသွားရည်စာ ဘယ်ဟာကိုမှ မစားတတ်ပဲ ရှော့ပင်မောကြီးတွေပေါ်က ဆိုင်တွေ ကန္နားတွေကပဲ ကောင်းတယ်လို့ထင်တော့တယ်။ တစ်ခုခုတော့ မှားနေပြီ။ ကလေးကမှားတာ မဟုတ်ဘူး။ ကလေးကို မြန်မာ့ပတ်ဝန်းကျင်နဲ့ ရင်းနှီးခွင့်မပေးတဲ့ ကိုယ်က မှားနေတာ။ အလိုလိုက်ချင်ဇောနဲ့ နှမြောတွန့်တိုခြင်းကင်းစွာ ကောင်းမယ်ထင်ရာ၊ နံမည်ကြီး ခေတ်စားရာ၊ ကြေးရည်တတ်တို့ ပလွှားရာ နေရာထိုင်ခင်း အစားအသောက်တို့ကို ရင်းနှီးကျွမ်းဝင်စေတဲ့အခါ အခုနောက်ဆုံး သတိထားမိလိုက်တာက အဲသည်ဟာတွေ အကုန်လုံး မြန်မာအငွေ့အသက် တစက်ကလေးမှ မပါပါလား လို့ သိလိုက်ရတယ်။ နောက်ဆုံးတော့ ကိုယ့်ကလေးဟာ မြန်မာစာ မစားတတ်တဲ့ဘ၀ကိုရောက်တယ်။ ဒီအချိန်ရောက်မှတော့ စားကြည့်ပါ သမီးရယ်။ ဘယ်လိုကောင်းတာ။ ဘယ်သို့ဘယ်ချမ်းသာ။ စိတ်ပါအောင်ပြောသော်လည်းပဲ သူစားနေကျ မဟုတ်လို့ လက်ဖျားနဲ့တောင် မတို့တော့ဘူး။ ကလေးဆိုတော့ မုန့်ကိုပဲ မက်သေးတာပေါ့။ အရွယ်ရောက်လာလို့ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ပါ ဝေးကွာစိမ်းကားသွားမယ်ဆိုရင် ခက်ရချည်ရဲ့နော်။
 
                ဒီလိုတော့ ဖြစ်သေးပါဘူးလေ။ အခု သူ့အဖေ ရန်ကုန်ရောက်ပြီး သူ့အနားမှာနေရတုန်း အားရင်အားသလို မြန်မာမှု ကျူရှင် ပေးတဲ့အနေနဲ့ ဖေဖေပုံပြောမယ် အလုပ်လုပ်နေရတယ်။ အတော်ပါပဲ။ ရန်ကုန်ကားလမ်းတွေကလည်း ပိတ်ပါဘိသနဲ့။ ညနေဘက် သူ့ကျူရှင် ကြိုရင်ပို့ရင် အနည်းဆုံး အသွားတစ်နာရီ အပြန်တစ်နာရီစာလောက် လက်ချာရိုက်လို့ရတယ်။ စပ်မိစပ်ရာကလေးတွေကတဆင့် “သမီးရေ။ အဖေတို့ငယ်ငယ်တုန်းကတော့ဖြင့် ဘယ်လိုကွဲ့။” “ဟိုးရှေးရှေးတုန်းကတော့ သည်လို မဟုတ်ဘူးကွဲ့။”  နဲ့ ကိုယ်ပြောချင်တာလေးတွေကို သူစိတ်ဝင်စားအောင် သိုင်းဝိုင်းရှင်းပြတယ်။ တခါတခါတော့လည်း သူ့ပြောချင်တာလေးတွေ ဖေ့စ်ဘုတ်ပေါ် မှတ်စုရေးတင်ပြီး သမီးအကြောင်း ရေးထားတယ် ဖတ်ကြည့် လို့ ပြရတယ်။ ဒါမှ သူ့အတင်း ဘာတွေတုပ်ထားပလဲ မသိဘူးဆိုပြီး ဖတ်ချင်လာမှာလေ။
 
           ကာတွန်းကလေးတွေ ပုံပြင်ကလေးတွေကဆင့် အပြင်စာကလေးတွေဖတ်ဖို့ တာစူလာတဲ့သမီးလေးကို ကိုယ်ငယ်ငယ်တုန်းကလိုပဲ မြန်မာအငွေ့အသက်ကလေးတွေနဲ့ ပြန်လည်နွေးထွေးလာစေဖို့ တစ်နည်းတစ်ဖုံ ထပ်ကြိုးစားကြည့်မိပါတယ်။ အဲဒါကတော့ ဆရာကြီး မင်းသုဝဏ်တို့ ဆရာမကြီး ဒေါ်နုယဉ်တို့ရဲ့ ကလေးစာပေကလေးတွေ ရှာဖွေ မိတ်ဆက်ပေးရတာပါပဲ။ တကယ်တော့ အဲဒါတွေက သူ့အရွယ်နဲ့ဆိုရင် တော်တော် နောက်ကျနေပြီ။ ဆွမ်းအုပ်နီနီ အမေရွက်တဲ့ အရွယ်မှ မဟုတ်တော့တာ။ ဒါပေမယ့် ခရာဆူးခြုံဟိုအထဲက မျှော့နက်မည်းကြီးဆိုတာကို သူမမြင်ဖူးဘူး။ အုန်းလက်နွားလေးဆိုတာလည်း  ဘယ်လိုဟာလည်း သူမသိဘူး။ သူ့ပတ်ဝန်းကျင်မှာ ခရာဆူး ဆူးလေဆူးတွေမှမရှိတာ။ ယိုယီးလေး မောင်ပန်းမွှေး လို့ ပြောလိုက်ရင် ယိုယီးလေးဆိုတာ ဘာပြောမှန်း သူမသိဘူး။ သူကြီးပြင်းခဲ့တဲ့ ပတ်ဝန်းကျင်မှာ အဲဒါတွေ မရှိတော့ဘူး။ ဒီတော့ သူမရောက်ဖူးတဲ့ ပတ်ဝန်းကျင်က သူမမြင်ဖူးတဲ့အရာတွေကို သူ့အဖေက အရုပ်ရေးပြသလို ဖွဲ့ကာနွဲ့ကာ ရှင်းပြရတယ်။
 
             မုန့်ဆီကြော်ကလေး မြင်ရင်တောင် “အဲဒီမုန့်က သမီးမစားပေမယ့် မြန်မာမုန့်ထဲမှာ ကောင်းလွန်းလို့ နတ်တွေတောင် တန်းတန်းစွဲတဲ့မုန့်။ ၀ါဝင်ဝါထွက် အဲဒီမုန့်မပါရင် နတ်တွေက စိတ်ဆိုးကြလို့ အဖြူတမျိုး အနီတမျိုးလုပ်ပြီး မပျက်မကွက် ကန်တော့ရတယ်။ မမနှဲလို့ခေါ်တဲ့ ကလေးနတ်ကလေးဆို မုန့်ဆီကြော် သိပ်ကြိုက်တာ။ မြန်မာနတ်ထဲမှာ ကလေးနတ်တွေလည်း ရှိတယ်။ နတ်သူငယ်လို့ခေါ်တယ်။ နဲဗားလန်းက ပီတာပင်တို့လိုပေါ့။ မမနှဲရဲ့ နံမယ်က ရှင်နှဲမိလို့ခေါ်တယ်။ သမီးဖွားဖွားအိမ်မှာ ဆွဲထားတဲ့နတ်အုန်းသီးကြီးက သူ့ဦးရီးတော်တာပေါ့။ အဲဒီအုန်းသီးကြီးကို ညဘက်ကျ ဘာဖြစ်လို့ လိုက်ကာအနီကြီး ဆွဲဆွဲပိတ်သလဲ သိလား။ ….” အဲသလိုမျိုး တောင်စဉ်ရေမရ စကားစရှာပြီး ကျပန်းစကားပြောပွဲလုပ်ရတယ်။ ဒါတွေက အရင်တုန်းက မြန်မာတွေ အယူသည်းကြတာလို့ ရှင်းပြပေမယ့်လည်း သည်အကြောင်းတွေ မသိရင် မြန်မာမှုနယ်ပယ်မှာ နားလည်နိုင်ဖို့ခက်တာတွေမို့ စကားစပ်တုန်း ကြားဖူးနားဝတော့ ရှိစေရတယ်။ နို့မို့ဆို သမီးလည်း ဂျပန်ကကလေးတွေလို ဟောလိုးဝင်းနဲ့ ဗယ်လင်တိုင်းပဲ သိပြီး ကိုယ့်ရိုးရာကိုယ် ဘာမှန်းမသိမှာစိုးလို့။
 
              သရဲချင်းအတူတူတောင်မှ ပါးစောင်မှာ သွေးစက်လက်နဲ့ အစွယ်ထွက်နေတဲ့ အင်္ဂလိပ်သွေးစုတ်ကောင်၊ လက်ညှိုးကလေး ရှေ့တန်းလန်းထိုးပြီး ခုန်ဆွခုန်ဆွသွားတဲ့ တရုတ်သရဲ၊ ဆံပင်ဖားလျားနဲ့ ခေါင်မိုးထုတ်တန်းက ဇောက်ထိုးဆင်းလာတဲ့ ယိုးဒယားသရဲတို့ဟာ ကိုယ့်မြန်မာပုံပြင်တွေထဲက သရဲသဘက်တွေနဲ့ မတူကြောင်း ပြချင်လို့ ကိုကိုလေးရဲ့ မှော်ဆရာ့မှတ်တမ်းတွေ ရှာပြီး ပေးဖတ်ရတယ်။ ကြောက်ရတဲ့အရသာချင်းတူရင်တောင် ကိုယ့်သရဲကိုယ်ကြောက်ရတာက စေးစေးပိုင်ပိုင်ရှိတယ်လို့ သိစေချင်လို့။ အဆုံးသတ်မှာတော့ တကယ်ရှိရှိ မရှိရှိ၊ တစ္ဆေတို့ သရဲတို့ဆိုတာ ကြောက်စရာ မဟုတ်ဘူး။ မေတ္တာပို့စရာသာဖြစ်တယ်လို့ ရှင်းပြရတယ်။ သရဲကြောက်တယ်ဆိုတာ ခံစားမှုရသတစ်မျိုး လို့ သမီး လက်ခံနိုင်ဖို့ ခက်ပါတယ်။ စာပေရဲ့ ရသကိုးပါးအကြောင်းမှ မသင်ရသေးတာကိုး။ လျှာကအရသာတောင်မှပဲ သူက အချဉ်၊ အခါး နဲ့ အစပ်ကို အရသာရယ်လို့ လက်မခံနိုင်သေးဘူး ဖြစ်နေတယ် မဟုတ်လား။
 
          ကိုယ့်သမီးတိုးရစ်စ်မကြီးကို sight seeing ကြည့်စရာ ပုဂံ နဲ့ ပဲခူးကိုတော့ ရောက်အောင် ခေါ်သွားပြီး မြန်မာရာဇ၀င်အူပေါက်ကို ပတ်ချာနှောက်နေအောင် ဟိုရောက်သည်ရောက် ဇာတ်စုံခင်းပြခဲ့ပြီး ဖတ်စရာမှတ်စရာ အတိုအစလေးတွေ ရှာပေးခဲ့တာလည်း မြန်မာ့သမိုင်းထဲကို အလည်ခေါ်တာပေါ့လေ။ ရွှေတိဂုံဘုရားတက်ရင်တောင် သူ့ကို ဧည့်သည်ရှင်းသလို ရှင်းရှင်းပြနေရတာ ပြန်တွေးကြည့်မှ ကိုယ်မွေးထားတဲ့သမီးဟာ ဘယ်လောက်မြန်မာမှုနဲ့ အလှမ်းကွာသလဲ သတိထားမိတယ်။ လူဆိုတာ ကိုယ်နဲ့ပတ်သက်တော့မှ နီးစပ်တယ်ထင်ကြတာမို့ သူကန်တော့တဲ့တန်ဆောင်းကလေးတွေ နေရာကလေးတွေဆို အဖေငယ်ငယ်က ဘုရားရောက်တိုင်း ဒီနေရာလေးတွေမှာ ပုတီးစိတ်ဖူးတယ်။ ဘတ်စကားလေးနဲ့လာတော့ ဘယ်ကနေစီးရင် ဘယ်နေရာရောက်တာ။ အရင်တုန်းက ဒီနေရာမှာ ကြာပွတ်ကိုင်ထားတဲ့ ကုလားရုပ်ကြီးတွေ ရှိတယ်။ “ရွှေတိဂုံ ရွှေတိဂုံဘုရားကိုလ ကျားတက်တာ ငါးရက်ကြာ” ဆိုတဲ့ ဦးပေါစံကြီး စည်းတစ်ခြမ်းတင်တဲ့ သီချင်းလေးဆိုပြ။ အရင်တုန်းက ရန်ကုန်မှာ ကျားတွေဆင်တွေ ရှိတယ်လေ။ ကျားတောရတို့၊ ကျားကွက်သစ်တို့ဆိုတဲ့ ရပ်ကွက်တွေ အကြောင်းပြောပြ။ အသက်ကြီးလာလို့ ငယ်ငယ်ကအကြောင်းတွေ ချေးခြောက်ရေနှူး ပြောတတ်တဲ့အကျင့်ရလာတာလို့ ထင်ပေမယ့်လည်း ကိုယ့်အဖေ ကိုယ့်အဖွားတွေ အဲသလိုမျိုး ပြောပြခဲ့လို့ ကိုယ်လည်း မသိမမှီလိုက်တဲ့ ကိုယ့်ရေကိုယ့်မြေအကြောင်းတွေကို ကြားဖူးနားဝဖြစ်လာတာ။ သမီးကိုလည်း ပြောအပ်တယ် လို့ ထင်မိတယ်။  
 
               ဒီဟာတွေကို ဘာဖြစ်လို့ သမီးလေး သိစေချင်ရသလဲဆိုတော့ လူတွေမှာ ကိုယ့်အရပ်ကိုယ့်ဇာတိအပေါ်မှာ ခင်မင်တွယ်တာတဲ့စိတ် ဇာတိနွယ်ဆိုတာ ရှိတယ်။ အဲဒီစိတ်က ကိုယ်ဟာ ဘာလဲ။ ဘယ်အမျိုးအနွယ်က လာသလဲဆိုတဲ့ သိမှတ်ခံစားမှုတစ်ခု (Identity) ကိုပေးသလို၊ အဲသည်အရပ်ဒေသအပေါ်မှာ ခင်မင်တွယ်တာမှု (Attachment) ဆိုတာကိုလည်း ပေးတယ်။ အဲသည်အရပ် အဲသည်ဒေသမှာ ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရတဲ့ စိတ်လုံခြုံမှု (Sense of Security) ကိုလည်း ပေးတယ်။ ဘူတန်မှာနေတုန်းက ကိုယ်နေတဲ့တစ်ရပ်တစ်ရွာလုံးမှာ မြန်မာလိုပြောဖို့ တစ်ယောက်တစ်လေတောင် ရှာမရတဲ့အခါ နားထဲမှာ မြန်မာသီချင်းသံကလေးတွေ နေ့ရောညပါ ကြားယောင်ဆိုညည်းနေမိလို့ အာရုံထင်မှားတဲ့ရောဂါလက္ခဏာ(Hallucination)များ ပေါ်နေပြီလားလို့ အောင့်မေ့မိတယ်။ မြန်မာတစ်ယောက်အနေနဲ့ မြန်မာလိုပြောပြီး မြန်မာစာစားရတာ ဘာနဲ့မှမတူအောင် အရသာရှိမှန်း နိုင်ငံခြားရောက်နေတဲ့ မြန်မာတိုင်း သိကြတယ်။ ကိုယ့်သမီးကျမှ အဲသလို မခံစားတတ်တော့ပဲ မြန်မာပြည်ကို မေ့သွားမှာ စိုးတာပေါ့။
 
              နိုင်ငံတကာနဲ့ ယှဉ်လာတဲ့အခါမှာ သူများဆီက သင်စရာ၊ တတ်စရာ၊ အတုခိုးရာတွေ အများကြီးရှိတယ်။ အဲဒါတွေနောက် ကောက်ကောက်ပါအောင် လိုက်သွားမိတဲ့အခါ ကိုယ့်ဆီကနဂိုအခံရှိတဲ့ မူရင်းယဉ်ကျေးမှုကလေးတွေက ကြာလေမှိန်လေ ပျောက်ကွယ်သွားတတ်တယ်။ ဒါကြောင့် သူများဟာတွေ မနှီးနှောခင် ကိုယ့်ယဉ်ကျေးမှု အခြေခံကလေးတွေကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ ရင်းနှီးစေချင်တယ်လေ။ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့မှ မခံစားတတ်ဘူးဆိုရင် မြန်မာပြည်ကြီးကို ဘယ်လိုချစ်မလဲ။ တိုင်းပြည်အစုတ်အပြတ်ကြီးလို့ပဲ မြင်မှာပေါ့။ ရုပ်ဝတ္ထုချင်း ယှဉ်ရင် ဘယ်နိုင်ငံနဲ့ယှဉ်ယှဉ် ယှဉ်လို့မှ မရတော့ပဲကိုး။ ဒါဖြင့် စိတ်နေစိတ်ထားချင်း ယှဉ်မလား။ သေသော်မှတည့် သြော်ကောင်း၏ ပါဗျာ။ ဘယ်အရာနဲ့မှ မယှဉ်ပါနဲ့။ “တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ။” ဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့သာ မျက်လုံးစုံမှိတ်ပြီး ချစ်လိုက်ပါ။ အဲသလိုချစ်မြတ်နိုးလာစေဖို့ ကိုယ့်မြန်မာစာ မြန်မာမှုနဲ့ မစိမ်းအောင် ယဉ်ပါးအောင် နွေးထွေးအောင် မိတ်ဆက်ပေးတာပေါ့။ အဆုံးသတ်တစ်နေ့မှာ ဘာကိုမှ မမှတ်မိဘူးဆိုရင်တောင် “ငါ့အဖေ သိပ်ချစ်တဲ့ သူ့တိုင်းပြည်ပေါ့။” လို့ မှတ်မိနေရင် တော်ပါပြီ။
 
          မျိုးနွယ်ဇာတိဆိုတာ ချစ်ရုံကလေး တွယ်တာရုံကလေးနဲ့လည်း မပြီးသေးပါဘူး။ နောက်တဆင့်တက်ရင် ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ပါသေးတယ်။ အဲသလို ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဟိန္ဒူတွေလို အမျိုးဇာတ်ကို မပျက်အောင် စောင့်ထိန်းတာသက်သက်၊ သကျသာကီဝင်တွေလို သူများသွေးအနှောမခံပဲ ကိုယ့်သွေးသားချင်း လှည့်ပတ် လက်ဆက်ရုံသက်သက်ကတော့ အနှစ်သာရ မပါပါဘူး။ တကယ်တမ်းဆက်ခံသင့်တဲ့အထဲမှာ မျိုးရိုးဂုဏ်ဆိုတာပါသေးတယ်။ တီဗီထဲမှာ ကြားကြားနေရတဲ့ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးဆိုတာကြီး နားကြားပြင်းကပ်တာနဲ့ ကိုယ့်ဆွေဂုဏ်မျိုးဂုဏ်ကို မထိန်းသိမ်းတတ်ပဲ နေမှာစိုးတယ်။ “အလိုလေး။ ဘ၀င်တွေလွှတ်မြင့်နေပြီ။ ဒင်းတို့က ဘယ်အမျိုးဘယ်အနွယ်က ဆင်းသက်လာလို့ပါလိမ့်။” လို့ မဲ့ချင်ရွဲ့ချင်ကုန်ကြရော့မယ်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျဆီက အစဉ်မပျက် ထီးရိုးနန်းဆက်ကလာလည်း ကိုယ်ကတော့ ဂုဏ်ရှိတယ် မထင်ပေါင်။ ရွှေမျိုး စိန်မျိုး၊ နေမျိုး လမျိုး၊ ဟိုးဟိုးကျော် ထိပ်ထိပ်ကြဲ လျှမ်းလျှမ်းတောက် ဂုဏ်သိမ်သတင်းနဲ့နေတာမို့လည်း ဦးခိုက်ရိုကျိုး လက်စုံမိုးမနေနိုင်ပေါင်။
 
            ဘာမှမဟုတ်တဲ့ ကိုယ့်မျိုးရိုးစဉ်ဆက်ကိုတော့ ဘယ်သူတွေ မလေးစားလေးစား ကိုယ့်ဘာသာ တလေးတစားနေနိုင်အောင် ကြိုးစားတယ်။ ကိုယ့်မျိုးရိုးက မြန်မာ၊ ဒါကြောင့် မြန်မာမှု မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို အလေးထားတယ်။ အမျိုးဂုဏ်နဲ့ပတ်သက်လာရင် ကိုယ်တို့ဆရာကြီးမင်းသုဝဏ်လည်း သူ့အမျိုးသူ ဂုဏ်ယူပါသတဲ့။ သူ့နှမ ဒေါ်နုယဉ်ကမွေးတဲ့ သူ့တူကလေးကို ဘယ်လိုပြောသလဲဆိုတော့ “ငါတို့ဆွေတွေမျိုးတွေထဲမှာ ဆင်းရဲချင် ဆင်းရဲမယ်။ ချမ်းသာချင် ချမ်းသာမယ်။ လိမ်တာ ကောက်တာ နံမည်ပျက်တာတော့ တစ်ယောက်မှ မပါဘူး။” တဲ့။ သေသေချာချာတွေးကြည့်ရင် ကြက်သီးတောင်ထတယ်။ အဲသလိုမျိုး ပြောနိုင်ဖို့ ဆွေစဉ်မျိုးဆက် ဘယ်လောက်တောင် စောင့်ထိန်းခဲ့ရမလဲ။ သူများကြားတာမကြားတာ ယုံတာ မယုံတာကို အလေးမထားပါဘူး။ အဲသည်စကားက ကိုယ့်လိပ်ပြာကိုယ် ရဲရဲကြီးပြောဖို့ဆိုတာ လွယ်သလား။  ကိုယ်လည်းပဲ ကိုယ့်သမီးလေးကို ပြန်ပြောတဲ့အခါ “ဖေတို့ ဆွေတွေမျိုးတွေထဲမှာ ဆင်းရဲချင်ဆင်းရဲမယ်။ ချမ်းသာချင် ချမ်းသာမယ်။ လိမ်တာကောက်တာ နံမည်ပျက်တာတော့ တစ်ယောက်မှ မပါဘူး။” လို့ အားရပါးရ ပြောချင်လိုက်တာ။ စိန်ရွှေငွေ၊ အိမ်ခြံကားတွေထက် အဲသလိုပြောနိုင်တဲ့ ဂုဏ်၊ အဲသလိုပြောရတဲ့အရသာကို သမီးလေး ခံစားနှစ်ခြိုက်နိုင်ပြီဆိုရင်တော့ သူ့အဖေပေးချင်တဲ့ မျိုးရိုးဂုဏ် အမွေအနှစ်ကို ရသွားတယ် လို့ ပြောရမှာပဲ။ အရပ်ထဲမှာတော့ သွားပြောလို့ ဘယ်ရမလဲ။ အရူးမျိုးလို့ အပြောခံရမှာပေါ့။ ရူးနေတဲ့သူ့အဖေက သူ့သမီးလေးကိုလည်း ရူးစေချင်နေတာ ဖြစ်ပါလိမ့်မယ်။ ဒါမျိုးဟာ အရူးချင်းချင်းပဲ နားလည်နိုင်တာ မဟုတ်လား။
 
credit to Saya Soe Min (ဆရာစိုးမင်းဖေ့ဘွတ်မှ ကူးယူဖေါ်ပြပါသည်)

Wednesday, 26 June 2013

“မနုသီဟ ဖင်နှစ်ခွ” - စိုးမင်း

“မနုသီဟ ဖင်နှစ်ခွ”

by Soe Min (Notes) on Monday, June 17, 2013 at 3:15am
 
 
          ရွှေတိဂုံဘုရားပေါ်ရောက်တဲ့အခါ ကလေးတွေနဲ့ နိုင်ငံခြားသားတွေ စိတ်ဝင်စားတတ်တာက ဂြိုလ်တိုင်တွေ အနောက်နားဆီက မနုသီဟရုပ်ထုကြီးတွေပါ။ ရှေ့ဘက်က ဦးခေါင်းက လူမျက်နှာ မကိုဋ်ဆောင်းထားပြီး နတ်ရုပ်ကြီးနဲ့မခြား ရှိပေမယ့် ခြင်္သေ့ထိုင်ထိုင်ထားတဲ့ ကိုယ်လုံးကြီးတွေက စောင်းတန်းအဆင်း မုခ်ဦးဆီက ခြင်္သေ့ရုပ်ကြီးတွေနဲ့ ထပ်တူပါပဲ။ ထူးဆန်းတာက ကျောကုန်းလောက်ကနေ ဖင်က ဟိုဘက်တစ်ခြမ်း သည်ဘက်တစ်ခြမ်း နှစ်ခွဖြာသွားတာဆိုတော့ စေတီတော်ရဲ့ အုတ်ဘိနပ် ပလ္လင်ထောင့်မှာ အံဝင်ခွင်ကျ တင့်တင့်တယ်တယ်လေး ရှိနေတာပေါ့။ နံမယ်ကိုက မနုဿ + သီဟ၊ လူ နဲ့ ခြင်္သေ့ စပ်ထားတဲ့ သတ္တ၀ါ လို့ဆိုသော်ငြားလည်း စင်္ကာပူက ရေသူခြင်္သေ့ (Merlion) ကြီးလို စိတ်ကူးယဉ် တီထွင်ထားသော ဒဏ္ဍာရီသတ္တ၀ါမျိုး (Mythical Animal) မဟုတ်ပဲနဲ့ ဗုဒ္ဓဘာသာကျမ်းဂန်လာ တံခိုးပြာဋိဟာဖန်ဆင်းမှုတစ်ခု (Miraculous Creation) ဖြစ်ပါတယ်။ ဗုဒ္ဓ၀င်စာပေတွေထဲမှာ တကယ်ရှိတယ်လို့ ဆိုတဲ့ နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊ ယက္ခိုက်၊ ဘီလူး၊ ကိန္နရီ စတဲ့ သတ္တ၀ါတွေလို သတ္တ၀ါမျိုးနွယ်စုတစ်ခုအဖြစ် အများအပြားရှိခဲ့တာလည်း မဟုတ်ပါဘူး။ “တစ်ကောင်တည်းပဲ။ ခြင်္သေ့လည်း ပါတယ်။ ဒါပေမယ့် ဖင်နှစ်ခွ။” လို့ ပြောရမှာ ဖြစ်ပါတယ်။

          မနုသီဟကြီး ဖြစ်လာပုံ သမိုင်းကြောင်းကတော့ ကိုယ်ကြားဖူးတာတင် မူကွဲနှစ်မျိုး ဖြစ်နေပါတယ်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်သွားတဲ့အခါ ဘုရားကလွဲရင် ဘယ်သူ့မှ မကြောက်တဲ့ မာရ်နတ်မင်းကြီးက ငုတ်တုတ်ကြီး ကျန်နေရစ်ခဲ့ပါတယ်။ အဲ့ဒီမာရ်နတ်ကြီးက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ ဘုရားတောင် စစ်ခင်းပြီး ပလ္လင်လုလာခဲ့တဲ့ ပထမဦးဆုံးအောင်ခြင်းကြီးပါ။ သူက နတ်ဆိုပေမယ့် နတ်ပြည်ခြောက်ထပ်ကို ပိုင်စိုးတယ်ဆိုတဲ့ နတ်တို့သနင်း သိကြားမင်းရဲ့ သြဇာအောက်မှာ မရှိပါဘူး။ (တို့ဆီက သမ္မတကြီး နဲ့ စာဖတ်နေသူကြီး လို နေမှာပေါ့နော်) သူနေတဲ့ ပရနိမ္မိတ ၀ဿဝတီနတ်ပြည်ဆိုတာ နတ်ပြည်ခြောက်ထပ်မှာ အမြင့်ဆုံးဖြစ်ပြီး နံမယ်ကို ပါဠိအနက်ပြန်လိုက်ရင် ကာမဂုဏ်မှန်သမျှကို အလိုရှိတိုင်း ခံစားနိုင်သော နတ်ပြည် လို့ အဓိပ္ပါယ်ထွက်တယ်။ သူ့ထက်မြင့်သွားတဲ့ ဗြဟ္မာ့ဘုံတွေမှာ ကာမဂုဏ်တွေ မရှိတော့ဘူး။ ဈာန်အဟုန်နဲ့သာ နေကြတာ။ ကိုယ်တို့လို ကာမဘုံသား ဆုံလည်နွားတွေ အတွက်တော့ မာရ်နတ်မင်းကြီးရဲ့ တိုင်းပြည်ဆိုတာ ၃၁ဘုံမှာ ဇိမ်အရှိဆုံး စည်းစိမ်အခံစားနိုင်ဆုံး အရပ်လို့ဆိုရင် မမှားဘူး။

               အဲ့လောက်စည်းစိမ်ခံစားနေနိုင်တဲ့အရပ်မှာ အုပ်ချုပ်ရေး စီမံခန့်ခွဲရေးတာဝန်တွေကို ဘာဖြစ်လို့ အချိန်ကုန် အလုပ်ရှုပ်ခံပြီး လုပ်နေရမှာတုန်း။ ဟိုးအောက် ဒုတိယထပ်မှာနေတဲ့ ကိုမာဃကို သိကြားမင်းခန့်ပြီး “အရှုပ်ထုပ်မှန်သမျှ မင်းဘာမင်း ရှင်းတော့ ငါ့ဆီ လာလာ မရှုပ်စေနဲ့။” ဆို အာဏာကုန် လွှဲပေးလိုက်ဟန် တူပါတယ်။ လူ့ပြည်မှာ ဘုရားပွင့်တော့မယ်ဆိုပြီး ဗုဒ္ဓကောလာဟလထွက်တော့ မာရ်နတ်ကြီးက သူ့ကို အာဏာသိမ်းမယ်မှတ်လို့ ၀န်တိုမစ္ဆေရိယစိတ်တွေဖြစ်ပြီး ပြင်းပြစွာ ပူလောင်လာပါသတဲ့။ ဒါကြောင့် အစောကြီးကတည်းက တောထွက်မယ်ကြံတော့လည်း အတန်တန်တား၊ ဒုက္ကရစရိယာကျင့်တော်မူတော့လည်း ချစ်သမီးချောကလေးတွေနဲ့ မြှူဆွယ်ဖြားယောင်း၊ နောက်ဆုံးတော့ အပရာဇိတပလ္လင်တော်ကြီး ပေါ်လာတော့ မနေနိုင်တော့ဘူး။ တပ်ထောင်တာ ဗိုလ်ထုနဲ့ လူစုပြီး အဲလေ နတ်စုပြီးကို စစ်ခင်းတိုက်ခိုက်လေတော့သတဲ့။

               အဲသလောက်ဆိုးတဲ့ မာရ်နတ်မင်းကြီးမို့လို့ ကြုံတောင့်ကြုံခဲ ဘုရားပွင့်တော်မူတဲ့ အခိုက်မှာ ပက်ပင်းကြီးဆုံပါသော်လည်း မဂ်စော်ဖိုလ်စော်မနံ၊ သောတာပန်လောက်မှ မတည်နိုင်၊ အချည်းနှီး ဖြစ်ရရှာလေတယ်။ ဘုရားရှင်ကို ပရိနိဗ္ဗာန် ပြုတော်မူပါတော့လို့ အကြိမ်ကြိမ် လျှောက်ထား တောင်းပန်တာလည်း ဒင်းပဲ။ ဘုရားရှင် မရှိတော့တဲ့ နောက်မှာတော့ ဒင်းရန်ကို နှိမ်နှင်းမယ့်သူလည်း မရှိတော့ဘူး။ သာသနာတော်ကို နှောက်ယျက်ဖျက်ဆီးမယ့်ကြံရင်ဖြင့် ခက်ရချေရဲ့လို့ ရဟန္တာမထေရ်မြတ်ကြီးတွေက ပူပူပင်ပင် ဆင်ခြင်ကြည့်တဲ့အခါ နောင်နှစ်ပေါင်း ၂၃၀ လောက်ကြာရင် မဇ္ဇိမအရပ်မှာ သီရိဓမ္မာသောကမင်းကြီး ( King Asoka) ရှစ်သောင်းလေးထောင် အလှူတော်ကြီးပေးတဲ့အခါ လာရောက်နှောက်ယှက်ဦးလတ္တံ့ လို့ မြင်တော်မူသတဲ့။ ဘယ်သူကများ နှိမ်နှင်းတားဆီးနိုင်မှာပါလိမ့်လို့ ဆင်ခြင်ကြည့်တဲ့အခါ တောင်သမုဒ္ဒရာ ရေပြင်အလယ်မှာ ကြေးပြဿဒ်နဲ့ သီတင်းသုံးတော်မူသော ရှင်ဥပဂုတ္တ ရဟန္တာ မထေရ်ကို မြင်တော်မူတယ်။ သည်ကိုယ်တော်က သံဃာ့ကိစ္စများမှာ မပါမ၀င် သူ့ဘာသူ တစ်သီးပုဂ္ဂလစံမြန်းနေတာမို့ ပ၀ါရနာ မပြုတဲ့အတွက် ဒဏ်ထားပြီး မာရ်နတ်ကို နှိမ်နှင်းဖို့ တာဝန်ပေးယူရပါသတဲ့။ ရှင်ဥပဂုတ္တမထေရ် မာရ်နတ်မင်းကို နှိမ်နှင်းတဲ့အခါ သတ္တ၀ါတွေ အမျိုးမျိုး ဖန်ဆင်းတိုက်ခိုက်ကြပြီး နောက်ဆုံးမှာ မထေရ်ကြီးက မနုသီဟအသွင် ဖန်ဆင်းလိုက်တော့မှ မာရ်နတ်မင်းလည်း အဘားအဘားအော်လို့ ကြောက်လန့်ခြင်းကြီးစွာနဲ့ အရှုံးပေးလိုက်ရသတဲ့။ ဒါကြောင့် ဘုရားခြေရင်းမှာ မနုသီဟအရုပ်တွေထားတယ်ဆိုတာ တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အလှူမှာ မာရ်နတ်မင်း လာမဖျက်ဆီးနိုင်အောင် သူကြောက်တဲ့ အရုပ်ကြီးတွေ ထုပြီး ထားတာလား မသိပါဘူး။

               နောက်တစ်မျိုး ပြောကြပြန်တာကတော့ အာသောကမင်းကြီးက ကိုးတိုင်းကိုးဌာန သာသနာပြုဖို့စေလွှတ်လိုက်တဲ့ အရှင် သောန နဲ့ အရှင်ဥတ္တရ ရဟန္တာမထေရ်နှစ်ပါးဟာ သုဝဏ္ဏဘူမိတိုင်းကို ရောက်လာတော့ တိုင်းသူပြည်သားများကို အရပ်နီးပါးက ဘီလူးသူရဲများ လာရောက်ဖမ်းစားလို့ ထိတ်ထိတ်လန့်လန့် ရှိနေရှာကြသတဲ့။ ဒါနဲ့ပဲ ကိုယ်တော်နှစ်ပါး ပူးပေါင်းလို့ သတ္တ၀ါကြီးတစ်ကောင် ဖန်ဆင်းပြတဲ့အခါ ဘီလူးတွေ ကြောက်လန့်ထွက်ပြေးပြီး တိုင်းပြည်သာယာသွားသတဲ့။ ရဟန်းနှစ်ပါးက တရုတ်နဂါးပူးကသလို ဖန်ဆင်းကြလို့လား မသိပါဘူး။ နောက်ဘက်က ဖင်ပိုင်းမှာ နှစ်ခွဖြစ်နေတယ် မဟုတ်ဘူးလား။ ဒါလည်းပဲ ယုတ္တိနဲ့ မလွတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်နိုင်ငံတွေထဲမှာ မနုသီဟအရုပ်ဆိုတာ ကိုယ်တို့ မြန်မာတွေဆီမှာပဲ ရှိတာလေ။ သုဝဏ္ဏဘူမိဆိုလို့ လေဆိပ်ကြီးရှိတဲ့ အိမ်နီးချင်းတွေဆီပဲ သွားမမှတ်နဲ့ဦး။ အဲဒါ သူတို့လည်း ကိုယ့်ဆီက ကူးချထားတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြေပုံကို အခုမြေပုံနဲ့ Google Map ပေါ်ရှာရင်တော့ ရွာလည်သွားမှာ။ ဘယ်လိုပဲဖြစ်ဖြစ် မနုသီဟ ဖင်နှစ်ခွဆိုတဲ့ အရုပ်ကြီးတွေဟာ ကိုယ်တို့ မြန်မာပိုင် မြန်မာ့မူပါလို့ ရေစစ္စတြီ လုပ်လိုက်ကြပါစို့။ သူ့ရဲ့အစွမ်းကတော့ အမြင်မှာ လှပတင့်တယ်သော်ငြား အင်မတန် ကြောက်မက်ဖွယ်ကောင်းတယ် လို့ ဆိုရမှာပေါ့နော်။ ဘီလူးတွေ မာရ်နတ်တွေတောင် လန့်ပြေးကြရတယ် မဟုတ်ဘူးလား။

              ဟုတ်ပေလိမ့်မယ်။ ဟုတ်ပေလိမ့်မယ်။ မောင်စံဖားကလေးလည်း သည်ကနေ့ခေတ်ရောက်ကာမှ မနုသီဟ ဖင်နှစ်ခွနဲ့ သတ္တ၀ါတွေ တွေ့တွေ့နေရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ သူတို့ကို ဘယ်သူတွေက ကြောက်ကြလန့်ကြသလဲတော့ မပြောတတ်ပါဘူး။ ကိုယ်ကတော့ သူတို့ဖင်နှစ်ခွကြီးတွေ မြင်လိုက်တိုင်း တယ်ကြောက်စရာကောင်းပေသကိုး လို့ ထိတ်လန့်မိတယ်။ ကောသလ္လမင်းအိပ်မက် ၁၆ ချက်ထဲက ဦးခေါင်းနှစ်လုံးပါတဲ့ မြင်းကြီးတွေထက် ပိုဆိုးတော့တယ်။ အဲ့ဒါက နောင်သောအခါဝယ် တရားလိုဘက်မှရော၊ တရားခံဘက်မှပါ နှစ်ဘက်စလုံးကို ခွတုပ်ဖြတ်အုပ်လုပ်တတ်သော တရားသူကြီးများ ပေါ်လာလတ္တံ့ လို့ဆိုတာ မဟုတ်လား။ ဒါမျိုးကတော့ ရိုး ဟိုး ဟိုး ဟိုး နေပါပြီမောင်။ စာမဖွဲ့ပါဘူး။ အမေရိကန်က တရားစီရင်ရေးမဏ္ဍိုင်တောင် ချိန်ခွင်ရုပ်ကလေးနဲ့ ပြတာ မဟုတ်ဘူးလား။ တို့ဆီက တရားသူကြီးများလည်းပဲ နှစ်ဘက်စလုံးကို ချိန်ခွင်ထဲထည့်ချိန်၊ သာတဲ့ဘက်ကို အနိုင်ပေးမှာပေါ့။ ၀င်းဦးသီချင်းလေးတောင် ရှိသေးတယ်လေ။ “ဖျားစူးကျိန်မယ်။ ကျမ်းစူးကျိန်မယ်။ ချိန်ဆကာပင် တွေးလို့ အရေးယူပါတော့ကွယ်။” တဲ့။ (အမှန်တရား အချက်အလက်တွေကို ချိန်တာပါနော်။) အခုဟာကတော့ ဖင်နှစ်ခွဆိုတော့ နှစ်ဘက်ခွစားတာမဟုတ်ရင် ဘာလုပ်တာလဲ လို့ လိုက်မတွေးနဲ့ဦး။ ဟိုဘက်သည်ဘက် လှေနံနှစ်ဘက်နင်းထားတဲ့သူတွေကို ပြောတာ။

             မကြာသေးခင်က တို့မေကြီးအနီးနားမှာနေတဲ့ အတွင်းစည်းထဲက လူငယ်ခြေတက်လေးတစ်ယောက်နဲ့ အမှတ်မထင် ဆုံမိပါတယ်။ (ဘယ်သူဘယ်ဝါလို့ မတွေးရဘူးနော်။ သူလိုလူစားအများကြီးပေမယ့် မဟုတ်တဲ့သူတွေ အထင်ခံရရင် သနားပါတယ်။) သူ့ခမျာ အင်မတန် အလုပ်များရှာတာပါ။ ပါတီတာဝန် တိုင်းပြည်တာဝန်တွေအပြင် အဘတို့က ပေးအပ်သောတာဝန်များပါ မနားမနေ လုပ်ဆောင်နေရရှာတာဆိုတော့  စကားတောင် မနည်းလုလုပြီး ပြောနေရရှာတယ်။ ပြောရင်းပြောရင်းနဲ့ သူကသာ အရှိန်တွေရလာတယ်။ ကိုယ့်မှာဖြင့် ပါးစပ်ကြီးအဟောင်းသား ဖြစ်လာရော။ သူဝတ်ထားတာက ပင်နီပါ။ ဒါပေသိ သူ့ပါးစပ်ကထွက်သမျှ အဘက ဘယ်လို၊ ဗိုလ်ချုပ်က ဘယ့်နှယ်။ တစ်ခွန်းမှ မလွတ်ဘူး။ အစိမ်းရောင်စကားတွေချည့် ပြောသွားတယ်။ ဗိုလ်ချုပ်ခိုင်းထားလို့ မနေ့ကတင် ဘယ်နိုင်ငံက ပြန်လာတယ်။ ဟိုတစ်ခါလည်း ဘယ်နိုင်ငံသွားရသေးတယ်။ မြန်မာပြည်ကြီးတော့ အများကြီး နောက်ကျကျန်ခဲ့ပါပြီ။ သူများတစ်လှမ်းလှမ်းရင် ကိုယ်က လေးငါးဆယ်လှမ်း လှမ်းနိုင်မှာ တော်ကာကျမယ် ဆိုလား။ ပြောရင်းပြောရင်းနဲ့ ထတောင်ပြေးတော့မယ့်ပုံပဲ။ ကိုယ်က အမေ နေကောင်းလား။ ဘာတွေလုပ်နေသလဲ မေးချင်တာတောင် စကားဘယ့်နှယ် စရမှန်းမသိဘူး။ နောက်ဆုံးတော့ အတင်းကြီး စကားလမ်းကြောင်းလွှဲပြီး ပင်နီချော နဲ့ ယောထမီ ဇာတ်ကြောင်းခင်းတော့ ပိုလို့တောင် အံ့သြစရာတွေ ကြားခဲ့ရတယ်။ တို့မေက သူ့ဘာသူသာ တစ်ကိုယ်တည်းရုန်းနေတာ။ ပါတီမှာ သူကလွဲရင် လောက်လောက်လားလား ဘယ်သူမှ မရှိဘူးတဲ့။ သူ့အသက်ကလည်း ငယ်တော့တာ မဟုတ်တော့ သူမရှိရင် ပါတီလည်း တာ့တာပဲတဲ့။ ဖျားဖျား။ ပြောရက်လိုက်တာ။ ကြားမိတဲ့ကိုယ်တောင် မနုသီဟမြင်ရတဲ့ မာရ်နတ်မင်းလိုပဲ ကြက်သီးမွေးညင်းထအောင် ကြောက်မိတယ်။ အဲ့လိုလူ အနားခေါ်ထားရတဲ့ တို့အမေတော့ ဒုက္ခနဲ့ လှလှနဲ့ တွေ့ရချေသေးရဲ့။

             တကယ်တော့ နိုင်ငံရေးဆိုတာ မိတ်ဆွေမရှိ၊ ရန်သူမရှိ၊ တိုင်းပြည်အတွက်ဆိုရင် ဘယ်သူနဲ့မဆို အတူတကွ လက်တွဲအလုပ်လုပ်နိုင်ရမယ်။ အမေ့ကို ချစ်တဲ့သူဟာ အဘနဲ့တော့ ကဏ္ဍကောစဖြစ်နေရမယ် လို့ မဆိုလိုပါဘူး။ တည့်လေကောင်းလေပေါ့။ ဒါပေမယ့် ကိုယ်က ဘယ်လှေပေါ်မှာ စီးနေတာလဲတော့ မေ့သွားဖို့ မသင့်ပါဘူး။ သူ့ဟာက လှေနံနှစ်ဘက်နင်းထားရုံတင် မဟုတ်ဘူး။ သည်ဘက်လှေ နစ်မယ်ကြံရင် ကန်ပစ်ခဲ့ပြီး ဟိုဘက်ကို ကူးလိုက်ဖို့ အသင့်ပြင်ထားတယ်။ သစ္စာရှိသလား လို့ မေးရင် သစ်စာတင်မက၊ ရေပေါ်စာ ရော လွှစာပါ ရှိပြီးသား လို့ ပြောမယ်ထင်တယ်။ ခေတ်ကပြောင်းလာတဲ့အတွက် သူတို့ကိုလည်း အပြစ်ဆိုစရာတော့ မရှိဘူးပေါ့။ ဘုရင်ကို သစ္စာခံရတဲ့ခေတ် မဟုတ်ဘူးလေ။ ပလ္လင်ကိုပဲ သစ္စာခံရတာ မဟုတ်ဘူးလား။ (ဒါကြောင့် မာရ်နတ်ကြီးက ပလ္လင်ကို လာလုတာ ဖြစ်မယ်။) လောလောဆယ်မှာ တို့မေမေက ထီးလိုမင်းလိုပဲ ရှိသေးတယ်။ ဥကင်ဘုံမြင့် မရောက်သေးဘူး။ ဒါကြောင့် အမတ်ဒိန်လို့ တံခါးတစ်ခြမ်းပဲ ဖွင့်ထားပေးတာ နေပါလိမ့်မယ်။

           သည်မှာဘက်ကမ်းကမှ ရွှေကိုင်းတဘက် ကျွန်းသန်လျက်ကို လှမ်းကြွတော်မူဖို့ ခြေလှမ်းပြင်ထားတာ မဟုတ်ပါဘူး။ ဟိုမှာဘက်ကမ်းကလည်း ကြက်ယက်ဘုန်းခေါင် နန်းနတ်တောင်ဆီကို ချီတော်မူဖို့ ဖ၀ါးစကြာတော် ကားယားကြီးခွထားတဲ့သူတွေ ရှိပါသေးတယ်။ ဘေးချင်းများ ယှဉ်ထိုင်မိလိုက်ရင် ခင်မာလာမင်းများ မျက်စပစ်ပြပြီး ဂျာနယ်ထဲ ဓါတ်ပုံနဲ့တကွ ပါသွားဖို့ လောဆော်နေသူတွေ အများကြီးပဲ။ ဟိုတုန်းက မုန်းလှပါချည်ရဲ့ဆို နံမယ်တောင် မကြားချင်ဘူး လုပ်နေတာလည်း သူတို့ပဲ။ ခုကျမှ “ကျုပ်နှမများရယ် ဖိတ်ကြားချင်ပါတယ် တစ်ခါ” ဆို “ကြားစကားများ မယုံနဲ့ ဘေးဖယ်ထား” လုပ်တာလည်း သူတို့ပဲ။ တတ်နိုင်ချက်ကတော့ ကိုးလောက်တောင် မက။ ကျုပ်တို့ဘဘ ဖင်နှစ်ခွ။ “ဘယ်ကစွမ်းအားရှင်တွေလဲ။ ကြားဖူးပေါင်ကွယ်။ စွပ်စွပ်စွဲစွဲ။ အဲဒါ ကျုပ် မဟုတ်ဘူး။ ဟိုကောင်လေ။ ဟိုကောင်။ ဘယ်ရောက်သွားပတုန်း၊ အဲ့ကောင်။ ငါနော်။ တွေ့များတွေ့လို့ကတော့ အဲ့ကောင် သေပြီသာမှတ်။” စသည် စသည်ဖြင့် ကြည့်ရကြားရတဲ့သူတွေ မျက်စိတွေကိုလည်လို့။ ၀င်းဦး ရှစ်ကိုယ်ခွဲကား ရိုက်နေသလိုပဲ။ ဇာတ်ကောင်စရိုက်တွေကဖြင့် ဆေးစက်ကျရာ အရုပ်ထင်တယ်။ မျက်ခွက်ကြီးကသာ အကုန်ချွတ်စွပ် ဖြစ်နေတာ။

             သူတို့လိုမျိုး ဟိုဘက်တိုးလိုက် သည်ဘက်တိုးလိုက်၊ တိုးရင်းနဲ့ ကလိုက်၊ ကရင်းနဲ့တိုးလိုက် လုပ်နေတဲ့သူတွေဟာ သူတို့ကိုယ်သူတို့တော့ တော်တော်ကို နိုင်ငံရေးပါးဝနေတဲ့သူတွေ လို့ ထင်ပါလိမ့်မယ်။ အမှန်မှာတော့ အဲဒါ လုံးဝ နိုင်ငံရေးပါး မ၀လို့ လုပ်နေတဲ့အလုပ်ဗျ။ ဘ၀ဆိုတာ ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်ပဲ။ ဘယ်သူမှ အထက်မှာ အမြဲ မနေနိုင်ဘူး။ ကိုယ်အပေါ်ရောက်နေတုန်း ဖိထောင်းထားရင် ကိုယ်အောက်ပြန်ရောက်တဲ့ အလှည့်ကျရင်လည်း မသက်သာဘူး။ တက်သမျှလူ ဘုရားထူးလို့ အထက်မှာချည့်ပဲ ထိုင်နေနိုင်တဲ့သူဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဝေးဝေးသွား မကြည့်ပါနဲ့။ ကိုယ့်မျက်စိအောက်မှာတင် ပလ္လင်ပေါ်က ဆင်းဆင်းသွားရသူတွေ အများကြီး ရှိလာပြီ။ အရေးရယ် အကြောင်းရယ်ကျတော့ တရားနဲ့မဖြေရင် ကုလားနဲ့သေရတော့မယ်။ (မော်ကျူရီမှာ အပ္ပနားပဲ ရှိသဗျ။)

             ပန်းချစ်သူ ဘဘကြီးနဲ့ အင်တာဗျူးတစ်ခု ဖတ်လိုက်ရပါတယ်။ သူ့ရင်ထဲကလာတဲ့စကား ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ (တော်နေကြာ လော်ဘီလုပ်တယ် ဖြစ်နေမစိုးလို့) စာမျက်နှာပေါ် ဖတ်လိုက်ရတာတော့ဖြင့် သံဝေဂကြီးစွာ ရမိတယ်။ “တကယ်တော့ဗျာ။ ကျွန်တော်တို့ ထောက်လှမ်းရေးတွေဆိုတာ ဘယ်ခေတ်ကမှ ဇာတ်သိမ်းကောင်းခဲ့တာ မဟုတ်ပါဘူး။” တဲ့။ အင်း။ ဟုတ်ပါ့မလား မောင်ကာဠုရဲ့လို့ ပြန်စဉ်းစားကြည့်မိပါတယ်။ ကိုယ်တို့ဆီမယ်လည်း အဲသည်က လာတာ တစ်ယောက် ရှိခဲ့တယ်လေ။ ကြမ်းသလား မမေးနဲ့။ ရုံထဲမှာ ဘွဲ့လွန်ဆရာဝန်တစ်ယောက်ကို လေးဘက်ထောက်ပြီး လျှောက်ခိုင်းခဲ့တယ်။ ဇာတ်သိမ်းခန်းနီးတော့ သူဘာတွေဖြစ်လာသလဲ မပြောချင်တော့ပါဘူး။ သိတဲ့သူသာ မေးကြည့်ပါတော့။ မျက်မှန်တင်ဦးဆိုတဲ့ ဘဘကြီးလက်ထက်ကို ကိုယ်ကောင်းကောင်းမမှီလိုက်သော်လည်းပဲ အဆုံးသတ် မကောင်းတဲ့အထဲ သူလည်း ပါသတဲ့။ လက်ရှိအချိန်တုန်းက သူတို့လောက် ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတာလည်း မရှိသလို လက်မဲ့အချိန်ရောက်တော့ သူတို့လောက် သနားစရာကောင်းတာလည်း မရှိဘူး။ (ဆင်းရဲချမ်းသာကိစ္စ ဆင်ပိန်ကျွဲကို ဆိုလိုတာ မဟုတ်ပါ) အသောကံ၊ ၀ိရဇံ၊ ခေမံ အစရှိတဲ့ ငြိမ်းအေးချမ်းသာခြင်းတွေ ပိန်းကြာဖက်ရေမတင်သလို ကွယ်ပျောက်သွားပြီး နောင်တ၊ သောက၊ ဗျာပါဒ၊ (ဒေါသလည်း ကုန်ဦးမယ် မဟုတ်ပါ) အစရှိသော ကိလေသာလောင်မီးတွေ တငြီးငြီး တောက်လောင်နေရတာပေါ့။

           သည်လိုအချိန်မျိုးမှာ အာဏာပြန်ရရာရကြောင်း မကောင်းသဖြင့်တွေ ပြန်လည်ကြံစည်ဖို့ဆိုတာ စဉ်းစားဆင်ခြင်ဥာဏ်ရှိတဲ့သူအဖို့ ဘယ်တော့မှ ပြန်မကျိုးစားတော့မှာ အသေအချာပါပဲ။ ငရဲပန်းကို ရွှေပန်းမှတ်လို့ ပန်ခဲ့ပြီးပြီ။ ခေါင်းမှာလည်း သွေးအလိမ်းလိမ်းနဲ့ ဒဏ်ရာတွေ အပြည့်။ နောက်တစ်ကြိမ်ပြန်မိုက်ဦးမလား လို့ မေးမှမေးတတ်ပလေ။ ခုပဲ အသက်ခုနှစ်ဆယ်နားကပ်နေမှ ဘယ်နှစ်နှစ်နန်းစံဖို့ ငရဲယူနေရဦးမှာလဲ။ မိုက်ချင်းမိုက်ရင် အဲသည် ဘာမှန်းမသိ ညာမှန်းမသိ မနုသီဟကလေးတွေသာ တွင်းတူးပြီး မိုက်ဖို့ ရှိပေလိမ့်မယ်။ ပညာရှိဦးပေါ်ဦးသေတော့ လက်ဖ၀ါးနှစ်ဘက် အခေါင်းအပြင်ထုတ်ခဲ့ လို့ မှာတာဟာ ကျန်ရစ်သူ မနုသီဟလေးများ သင်ခန်းစာယူနိုင်ဖို့အတွက် လို့ အခုမှပဲ သဘောပေါက်မိပါတယ်။ ဘာမှ ပါမသွားဘူး အမောင်တို့ အမိတို့ရဲ့။ ချန်ထားခဲ့တာတွေတော့ အများကြီးပဲ။ စည်းစိမ်ဥစ္စာလား။ သူ့သားတောင် ချမ်းသာတယ် မကြားမိဘူး။ သူ့မျိုးရိုးအဆက်အနွယ် ဘယ်သူဘယ်ဝါ လို့လည်း မကြားဖူးတော့ဘူး။ နံမယ် ဂုဏ်သတင်းဆိုရင်တော့ ခုထက်ထိ ကျန်သေးတယ်လေ။ ကိုယ်ယုံကြည်တဲ့ဘက်က ခိုင်မြဲစွာ ရပ်တည်ပါ။ သူများကို သစ္စာခံချင်ခံ မခံချင်နေ။ ကိုယ့်ကိုယ်ကိုယ်တော့ သစ္စာမဖောက်ပါနဲ့။ ဖင်ဆိုတာ နှစ်ခွရှိရင် အိမ်သာတက်ရလည်း ခက်လိမ့်မယ်။ အိမ်ထောင်ပြုရလည်း ခက်လိမ့်မယ်။ ကြောက်ချာကြီး။ ကြောက်ချာကြီး။

ဆရာစိုးမင်း facebook မှကူးယူဖေါ်ပြပါတယ်

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်” - စိုးမင်း

“စောင့်လေမျိုးနွယ် ကိုယ်နားလည်သလောက်”
by Soe Min (Notes) on Wednesday, June 26, 2013 at 3:44am
 
 
          “နေအရုဏ် ရောင်နီကျင်း ကွင်းတစ်ဘက်ကနော် လင်းကြက်ကအော်သရှင့်။ ကျုပ်တို့ရွာထိပ်တခေါ်လေးဆီက အဝေးကျောင်းပေါ် ရှေးခေါင်းလောင်းသံဆော် တဒေါက်ဒေါက်ပါ့နော် ခေါက်ခေါက်ကြသော် ရွာဘက် အိမ်ဘက် ကုလားတက် ခေါက်သံမော်” တဲ့။

          အညာမှာ ရွာမှာဆိုရင်တော့ မနက်လင်းအားကြီး မျက်စိနှစ်လုံးပွင့်တယ်ဆိုတာနဲ့ အရင်ဆုံး ကြားရတဲ့အသံဟာ ဘုန်းကြီးကျောင်းက ကုလားတက်ခေါက်သံ။ အရင်ဆုံး လုပ်ရတဲ့အလုပ်က ဆွမ်းချက်ဖို့။ အဖွားတို့ဆိုရင်တော့ မျက်နှာသစ်၊ သနပ်ခါးလိမ်းပြီးတာနဲ့ ဘုရားရှိခိုး အမျှအတမ်းဝေဖို့ပါပဲ။ ပြီးတာနဲ့ ဈေးသွားတဲ့သူကသွား၊ ပရိတ်ခွေကလေးဖွင့်ပြီး အိမ်မှာ တံမြက်စည်းလှဲတဲ့သူကလှဲ။ နေ့တစ်နေ့ရဲ့ အစကို ကျက်သရေ မင်္ဂလာရှိရှိနဲ့ စကြသတဲ့။ ညအိပ်ယာဝင်တော့လည်းပဲ ခြေလက်ဆေး၊ ဘုရားရှိခိုးပြီးမှ ခေါင်းအုံးနဲ့ခေါင်းနဲ့ထိရင် လက်ကလေးချိုးကာချိုးကာ ဂုဏ်တော်ကိုးပါး၊ ၂၄ ပစ္စည်း တတ်သရွေ့မှတ်သရွေ့ ပုတီးဝတ်ကလေးဖြည့်ပြီးမှ အိပ်ပျော်ကြရတာဟာ ကိုယ့်လူကြီးမိဘများက သွန်သင်လေ့ကျင့်ပေးထားတဲ့ အလေ့အထပါပဲ။ ဘယ်အရွယ်ကတည်းက စသင်ထားသလဲ မသိပါဘူး။ မှတ်မိလောက်တဲ့ အချိန်မှာ အားလုံး အသားသေနေပြီ။ အဖွားနဲ့အမေဟာ သူတို့မိဘဘက်က မိဆိုင်ဖဆိုင် ရိုးရာနတ်ကိုးတဲ့ အလုပ်ကို ၀ါဝင်ဝါထွက် ၀တ်မပျက် လုပ်ပေမယ့် ကိုယ်တွေကျတော့ ရတနာသုံးပါးကလွဲရင် နတ်ကိုးကွယ်တာ၊ ဘိုးတော်ဝိဇ္ဇာ ကိုးကွယ်တာကို အကျင့်မလုပ်ဘူး။ သရဏဂုံကို ညစ်နွမ်းစေတယ် လို့ အမြဲပြောတယ်။ အိမ်မှာဆိုရင် နတ်အုန်းလည်း မရှိဘူး။ ဦးရှင်ကြီးလည်း မတင်ဘူး။ ရွှေဘုန်းပွင့်ဘုရားမှာ လုပ်တဲ့ တရားပွဲတွေကို မပျက်မကွက် နာလေ့ရှိသလို စူပါဟိုက်ကထွက်တဲ့ တရားခွေတွေကိုလည်း အိမ်မှာ မကြာခဏ ဖွင့်ပြီးနာလေ့ရှိတယ်။ ဒါကြောင့် ကိုယ်တို့ဟာ စာလာရယ် ဥပစာလာရယ် သီသုပစာလာရယ်ဆိုတဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးရဲ့ နှမတွေကို နံမယ်နဲ့တကွ အလွတ်ရတယ်။ ကျန်တာတွေဆိုရင်တော့ ပြောမနေနဲ့။ အိမ်မှာ စကားပြောတဲ့အခါမှာလည်း ဘယ်အခါမဆို ပုံတိုပတ်စ ဇာတ်နိပတ်များနဲ့ သိုင်းကာဝိုင်းကာ ပြောလေ့ရှိတယ်။

           ဒါပေမယ့် သူတို့လူကြီးတွေ သေလို့သာသွားရော နင်ဘယ်ဘာသာကို မပြောင်းနဲ့။ ဘာသာခြားနဲ့ မယူနဲ့ တစ်ခွန်းတစ်လေတောင် မှာကြား မသွားဖူးပါဘူး။ စောင့်လေမျိုးနွယ်ဆိုတဲ့ ကိစ္စဟာ ကိုယ်တို့အမျိုးတွေထဲမှာ စကားထဲထည့်ပြောစရာ မလိုသလောက်ကို ရှိတယ်။ အဖေ့ဘက် အမေ့ဘက် ဘယ်အမျိုးထဲရှာကြည့်ကြည့် တရုတ်၊ ကုလား၊ ဘာသာခြားဆိုတာ မူးလို့တောင် ရှူစရာ မရှိဘူး။ သိမှီမေးမြန်းထားလို့ရတဲ့ ဆွေစဉ်ခုနစ်ဆက် မတိုင်ခင်ကတည်းက နှောလာရင်တော့ ဘယ်တတ်နိုင်မလဲ။ လူသားမျိုးနွယ်ဆိုတာ သည်လိုပဲ ရောနှောစီးဆင်းတဲ့အခါလည်း ရှိမှာပဲ။ မရောရဘူး မနှောရဘူးလို့ အတင်းကြီး တားမြစ်ပိတ်ပင်ထားလို့ မဟုတ်ပါဘူး။ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အယူဝါဒချင်း မျိုးမတူ ဇာတ်ခြားတဲ့အခါ ကိုယ်နဲ့ အတူတူလို မခံစားရလို့၊ ကိုယ်တွေနားလည်တဲ့စကားနဲ့ပဲ ပြောရရင် အထုံရေစက် အတူမပါခဲ့လို့ ဖူးစာဆုံတဲ့ အထိတော့ မရောက်ခဲ့တာ ထင်ပါတယ်။ (နောက်ကျမှ မော်နီကာဘလူးချီးတို့၊ နာအိုမီကင်းဘဲလ်တို့က အတင်းလာယူခိုင်းရင်တော့ ဒုက္ခပါပဲ။)

             သူငယ်ချင်း အပေါင်းအသင်းထဲမှာတော့ လည်ပင်းဖက်ပြီး ရင်းရင်းနှီးနှီးပေါင်းနေတဲ့ ဘာသာမတူ လူမျိုးမတူတဲ့သူတွေ တော်တော်များများ အရှိသားပဲ။ သူတို့တွေနဲ့လိုက်ပြီး ဘုရားကျောင်းလည်း တက်ဖူးတယ်။ စမိုင်လည်း စားဖူးတယ်။ အိမ်ကလူကြီးတွေ အနေနဲ့ အဲသည်ကိစ္စများ ခေါင်းထဲထည့်စိတ်ပူစရာကို မလိုခဲ့ဘူး။ ဘုရားရှေ့ ကားဖြတ်မောင်းသွားရင်တောင် အလိုလို လက်အုပ်ချီပြီးသား အကျင့်ပါနေမှပဲဟာ။ သူများတွေ မဟုတ်တရုတ် ကလော်တုတ်နေသလို “မင့်နှမတွေ ကုလားနဲ့ညားကုန်မှာပေါ့” တို့ ဘာတို့လည်း ကိုယ့်ဘက်ကတော့ အပူမရှာမိပါဘူး။ သူတို့လည်း သူတို့အသက်နဲ့သူတို့ အိမ်ကဓလေ့စရိုက်တွေ အရိုးစွဲနေကြပြီပဲ။ ဘုရား တရား သံဃာ မပါတဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုမှ မဖြတ်သန်းနိုင်တော့ဘူး။ အခုတော့ ကိုယ်လည်း သမီးတစ်ကောင် နွားတစ်ထောင်ကို လုံအောင် အမြဲ စောင့်နိုင်ခဲတဲ့ အဖေတစ်ယောက် ဖြစ်လာပြီဆိုတော့ ကိုယ့်သမီးကလေးကိုယ် သွန်သင်ဆုံးမတဲ့နေရာမှာ မလုပ်နဲ့။ မသွားနဲ့။ မခေါ်နဲ့။ မပြောနဲ့။ ဆိုတဲ့ တားမြစ်ပိတ်ပင်မှုတွေအစား ကိုယ့်ရိုးရာ ကိုယ့်စရိုက် ဓလေ့ဘာဝကို ခြေခြေမြစ်မြစ် နှစ်နှစ်ကာကာ မြတ်နိုးတတ်သွားအောင် အားကြိုးမာန်တက် သင်ရပြရဦးတော့မှာပါပဲ။

             ကလေးဘ၀မှာ ပထမဦးဆုံး အကြောက်တရားက အမှောင်ပေါ့။ အိပ်ယာဝင်တဲ့အခါ လူကြီးတွေက မီးတွေ ပိတ်လိုက်လို့ မှောင်သွားတဲ့အခါ မကြောက်အောင် အိပ်ယာထဲမှာ ဘုရားစာလေးတွေဆိုလို့ လက်ချိုးပုတီးကလေး စိတ်ရင်း အိပ်ပျော်သွားရတော့ စိတ်အေးအေးချမ်းချမ်းလည်း ရှိခဲ့တယ်။ သရဲ တစ္ဆေ ဘီလူး သဘက်တွေဆိုတာ ကိုယ်ရွတ်ဖတ်နေတဲ့ ဘုရားနှုက္ခပတ်တော်တွေကို ကြောက်တယ်ဆိုတော့ ယိုးဒယား သရဲကားတွေထဲကလို ဘုန်းကြီးကျောင်းပြေးစရာ မလိုဘူး။ ငါ့လာခြောက်လို့ကတော့ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရွတ်ပလိုက်မယ် ဆို သတ္တိတွေ ရှိသွားတယ်။ နောက်တော့ သေခြင်းတရားအကြောင်း သိလာတဲ့အခါ ကြက်သီးဖြန်းဖြန်းထအောင် ကြောက်လွန်းလို့ အမေ့ဆီသွားပြီး “အမေရေ အညာကို ထွက်ပြေးကြရအောင်” လို့ဆိုတော့ အမေတွေအဖွားတွေက သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့ လက်နက်ကလေး ပေးတယ်။ ၀င်လေထွက်လေကိုမှတ် တဲ့။ အဲဒီအရွယ်တုန်းကတော့ တော်တော် ကြောက်တာပါ။ ရုပ်ရှင်ထဲမှာ တစ်ယောက်ယောက် သေတဲ့အခန်းပါရင်ကို မကြည့်ရဲဘူး။ လူဆိုတာ သေပြီးရင် သရဲဖြစ်သွားရော လို့ ထင်တာကိုး။

              ဒါပေမယ့် ကိုယ့်အိမ်က ပထမဦးဆုံး နာရေးပေါ်တဲ့အခါမှာ မကြောက်တော့ဘူး။ သေသွားတာက ကိုယ့်အဖေလေ။ ရက်လည်တဲ့မနက်မှာ သူလာနှုတ်ဆက်မှာပဲ ဆိုပြီး အိပ်တောင် မအိပ်နိုင်ဘူး မျှော်မိတယ်။ အဖွားဆုံးတော့လည်းမျှော်တာပဲ။ သူကလာတော့ လာပါတယ်။ ကိုယ့်ဆီမဟုတ်ဘူး။ သူလှူထားတဲ့ ဘုန်းကြီးကျောင်းပေါ်သွား၊ ဘုရားကန်တော့ပြီး ပြန်ဆင်းသွားတယ်တဲ့။ ကျောင်းပေါ်က ကိုရင်လေးက ဆင်းပြေးသွားတယ်။ ဆရာတော်ကြီးကတော့ စကားလှမ်းမေးတာ ပြန်မဖြေဘူးတဲ့။ စိတ်ထဲတော်တော် မကောင်းတာက အဖွားက ငါ့ကိုချစ်တယ်လည်းဆိုသေးရဲ့ ငါ့ဆီလည်း မလာပါလား လို့ ၀မ်းနည်းမိတယ်။ တခါတခါ အိပ်မက်ထဲမှာတွေ့လို့ စကားလေးဘာလေးပြောရရင်  ပျော်လိုက်တာ။ ပြန်နိုးလာရင်တောင် အတင်းပြန်အိပ်တယ်။ အခန်းဆက်များ မက်လို့ရမလား လို့။ နိုင်ငံခြားရောက်နေတုန်း VZO နဲ့ chat ရသလိုပေါ့ကွယ်။ သေပြီးသားလူနဲ့ဆိုတာ အိပ်မက်ကမ္ဘာမှာပဲ ပြန်တွေ့ကြရတာ မဟုတ်လား။ ငယ်ငယ်တုန်းက အသစ်ဖျက်မဆောက်ရသေးတဲ့ အိမ်ကြီးကိုလည်း ပြန်ရောက်သွားလို့ရတယ်။ နေရာဟောင်းလေးတွေကလည်း အကုန် အရင်အတိုင်းပဲလေ။ အပြင်မှာသာ ဘာမှမကျန်တော့တာ။

               ဒီလိုနဲ့ ကိုယ်ကိုယ်တိုင်လည်း ဇာတိကစခဲ့တာ ဇရာ၊ ဗျာဓိ၊ မရဏတွေ လာတော့မယ်။ ဒါပေမယ့် ငယ်ငယ်ကလိုတော့ သိပ်မကြောက်တော့ဘူး။ ဟိုဘက်ကမ်းမှာ ပြန်တွေ့ချင်တဲ့လူတွေ အများကြီးပဲလေ။ အဲဒီလူတွေနဲ့ ပြန်တွေ့ဖို့ဆိုတာ တူမျှသောသဒ္ဒါ၊ တူမျှသောကုသိုလ်၊ တူမျှသောသရဏဂုံတို့ ရှိမှ ဖြစ်မှာ မဟုတ်လား။ ဒါကြောင့်မို့ ကိုယ့်ဘ၀မှာ ဗုဒ္ဓဘာသာဆိုတာ မွေးသည်ကနေ သေသည်အထိ အကြားမလပ်အောင် သက်ဝင်စိုးမိုးနေတယ်။ သူများဟာ မှန်တယ်။ ကိုယ့်ဟာမှ မှန်တယ် ဘယ်သူနဲ့မှ အငြင်းမပွားလိုဘူး။ မှားမှားမှန်မှန် တယူသန်နေပြီးသား။ သူတို့လည်း သူတို့အယူနဲ့သူတို့ပဲ။ လောက်ကိုင်တုန်းကဆို သူတို့ဘိုးဘွားတွေလည်း သေဖို့ပြင်ဆင်ရင်ဆိုင်ထားကြတာပဲ။ မြေကွက် တစ်စုံ၊ အုတ်ဂူအစုံ နဲ့ အိပ်ယာဘေး အခေါင်းထားအိပ်တယ်။ သေပြီးနောက်မှာ မမေ့မလျော့ ကန်တော့ ကျွေးမွေးဖို့ နောက်မျိုးဆက် သတ်သတ်မှတ်မှတ် ချန်ရစ်တယ်။ အဲဒါ သူတို့အယူပဲဟာ မှားတယ် မှန်တယ်။ သမ္မာ၊ မိစ္ဆာ သတ်မှတ်နေစရာ မလိုပါဘူး။ ကိုယ်လည်း အဲဒီနေရာမှာ မွေးဖွားကြီးပျင်းရင် အဲဒီအယူပဲ ယူမှာ။

              ဘာသာရေးကို အိမ်ကထက်ပိုပြီး သက်ဝင်ယုံကြည်လာအောင် ပံ့ပိုးပေးသူတွေကတော့ ဘုန်းဘုန်းတွေပါပဲ။ ကလေးဘ၀ကတည်းက ဘုန်းကြီးကျောင်း ဆွမ်းပို့တဲ့အလုပ်ကို မပျက်မကွက် အလုပ်ခိုင်းခဲ့တယ်။ ရွာကျောင်းမှာ သူငယ်တန်း တက်တုန်းကဆို ဆွမ်းခံတောင် လိုက်ရတယ်။ အဒေါ်တွေက သူ့တူလေး ဆွမ်းတော်ဗျို့ အော်ရင် ဘယ်တော့မှ ကန်တော့ဆွမ်းပါဘုရား မရှိဘူး။ မြန်မာမိဘများထုံးစံ သားရှင်ပြုဖို့ဆိုတာ ကျားကုတ်ကျားခဲ စုဆောင်းရည်သန်ကြပြန်တော့ ရွာမှာပြန်ရှင်ပြုတဲ့အခါ နွေကျောင်းပိတ်ကတည်းက ဘုန်းကြီးကျောင်းလွှတ်ပြီး သင်္ကန်းတောင်း၊ ကမ္မဌာန်းတောင်း၊ ဆံချတော့ရွတ်စရာ၊ ပစ္စည်းလေးပါး သုံးဆောင်တော့ ရွတ်စရာ၊ သီလယူ၊ သီလပေး၊ ရေဒဏ်၊ သဲဒဏ် အကုန် သင်အံလေ့ကျက်ထားရတယ်။ သဒ္ဒါ သင်္ဂြိုလ်၊ ပါဠိပါဋ္ဌ်သား နားမဝေးအောင် သင်ပြပေးတယ်။ နောင်အခါတွေကျတော့ ကိုရင်ဝတ်နဲ့ ရိပ်သာဝင်ပြီး တရားထိုင်ကျင့်ရအောင် ကြိုးစားရတယ်။ မအေဆိုတာ ရှင်လောင်းအမေ ဖြစ်ပြီးတော့လည်း ပဉ္ဇင်းအမ ဖြစ်ချင်သေးတာပဲ။ ဒီလိုနဲ့ သာသနာ့ဘောင်ဆိုတာ ဒုလ္လဘဘ၀နဲ့ ၀င်ချည်ထွက်ချည် ကျင်လည်ခဲ့ဖူးတယ်။ တရားထူးတရားမြတ်တော့ မရသေးတာ အမှန်ပါ။ ဒါပေမယ့် တရားကင်းကွာတဲ့ ဘ၀တော့ မရောက်သေးဘူး။ တရားလက်လွတ် ငှက်တောင်ကျွတ်လည်း မဖြစ်တော့ဘူး။ စိတ်မှာထင်လာတဲ့ ကိလေသာ အညစ်အကြေးတွေကို Beaty Spa သွားပြီး ချေးချွတ်သန့်စင်သလို စိတ်တည်ငြိမ်အောင် လုပ်ပေးရာဌာန၊ စိတ်၏ချမ်းသာခြင်းကို ရှာဖွေရာဌာန လို့တော့ မြင်လာတယ်။ လောကဓံနဲ့ ဘ၀ရဲ့ဒုက္ခတွေကို မခံစားနိုင်တော့ရင် စိတ်သစ်လူသစ် ပြန်လည်မွေးဖွားဖို့ ခဏလောက် ထွက်ထွက်ပြေးသွားတဲ့ အေးရိပ်ဆာယာပေါ့။

              အလုပ်တဘက်နဲ့မို့ အခါအားလျော်စွာမှ ရိပ်သာဝင်နိုင်တဲ့အခါ တစ်ခါထက်တစ်ခါ သမာဓိအားတွေ ကောင်းလာပါတယ် လို့ မဆိုနိုင်ပေမယ့် ဘယ်အခါမဆို လောင်လာတဲ့ မီးတွေကို ရေနဲ့သတ်လိုက်သလိုတော့ အေးအေးသွားတာ အမှန်ပဲ။ နောက်ကြောင်းမအေးတဲ့ မျောက်လောင်းကလေးမို့ ခွင့်စေ့ကာနီးရင် ပြန်ပြေးဖို့တာစူရပေမယ့် စိတ်ထဲမှာ ငယ်ငယ်ကတည်းက  ကိုရင်ဝတ်၊ ပဉ္ဇင်းတက်၊ တရားထိုင်နဲ့ သာသနာ့ဘောင်မှာ ပျော်နိုင်ခဲ့ရင် ငါ့ဘ၀ဟာ အခုလက်ရှိထက် အများကြီး ငြိမ်းအေးမှာ အမှန်ပဲ လို့ တောင့်တမိတယ်။ လူ့ဘ၀မှာ အဆုံးမရှိတဲ့ လိုချင်တပ်မက်မှုတွေနောက်ကို မသေမချင်း လိုက်နေကြရတယ်။ ရဟန်းဘ၀မှာ ပရိက္ခရာ ရှစ်ပါး၊ ပစ္စည်းလေးပါး ပြည့်စုံရင် ဘာမှ မလိုတော့ဘူး။ သာသနာ့ဘောင်မှာ လောင်နေတဲ့မီးတွေ တဟုန်းဟုန်း တောက်နေတာလည်း မသိ မဟုတ်။ သိပါတယ်။ တရုတ်လို ဘုန်းကြီးကို ဘယ်လိုခေါ်တယ် မှတ်သလဲ။ ကျောင်းလောင် တဲ့။ ဘုန်းကြီးအမှုက ရွာပတ်ရင် ရှင်းမရတော့ဘူး။ ဒါပေသိ ကိုယ်ဆိုရင်တော့ တို့ဘုရားသာသနာကြီးကို လောင်မြိုက်တဲ့မီးတွေပါဟ ဆိုတာမျိုးထက် ကိုယ့်အတွင်းထဲမှာ လောင်မြိုက်နေတဲ့ ကိလေသာမီးတွေကို အရင်သတ်မှာပဲ။  အရာရာကို စွန့်လွှတ်ထားခဲ့လို့ နိက္ခမပါရမီပါဆိုနေမှ မြို့ကျောင်းမစွဲ တောကျောင်းစွဲနေစရာလည်း အကြောင်းမရှိဘူး။ ငါ၊ သူတပါး၊ ယောင်္ကျား၊ မိန်းမ၊ ပုဂ္ဂိုလ် သတ္တ၀ါ မစွဲရပါဘူး လို့ ရှင်တော်မြတ်ဘုရား ဟောကြားတော်မူထားတာမို့ သူလည်းပဲ “ငါဘုရား၏ သာသနာ” လို့ တမ်းတမ်းစွဲ စွဲနေမှာ မဟုတ်ပါဘူး။

              ရိပ်သာမှာ ရေစက်ရှိလို့ ခင်မင်ရင်းနှီးသွားတဲ့ ဦးပဉ္ဇင်းလေးကျောင်းမှာ ဒုလ္လဘ ၀တ်ဖြစ်တဲ့အခါမှာတော့ သာသနာ့ဘောင်က သံဃာအစစ်တွေရဲ့ ၀တ္တရားတွေ၊ ၀ဋ်တရားတွေကို ပိုသိလာရပါတယ်။ သံဃာဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက် မွေးသည်မှသည် သေသည်အထိ အရေးဆို ပြေးပြေးပင့်စရာ မရှိရင် အနေလည်း မဖြောင့်သလို အသေလည်း မဖြောင့်ဘူး။ ဘယ်လောက်ပဲ ဆင်းရဲဆင်းရဲ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အလှူရယ်အတန်းရယ် ပြုတဲ့အခါမှသာ “ကောင်းမှုကုသိုလ်တို့ကို စိုက်ပျိုးရန် လယ်ယာမြေကောင်းသဖွယ် ဖြစ်သော” ဆိုပြီး ပလာမပါ ကံစမ်းမဲကြီးလို ပင့်ရတာ မဟုတ်ဘူး။ ရပ်ရေးရွာရေး၊ သာရေးနာရေး။ အကုန်လုံး အမှူးထား တိုင်တည်ရတယ်။ သာသနာပနိုင်ငံတွေမှာရှိတဲ့ ဗုဒ္ဓဘာသာကျောင်းတော်ကြီးတွေမှာဆို သီတင်းသုံးမယ့် သံဃာ မရှိလို့ ခက်ခက်ခဲခဲ တောင်းတောင်းပန်ပန် ပင့်လျှောက်ပူဇော်ကြရတယ်။ သံဃာမရှိရင် ၀ါဆို ကထိန်လည်း ဘယ်ရှိပါ့မလဲ။ တစ်နှစ်ပတ်လုံး ဘုရားဝေး တရားဝေးနဲ့နေရတာ ဆွမ်းကပ်၊ သင်္ကန်းကပ်၊ သီလယူစရာမှ မရှိရင် သေရင်တောင် ဘယ်လို အမျှဝေကြမတုန်း။ စေတနာ့ဝန်ထမ်းအလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်၊ ဘုန်းကြီးရဟန်းမှ မလှူရမတန်းရရင် မြန်မာလူမျိုးတွေရဲ့စိတ်ဟာ ကုသိုလ်ပါတယ် လို့တောင် မထင်ဘူး။ ဒါကြောင့် တို့ဘ၀မှာ သံဃာဆိုတာ မရှိလို့ မဖြစ်ပါဘူး။

               ဒါပေမယ့် အခုတလောမှာတော့ ကိုးကွယ်ရာ သံဃာကို အတုအယောင်လုပ် အသုံးချနေသူတွေကြောင့် သာသနာတော်ကြီးရဲ့ ဂုဏ်သိက္ခာ ညစ်နွမ်းရလေတယ် လို့ ကိုယ်တို့ ဗုဒ္ဓဘာသာဝင်တွေအားလုံး စိတ်ဝမ်းမသာ ရှိကြရလေတယ်။ သင်္ကန်းတွေကို မျက်လှည့်ပြသလို လျှပ်တပြက် လူဝတ်လဲပြတဲ့ ဗီဒီယိုတွေ၊ ခုတ်ထစ်သတ်ဖြတ်ပြနေတာတွေ လူမြင်သူမြင် ဖြစ်ကုန်တယ်။ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ အကြမ်းဖက်တဲ့ မျက်နှာဆိုပြီး ဘုန်းကြီးပုံတွေ တင်လာကြတယ်။ သူများနိုင်ငံက လူတွေ မြင်ရင် ကိုယ်တို့ ဗုဒ္ဓဘာသာကို အထင်သေးအမြင်သေး ဖြစ်ကုန်မှာပေါ့ ဆိုပြီး ယမ်းပုံမီးကျ ဒေါသူပုန်ထနေသူတွေလည်း ရှိတယ်။ ကိုယ့်အဖို့ကတော့ ယုံကြည်မှု။ သဒ္ဓါတရား ဆိုတာ သူများက မြင်တဲ့ အမြင် လို့ မခံယူပါဘူး။ သူများတွေ အထင်ကြီးသည်ဖြစ်စေ၊ အထင်သေးသည်ဖြစ်စေ၊ သူတို့လည်း သူတို့ဘာသာပဲ သူတို့ ကိုးကွယ်ကြမှာ။ အရေးကြီးတာက ကိုယ့်ဘာသာကိုယ် ပြန်အထင်သေးပြီး သဒ္ဓါတရားတွေ ကုန်ခမ်းသွားမှာပဲ စိုးရတာ။ ကိုယ်တို့ဗုဒ္ဓဘာသာဆိုတာက ယုံကြည်သူတွေကပဲ ပံ့ပိုးထောက်ပံ့တာ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းဆီကမှ အခွန်ဆက်ကြေး ပူဇော်ပသနေတာ မဟုတ်ဘူး။ ကိုယ့်ဘုန်းကြီးကိုယ် အတုလား အစစ်လား သံသယပွားပြီး ကြည်ညိုသဒ္ဓါမပွားနိုင်တော့ရင် ရေဝေးတဲ့ကြာလို့ ဖြစ်ကုန်လိမ့်မယ်။

                သံဃာအတုအယောင် မရှိဘူး လို့ မဆိုလိုဘူးနော်။ ရှိတာမှ အများကြီးကို ရှိတယ်။ ဒါပေမယ့် အဲဒါတွေကို ဘယ်လိုသဘောထားကြမလဲဆိုတာကို ဟိုးအရင်တစ်ခါ “သင်္ကန်းဂုဏ်ရည်” ရေးတုန်းက တစ်ခါ ပြောပြီးပြီ။ သည်တစ်ခါတော့ မနုသီဟဇာတ်လမ်းကို ထပ်ဆက်ပေးမယ်။ ရှစ်သောင်းလေးထောင် အလှူပွဲကြီးမှာ မာရ်နတ်မင်းကို နှိမ်နှင်းလိုက်နိုင်တဲ့ ရဟန္တာမထေရ်မြတ်ကြီးဟာ မှတ်လောက်သားလောက်အောင်ဆိုပြီး မာရ်နတ်မင်းရဲ့လည်မှာ ခွေးသေကောင်ပုပ်ကြီး ဆွဲပေးလိုက်သတဲ့။ သူအဓိဋ္ဌာန်နဲ့ ဆွဲပေးလိုက်တာမို့ ဘယ်သူကမှ ပြန်ဖြုတ်မပေးရဲပဲ မာရ်နတ်ခမျာ အလှူမပြီးမချင်း ခွေးသေကောင်ပုပ်ကြီးတစ်ကောင်နဲ့ ဒုက္ခကြီးစွာရောက်ပြီး မာန်စွယ်ကျိုးသွားသတဲ့။ နောက်ဆုံးတော့ ရဟန္တာမထေရ်ကြီးထံမှာ ရှိခိုးဦးတင် တောင်းပန်ပြီး ပြန်ဖြုတ်ခိုင်းတဲ့အခါမှာ မထေရ်ကြီးလည်း မာရ်နတ်မင်းကို အနူးအညွတ်တောင်းပန်ပြီး အကူအညီတစ်ခုတောင်းသတဲ့။ သူက မြတ်စွာဘုရားရှင်ကို ကိုယ်တိုင်မမှီလိုက်တာမို့ မှီလိုက်တဲ့ မာရ်နတ်မင်းကို ဘုရားအသွင် ဖန်ဆင်းပြပါ လို့ တောင်းပန်သတဲ့။ မာရ်နတ်မင်းက ကတိတစ်ခုပေးရင် ဖန်ဆင်းပြမယ် ဆိုတာကတော့ “သူ့ကို လုံးဝ မကန်တော့ရဘူး။” ဆိုတဲ့ ကတိပါ။ တန်ခိုးကြီးတဲ့ ရဟန္တာမထေရ်က ကန်တော့လိုက်ရင် ပုထုဇဉ်ဖြစ်တဲ့ မာရ်နတ်ကြီး ဂျွမ်းပစ်သွားမှာကိုး။ သေသေချာချာ ကတိပေးပြီးမှ သေသေချာချာ ဖန်ဆင်းအပြမှာ ဟိုကလည်း သေသေချာချာကြီးကို ကန်တော့လိုက်ပါတယ်။ အကြောင်းပြချက်ကတော့ “သင့်အား ကန်တော့ခြင်း မဟုတ်၊ ဂေါတမဘုရားရှင်အား ရည်မှန်းဖူးမျှော် ကန်တော့ခြင်း ဖြစ်ပါသတည်း” ဟူလို။ ဆိုလိုချင်တာက ရဟန္တာပုဂ္ဂိုလ်ရင့်မကြီးတောင်မှ ဘုရားရှင်ကို ရည်မှန်းပြီး မာရ်နတ်ကို ဦးချနိုင်သေးရင် ကိုယ်တွေ ပုထုဇဉ်အချင်းချင်းမှာ ရဟန်းယောင်တွေကို ရဟန်းစစ်အမှတ်နဲ့ ကိုးကွယ်မိငြားလည်း သဒ္ဒါတရား မချို့တဲ့ရင် ကုသိုလ်မရစရာ အကြောင်းမရှိဘူးဗျ။ သံဃိကဒါန သံဃာကို ရည်မှန်းလှူဒါန်းတာကိုး။ အတုအစစ်ကိစ္စက အဲသည်ကာယကံရှင်နဲ့သာ သက်ဆိုင်ပေလိမ့်မယ်။

             တစ်ခုပဲ ရှိတယ်။ အဲသည် ရဟန်းယောင်တွေက ရှင်ဒေ၀ဒတ်လို ဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဖီလာဆန့်ကျင်တဲ့ အကုသိုလ်ဒုစရိုက်အမှုများကို တိုက်တွန်းကျူးလွန်ခိုင်းလို့ စိတ်လိုက်မာန်ပါ ရှိခဲ့မယ် ဆိုရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲဗျို့။ ဒါကြောင့်မို့လို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်အမျိုးဘာသာ သာသနာကို ကိုယ်ကိုယ်တိုင် စောင့်ရှောက်ချင်ကြတယ်ဆိုရင် တစ်ဆယ့်ခြောက် ခေါဘဏီတပ်ကြီးလည်း မလိုပါဘူး။ ဘူတာဝါဟန ယန္တရားတွေ မရှိလည်း ရပါတယ်။ ခိုင်မာသော သဒ္ဓါတရားနဲ့၊ ခိုင်မြဲသော ယုံကြည်မှုပဲ လိုပါလိမ့်မယ်။ အဲဒါ မယိမ်းယိုင်သရွေ့ ဘယ်သူကမှ လာနှဲ့လို့ မရပါဘူး။ ချင့်ယုံကြပေါ့။ အထူးသဖြင့်တော့ အင်တာနက်ပေါ်မှာ သူများယောင်တိုင်း လိုက်ဟောင်တာ ကိုက်တာမျိုး မလုပ်နဲ့ပေါ့ဗျာ။ ကြားဖူးဘူးလား။ မာရ်နတ်မင်းမှာ လက်ရုံးတစ်ထောင် ရှိသည် တဲ့။ အကောင့်ပုန်းတွေ အများကြီးနေမှာ။ စေတနာရှင်တစ်ဦးတို့၊ ဆရာဝန်တစ်ဦးတို့၊ ဒီမိုဘာညာ၊ မျိုးချစ်ဘာညာ၊ ပေးချင်ရာ နံမယ်ပေးပြီး တင်ချင်ရာ ပုံတွေ တင်ထားလို့ရတယ်။ အခုဖတ်နေတဲ့စာတောင် တစုံတယောက်က အကောင့်ထဲဟက်ပြီး လာရေးသွားတော့ ဘယ့်နှယ်လုပ်မလဲ။ အစစ်နဲ့တူအောင် မရေးတတ်ဘူးထင်လို့လား။ ငိ ငိ ငိ တို့၊ ခွိ ခွိ ခွိ တို့။ ဒချိ ဒချိ တို့ပါ အကုန် တုထားလို့ရတယ် ဘာမှတ်သလဲ။ အဟက် အဟက်။

credit to ဆရာစိုးမင်း

Tuesday, 14 May 2013

ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ...???

ဖိနပ်တိုက်ခဲ့တဲ့ ဆင်းရဲသား ကောင်လေးဟာ ဘယ်သူလဲ...???




၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်..။ ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်..။ ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အ၀တ်အထည် လုံလုံလောက်လောက်လည်း မ၀တ်ဆင်ခဲ့ရပါဘူး..။ ကျောင်းစ တက်စ အရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်းအဖော်သူငယ်ချင်းနှစ်ယောက်နဲ့ ဖိနပ်လိုက်တိုက်ခဲ့ပါတယ်..။အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်...။

ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်... တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်...။ ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်..။ ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်...။ နောက်ဆုံးတော့ သူဌေးက အကြွေစေ့ ၂ စေ့ ကိုထုတ်ပြီး “ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ်... ဘယ်သူဖိနပ်တိုက်ပေးမလဲ...” ဆိုပြီးမေးပါတယ်...။ ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့....။ တစ်ယောက်က “ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး...၊ စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်....” ဆိုပြီး ပြောလေရာ... နောက်တစ်ယောက်ကလည်း “ကျနော်တို့အိမ်မှာ အစာပြတ်နေတာ ၃ ရက်ရှိသွားပါပြီ...၊ အမေကလည်း နေမကောင်းဘူး..၊ အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ..၊ ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်...” ဆိုပြီးပြောရှာပါတယ်...။ ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်..ပြီးတော့.... “တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်...” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်...။ “သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ..၊ သူတို့တကယ်ဆာနေကြတာပါ...၊ ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်..၊ သူဌေးဖိနပ်ကို ကျနော်တိုက်ပါရစေ...၊ သူဌေးကျေနပ်စေရပါ့မယ်....” ကောင်လေးရဲ့စကားကြောင့် သူဌေးခံစားသွားရတယ်...။ ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်..။ ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်...။

ရက်အနည်းငယ်အကြာမှာတော့ သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာ သူ့ပင်းမင်းဆိုင်မှာ အလုပ်ဝင်စေပါတယ်...။ ညစာထမင်းပါကျွေးခဲ့တယ်..။ လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်...။ ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်...။ ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်...။ နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီး အလုပ်ရုံမှာ အလုပ်သမားဝင်လုပ်ခဲ့ပါတယ်...။ အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်...။ အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်...။ အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်...။ ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ “ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်...” ဆိုပြီး သူရွေးကောက်ပွဲဝင်ခဲ့တယ်...။ ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်...။ အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်...။ ၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်...။ တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်န့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘ၀ကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်...။

သူကတော့ တခြားလူမဟုတ်ပါဘူး...။ ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်...။

ဒါကြောင့် ဘယ်လိုဘ၀ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ... ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဇွဲမလျှော့ပါနဲ့...။ လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာ ရှိနေပြီးသားပါ...။ အဲ့ဒီပန်းတိုင်ကိုရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်....။

(လင်းညှို့သွေး ရေးသော “ကြိုး”စာအုပ်မှ ထုတ်နုတ်ပြီး စိတ်ဓါတ်ခွန်အားဖြစ်လိုဖြစ်ငြား ရည်ရွယ်၍ ဝေမျှပေးလိုက်ပါသည်...,,ခင်မင်စွာဖြင့်...,,နေမျိုး)

Tuesday, 22 January 2013

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါဝင်မည့် စာချုပ်ချုပ်ဆို

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအတွက် မြေဧကနှစ်သိန်းခြောက်သောင်းပါဝင်မည့် စာချုပ်ချုပ်ဆို


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖွဲ့စည်းတာဝန်ပေးအပ်သော မန္တလေး စက်မှုလုပ်ငန်းများ
ဖွံဖြိုးရေးအာဏာပိုင် နှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက်တို့သည်
မြေဧက နှစ်သိန်းခြောက်သောင်းကျော် ပါဝင်မည့် မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်း
လုပ်ငန်းကို အကျိုးတူဆောင် ရွက်နိုင်ရန် သဘောတူစာချုပ်ကို ယခုလ ၉ ရက်နေ့က
ချုပ်ဆိုခဲ့ကြသည်။

အဆိုပါစာချုပ်ကို ပြည်ကြီးတံခွန်မြို့ နယ် မန္တလေးစက်မှုဇုန်ရှိ Hi-Tech,A-1 (Log House)
တွင် စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့်
စက်မှုလက်မှု ၀န်ကြီးဋ္ဌာန ၀န်ကြီး ဒေါက်တာမြင့်ကြူနှင့် တော်ဝင်အဆင့်မြင့် နည်းပညာအဖွဲ့
ကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဒေါက်တာ ထွန်းထွန်းအောင်တို့က စာချုပ်ကို
လက်မှတ်ရေးထိုးခဲ့ကြသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့ စီမံကိန်းလုပ်ငန်းပေါ်ပေါက်လာပုံနှင့် ပတ်သက်၍ "ကျွန်တော်
တို့အစိုးရအဖွဲ့ ပေါ်ပေါက်လာပြီးတဲ့နောက် ဒီနယ်မြေ မှာ လုပ်ငန်းတစ်ခုဆောင်ရွက်လိုတယ်။
ဒီလုပ်ငန်းက နယ်မြေကထွက်ရှိတဲ့ စိုက် ပျိုးရေးထွက်ကုန်ပစ္စည်းတွေကို အဆင့် မြှင့်ပြီးတာ့မှ
ပြည်ပပို့လို့ရအောင် ဆောင်ရွက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တော်ဝင်အဆင့်မြင့်နည်းပညာ
အဖွဲ့ ကုမ္ပဏီလီမိတက်က စတင်စဉ်းစားလာ ပါတယ်။

ဒီစဉ်းစားလာချက်ကို ကျွန်တော်တို့နဲ့ လာရောက်ပြီး ဆွေးနွေးပါတယ်။ နောက်ပိုင်းမှာတော့
ဒီကနေ တစ်ဆင့် နယ်မြေအခြေအနေကို အသေး စိတ် လေ့လာပြီးတဲ့နောက် ဒီနေရာမှာ
ဆိပ်ကမ်းတစ်ခု တည်ဆောက်မယ်။ နောက် စက်မှုဥယျာဉ်တစ်ခုကို တည် ဆောက်မယ်ဆို
ပြီးတော့မှ တိုးမြှင့်စဉ်း စားလာကြတယ်။ မူလစဉ်းစားချက်ဟာ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊
အလုပ်အကိုင် အခွင့်အလမ်းရရှိရေးများကို အဓိက ဦးတည်ပြီး ဆောင်ရွက်မယ်ဆိုတဲ့
ဆွေးနွေးချက်ဖြစ်တယ်"ဟု ပြောကြားသည်။

"ဒီဆွေးနွေးချက်အပေါ်မှာ ကျွန်တော်တို့အနေနဲ့ အချက်လေးချက်ကို အခြေခံပြီး စဉ်းစားခဲ့
ပါတယ်။ နံပါတ် တစ်အချက်က ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ
တကယ်ပေါ်ပေါက်မှာလား၊ နံပါတ်နှစ် နယ်မြေဒေသမှာရှိတဲ့ လူထုအနေနဲ့ ဘယ်လောက်
အထိ ထိခိုက်သွားနိုင်လဲ၊ နံပါတ်သုံး၊ တကယ့်ကို ဒီနယ်မြေဒေသ ဟာ ဖွံ့ဖြိုးတိုးတက်လာနိုင်
တဲ့အခြေအနေရှိရဲ့လား၊ နောက်ဆုံးအချက်က တော့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ
ထိခိုက်မှုအနေအထား။ ဒီအချက်လေးချက်ကို အခြေခံပြီးဆွေးနွေးလိုက်တဲ့အခါမှာ ဒီနယ်မြေ
မှာအကောင်အထည်ဖော်မယ်ဆိုရင် အားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်။

ကျော်လွှားနိုင်တယ်ဆိုတဲ့ အဖြေတစ်ခုကို ရရှိပါတယ်။ ဒါကြောင့်မို့ ကျွန်တော် တို့တစ်တွေ
လည်းပဲ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တစ်မြို့နယ်လုံး၊ မြင်းခြံ မြို့နယ်က အချို့အ၀က်ပါတဲ့
အစီအစဉ်ကို အစိုးအဖွဲ့တွင်းမှာ ဆွေးနွေးပြီးတော့မှ လက်ခံခဲ့တယ်။ ထို့အတူပဲ ဒီအစီအစဉ်
ဟာ ကျွန်တော်တို့အနေနဲ့ အကောင် အထည်ဖော်မယ့် အနေအထားကို ပြည်ထောင်စုအစိုးရ
အဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီလုပ်ငန်း အခြေအနေတွေကနေ စတင်လုပ်
ဆောင်ခဲ့တာ အခုဆိုရင် စာချုပ်ချုပ်ဆိုတဲ့ အဆင့်ကို ရောက်ရှိပြီဖြစ်ပါတယ်" ဟု
ဝန်ကြီးချုပ်ဦးရဲမြင့်က ဆက်လက်ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် ထည့်သွင်းတည်ဆောက်မည့် လုပ်ငန်းများမှာ
သယ်ယူပို့ဆောင်ရေးဌာန၊ အလတ်စားစက်မှုလုပ်ငန်း၊ အသေးစား စက်မှုလုပ်ငန်း၊ အထပ်နိမ့်
အိမ်ရာစီမံ ကိန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဇုန်၊ သိပ္ပံနှင့် သုတေသနဌာနရုံး၊
ဂေါက်ကွင်း၊ ပန်းခြံနှင့် စိမ်းလန်းစိုပြည်ရေးနေရာ၊ လုံးချင်းအိမ်ရာ၊ အထပ်မြင့်အိမ်ရာ၊
ကုန်တိုက်နှင့် ဈေးဝယ်စင်တာတို့ ဖြစ်ကြောင်း သိရသည်။

"စီမံကိန်းကို လုပ်ငန်းမစတင်မီ ကြို တင်ဆောင်ရွက်ရမှာဖြစ်လို့ စင်ကာပူနိုင်ငံက ပညာရှင်
အဖွဲ့အစည်းကို ငှားရမ်းပြီး ရေးဆွဲနေပါတယ်။ စက်မှုဥယျာဉ်တစ်ခုလုံးလိုအပ်တဲ့
နိုင်ငံတကာ အဆင့်မီ အချက်အလက်များအားလုံး ပါဝင်စေဖို့ နိုင်ငံခြားသားပညာရှင်များ
ဖြစ်တဲ့ စင်ကာပူတစ်ဦး၊ အမေရိကန်နှစ်ဦး၊ နယူးဇီလန်တစ်ဦး၊ ပြင်သစ်တစ်ဦး
စုစုပေါင်းနိုင်ငံခြားသား ပညာရှင်ငါးဦးကို ထပ်မံငှားရမ်းခန့်ပြီး ကုမ္ပဏီက ငွေကြေးများစွာ
မတည်ရင်းနှီး အကောင်အထည် ဖော်ဆောင်ရွက်နေပါတယ်"ဟု တော်ဝင်အဆင့်မြင့်
နည်းပညာအဖွဲ့ ကုမ္ပဏီလီမိတက် ဥက္ကဋ္ဌဦးအောင်ဝင်းခိုင်က ပြောကြားသည်။

မန္တလေး-မြို့သာစက်မှုဥယျာဉ်မြို့တွင် အကြီးစားစက်မှုလုပ်ငန်း၊ အလတ်စား စက်မှုလုပ်ငန်း
နင့် အသေးစားစက်မှုလုပ်ငန်းများစွာပါဝင်သဖြင့် စက်ရုံပေါင်း ၂,၅၀၀ ခန့်နှင့် အလုပ်အကိုင်
အခွင့်အလမ်းရာထူး/ ၀န်ထမ်းခန့်ထားရန် နေရာစုစုပေါင်း ၁၅၀,၀၀၀ ခန့်ထွက်ပေါ်လာနိုင်
ကြောင်း ၎င်းကပြောသည်။

credit to mmtimes

Friday, 4 January 2013

အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ဖတ်ရန်......

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့” (ကျေးဇူးပြုပြီး ဒီစာကို ဆုံးအောင် အချိန်ပေးဖတ်စေချင်ပါတယ်။ ဘ၀ တစ်ခုကို ကယ်တင်နိုင်ဖို့ ရည်ရွယ်ထားတာပါ။)
လူတော်တော်များများဟာ စာဖတ်ပျင်းကြပါတယ်။ မြန်မာလိုရေးထားတာတောင်မှ စာပိုဒ်ရှည်ရင် အများစုက မဖတ်ချင်ကြပါဘူး။ ဒီစာထဲက အကြောင်းအရာတွေက ကျွန်တော်ကိုယ်တိုင်ရေးတာမဟုတ်ပါဘူး။ မူရင်းက English လိုရေးထားတာပါ။ အဲ့ဒီမှာလည်း အရှည်ကြီးရေးထားပါတယ်။ ကျွန်တော်ကိုယ်တိုင်တောင် စစ ကြည့်မိတုန်းက ဖတ်ရမှာပျင်းပါတယ်။ ဒါပေမယ့် facebook ပေါ်က တစ်ချို့မုဒိမ်းကျင့်ခံရတဲ့ သတင်းတွေဖတ်ပြီးတဲ့နောက်မှာ စိတ်မကောင်းဖြစ်နေတဲ့အချိန်နဲ့ ဒီစာကို ပြန်တွေ့တဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ စိတ်ရှည်ရှည်ထားပြီးဖတ်ဖြစ်ခဲ့တာပါ။ တကယ်အသုံးဝင်တဲ့နည်းလမ်းတွေ အများကြီးပါပါတယ်။ တစ်ချို့ဟာတွေကတော့ ကျွန်တော့်အနေနဲ့ မလွယ်ကူဘူးထင်ရပေမယ့် မူရင်းစာရေးသူ ဆီက ကျွန်တော်ခွင့်မတောင်းပဲ ဘာသာပြန်တာဖြစ်တဲ့အတွက် သူ့အာဘော်အတိုင်း တက်စွမ်းသမျှ ပြန်ဆိုထားခြင်းဖြစ်ပါတယ်။ ကျွန်တော် စေတနာရှေ့ထားပြီး ကိုယ်ချင်းစာစိတ် တစ်ခုတည်းနဲ့ ဘာသာပြန်ထားတာပါ။ ကျွန်တော် အင်္ဂလိပ်စာ မကျွမ်းကျင်ပါဘူး။ ဒါကြောင့် အလွဲအမှားတွေ အများကြီးပါနိုင်ပါတယ်။ ခွင့်လွှတ်သည်းခံပြီး ဆုံးအောင်ဖတ်ဖို့တော့ တိုက်တွန်းပါရစေ။

မူရင်း အင်္ဂလိပ်လိုရေးသားသောနေရာအားဖတ်ရန်

အကြမ်းဖက်သမား အများစုဟာ သူတို့ အကြမ်းဖက်တိုက်ခိုက်မှုအတွက် နည်းလမ်းအချို့ကို အသုံးပြုကြပါတယ်။ လူတော်တော်များများက ဒီလို အရေးအန္တရာယ်နဲ့ ကြုံရတဲ့အခါမှာ ဘယ်လိုရင်ဆိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်ဆိုတာကို ရုတ်တရက်မဆုံးဖြတ်တတ်ကြပါဘူး။ ကျွန်တော်တို့ အကုန်လုံး ဒီစာကိုဖတ်သင့်ပါတယ်။ အထူးသဖြင် မိန်းကလေး တွေ ပိုလို့သာ ဖတ်ထားသင့်ပါတယ်။
ဒီစာထဲမှာ အခုလို အန္တရာယ် အချိန်မှာ ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့ အချက်အလက်ကောင်းတွေ ရေးပေးထားတာပါ။ “မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့” မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး နားနေခန်းတွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။ သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘောပါပဲ။ အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက်လွယ်ကူမှုမရှိတဲ့အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ - ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊ အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။




နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး -

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ - တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။ အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။ ( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။ အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။ ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။ ( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။ သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။ ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။


တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။
credit to Illumination Lack (FB)

Thursday, 19 January 2012

ဝန်ထမ်းဂုဏ်သိက္ခာနဲ့  ကြွေသီး ဖန်သီး

အစိုးရ၊ ဝန်ထမ်းနဲ့ အခမဲ့ဝန်ဆောင်မှု
ပြောမှ ဖြစ်မှာမို့ ဖတ်မိမှတ်မိတာလေး နည်းနည်းပြောချင်ပါတယ်။ ‘နိုင်ငံ’ရယ်လို့ ဖြစ်ဖို့ရာ အင်္ဂါလေးရပ်နဲ့ပြည့်စုံရပါသတဲ့။ (၁) ပြည်သူလူထု၊ (၂) နယ်နိမိတ်၊ (၃)
အချုပ်အခြာ အာဏာ၊ (၄) အစိုးရဆိုတဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှ နိုင်ငံတကာဥပဓိရုပ် (International Personality) ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုရင် ပြည်
င်ငံရဲ့အချုပ်အခြာ အာဏာ (အာဏာသုံးရပ်)ကို ကိုင်စွဲအုပ်ချုပ်ဖို့ရာအတွက် သူတို့ကြိုက်တဲ့၊ အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့ ယုံကြည်ကိုးစားတဲ့ ‘အစိုးရ’ကိုဖွဲ့စည်းပုံ သူလူထုက နိုအခြေခံဥပဒေနဲ့အညီ (ရွေးချယ်တင်မြှောက်)ရတာ ဖြစ်ပါတယ်။ အဲဒီအစိုးရက သူ့ရဲ့မူဝါဒရည်မှန်းချက်တွေကို ထုံးနည်းတကျလုပ်ကိုင်ဖို့ ဝန်ထမ်း (service)တွေကို အသုံးပြုရပါတယ်။ အရည်အချင်းသတ်မှတ် စိစစ်ခန့်ထားရပါတယ်။ အဲဒီအတွက် အစိုးရက သူ့အတွက် လစာရိက္ခာကို ယူပါတယ်။ ဝန်ထမ်း အတွက် လည်း လစာရိက္ခာကို ပေးပါတယ်။ နိုင်ငံ့ဘဏ္ဍာထဲကပါ။ လစာရိက္ခာ ဘာကြောင့်ပေးသလဲဆိုရင် စားဝတ်နေရေး ပြေလည်စွာနဲ့ နိုင်ငံ့တာဝန်ထမ်းစေချင်လို့ပါ။ လစာရိက္ခာ ဘာကြောင့် ယူသလဲဆိုရင် (ရေရှည်မှာ) အငတ်ခံလုပ်ဖို့ မဖြစ်လို့ပါ။ အဲဒီလိုယူတဲ့အတွက် အစိုးရနဲ့ သူ့ရဲ့ဝန်ထမ်း အဖွဲ့အစည်းဟာ နိုင်ငံတိုးတက်အောင်၊ ကြီးပွားအောင်၊
ပြည်သူလူထု သက်သောင့်သက်သာရှိအောင် ‘ဝန်ဆောင်မှု’ပေးရတာဖြစ်ပါတယ်။ သူဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ရဦး မယ်ဆိုတာ   ပြည်သူကိုပြန်အစီရင်ခံရပါတယ်။ ဒါကြောင့်မေးမြန်းချက်တွေကို ဖြေနေတာ ဖြစ်ပါတယ်။ အဆိုပြုချက်တွေကိုဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ ဘယ်အစိုးရ အဖွဲ့မဆို သူ့ရဲ့ရည်မှန်းချက်နဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ဝန်ထမ်းအဖွဲ့အစည်းကို ခိုင်းရပါတယ်။ အခွင့်အာဏာရဲ့ အစိတ်အပိုင်းတချို့ကို ခွဲဝေပေးရပါတယ်။ သင့်လျော်တဲ့ လုပ်ခလစာကို အဆင့်အရည်အသွေး အလိုက်ပေးရပါတယ်။ ဒီလစာကိုယူ၊ ဒီတာဝန် (ဝန်ဆောင်ဝန်ထမ်း ဂုဏ်သိက္ခာနဲ့မှု)ကို ကျေပွန်အောင်လုပ်။ ဝန်ထမ်း အလုပ်ဆိုတာ ချမ်းသာအောင် အစီးအပွားလုပ်တဲ့ (Business) မဟုတ်ဘူး။ ဘဏ္ဍာတိုက်ထဲက ထပ်မခိုးနဲ့၊ မဝှက်နဲ့၊  လူထုအိတ်ထဲက ထပ်မနှိုက်နဲ့၊   မောင်ရင့် တာဝန်က  ပြည်သူ့အတွက် ဝန်ဆောင်မှုကို ‘အခမဲ့’လုပ်ပေးရမယ်။ မဟုတ်ရင် အရေးယူမယ်မှတ်။ လစာရိက္ခာကို ထိုက်တန်သင့်မြတ်အောင် ပေးထားရင်၊ ‘ဆီကိုင်တဲ့ လက်ဆီပေ မှာပေါ့’လို့ ပြောစရာမလိုဘူး။ ‘သဒ္ဓါလို့ပေးတာယူ’လို့ မပြောဘူး။ ‘ကြွေတဲ့အသီးတော့ ကောက်ပေါ့’လို့ မပြောဘူး။ ‘ငါ့အမျိုး ငါ့ရွာသားမို့ ဒါလေးတော့’လို့ မပြောဘူး။ ကမ္ဘာမှာလာဘ်စားမှု အနည်းဆုံးနဲ့ အသန့်ရှင်းဆုံး တိုင်းပြည်လို့နာမည်ရတဲ့ စင်ကာပူမှာ ဘယ်သူ့လက်မှ ဆီမပေစေရဘူး။ ကြွေသီးရော၊ ဖန်သီးရော  ကောက်မစားရဘူး။ မီးပွိုင့်မှာလည်း ဘယ်သူမှအခွင့်အရေးပိုမယူရဘူး။ အရေးကြီးတဲ့ အချက်တစ်ချက်က လစာရိက္ခာကို အပြင်မှာထက်ပိုပြီး မက်လောက်အောင်ပေးထားတယ်။ (လူထုအိတ် ထဲက ထပ်ဆောင်းပေးစေဖို့ မလိုပါဘူး)။ဒီတော့ သူတို့ဟာ အလုပ်ထိခိုက်မှာကို သိပ်စိုးရိမ်တယ်တဲ့။
ယူတိုပီယာ မျှော်မှန်းချက်
သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ပါပဲ။ အကျင့်ပျက်မှုအနည်းဆုံးနဲ့ အသန့်ရှင်းဆုံးအဖြစ် လက်ညှိုးထိုးပြရတဲ့ တိုင်းပြည်ဟာ တို့ဗမာသာကီမျိုးတွေနေတဲ့ တိုင်းပြည် မဟုတ်ဘဲ ပုလုသေးကွေး စင်ကာပူကျွန်းနိုင်ငံလေး ဖြစ်နေလို့ပါ။ ကျွန်တော်တို့ လူမျိုးတွေကသူတို့ထက်ပိုပြီး ဝိသမလောဘတွေ များလွန်းနေသလား၊ အကျင့်ပျက်ပြား သူတွေပိုများနေလို့လား၊ မဟုတ်လောက်ဘူး ထင်ပါရဲ့။ လျှာမြက်ပေါက်အောင် တောင့်ခံနေသူတွေ၊ မတရားတဲ့ နည်းနဲ့ ရတဲ့တံစိုးဟူသမျှ တစ်ပြားတစ်ချပ်မှ လက်မခံ ဘဲ ငြင်းပယ်တဲ့သူတွေ အသေအချာကို ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးကို သိမ်းကျုံးပြီး အကျင့်ပျက်တယ်၊   ခြစားတယ်လို့ပြောရင် တော်တော်စော်ကား မော်ကားပြုရာ ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတည်း မဟုတ်လို့ ပါ။ နိုင်ငံကိုချစ် လှချည်ရဲ့လို့   အော်သူ ပဲဖြစ်ဖြစ်၊ မအော်တဲ့သူပဲ ဖြစ်ဖြစ်နိုင်ငံ့ တာဝန်ထမ်းရတဲ့ ဝန်ထမ်းတွေမှာ မျှော်မှန်းချက်နှစ်ခု တော့ဖြင့် (အနည်းဆုံး)ရှိပါတယ်။ ဂုဏ်သိက္ခာလုံခြုံမှုနဲ့ စားဝတ်နေရေး လုံခြုံမှု   မျှော်မှန်းချက်နှစ်ခုပါ။ ဟိုတုန်းက စာရေးကြီးဆိုတာ ရပ်ထဲရွာထဲမှာ ဂုဏ်သရေရှိသတဲ့၊ ဟိုတုန်းက ပြာတာလို့ခေါ်တဲ့ (အနိမ့်ဆုံးအဆင့်) ဝန်ထမ်းဟာ မိသားစု   လေးယောက် လောက်ကို ဗိုက်ရိုက်ကျွေးနိုင်သတဲ့။ ဝန်ထမ်းဆိုတာ ဂုဏ်သိက္ခာရှိသတဲ့၊ အိနြေ္ဒရသတဲ့။ ခု….။ ဝန်ထမ်းဆိုတာနဲ့ တစ်ပြိုင်နက်’ ဘာကောင်ကြီးလဲ၊ ပါးစပ်ပါရဲ့မဟုတ်လား’ပြောသူက ပြောတယ်။ ‘အထုပ်ကြီးပြလိုက်တာနဲ့ ငမ်းငမ်းတက်နေမှာ ပါကွာ’ လို့ ဆိုသူကဆိုတယ်။ ‘အထုပ်သေးသေးနဲ့ လေးလေးပေးရင် လက်တို လက်တောင်းခိုင်း လို့ရမယ်’ ထင်သူကထင်တယ်။ စားဝတ်နေစရိတ်စကနဲ့ လုပ်ခလစာက ဆင့်ပါးစပ်နှမ်း ပက်ဖြစ်လာတဲ့အခါ မလိုက်လျောဘဲ တင်းခံနေတဲ့သူကို ‘စာအုပ် ကြီးသမား ငတုံး’လို့ ပြောတယ်။ ‘ကြိုးနီစနစ်ရဲ့ နောက်ဆုံးအမွေခံ’လို့ ပြောတယ်။ ရိုးသားဖြောင့်စင်းမှုဆိုတာ ‘လူနုံလူအတွေရဲ့ ကိရိယာတန်ဆာ’လို့ ရှုတ်ချပြစ်တင်တယ်။   ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလာခဲ့တယ်။ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်လာခဲ့တယ်။ လစာရိက္ခာကိုလည်း တိုးနိုင်သမျှတော့ တိုးလာပေးခဲ့ပါတယ်။ ဒါပေမဲ့ ကာလတစ်ခုမှာ နှမ်းအဖြစ်ပဲ ဘဝပြောင်းသွားပြန်တော့တယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းလည်း တန်ဖိုးထား တဲ့နှုန်းစံတွေ ပြောင်းလာခဲ့တယ်။ စက်ဘီးလေး တချောက်ချောက်စီးလို့ ပုဆိုးအနွမ်းနဲ့ ကျောင်းတက်သွားတဲ့ မူလတန်းပြ ဆရာနဲ့ (ခွင့်လွှတ်ပါ) ပါဘလစ်ကာမောင်းပြီး ဓာတ်ဆီဆိုင်ပန့်ကိုင်ဖို့သွားတဲ့သူကိုကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြား ဆက်ဆံခဲ့ သလဲ။ဘယ်လိုနည်းနဲ့ပဲ ဝင်ငွေရရ၊ ငွေကြေးသုံးစွဲနိုင်တဲ့၊ အလှူကြီးအတန်းပေးနိုင်တဲ့ သူတွေနဲ့ ကျူရှင်မပြဖို့တားမြစ်ခံ ထားရတဲ့ ကျောင်းဆရာလေးကို ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြား ဆက်ဆံခဲ့သလဲ။ စိတ်ဓာတ် ချွတ်ခြုံကျနေတဲ့ လူ့အဖွဲ့အစည်းမှာ ခါးသီးနာကျင်နေတဲ့ လူကောင်းသူကောင်းတွေ တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်ပါဘူး။ ခုလောလောဆယ် အနိမ့်ဆုံး ဝန်ထမ်းတစ်ဦးရဲ့ လစာဟာ (ကျပ်၃၅ဝဝဝ ) ဖြစ်ပြီး အမြင့်ဆုံး ဝန်ထမ်းဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့လစာက ကျပ် ၂ဝဝ,ဝဝဝ ဖြစ်ပါတယ်။ ဟိုတုန်းက ဝန်ထောက်လို့ခေါ်တဲ့ ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ (အခု) လစာက ကျပ် ၁ဝဝ,ဝဝဝ တဲ့။ ရန်ကုန်၊ တာမွေကျောက်မြောင်းလို နေရာမျိုးမှာညနေ ၃ နာရီကနေ ည ၈ နာရီအထိ ဝက်သားတုတ်ထိုး ရောင်းနေတဲ့သူက ၆ လွှာတိုက်ခန်းကို တစ်လ ကျပ် ၅ဝဝဝဝ ပေးပြီး ငှားနေနိုင်တယ်။ ပြန်တမ်းဝင်အရာရှိကအဲဒီလိုအခန်းမျိုးငှားနေရင် ကျန်တဲ့ငွေကို လင်မယားနှစ်ယောက်ခြိုးခြံစားနိုင်တယ်ထား၊ နှာမစေးနဲ့၊မဖျားနဲ့၊ မနာနဲ့၊ သားသမီးကိုတက္ကသိုလ် မပို့နဲ့၊ အလှူမသွားနဲ့၊အိုမင်းမစွမ်း ဖြစ်နေတဲ့ မိဘနှစ်ပါးအိမ်ကို သီတင်းကျွတ်ရင်လည်း မသွားနဲ့။ သူ့ဝမ်းဗိုက်ထဲမှာ တကြုတ်ကြုတ်   မြည်နေတဲ့ အူတစ်စုံရှိတယ်။ သူ့ရှေ့မှာ ဆာလောင်လို့ ဝင်းပြောင်နေတဲ့ ရင်သွေးငယ်တို့ရဲ့ မျက်လုံးအစုံ ရှိတယ်။ သူ့ဝန်းကျင်မှာ အကောင်းစား စကားလုံးတွေနဲ့ ဟန်ဓာတ် ခုတ်နေတဲ့ လူ့အဖွဲ့အစည်းရှိတယ်။ သူ့လက်ထဲမှာ ကျိန်စာ မကင်းတဲ့လုပ်ပိုင်ခွင့်တချို့ရှိတယ်။ သူ့ရဲ့အင်မတန် အဖိုးတန်လှတဲ့ ဂုဏ်သိက္ခာကို ရွှေချည်ထိုးပြီး ဘယ်လောက် ကြာကြာ တင်းခံနိုင်မလဲ။’ တစ်တက်စား ကြက်သွန်’ ဘဝကနေ အရှိန်မထိန်းနိုင်တော့တဲ့ ‘လောဘကောင်ကြီး’ဖြစ်သွားသူတွေဘယ်လောက်ရှိလေမလဲ။ ဘာမဟုတ်တဲ့   လူတွေကိုမျက် နှာချိုသွေး ဖို့မလိုဘ (သူ့အဆင့်သူ့ အရည်အချင်းနဲ့ လျော်ညီတဲ့ လစာရိက္ခာကိုပဲ ခံစားပြီး)ခပ်တင်းတင်း နေချင်တဲ့သူမျိုး တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်မြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုဝန်ထမ်း အဖွဲ့အစည်းမဆို ငခုံးမတွေ စာရိတ္တချွတ်ခြုံကျ နေသူတွေကို တမင်ရွေးချယ်စိစစ်ပြီး ခန့်ထားခဲ့တာ မဟုတ်လို့ပါပဲ။ Empty Sacks cannot Stand ဘာမှထည့် မထားတဲ့ အိတ်ခွံလွတ်တွေဟာ ဘယ်လောက်ကြာကြာ   ထောင်မတ်နေနိုင်မလဲ။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဂျာမန်ကဗျာဆရာကြီးရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ‘ဗိုက်အပြည့် စားသောက်နေတဲ့ လူတွေက လူငတ်တွေကို အနစ်နာခံကြစမ်းပါတဲ့’တ။ဲ့ ရေးပါ၊ပြောပါ။ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေကို တစ်စက်မှ ထည့်မစဉ်းစားဘဲ အကောင်းဆုံး စကားလုံးတွေနဲ့ ရေးခဲ့ပြောခဲ့တဲ့ခေတ်တွေ ဘယ်လောက်များခဲ့ပြီလဲ။ ဒါပေမဲ့ ချစ်လှချည်ရဲ့လို့ လူသိရှင်ကြား ကြွေးကြော်ခဲ့သူတွေက မူလတန်းပြ ဆရာတစ်ယောက်ရဲ့ လစာရိက္ခာနဲ့ ညီတူမျှ တူယူပြီးချစ်ပြမှ စံနမူနာကောင်းဖြစ်ပါလိမ့်မယ်။ ပိုအော် တဲ့သူက ပိုပြီး လျှော့ယူရပါမယ်။ ဒါမှမဟုတ်၊ ယူတိုပီယာ အိပ်မက်ထဲက ရုန်းထွက်ဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။
တတိယကျမ်း
အခုပြောခဲ့တာတွေက အဂတိလိုက်စားတာ အပြစ်ကင်းတယ်။အရေးယူလောက်စရာ မဟုတ်တဲ့သနားစရာသတ္တဝါလေးတွေဖြစ်တယ်။ အဲဒီလိုဆိုရာ မရောက်ပါဘူး။ ဝန်ထမ်းဆိုတာ တရားဝင်ရရှိတဲ့လစာရိက္ခာအပြင်တံစိုးနဲ့ အကျိုးအလို့ငှာ ကောင်တာဖွင့်ဈေးရောင်းသလို၊ ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးသလို (Business) စီးပွားရေး လုပ်တဲ့အလုပ်မျိုးမဟုတ်ဘူး။ အစီးအပွားရှာချင်ရင် ဝန်ထမ်းမလုပ်နဲ့ဆိုတာကတော့ဖြင့် တော်တော်ရှင်းလင်းတဲ့သီအိုရီပဲဖြစ်ပါတယ်။ သို့သော်အငတ်ခံ လုပ်ရမယ့် အခြေအနေမျိုးမဟုတ်သေးဘူးဆိုတာကိုလည်း မြင်သာစေချင်တာ ဖြစ်ပါတယ်။ စွပ်စွဲခံရသူတွေထဲက အချို့သောသူတွေရဲ့ရောဂါလက္ခဏာချက်ကို စာနာကြည့် တာပဲဖြစ် ပါတယ်။ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ’လက်’ကို မြင်နေပါလျက်နဲ့ ဒါ..လက်မဟုတ်ဘူး။ အရိုးအကြောအသွေးအသားတွေပါပဲလို့ ‘ဝိ’ချင်တတ်တယ်။ ခမ်းနားချင် တတ် တယ်။တည့်တည့်သွားရင် ရောက်နိုင်တာကို ကွေ့ပတ်လျှောက်တတ်တယ်။ရောဂါလက္ခဏာချက်နဲ့ လွှဲဖယ်နေတတ်တယ်။ လူ့သဘာဝကို ငြင်းပယ်ပြီး ရှာထားတဲ့ အဖြေ ဟာ ရေရှည်မမှန်ကန်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။အဂတိနဲ့ခြစားမှု တိုက်ဖျက်ရေးအတွက် လောလောဆယ်ကျင့်သုံးနေတဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။ အရေးယူ အပြစ်ပေးတဲ့နည်းနဲ့ ပညာပေး(ဝေဖန်ချေချွတ်၊ ညွှန်ကြား)တဲ့နည်းပါ။ အလွယ်ကူဆုံးနဲ့ အမြင်သာဆုံးလုပ်တဲ့နည်းကတော့ အရေးယူအပြစ်ပေးတဲ့ နည်းပဲ   ဖြစ်ပါတယ်။   မေးစရာကျန်နေသေးတာကဒါဆိုရင် လုံလောက်ပြီလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ခုတလော တော်တော် လက်ညှိုးထိုးခံနေရတဲ့ ဝန်ထမ်းအဖွဲ့ အစည်း တစ်ခုရှိတယ် (ဆိုပါစို့)အဲဒီဝန်ထမ်းတွေကို တစ်ယောက်မကျန်ဖယ်ရှားပစ်လိုက်ပြီး ပိုကောင်းမယ်လို့ထင်ရတဲ့၊ သို့မဟုတ် လက်ညှိုးထိုးနေတဲ့သူတွေနဲ့ အစားထိုးကြည့် မိပါတယ် (စိတ်ကူးနဲ့ပါ)။ သေချာတာကခဏတော့ကောင်းနေနိုင်ပါတယ်။ဒါပေမဲ့ ဘယ်ကာလအထိလဲ၊ သူတို့ဘယ်လောက်   တောင့်ထားနိုင် မလဲ။  နောက်ထပ်  သေချာတဲ့ အချက်က လူတို့ရဲ့ ရိုးဖြောင့်မှုနဲ့ဖြူစင်မှုဟာအကန့်အသတ် ရှိတယ်ဆိုတာပါပဲ။ လူတိုင်း စဉ်းစားနိုင်ကြပါတယ်။ အသစ်အဆန်းလည်း မဟုတ်ပါဘူး။အင်မတန်လည်း ရိုးစင်းပါတယ်။လူတိုင်းလူတိုင်းကို သူ့အရည်အချင်း သူ့အဆင့်အတန်းနဲ့ လျော်ညီတဲ့လစာရိက္ခာကို ရယူစေဖို့နဲ့ဂုဏ်သိက္ခာရှိရှိ အလုပ်တာဝန်   ကျေခွင့်ပြုစေဖို့ပဲ   ဖြစ်ပါတယ်။အဂတိလိုက်စားမှုတားမြစ်ရေးကို (နည်းလမ်းတကျ)တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။

ပြေလွင်မြင်
့ (ပေါ်ပျူလာဂျာနယ်)

လွမ်းရင်းမျှော် မျှော်ရင်းလွမ်း

Written by လူထုစိန်ဝင်း   
Sunday, 15 January 2012 11:17
AddThis Social Bookmark Button
များသောအားဖြင့်မြန်မာလူမျိုး တွေဟာငယ်စဉ်အခါက ဘယ်လောက်ပဲ အငြိမ်မနေသူဖြစ်ဖြစ် အသက်ကလေးရလာရင် လူရောစိတ်ပါ တည်တည်ငြိမ်ငြိမ် ဖြစ်လာလေ့ရှိတယ်။ လောကဓံလှိုင်းရိုက်ပုတ်မှုများကိုလည်း တရားသဘောနဲ့ ရှုမြင်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်ကြတယ်။
တရားမပြည့်လို့
ဒေါသဖြစ်စရာရှိလည်း ချွန်းအုပ်ပြီး သည်းခံနိုင်တယ်။ ၀မ်းနည်းစရာကြုံလည်း မျိုသိပ်ထားနိုင်တယ်။  ကိုယ်တိုင်ကတော့ တရားမပြည့်ဝလို့ ထင်ပါရဲ့။ အသက်သာခုနစ်ဆယ်ကျော်လာတယ် ဒေါသတွေလျော့မသွားဘူး။ တစ်ခါတလေများ အသားတွေ ဆတ်ဆတ်တုန်တဲ့အထိ ဒေါသဖြစ်မိတယ်။ အဆိုးဆုံးကတော့ ငယ်စဉ်ကထက် အဆပေါင်းများစွာ ပိုပြီးလွမ်းတတ်လာတာဖြစ်တယ်။ အသက်ကြီးလေ လွမ်းစရာတွေကလည်းများလေ ဖြစ်လာတယ်။ ငယ်စဉ်ကတော့ ကျောင်းတွေဖွင့်ချိန်မှာ မန္တ လေးမှာ ကျန်ရစ်တဲ့မိဘတွေကို လွမ်းတယ်။ ကျောင်းတွေပိတ်လို့ အိမ်ပြန်ရောက်ချိန်မှာ ကျောင်းကသူငယ်ချင်းတွေကို လွမ်းတယ်။ ဒီထက်ပိုပြီး လွမ်းစရာမရှိဘူး။
အလယ်ပေါက်က မြီးရှည်

အခုချိန်ပြန်တွေးလိုက်တော့ မရှိတော့ပြီဖြစ်တဲ့ မိဘတွေကို လွမ်းသလို၊ ဈေးချိုအလယ်ပေါက်က မြီးရှည်ကိုလည်း လွမ်းတယ်။ ၀င်းလိုက်ရုံထဲက အစ်မကြီးမမြရီရဲ့ မုန့်တီလက်ရာကိုလည်း လွမ်းတယ်။ မန္တလေးတက္ကသိုလ် အရှေ့ဘက်က လယ်ကွင်းစိမ်း စိမ်းတွေနဲ့ တောင်တန်းကြီးတွေကိုလည်း လွမ်းတယ်။ အလွမ်းတကာ့ အလွမ်းဆုံးကတော့ စစ်ကိုင်းတောင်ပေါ်က တန်ဆောင်တိုင်ညနဲ့ မန္တလေးသင်္ကြန်ရက်တွေပဲ။ငယ်စဉ်က ဒီပွဲနှစ်ပွဲတော့ ဘယ်အကြောင်းနဲ့မှကို အလွတ်မခံဘူး။ကျောင်းပိတ်ရက်နဲ့ဆုံလေ့မရှိတဲ့ တန်ဆောင်တိုင်ပွဲကိုတောင်နှစ်တိုင်း အရောက်ပြန်ဖြစ်အောင် ပြန်တယ်။
ဟိုချောင်ဝင် ဒီချောင်ကူး

အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံး ဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ်မထင်ဘူး။  ရထားတွေက ခုခေတ်လိုမြင်းရိုင်းက ဆုန်ပေါက်ပြေးသလို ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ် ကျိုက်မော့လိုက်လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဟိုချောင်ဝင် ဒီချောင်ကူး

အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံးဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ်မထင်ဘူး။  ရထားတွေက ခုခေတ်လိုမြင်းရိုင်းက ဆုန်ပေါက်ပြေးသလို

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးစားကြမှာဖြစ်ပါတယ်။ ခုထက် ၁၀ ဆလောက် ပိုပြီးကြိုးစားရင်တောင် မလုံလောက်ပါဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာမဟုတ်ဘူး . . 
 ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ် ကျိုက်မော့လိုက်လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဝမ်းနည်းစရာ၊ ရှက်စရာ

လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတိုက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘယ်သူ့ဘယ်သူမှလည်း နိုင်အောင်တိုက်ပြီး ပြုတ်အောင် မဖြုတ်နိုင်ကြဘူး။ တိုင်းပြည်ကတော့ ထောင်းလမောင်းကျေနေပြီ။ ဓားမနောက်ပိတ်ခွေးဘ၀လည်း ရောက်နေပြီ။ ပြည်သူတွေလည်း အလူးအလဲခံနေကြရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်စေချင်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ အစိုးရစစ်တပ်က သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ ဘယ်သူ့ဘက်က ဘယ်လောက် ကျသွားတယ်လို့ ကြေညာရတာ ၀မ်းသာဂုဏ်ယူစရာ မဟုတ်ပါဘူး။ ၀မ်းနည်းစရာ၊ ရှက်စရာပါ။
၁၀ ဆနဲ့ မလုံလောက်ဘူး

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးစားကြမှ ဖြစ်ပါမယ်။ ခုထက် ၁၀ ဆလောက်ပိုပြီး ကြိုးစားရင်တောင် မလုံလောက်ပါ ဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာမဟုတ်ဘူး။ သူတို့အရှိန်နဲ့သူတို့ ရှေ့ဆက်သွားနေကြမှာဖြစ်တယ်။ သန်းပေါင်းခြောက်ဆယ်လောက် ရှိတဲ့ တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အခုထက် အဆတစ်ရာလောက်ကြိုးစားနိုင်ပါမှ တော်ကာကျပါမယ်။ ရှေ့တန်းစစ်နယ်မြေတွေမှာ သေဆုံးခဲ့ရတဲ့နှစ်ဖက်စလုံးက တပ်သားတွေဟာ လူငယ်လူရွယ်လေးတွေ ဖြစ်ကြတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့လုပ်အားတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် တိုင်းပြည်နစ်နာပါတယ်။
သေနတ်တွေဘေးချထား
သမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ပြန်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ်ပြောကြားထားပြီးဖြစ်တယ်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ဖြေရှင်းခြင်းဟာ ဒီမိုကရေစီကျင့်စဉ် မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ဒီမိုကရေစီတည်ဆောက်ရေးကို ကြွေးကြော်ထားကြတာ ဖြစ်တယ်။ အဲဒီတော့နှစ်ဖက်စလုံး သေနတ်တွေ ဘေးချထားပြီး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်။ သေနတ်သံတွေ မြန်မြန်တိတ်လေ ကောင်းလေပါပဲ။

လူတိုင်းအတွက် ပညာရေး

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝမှာ လုပ်ငန်းစဉ်တစ်ရပ်ကို ပုံစံဖော်၍ လမ်းကြောင်းပေါ်တင်ပေးခြင်းသာ ပြုလုပ် ပါသည်။ လမ်းကြောင်းပေါ်သို့ ရောက်ရှိ၍ လုပ်ငန်းအရှိန် အဟုန်ရရှိလာသည်နှင့် အဆိုပါကုလ သမဂ္ဂအဖွဲ့အစည်းသည် ထိုလုပ်ငန်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပါသည်။
သက်ဆိုင်ရာဌာနမှ ထိုလုပ်ငန်းကို ရေရှည်တည်တံ့၍ ပိုမိုတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်ရပါသည်။
စာရေးသူသည် တောင်ငူမြို့ရှိ အဆိုပါ ကုလသမဂ္ဂအဖွဲ့ ဦးစီးသည့် ကျောင်း ပြင်ပ ပညာရေးညကျောင်းသို့ သွားရောက် လေ့လာ ဖူးပါသည်။
ကလေးများသည် သင်ကြားမှုကို စိတ်ပါဝင်စားစွာ နာယူလျက်ရှိကြပြီး UNICEF မှ ခန့်အပ်ထားသော မြန်မာလူမျိုး ဆရာ၊ ဆရာမ များသည်လည်း လစာငွေကောင်းကောင်း ရရှိထားကြသဖြင့် ကြိုးစား သင်ကြားပေးနေကြပါသည်။
ပညာရေး ဌာနသို့ လွှဲပြောင်းပေးသည့်အခါ လက်ရှိ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း တိုးချဲ့နိုင်ရန် အရေးကြီးပါသည်။
နိုင်ငံတော်အစိုးရသည် အစစအရာရာ ကိစ္စအ၀၀အတွက် ငွေကုန်ကြေးကျကို တာဝန်မယူနိုင်ပါ။
'လူတိုင်းအတွက် ပညာရေး' ကို အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနက နိုင်ငံတော် အစိုးရထံမှ မူဝါဒတောင်းခံပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စိန်ပေါကျောင်း သားဟောင်းများအသင်းကဲ့သို့ အသင်း အဖွဲ့အစည်းများ ညှိနှိုင်း၍ ကူညီ ထောက်ပံ့ငွေရရှိရေး စီမံဆောင်ရွက်သင့်ပါသည်။
ယခု ဤဆောင်းပါးတွင် ဖော်ပြထားသော သာဓကများမှာ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့သော ဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။
သစ်တောရေးရာဌာန၏ ရွေ့လျား သစ်စခန်းများရှိ လုပ်သားများ၏ ကလေးငယ်များ၊ ရွေ့လျားတောင်ယာစခန်းများရှိ ရွာသားများ၏ ကလေးငယ်များ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ရည်စူး၍ ရွေ့လျားကျောင်း (Mobile School) ဟူ၍ တီထွင်လှုပ်ရှားခဲ့ဖူးပါ သည်။
ရေရှည်မတည်တံ့ဘဲ ၀န်ကြီးဌာန တာဝန်အလွှဲအပြောင်းနှင့်အတူ ပျောက်ကွယ်သွားပါသည်။
ဤတာဝန်ကို ထမ်း ဆောင်ခဲ့ကြသော ဆရာများအနေဖြင့်လည်း ထူးခြားအခွင့်အရေး ပံ့ပိုးမှုမရရှိဘဲ တောထဲတောင်ထဲ၊ မိုးထဲရေထဲ မိမိထမင်း မိမိချက်၍ ခြေလျင်လိုက်နေရသောကြောင့် တက်ကြွမှုမရှိပါ။
အမှန်တကယ် ရေရှည်အတွက် ဆောင်ရွက်မည်ဆိုလျှင် အသေးစိတ်စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
ဤဆောင်းပါးသည် ကလေးနှင့် လူငယ်များ၏ ပညာရေးကို အဓိကထား ဖော်ပြနေပါသည်။
'လူတိုင်းအတွက် ပညာရေး'ဟု ဆိုလျှင် လူလတ်၊ လူကြီး၊ သက်ကြီးရွယ်အိုများနှင့်လည်း သက်ဆိုင်ပါသည်။
သက်ကြီးရွယ်အိုများ စိတ်အားမငယ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သက်ကြီးရွယ်အိုများ၏ ၀ါသနာအလျောက် ပန်းချီပညာ၊ ဇာထိုးပန်းထိုးပညာ၊ စစ်တုရင်ပညာ၊ ယိမ်းကသကဲ့သို့ စုပေါင်းပြီး ဖြည်းညင်းစွာ လှုပ်ရှားရသည်။
'တိုက်ချိ'သိုင်းပညာများကို စုစည်းသင်ကြားပေးပါသည်။
'မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်'ဟု ခေါင်းစဉ်လှလှတပ်လိုက်ရုံဖြင့် ကိစ္စတစ်ခုမှာ ပြီးစီးမသွားပါ။
'လူတိုင်းအတွက် ပညာရေး'ဟု ဆိုရာ၌ ပညာရေးဟူသောကိစ္စသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ပါသည်။
တာဝန်ရှိပုဂ္ဂိုလ်များကပင်လျှင် ဘွဲ့ရလျှင် စာသင်တတ်သည်။
စာသင်တာ ဘာခက်လို့လဲဟူသော စကားကို ပြောဆိုတတ်ကြပါသည်။
ဤစကားအတိုင်းလည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့၊ အချို့နေရာများတွင် ကျင့်သုံး ဆဲဖြစ်ပါသည်။
စာသင်တာ စာအုပ်ဖတ် ပြ၊ ရှင်းလင်းပြ၊ ရေးခိုင်း၊ အလွတ်ကျက် ခိုင်း၊ ဖြေခိုင်း ဟူ၍ သဘောပေါက်ကြပါသည်။
ဒါသင်၊ ဒါမေး၊ ဒါဖြေများ ဖြစ်ပါသည်။
လွယ်မယောင်နှင့်ခက် ဆိုသောစကားကို ရှင်းလင်းပါမည်။
'ပညာ'၏ ပထမအဆင့်မှာ 'သညာ' ဖြစ်ပါသည်။ 'အမှတ်သညာ'ကို ဆိုလိုပါသည်။
'က၊ ခ၊ ဂ' "A, B, C, D" ကို အလွတ် ရအောင် ကျက်မှတ်ရပါသည်။
အလီ များကို အလွတ်ရအောင် ကျက်မှတ်ရပါသည်။
တစ်ပေမှာ ၁၂ လက်မ၊ တစ်ကိုက်မှာ သုံးပေ၊ တစ်မိုင်မှာ ၁,၇၆၀ ကိုက်၊ တစ်ပေါင်မှာ ၁၆ အောင်စ တို့ကို အလွတ်ကျက်မှတ်ရ ပါသည်။
အတန်းရလာသောအခါ သီအိုရမ်များ၊ ဓာတ်ငွေ့ ထုတ်ဖော်ပုံများ၊ ချားလ်စ်နိယာမ၊ ဘွိုင်းလ်စ်နိယာမများကို အလွတ်ကျက် မှတ်ရ ပါသည်။
ထိုအမှတ်သညာဖြင့် အလွတ်ကျက်မှတ်ထားသော အချက်အလက်များကို မေးခွန်းအတွက် အဖြေနှင့် ပုစ္ဆာများတွင် အံဝင်ခွင်ကျ အသုံးပြုတတ်ပါမှ 'ပညာ' ဖြစ်ပါသည်။ 'တိမ်မယောင်နှင့် နက်' ဆိုသည်မှာ ပညာတွင် ဆက်စပ်တွေးခေါ်မှုကို အဓိကထားပါသည်။
ဒါကျက်၊ ဒါမေး၊ ဒါဖြေသည် သညာအဆင့်သာ ရှိပါသည်။
ကလေးများ၊ လူငယ်ကျောင်း သားကျောင်းသူများ တွေးခေါ်တတ်လာ စေရန် ဆရာ၊ ဆရာမများမှ တွေးခေါ်ရန် လမ်းစများကို ဖွင့်ပေးရပါမည်။
အတွေး အခေါ်များ လမ်းလွဲလိုက်မသွားစေရန်လည်း ထိန်းကျောင်းပေးရပါမည်။ မှန်ကန်သောကောက်ချက် ဆွဲယူတတ် စေရန်လည်း သင်ပေးရပါမည်။
ပညာသင်ကြားပေးသည့် ကျောင်း၊ တက္ကသိုလ် ဆိုသည်မှာလည်း ပညာ တတ်ရန် တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အားကစား၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာရေး၊ တစ်ကိုယ်ရေသန့်ရှင်း သပ်ရပ်မှု၊ စက်မှု လက်မှု အတတ်ပညာ၊ သုခုမ အနုပညာ စသည့် ပညာရပ်အားလုံးကို လေ့ကျင့် ပြုစု ပျိုးထောင်ပေးရာဌာန ဖြစ်ပါသည်။
သို့ဖြစ်၍ လုပ်ငန်းသဘာဝဆိုတာ တိမ်မယောင်နှင့် နက်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ 'လူတိုင်းအတွက် ပညာရေး'ဆိုသည့် ဆောင်ပုဒ်သည် အလွန်တရာမှပင် ကျယ်ဝန်းလှပါသည်။
ဘက်စုံထောင့်စုံအောင် ဆောင်ရွက်မည်ဆိုလျှင် အတော်ပင် ကြိုးစားဆောင်ရွက်ရမည့် အနေအထားဖြစ်ပါသည်။
လူကြီးမှ လာရောက်စစ်ဆေး မေးမြန်းစဉ် ရှင်းလင်း ပြသရုံသက်သက်မျှသာဆိုလျှင်တော့ လွယ်ကူပါသည်။
ဤသို့ဆိုသော် နိုင်ငံတော်၏ လူသားအရင်းအမြစ်တွင် လွန်စွာမှပင် ရေရှည်အတွက် နစ်နာလှပါသည်။
သို့ဖြစ်၍ နိုင်ငံတော်၏မျက်နှာကို ထောက်ထားပြီး 'လူတိုင်းအတွက် ပညာရေး'ကို အမှန်တကယ် ကြိုးစား အကောင်အထည် ဖော်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Saturday, 31 December 2011

နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

rowse › Home › » နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့
မောင်ဝံသ
ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ   မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။ အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ။ မိုးသဲကြီးမဲကြီးရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။
အကြောက်လွန်ပြီဆိုရင်
မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။ ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။
အကြောက်လွန်သူ အာဏာရလျှင်
လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစားတွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။ သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွားအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တာ စတဲ့လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။
နိုင်ငံခြားသားကြောက် ရောဂါ
သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူအစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ် တွေလားစတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက်မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။
နိုင်ငံရေးဖိုးဘီးယား
သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။ အဲဒီ ရောဂါကတော့   ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခုအတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက   နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။
နိုင်ငံရေးမပီ ဖိုးဘီးယား
အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။    တကယ်တော့ အခုအချိန်မှာ ဘာမှရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထားအမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ်ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။
အာဏာငန်းဖမ်းတာမဟုတ်
နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါတီထဲ ဝင်ပြီးလုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို    ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့်ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။
မောင်ဝံသ
(ဒီဇင်ဘာ ၂၉ ထုတ် Popular News  အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)