Saturday, 30 May 2015
သြော်...ဒါနဲ့စကားမစပ်-ဒုတိယပိုင်း (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၂)
ဆိုင်းဘုတ်နဲ့ မှတ်တိုင်
   သြော်… ဒါနဲ့ စကားမစပ်၊ အဲ… ပထမဦးဆုံး စကားမစပ်ပဲပေါ့နော်။ တစ်လောတုန်းက ပြီးခဲ့တဲ့မတ်လ ၁၃ ရက်နေ့က မန္တလေးအက်ဖ်အမ်ကို ကျေးဇူးတင်ရမယ်။ သုမောင်မွေးနေ့။ ၅၈ နှစ်မြောက်မွေးနေ့ဆိုပြီးတော့ မန္တလေးအက်ဖ်အမ်ကနေ အထူးတလည် စီးတိးအက်ဖ်အမ်ကလည်း လုပ်ပေးရှာပါတယ်။ သူတို့ကတော့ Happy Birthday ဦးသုမောင် ဒီလောက်ပါပဲ လုပ်တာ။
   မန္တလေးအက်ဖ်အမ်မှာ သူငယ်ချင်း သန်းမြတ်စိုးက ရှိနေတော့သူက အထူးတလည်ဆိုပြီးတော့ကို သုမောင် သီချင်းမျိုးစုံကို ခေတ်ဟောင်းကနေ ခေတ်ပေါ်အထိ သုမောင်အကြောင်းလေးပြောပြလိုက်၊ သီချင်းလေး ဖွင့်ပြလိုက်၊ ဘယ်လိုသီချင်းမျိုး၊ ဘယ်လိုလေးဆိုတယ်ပြောလိုက်၊ သီချင်းလေး ဖွင့်ပြလိုက်နဲ့။ ဒီကြားထဲ ဒီကောင်ကြီး မကောင်းပုံက သုမောင်ကြီး အရက်ကြိုက်တတ်တဲ့အကြောင်းလည်း ပါလိုက်သေးတယ်ဗျာ။
   အဲဒီ သန်းမြတ်စိုးဆိုတဲ့ ဘဲက ပြောရင်းနဲ့ သူက ဘာထပြောလဲဆိုတော့ သုမောင်နဲ့ ဝင်းဦး မွေးနေ့တူတယ်ဆိုတဲ့အကြောင်း ထည့်ပြောသွားတယ်။ ဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝင်းဦးနဲ့မွေးနေ့ချင်းတူလို့ ဂုဏ်ယူတာ မဟုတ်ဘူး။ အသက်ချင်းတော့ ကွာတာပေါ့နော်။ ဝင်းဦးက ခုရှိမယ်ဆိုရင် ၇၄ နှစ်ပေါ့။ သုမောင်က ၅၈ နှစ်၊ ၁၃ ရက် မတ်လ သွားတူတာပေါ့နော်။
   ကြားဖြတ်ပြီး စကားမစပ် ပြောရဦးမယ်။ ဒါက ဝမ်းသာစရာ၊ ရယ်စရာဆိုတော့လေ ကြားထဲမှာ ဟိုကောင်တစ်ကောင် ပါလာတယ်။ အရိုင်ဆိုတဲ့ အကောင်။ သူ့အမေက ဘယ်လိုလုပ် မွေးလိုက်သလဲမသိဘူး။ ၁၃ ရက်၊ မတ်လပဲ။ ဒါက ရယ်စရာပေါ့နော်။ ဝမ်းနည်းစရာကောင်းတာလည်း ရှိသေးတယ်။ မိုးမိုး(အင်းလျား) ရယ်၊ ကဗျာဆရာ အညာတမာရယ် ဆုံးတာ ၁၃ ရက် မတ်လပေါ့လေ။ ထားပါတော့လေ။
   ကိုသန်းမြတ်စိုးက အဲဒါလေးထည့်ပြောတဲ့အခါကျတော့ ကိုဝင်းဦး သွားသတိရတယ်။ သြော်… တကယ့်ပညာရှင်ကြီးနော်။ မေ့သွားကြပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ။ အဲဗရက်ပရက်စလေကို ဒီနေ့အထိလေ သူ့ရဲ့မွေးနေ့ကို အမေရိကန်မှာ အကြီးအကျယ်ကျင်းပနေကြရတာ။ ဟော… ခု ကိုဝင်းဦးကို မေ့သွားကြပြီ။ ကိုဝင်းဦး ထားပါတော့ဗျာ။ ကျွန်တော့် ညီလေး ဒွေး။ ဒွေးကို ဒီနေ့ မေ့နေကြပြီ။ ဒွေး သေခါစတုန်းက ငိုလိုက်ကြတာ။ ဒွေးသေတာက ရန်ကုန်မှာ။ မြစ်ကြီးနားမှာ ဒွေးသရဲခြောက်လို့တဲ့။ သရဲခြောက်မှာ ကြောက်လို့တဲ့။ အဲသလောက်ထိဖြစ်တာ။ ကဲ… အခု မေ့သွားကြပြီ ဒွေးကို။ ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ အနုပညာသည်တွေအဖို့က။
   အဲဒီတော့ ကိုဝင်းဦးကို မေ့သွားကြတော့ ကျွန်တော်က သတိတရ ကိုဝင်းဦးအကြောင်းတွေ ပြန်ပြောချင်ပါတယ်။ ကိုဝင်းဦးဟာလေ တော်တော်ထူးဆန်းတဲ့လူဗျ။ တော်တော့်ကို ထူးဆန်းတဲ့လူ။ ဒီလူကလေ ဥပမာလေးတစ်ခုပဲ ကျွန်တော်ပြောပြမယ်။ တစ်ခါတုန်းက သူ ကားဆက်နေတဲ့နေရာကို ကျွန်တော်ရောက်သွားတယ်။ သူ ရုပ်ရှင်ကားဆက်နေတာ။ 'ဆောင်းအိပ်မက်' ဆိုတဲ့ဇာတ်ကားကို ဆက်နေတာ။ ဆောင်းအိပ်မက်ဇာတ်ကားက ဝင်းဦးနှစ်ကိုယ်ခွဲ၊ သူပဲ၊ မင်းသားနှစ်လက်။ ဝတ္တုလည်း သူပဲ၊ ဇာတ်ညွှန်းလည်း သူပဲ။ မင်းသား နှစ်လက်လည်း သူပဲ။ ဒါရိုက်တာလည်း သူပဲ။
   အဲဒီကား ဆက်နေတဲ့အခန်းကို ကျွန်တော်က ချာတိတ် ရှိသေးတယ်။ မင်းသား မဖြစ်သေးဘူး။ ကျွန်တော်က ကိစ္စတစ်ခုနဲ့ ရောက်သွားတာ။ စာပေကိစ္စနဲ့ ရောက်သွားရင်းနဲ့ သူ ကားဆက်တာကို လေ့လာပြီး ကြည့်နေတာပေါ့။ အဲဒီမှာ ကျော်မင်းနဲ့ ဇော်မင်း မင်းသားနှစ်လက် ဝင်းဦးနှစ်ယောက်။ ကားဆက်တော့ ကျော်မင်းက စကားပြောလိုက်၊ ဇော်မင်းက စကားပြောလိုက်နဲ့။ သူကိုယ်တိုင်တော့ မဆက်ဘူး။ စက်မောင်းတဲ့လူက တစ်ယောက်။ မောင်းတဲ့လူက ကိုမောင်မောင်တဲ့။
   "ဟေ့ကောင် မောင်မောင်။ ရပ်စမ်း"
   တဲ့။ ဟိုက ဖတ်ဆို ရပ်လိုက်တယ်။
   "ပြန်ရစ်စမ်း"တဲ့။ ပြန်ရစ်တယ်။
   "ဟေ့ကောင်၊ ကျော်မင်း အခန်းဖြတ်ပစ်ကွာ" တဲ့။
   "ဟာ… ဆရာ၊ ကောင်းနေသားပဲ။ ဘာဖြစ်လို့"
   "မဟုတ်ဘူး။ ဒီကောင် ချောနေလို့" တဲ့။
   ဟာ… ဘယ့်နှယ်ဟာကြီးလဲပေါ့။ ကျွန်တော် ကိုဝင်းဦးကို အံ့သြသွားတယ်။ သူ့စိတ်ဓာတ်ကို ကျွန်တော် တော်တော်ကို အံ့သြသွားတယ်။ တခြားမင်းသားဆို ထားလိုက်တော့။ ဒီမင်းသားနှစ်လက်စလုံး သူပဲ။ အဲဒါကို တစ်ယောက်က ပိုချောနေလို့ဆိုပြီးတော့ ဖြတ်ပစ်တယ်ဗျ။ သူ့စိတ်ဓာတ်က တစ်မျိုး။
   သူ စာရေးတာကိုလည်း ကျွန်တော် တွေ့ဖူးတယ်။ သူ စာရေးတာ လက်နှိပ်စက်နဲ့ စာရေးတာဗျ။ ကွန်ပျူတာ မပေါ်သေးဘူး။ လက်နှိပ်စက် သုံးလုံးနဲ့ဗျ။ ရှေ့မှာတစ်လုံး၊ ဘေးတစ်ဖက်တစ်ချက်မှာ နှစ်လုံး။ ရှေ့တစ်လုံးက ဇာတ်ညွှန်းစာရိုက်နေတာ၊ ရိုက်နေရာကနေ ဖျတ်ခနဲစိတ်ကူးရရင် ညာဘက်လှည့်လိုက်ပြီး ဝတ္ထုရှည်ကောက်ရိုက်လိုက်တာ။ ပြီးတော့ ဘယ်ဘက်ကို လှည့်လိုက်ပြီး ဟော… ဝတ္ထုတို ကောက်ရိုက်ချင်ရိုက်နေတာ။ ဟာ… အဲဒီလိုကို လုပ်နိုင်တဲ့လူ။ တော်တော့်ကို ထူးဆန်းပြီး တော်တော့်ကို အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ဗျာ။ ကိုသန်းမြတ်စိုးလည်း ကျွန်တော့်မွေးနေ့တုန်းက ကြေညာသွားပါတယ်။ ကိုဝင်းဦး အရက်သောက်တတ်တယ်။ ကျွန်တော့်ထက် ပိုသောက်တတ်ပါတယ်။ ကြိုက်လည်း ပိုကြိုက်ပါတယ်။ ကျွန်တော် ကိုဝင်းဦးနဲ့ တစ်ခါတုန်းက ဝီစကီ ပြိုင်သောက်ဖူးတယ်။ သူရယ်၊ ကျွန်တော်ရယ်၊ တိုင်းမှူးတစ်ယောက်ရယ်၊ ဗျူဟာမှူးတစ်ယောက်ရယ် လေးယောက် သောက်ကြတာ။ တစ်ယောက်တစ်လုံးစီပေါ့။
   အဲဒီမှာ ကျွန်တော်တို့က လက်နှစ်လုံးစီလောက်ရှိတော့ မူးနေကြပြီ။ သူက ပုလင်းတစ်ဝက်ကျိုးတာတောင် မမူးသေးဘူး။ ဟာ… ဒီလူ တော်တော်သောက်နိုင်ပါလားပေါ့။ ဘယ်ဟုတ်မလဲ။ သူက သူ့သားကျော်စွာဝင်းကိုခေါ်ပြီး စောစောစီးစီးကတည်းက ထောပတ်တွေ မျိုချထားတာ အရက်မသောက်ခင်။ ဆိုလိုတာက ပြိုင်ချင်တယ်၊ သူများထက်ထူးချင်တဲ့စိတ် ရှိတယ်။ ကျွန်တော် ပြောချင်တာက အနုပညာသည်တွေရဲ့သဘာဝကို ပြောချင်တာပါ။ ဆိုတော့ အဓိကပြောချင်တာက သူ့ရဲ့စာပေကို ပြောချင်တာပါ။ စာပေသမားဘဝကို ပြောချင်တာပါ။ ကျွန်တော့်ရဲ့မြားဦးက 'စာရေးဆရာဝင်းဦး' ဆိုတာကို မြားဦးလှည့်ချင်တာပါ။
   ကိုဝင်းဦးဟာ တကယ့် စာရေးဆရာစစ်စစ်ပါ။ ကျွန်တော်တို့ စာရေးဆရာတွေဟာလေ သိပ်ပြီးတော့ နှမြောစရာကောင်းတာက ရုပ်ရှင်လောင်းရိပ်မိသွားပြီ ဆိုလို့ရှိရင် စာရေးဆရာတွေဟာ ဒုက္ခရောက်တော့တာပါပဲ။ ကျွန်တော့်အဖေ သာဓု၊ အကယ်ဒမီ နှစ်ဆု ရလိုက်တာမှာ စာရေးဆရာသာဓုဆိုတာ ပျောက်သွားတယ်ဗျာ။ ဟော… ဘဘဦးသုခ အကယ်ဒမီခြောက်ဆုရတယ်။ စာရေးဆရာသုခဆိုတာ လူမသိတော့ဘူး။ ဒီအတိုင်းပါပဲ။ ဝင်းဦးဟာ စာရေးဆရာဘဝက လာတာ။ ဟော… အကယ်ဒမီနှစ်ထပ်ကွမ်းဝင်းဦး၊ အဆိုတော်ဝင်းဦးလည်း ဖြစ်သွားရော စာရေးဆရာဝင်းဦးဆိုတာကို လူမသိတော့ဘူးဗျ။ ဟော… မြတ်လေး၊ အဆိုတော်၊ ဒါရိုက်တာ၊ မင်းသားမြတ်လေးလည်းဖြစ်ရော စာရေးဆရာ မြတ်လေးဆိုတာကို လူတွေ မသိတော့ဘူး။
   'ဗိုလ်အောင်ဒင်' ဇာတ်ကားကိုရိုက်တဲ့ ဒါရိုက်တာ ရွှေဒုံးဘီအောင်ဆိုတဲ့ ဆရာကြီး။ တကယ်က သူလည်း စာရေးဆရာဘဝက လာတာပဲ။ သာဓုလည်း စာရေးဆရာပဲ။ သုခလည်း စာရေးဆရာပဲ။ ဝင်းဦးလည်း စာရေးဆရာပဲ။ သုမောင်လည်း စာရေးဆရာပဲ။ စာရေးဆရာဘဝက လာတဲ့လူတွေပဲ။ ရုပ်ရှင်နယ်ထဲ ရောက်ရော၊ ဂီတနယ်ထဲ ရောက်ရော နာမည်လည်း ကြီးသွားရော ဟော… သွားလေရောဗျာ။ စာပေသမားဆိုတာကို လူတွေက အသိအမှတ်မပြုတော့ဘူး။ မေ့သွားကြရော။ သိပ်ရင်နာစရာကောင်းတယ်နော်။
   ရှိသေးတယ် နောက်တစ်ယောက်။ သိပ်အံ့သြစရာကောင်းတဲ့ နောက်တစ်ယောက် ရှိသေးတယ်။ စာရေးဆရာမောင်သင်။ ဒီနေ့ကလေးတွေ သိချင်မှသိမယ်။ ရုပ်ရှင်မင်းသားမောင်သင်၊ ဘယ်လောက် အံ့သြစရာကောင်းသလဲဆိုရင် အဲဒီမောင်သင်ဟာ စစ်ဗိုလ်ဗျ။ ဝင်းဦးလည်း စစ်ဗိုလ်ပဲနော်။ မောင်သင်က ဗိုလ်မှူး၊ ဝင်းဦးက ဗိုလ်ကြီး၊ မောင်သက ဗိုလ်မှူး၊ ဆရာဝန်၊ စာရေးဆရာ၊ ရုပ်ရှင်မင်းသားဗျာ။ အဲဒီအပြင်မှာကို ရုပ်ရှင်မှာ အကယ်ဒမီရတယ်ဗျာ။ အမျိုးသားစာပေဆု သုံးဆုရတယ်ဗျာ။ အဲသလောက်တော်တဲ့ စာရေးဆရာမောင်သင်ဟာ ဟော… ရုပ်ရှင်မင်းသား၊ အကယ်ဒမီမင်းသားလည်းဖြစ်ရော စာရေးဆရာမောင်သင်ဆိုတာကို လူတွေက မသိတော့ဘူးဗျာ။
   စာရေးဆရာဘဝများနော်… ဘယ်လောက်ရင်နာစရာကောင်းသလဲ။ ဒီလိုပါပဲ။ ကျွန်တော်တော့ နည်းနည်းလေး ကံကောင်းတယ်ပြောရမယ်။ ဘာကြောင့်လဲဆို ကျွန်တော်က တစ်နေ့တစ်ပုဒ်ပြီးအောင် ရေးတာ။ ဒါကလည်း ကျွန်တော့်ကို စာရေးဆရာကြီးသော်တာဆွေက သင်ပေးထားတဲ့နည်း။
   "ဟေ့ကောင် သား။ စာ ကောင်းကောင်းမကောင်းကောင်း တစ်နေ့တစ်ပုဒ်တော့ ပြီးအောင်ရေး"
   တဲ့။ ကျွန်တော်လည်း ပြီးအောင် ရေးတယ်။ စာမကောင်း သိမ်းထားလိုက်တာပဲ။ ကောင်းရင်တော့ ပို့လိုက်တာပေါ့။ သိပ်ကောင်းရင်လည်း သိမ်းထားလိုက်တာပဲ။ စာကိုတော့ တစ်နေ့တစ်ပုဒ် ပြီးအောင်တော့ ရေးတယ်။ ဒါက ကျွန်တော့်ရဲ့ အလေ့အကျင့်ပေါ့နော်။ အဲဒီနည်းတူပဲ ကျွန်တော့်ခေတ်မှာက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ အများကြီးထွက်တယ်။ ကျွန်တော်က စာရေးအားကောင်းတယ်ဆိုလို့ ကျွန်တော့်ကို စာရေးဆရာအဖြစ် လူက သိကြတယ်။
   နောက်တစ်ချက်က ကျွန်တော့်ရုပ်က သိပ်ပြီးတော့ မင်းသားနဲ့မတူလို့ နည်းနည်း ခံသာသွားတာ။ ဒါတောင် အဆိုတော်ဘက်က အသံကကောင်းနေတော့ တချို့က စာရေးတာကို ကျွန်တော် အပြောခံရသေးတာ။ သုမောင်လည်း စာလေးဘာလေး ရေးတတ်သားပဲတဲ့။ ကျွန်တော့် တချို့ပရိသတ်က လုပ်ချင်သေးတာ။ စာရေးဆရာဘဝဆိုတာ တော်တော်ခံရခက်တဲ့ ကိစ္စပါဗျာ။
   အဲတော့ ပြောချင်တာက မင်းသား၊ အဆိုတော်။ အဆိုတော်ကတော့ နည်းနည်း ထားပါတော့လေ။ မင်းသားဆိုတော့ ရုပ်ပြ။ အထူးသဖြင့် အကယ်ဒမီရသွားတဲ့ မင်းသားမျိုးတွေက စိုးမြတ်သူဇာတို့လို၊ ဒီနေ့ စိုင်းစိုင်းခမ်းလှိုင်တို့လို ရုပ်ပြစားတဲ့သူတွေဖြစ်ပြီးမှ စာရေးတာ တစ်မျိုးပေါ့နော်။ ဒါလည်း ကောင်းပါတယ်။ အဲဒါ စကားမစပ် ပြောပြဦးမယ်ဗျ။ ကျွန်တော်တို့ စာပေသမားတွေဘက်က မကောင်းတာပါ။ ကျွန်တော် စာရေးဆရာကောင်းကြောင်း ပြောပြီးပြီ။ မကောင်းတာတစ်ခု ပြောပြဦးမယ်။ ဆိုပါစို့။ စိုးမြတ်သူဇာ စာရေးတယ်။ စိုင်းစိုင်းခမ်းလှိုင် စာရေးတယ်ဆိုရင် 'ဟင်း… ဘာလဲ သူတို့ ကိုယ်နဲ့လည်း ဆိုင်တာ မဟုတ်ဘဲနဲ့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်' တချို့စာရေးဆရာတွေက ပြောချင်ကြတယ်။ ဒါ အဓိပ္ပာယ်မရှိဘူးဗျ။ Welcome လုပ်ရမယ်။ ကိုယ့်စာပေနယ်ကို ချစ်လို့ ရုပ်ရှင်နယ်ကလူက ဂီတနယ်ကနေ ကူးလာတဲ့ကလေးတွေကို Welcome လုပ်ရမယ်။ ကျွန်တော် သတိထားကြည့်မိတယ်။ ကျွန်တော်တို့ စာပေနယ်ကနေ ရုပ်ရှင်နယ်၊ ဂီတနယ်ကိုကူးလာတဲ့ ပုဂ္ဂိုလ်တွေကို ဆိုရင်လေ ဂီတနယ်၊ ရုပ်ရှင်နယ်က အနုပညာသည်တွေက Very Welcome ဗျာ။ 'ဆရာ၊ ဆရာ၊ ဆရာ' အဲသလိုကိုနေတာ။ ဟော… ဟိုဘက်ကကျတော့ ကျွန်တော်တို့ စာရေးဆရာတွေက ကိုယ်နဲ့ဆိုင်တာကျနေတာပဲဆိုပြီး ပြောကြတယ်။ မကောင်းပါဘူးဗျာ။
အမှန်က ညီအစ်ကိုမောင်နှမတွေပါနော်။ ဒါက မလုပ်သင့်တဲ့ကိစ္စတွေကို ပြောတာပါ။ အဲဒီတော့ စောစောကစကား ပြန်ဆက်ရလို့ရှိရင် စာရေးဆရာတွေ သီချင်းဆိုကြ၊ ရုပ်ရှင်ရိုက်ကြတာလည်း ကောင်းပါတယ်နော်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်တွေ စာရေးတာလည်း ကောင်းပါတယ်။ အန်တီချို… ချိုပြုံးဆိုရင် စာရေးအရမ်းကောင်းတာဗျ။ အဲဒီလိုပေါ့လေ။ တစ်ဖက်နဲ့ တစ်ဖက် စီးမျောနေကြတာဟာ အလွန်အဖိုးတန်တဲ့ကိစ္စပါဗျာ။ အဲဒါကို ငါ့ဘက်သူ့ဘက် ဆိုပြီးတော့ မလုပ်ကြဖို့ ကြားထဲက တောင်းပန်ပါတယ်။ ဘာကြောင့် တောင်းပန်သလဲဆိုရင် ကျွန်တော်က စာလည်း ရေးတယ်။ ဒီစကားကို ကျွန်တော်ကပြောလို့ ရတယ်။ စာလည်း ရေးတယ်၊ ရုပ်ရှင်လည်း ရိုက်တယ်။ သီချင်းလည်း ဆိုတယ်လေ သုမောင်က။ ရှင်းတယ်။ ချစ်ဦးညိုက ဒီစကားပြောလို့ မရဘူး။ ဟုတ်တယ်မလား။ အဲဒါက ရှင်းတယ်။
   စောစောကစကားလေး ပြန်ဆက်ရရင် ကိုဝင်းဦးဟာ စာရေးအလွန်ကောင်းတဲ့ပုဂ္ဂိုလ်။ အခု သူ့ကို စာရေးဆရာမှန်း လူတွေသိပ်မသိကြတော့ဘူး။ အဲဒီတော့ ကျွန်တော်က ဗဟုသုတအနေနဲ့ သူ စာရေးဘယ်လောက်ကောင်းတယ် ဆိုတာတွေကို စောစောကပြောတဲ့ ဝင်းဦးနဲ့ သုမောင် မွေးနေ့တူတဲ့ မတ်လ ၁၃ ရက်နေ့မှာ ပတ်သက်တဲ့ဆောင်းပါးလေးတစ်ပုဒ် ကျွန်တော် ရေးခဲ့ဖူးတဲ့ ဆောင်းပါးလေးတစ်ပုဒ်မှာ အမှတ်တရ ထည့်ထားဖူးတယ်။ ဝင်းဦးရဲ့ ကဗျာလေးတစ်ပုဒ်။ ကျွန်တော် ရွတ်ပြပေးပါမယ်။ အဲဒီနည်းတူ ကျွန်တော့်ရဲ့ကဗျာကိုလည်း ကျွန်တော် ထည့်ပြီးတော့ ရွတ်ပြပေးပါမယ်။ ကျွန်တော် သူများယောင်လို့ယောင်ပြီး ကဗျာရွတ်ပွဲလုပ်တာ မဟုတ်ပါဘူးနော်။
   ဝင်းဦးမဖြစ်ခင် ဗိုလ်ကိုဦးဆိုပြီးတော့ စစ်ဗိုလ်ဘဝ၊ စစ်ဗိုလ်ဘဝတောင် မဖြစ်သေးဘူး။ ဗိုလ်လောင်းဘဝမှာ ရေးခဲ့တဲ့ ကဗျာလေး၊ ကိုဝင်းဦးကလေ ရေးတော့သာ လူက အချစ်ဝတ္ထုတွေ ရေးတာဗျ။ ငေါ့တော့တော့ လှောင်တောင်တောင် သိပ်လုပ်တတ်တဲ့လူဗျ။ သူ့ရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတွေ သတိထားမှာပါ။ ငေါ့တော့တော့ လှောင်တောင်တောင် သိပ်လုပ်တတ်တယ်ဗျ။
   သူ့စကားလေးတစ်ခု မှတ်မိတယ်။ 'ဟင်း… ကောင်းလိုက်တဲ့ အသံကြောင်လေးဗျာ' တဲ့။ အဲဒီလိုပေါ့။ စာတွေထဲမှာ အဲဒါတွေပါတယ်။ အဓိကပြောချင်တာက ဝင်းဦးသည် စာရေးဆရာဘဝမှလာသည်။ အဓိကပဲ။ အဲဒီတော့ စစ်ဗိုလ်မဖြစ်ခင် ဗိုလ်လောင်းဘဝမှာ သူ ရေးတဲ့ကဗျာ၊ ဗိုလ်ကိုဦးဆိုတဲ့ ဘဝမှာ ရေးတာ။ ဝင်းဦးတောင် မဖြစ်ခင် ရေးတဲ့ကဗျာလေးကို ကျွန်တော် ရွတ်ပြပါမယ်။ ဒါလေးကို ဘာကြောင့်ရွတ်ပြရသလဲဆိုရင် စောစောကပြောတဲ့ ၁၃ ရက် မတ်လ ကျွန်တော်နဲ့ တိုက်ဆိုင်တဲ့ မွေးနေ့အထူးအဖြစ် ကျွန်တော် ရွတ်တာဖြစ်ပါတယ်။ သူ့ရဲ့ တပ်မွေးနေ့မှာ ရေးတဲ့ကဗျာပါ။
မွေးနေ့သံဝေဂ
တစ်နေ့သေ တစ်နေ့မွေးပါတဲ့
ယနေ့အခြေ ယနေ့တွေးရမယ်ဆိုရင်တော့
မွေးနေ့ဆိုတာ ဇရာသင်္ကေတပါခင်ဗျာလို့
ဆင်ခြေလှလှလေး ပေးလိုက်တယ်။
တရွေ့ရွေ့ တမြေ့မြေ့နဲ့ပဲ
မနေ့တစ်နေ့က စပြီး
ယနေ့ ဇရာ တံခါးဝကို ရောက်လာတယ်။
ကြောက်ပါတယ်လို့လည်း ဗျာပိုမနှော
အရောက်လာပါကွယ်လို့လည်း
ခရာသံလိုလိုနဲ့ ဇရာကိုမပြော
လူ့ဘဝဆိုတာ ရခဲတယ်ဆိုမှဖြင့်
ခဏပဲရယ်လို့ အားမလျှော့သင့်ပါဘု
သွားတော့လို့ ဘယ်သူ့ကိုမှ ဘယ်သူ့မှ
မနှင်ရက်နိုင်တာကြောင့်
အလိုက်သင့်နေရင်းက ဆည်းဆာအလှကို
ငေးမောနေပါ့မယ်။
တွေးတောသူ အသက်ပိုရှည်ရေးပေပါ့
ရေးသောသူလည်း တစ်ရက်ပိုပြီးတော့ကာ
မအိုမသေချင် အတွေးထေ့ထေ့နှောပြီး
အရေးငွေ့ငွေ့မျှောလိုက်မယ်
(အပေါင်းအသင်းတို့ရေ…)
မွေးနေ့ရဲ့ တေတေပေပေ သဘော။
ကိုဦး
ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၈)
တပ်မွေးနေ့၊ သင်တန်းဆင်းပွဲ။
   အဲဒါ ဝင်းဦးရဲ့ တပ်မွေးနေ့မှာ ရေးခဲ့တဲ့ ကဗျာပါ။ အဲဒါ ဝင်းဦး မဖြစ်သေးပါဘူး။ ကိုဦးဆိုတဲ့ ဘဝပါ။ အဲဒါကြောင့် ဝင်းဦးဟာ စာရေးဆရာဘဝက လာတာပါလို့ ကျွန်တော် ပြောတာပါ။ အဲဒီနည်းတူပါပဲ ကျွန်တော်လည်း စာရေးဆရာဘဝကနေပြီးတော့မှ စာရေးဆရာမောင်ဗလဆိုတဲ့ လူငယ်လေးပေါ့လေ။ ၁၉၇၀ မှာ ဒီလိုပဲ ကျွန်တော် ရေးတဲ့ကဗျာလေးကို ရွတ်ပြပါမယ်။ ကျွန်တော့်ကဗျာလေးကတော့ တိုပါတယ်။ ဒီလိုပဲ အချိုးကဗျာလေးပါပဲ။
မွေးနေ့
မွေးနေ့ ခဏ ခဏ
ကြီးတစ်ခါ ငယ်နှစ်လှည့်ရယ်လို့
ထားခဲ့တဲ့ စကားပုံ
လူမမယ်သက်ရွယ်ကျားတို့ကို
လေးထားကြပုံ။
ဤလူ့ဘုံ
ကြုံလာရ ခဏလေး လေး
အမေကမွေး အဖေကကျွေးနဲ့
လူလေးရယ် ဘယ်ပုံဖြစ်ပေမယ့်
ပူဆွေးဖွယ် တကယ်အနှစ်ရယ်က
အသစ်တွေ ဘဝ ဘဝပြေးလို့ရယ်
သြော် ခဏ ခဏ မွေးနေ့။
မောင်ဗလ(သုမောင်)
   ဒါက ကျွန်တော့်ရဲ့ ၁၉၇၀ က ရေးတဲ့ကဗျာပါ။ အဲတော့ အဓိက ပြောချင်တာက မွေးနေ့ပါ။ မွေးနေ့ကို မတ်လ ၁၃ ရက်နေ့မှာ ကျွန်တော့်ကို မန္တလေးအက်ဖ်အမ်ကနေပြီးတော့ ရဲဘော်ကြီး သန်းမြတ်စိုးက ဂုဏ်ပြုပြီးတော့ ကျွန်တော်နဲ့ ကိုဝင်းဦးသီချင်းတွေကို တစ်နေ့ကုန်လွှင့်ပြီးတော့ ဂုဏ်ပြုပေးတာ အထူးပင် ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ရင်းကပဲ နည်းနည်းလေးတော့ အပြစ်ပြောလိုက်ချင်ပါတယ်။
တခြားမဟုတ်ဘူးဗျ။ မွေးနေ့ကို ဂုဏ်ပြုတယ်၊ ဂုဏ်ပြုတယ်ဆိုတာက မွေးနေ့လက်ဆောင် ပေးတယ်ပေါ့ဗျာ။ ကျွန်တော့်ကို သီချင်းတွေနဲ့ လက်ဆောင်ပေးတယ်။ ဒီလိုပါပဲ။ သူများတွေလည်း မွေးနေ့လုပ်တဲ့ အခါကျတော့ လက်ဆောင်တွေပေးကြတယ်။ မွေးနေ့ပွဲတွေလည်း လုပ်ကြတာက အထူးသဖြင့် ဟိုတယ်ကြီးတွေမှာလုပ်ကြတယ်။ ဘုန်းကြီးကျောင်းတွေမှာ လုပ်ကြပါတယ်ပေါ့လေ စသည်ဖြင့် အိမ်မှာလုပ်တာကလည်း ရှိတာပေါ့လေ။ အဓိကက ဘာလဲဆိုတော့ မွေးနေ့ဆိုတာ 'ငါ့ရဲ့မွေးနေ့' ဆိုတဲ့ အစွဲအလမ်းရှိနေတာပါပဲ။ အဲဒါ အဓိက။
   သို့သော် သေသေချာချာ စဉ်းစားကြည့်ရအောင်။ ကျွန်တော့်အတွေ့အကြုံလေးတစ်ခု ကျွန်တော်ပြောပြပါ့မယ်။ ကျွန်တော်တို့အုပ်စုက သာဓုအုပ်စု၊ သဘာဝအုပ်စုဆိုပြီး ပြောကြတယ်။ သဘာဝအုပ်စုဆိုတဲ့အတိုင်း သိပ်ပြီးတော့ တော်ရုံတန်ရုံကစ္စ ဂရုစိုက်တာမဟုတ်ဘူး ဆိုတော့ မွေးနေ့တွေဘာတွေလည်း မသိဘူးဗျ။ မတ်လ ၁၃ ရက်တွေ ဘာတွေလည်း သိပ်ခေါင်းထဲ ရှိတာမဟုတ်ဘူး။ ဒီလိုပဲ တစ်နေ့ပြီးတစ်နေ့ သွားနေတာပဲ။
   ခုနက ကျွန်တော့်ကဗျာထဲကလို ခဏခဏ မွေးနေ့ အဲဒီလိုနေရာကနေ မှတ်မှတ်ရရ ကျွန်တော့်အသက် ၃၀ ပြည့်မွေးနေ့။ ၁၃ ရက် ၃ လ၊ ၁၉၈၁ နေ့ မနက်ခြောက်နာရီလောက်မှာ အိမ်ကနေ တယ်လီဖုန်းဝင်လာတယ်။ ကျွန်တော့်အိမ်ကို။ ကျွန်တော်က ဝင်ဒါမီယာ သာဓုခြံမှာနေတာ။ ကျွန်တော့်အမေက သင်္ဃန်းကျွန်း သာဓုခြံမှာနေတာ။ မနက်ခြောက်နာရီလောက် ဖုန်းဝင်လာတယ်။
   “သားရေ… အမေ့ဆီ ခဏလာလို့ရမလား” တဲ့။
ကျွန်တော်က မူးပြီးအိပ်နေတာ။ စောစောစီးစီးဆိုတော့ ဘာများလဲပေါ့။
   “သားရယ်… နည်းနည်း အရေးကြီးလို့ပါ” တဲ့။
   “ခဏလာလို့ ရမလား” တဲ့။
   “ရတယ်အမေ။ လာခဲ့မယ်” လို့။
   “လမ်းက မုန့်လေးပဲလေး တစ်ခုလောက် ဝယ်ခဲ့ပါ” တဲ့။
   “ရတယ်အမေ၊ ဝယ်ခဲ့မယ်”
   ဆိုပြီး အောင်ကြီးဆိုင်ကနေ ပဲပလာတာလေး ဝယ်ပြီးတော့ အမေ့ဆီကို ကားမောင်းပြီး ပြေးတာပေါ့။ အမေ ဘာများဖြစ်သလဲ။ နေများမကောင်းလို့လားပေါ့။ ဟိုရောက်တော့ -
   “လာလာ လာလာ” တဲ့။
   အဲဒီမုန့်ကလေး အမေ့ပေးစမ်းဆိုပြီး မုန့်ကလေး စားတယ်။
   “အမေ့ကို ကန်တော့”
   တဲ့။ ကျွန်တော် အမေ့ကို ထိုင်ကန်တော့တယ်။ ထိုင်ကန်တော့မှ အမေက ကျွန်တော့်ခေါင်းလေးကို ပွတ်ပြီး -
   “သား ဒီနေ့ဘာနေ့လဲ သိလား” တဲ့။
   “အမေ အင်္ဂါနေ့လေ” လို့။
   “ဟေ… အင်္ဂါနေ့လည်း အင်္ဂါနေ့။ သား ဒီနေ့ အသက် ၃၀ ပြည့်တဲ့နေ့” တဲ့။
   “ဟာ… ဟုတ်သားပဲ အမေရယ်။ ဒီနေ့ ၁၃ ရက် မတ်လ။ သားအသက် ၃၀ ပြည့်တဲ့နေ့ပဲ။ ဟုတ်သားပဲ” လို့ ဆိုတော့ -
   “အေး… အဲဒါ မင်းမွေးနေ့ပေါ့” တဲ့။
   “ဟုတ်တယ်လေ အမေ။ ကျွန်တော့်မွေးနေ့။ အဲဒါ ဘာဖြစ်တုံး”
   လို့ ဆိုတော့ -
   “သား ဒါပဲသိသလား” တဲ့။
   “ဟုတ်တယ်လေ ကျွန်တော့်မွေးနေ့ပဲ။ ကျွန်တော် ဒါပဲ သိရမှာပေါ့”
   “သား မှားနေပြီ။ အဲဒီလွန်ခဲ့တဲ့အနှစ် ၃၀ မြောက်နေ့က အမေသေမလိုဖြစ်တဲ့နေ့လေ” တဲ့။
   “သားမွေးတော့ သားက ၉ ပေါင်ခွဲ” တဲ့။
   “၉ ပေါင်ဆိုတဲ့သားကို အမေ သမားရိုးကျမွေးရတာ။ အမေ သေမလိုကို ဖြစ်တာ။ အဲဒီတော့ သားမွေးနေ့ဟာ အမေသေမလိုဖြစ်တဲ့နေ့” တဲ့။
   အဲဒီမှာ ကျွန်တော် မျက်ရည်တောက်တောက်ကျတာပဲ။ အဲဒီနေ့က စပြီးတော့ နှစ်တိုင်းနှစ်တိုင်း ကျွန်တော့်မွေးနေ့ကို မှတ်ပြီးတော့ အမေ့ဆီသွားပြီး မနက်တိုင်း သွားကန်တော့ပါတယ်။ အခု အမေမရှိတော့တဲ့နောက်ပိုင်းမှာ ကျွန်တော် စာရေးပြီး ကန်တော့ပါတယ်။ အိမ်ကနေပြီးတော့ ဘုရားစင်ရှေ့မှာ အမေ့ကိုရည်မှန်းပြီး မနက်မိုးလင်းလင်းချင်း ဘုရားမကန်တော့ခင် အမေ့ကို ကန်တော့ပါတယ်။ ငရဲကြီးချင်လည်း ကြီးမှာပေါ့။
   အဲဒီတော့ ပြောချင်တာက ဒီနေ့ မွေးနေ့ရှင်လေးတွေ။ နေ့တိုင်း နေ့တိုင်း မွေးနေ့ရှိတာပဲ။ လူငယ်လေးတွေ ကိုယ်တတ်နိုင်လို့ ဟိုတယ်ကြီးတွေမှာပဲလုပ်လုပ်၊ ဘုရားကျောင်းကန်တွေမှာပဲ သွားလုပ်လုပ်၊ ကိုယ့်အိမ်မှာပဲလုပ်လုပ်၊ လုပ်ကြပါ။ သို့သော် လူမျိုးမရွေး၊ ဘာသာမရွေး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် နံပါတ်တစ် မိုးလင်းလင်းချင်းတော့ ကိုယ့်ရဲ့အမေကို ပထမဦးဆုံး ကန်တော့ကြပါ။ ဘာကြောင့်လဲဆိုတော့ စောစောကပြောသလို မိမိရဲ့မွေးနေ့ မဟုတ်ပါဘူး။ မိမိရဲ့အမေ သေမယ့်နေ့ပါ။ သေလောက်အောင် ခံစားရတဲ့နေ့ပါ။ ဒါဟာ ကျွန်တော် စာရေးဆရာတစ်ယောက်အနေနဲ့ ဒီနေ့လူငယ်တွေကို ဗဟုသုတအဖြစ်ရော၊ ပညာပေးအဖြစ်ရော ပြောချင်ပါတယ်။
အဲဒီတော့ ဒီကနေ့ ဒီအပတ်မှာ နောက်ဆုံးအနေနဲ့ ပြောချင်တာက စောစောက စကားတွေကို ပြန်ချုပ်ရလို့ရှိရင် စာရေးဆရာ၊ ရုပ်ရှင်။ ရုပ်ရှင်ဆိုလို့ စကားမစပ် ထပ်ပြောရဦးမယ်။ ဒီ စာရေးဆရာဘဝမှာ ရုပ်ရှင်က လွှမ်းမိုးရင် ဒုက္ခရောက်တတ်တယ်ဆိုတာ ကြားဖြတ်ပြောပါရစေ။
   ကိုဝင်းဦးဆိုတာ ချောလွန်းအားကြီး၊ အရှိန်အဝါကောင်းလွန်းအားကြီးတော့ စာရေးဆရာဘဝ ပျောက်ထွက်သွားတာကိုးဗျ။ ကြားဖြတ်ပြောရဦးမယ်ဗျ။ ဒီနေ့ စာရေးဆရာတွေရဲ့ အဖြစ်ကို။ ဖေမြင့်၊ ကြားဖူးကြမှာပါ။ သိတော့ သိမှာပါ။ စာရေးဆရာဖေမြင့်။ အဲဒါကို လုံမငယ်လေးတစ်ယောက်က ကျွန်တော့်ကို တစ်လောက ပြောတယ်။
   “ဖေမြင့်ဆိုတာ သိန်းဖေမြင့်သားလား” တဲ့။
   ပြောတဲ့လုံမငယ်လေးက တခြားမဟုတ်ဘူးဗျား။ နာမည်တော့ ထုတ်မပြောတော့ပါဘူး။ ဒီနေ့ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရဲ့ သမီး။ ကဲ… ကောင်းရောဗျာ။ စာရေးဆရာတွေရဲ့ဘဝဟာ ဒုက္ခ။
   အဲတော့ ကျွန်တော့်ကျတော့ ဘယ်လိုဖြစ်သလဲဆိုတော့ စာရေးဆရာဘဝ မှေးမှိန်ရတာ ရုပ်ရှင်မင်းသားကောက်ဖြစ်ရတာ။ ကျွန်တော်က ရုပ်ကလည်း မရှိတော့ ကျွန်တော့်ဖြစ်ပုံကလည်း ကျွန်တော်က နောက်ကျောနဲ့ မင်းသားဖြစ်ရတာကိုး။ ဘယ်လိုဖြစ်သလဲဆိုတော့ အားလုံးသိပါတယ်။ နှောင်းတမြေ့မြေ့ဇတ်ကားထဲမှာ ခဲလုံးကန်တာနဲ့ မင်းသားတက်ဖြစ်တာ။
   ဖြစ်ပုံက ဒီလိုဗျ။ ဇတ်လမ်းထဲမှာက ကျွန်တော့်ရဲ့အထက်အရာရှိက ဇော်လွင်၊ မင်းသားချော၊ ကျွန်တော့်ရည်းစားက ချိုပြုံး၊ ကျွန်တော်က ရုပ်ကလည်း ဆိုး၊ ရာထူးကလည်း သေး။ ကျွန်တော်က တစ်ချောင်း၊ တစ်ချောင်းခေါ်တာပေါ့ဗျာ။ တစ်ဘားပေါ့ဗျာ။ ခုခေတ်လို အပွင့်မဟုတ်ဘူး။ ဇော်လွင်က သုံးချောင်း။ ဒီခေတ်နဲ့ဆို သုံးပွင့်ပေါ့။ သူက ရာထူးကလည်း ကြီး၊ ချောကလည်း ချောသေးတယ်၊ ကျွန်တော့် ရည်းစားကိုလည်း ယူသွားသေးတယ်ဗျာ။ ဆိုတော့ကာ စိတ်ကလည်း တိုနေတယ်ဗျာ။
   ကိုဝဏ္ဏက တော်တယ်ဗျ။
   “ဟေ့ကောင်… မင်း နာမည်မေးရင် စိုးနိုင်လို့ပြောပြီး ထွက်သွားကွာ။ လမ်းလျှောက်ထွက်သွားကွာတဲ့”
   ရှေ့မှာ သူက အုတ်ခဲလေး ချထားတယ်။ မြေကြီးခဲလေးတစ်လုံးချထားတယ်။ “အဲဒီခဲကို ပိတ်ကန်သွားကွာ” တဲ့။ သူက ဒီလောက်ပဲ။ ကျွန်တော်က ဘာလုပ်လိုက်သလဲ။ ဘာကြောင့်လဲဆိုတော့ ဒီ ခဲလုံးကန်တဲ့ ဥစ္စာကို ပရိသတ်က တအားစွဲသွားတယ်။ ကျွန်တော် မင်းသားဖြစ်တာလည်း အဲဒါနဲ့ ဖြစ်သွားတာ။ ကျွန်တော်က ဘာလုပ်လိုက်သလဲဆိုတော့ လမ်းလျှောက်ပြီးသွားတဲ့ ဒီမြေကြီးခဲကို ကျွန်တော် ကြည့်တဲ့အခါမှာ မြေကြီးခဲလို့ မမြင်တော့ဘူးဗျ။ ဒီမြေကြီးခဲက ကျွန်တော့်မျက်စိထဲမှာ ဇော်လွင့်မျက်နှာကြီး မြင်နေတာ။ ကျွန်တော်လျှောက်သွားရင်း လျှောက်သွားရင်းနဲ့ ပိတ်လည်း ကန်ရော၊ ကျွန်တော် မြေကြီးခဲကန်တာ မဟုတ်တော့ဘူး။ ဇော်လွင့်မျက်နှာ ကျွန်တော် ပိတ်ကန်လိုက်တာ။ ဒါကြောင့်လည်း ပရိသတ်က စွဲတာကိုးဗျ။
   စွဲတော့ ဒီခဲလုံးကန်တာ ဒီနေ့ထိ ပြောလို့ မပြီးကြပါဘူး။ အဲဒီ ကားလေးပြတိုင်းပြတိုင်း အဲဒီခဲလုံး ကန်တာလေး လှလိုက်တာ။ ကောင်းလိုက်တာ ကောင်းလိုက်တာနဲ့။ ကောင်းမှာပေါ့၊ ကျွန်တော်က ခဲလုံးကန်တာမှ မဟုတ်ဘဲ။ ဇော်လွင့် မျက်နှာကန်တာကိုး။ ထားပါတော့လေ။ အဲဒီပြောချင်တာက ရုပ်ရှင်သရုပ်ဆောင်အားကောင်းလေ ဒီဘက်က လျော့သွားတတ်တယ်ဆိုတာလေး ပြောချင်တာပါ။ ဒီ ခဲလုံးကန်တာနဲ့ မင်းသားဖြစ်သွားတာ။ ဒီခဲလုံးကန်တဲ့အချက်ဟာ ဘယ်လောက်ထိ ပရိသတ်ကို ဖမ်းစားသွားသလဲဆိုရင် အဲဒီခေတ်က အဲဒီတစ်ဘားပေါ့လေ၊ တစ်ချောင်း ယူရိုတက်ကနစ်လို့ ခေါ်တာပေါ့လေ။ ဗိုလ်ကလေးတွေဟာ အဲဒီအတိုင်း လိုက်လုပ်ကုန်တာ၊ အခုခေတ် အခုချိန်ဆိုရင်တော့ သူတို့တွေ ကျွန်တော်နဲ့ မကြာမကြာ ဆုံတတ်ပါတယ်။ ဆုံတတ်တိုင်းလည်း ပြန်ပြန်ပြောကြတယ်။ သူတို့ တိုင်းမှူးတို့၊ တပ်ရင်းမှူးတို့ ဖြစ်ကုန်ကြပါပြီ။ အဲဒီပုဂ္ဂိုလ်တွေ။ အဲဒီတုန်းက သူတို့က အဲဒီကားလေးကြည့်လည်းပြီးရော အရာရှိရှေ့ရောက်လည်း ခဲလုံးရော၊ မြက်ဖုတ်ရော၊ အုတ်နီခဲရော၊ နို့ဆီခွက်ရော၊ တွေ့ရာအကုန်ပိတ်ကန်တော့တာပဲ။ အဲဒီကားကြည့်ပြီးတော့ စွဲသွားတာကိုး။
ကျွန်တော့်တုန်းကတော့ အဲဒီဟာ ပိတ်ကန်လိုက်တာနဲ့ ဒိုင်းဆို အကယ်ဒမီတောင် ရတော့မလို့။ ကျွန်တော် အရက်မူးနေလို့ မပေးတာ။ အဲလောက်အထိ ဖြစ်သွားတာ။ သူတို့ခမျာတော့ သဲအိတ်ထမ်းရတယ်။ နားရင်းရိုက်ခံရတာ။ ကျွန်တော့်ကို ပြန်ပြောပြတယ်။ တိုင်းမှူးတို့၊ ဘာတို့ဖြစ်နေတဲ့ပုဂ္ဂိုလ်တွေ “ကျွန်တော်ဗျာတဲ့… အရာရှိရှေ့ ခဲလုံးပိတ်ကန်လို့ဆိုပြီး နားရင်းရိုက်ခံရတာ၊ သဲအိတ်ထမ်းခံရတာ” တဲ့။ ဆိုတော့ အဓိကပေါ့နော်။ ရုပ်ရှင်အရှိန်အဝါသိပ်ကြီးသွားလို့ရှိရင် ဒီဘက်က စာပေအရှိန်အဝါ နည်းသွားတယ်လို့ ဒါလေး အဓိက ပြောချင်တာပါ။ သို့သော် အရေးကြီးတာကတော့ ဆိုင်းဘုတ်မှတ်တိုင်ဆိုတာ လောကမှာ ရှိတယ်။ ကျွန်တော် ဥပမာလေးတစ်ခု ပြောပြမယ်။
   ကျွန်တော်တို့ခြံရှေ့မှာ အသင်းတိုက်မှတ်တိုင်ဆိုတာ ရှိတယ်။ ၃၉၊ ၄၉ ဘတ်စ်ကားတို့ဘာတို့ ရပ်တယ်။ စုတ်ပြတ်သတ်ပြီးတော့ ဆိုင်းဘုတ်အရောင်တောင် မရှိတော့ဘူး။ ၃၉ လည်း ၀၉ တွေဖြစ်ကုန်ပြီ။ ရွဲပလဲနေပြီ။ အဲဒီနောက်မှာ ဆိုင်းဘုတ်ကြီးရှိတယ်။ တစ်ခါတလေကျရင် ဗလမောင် ဝိတ်မတဲ့ ပုံကြီးရယ်၊ တစ်ခါတလေကျရင် မပေါ့်တပေါ် ကောင်မလေးတွေပုံ၊ စက်ဘီးကြော်ငြာ၊ တစ်ခါတလေ ဘီယာကြော်ငြာ၊ တစ်ခါတလေ ကော်ဖီမစ်၊ တစ်ခါတလေကျတော့ လေးဖြူတို့ဘာတို့ မျိုးစုံပြောင်းတယ်။ အဲဒီတော့ မှတ်တိုင်မှာ ဘတ်စ်ကားစီးဖို့စောင့်နေတဲ့လူတွေက ဒီဆိုင်းဘုတ်ကို ကြည့်ကြတာပေါ့။ ပြုံပြုံပြီး အုံအုံပြီး ကြည့်ကြတာပေါ့။ ဆိုင်းဘုတ်တစ်ခု ပြောင်းသွားပြန်ပြီ။ ‘ဟာ… မို့မို့မြင့်အောင်’၊ ‘ဟာ… တင့်တင့်ထွန်း’၊ တစ်ခါတလေကျတော့လည်း ‘ဟာ… လုံးချော၊ လုံးချောတဲ့’ တစ်ခုပြီးတစ်ခု ပြောင်းသွားတယ်။ ဒါပေမဲ့ မပြောင်းတာက ၃၉ ဆိုတဲ့ မှတ်တိုင်လေးက မပြောင်းဘူး။ ဒါပေမဲ့ ဆိုင်းဘုတ်က ပြောင်းပြောင်းသွားတယ်။ သူတို့ကို ဘာမှအကျိုးမပေးဘူး။ အုံလို့၊ ပြုံလို့ကြည့်တော့ သေချာတယ်။ ပြုံပြီးကြည့်တယ်၊ အုံပြီးကြည့်တယ်။ မော့ပြီးကြည့်ရတာ သေချာတယ်နော်။ စုတ်ပြတ်သတ်နေတဲ့ ဆိုင်းဘုတ်ကလေးကတော့ မှတ်တိုင်လေးကတော့ ဗိုက်ကြီးသည်လည်း ဆေးရုံပြေးရတယ်။ ကျောင်းသားလည်း ကျောင်းကို ပြေးရတယ်။ အလုပ်သမားလည်း အလုပ်ရုံကို ပြေးရတယ်နော်။ ဆရာဝန်လည်း ဆေးခန်းကို ပြေးရတယ်။ တကယ် အကျိုးပြုနေတာက စုတ်ပြတ်သတ်နေတဲ့ မှတ်တိုင်လေးက အကျိုးပြုနေတာ။ ဝိုင်းအုံကြည့်နေရတဲ့ ဆိုင်းဘုတ်က အကျိုးမပြုဘူး။ အဲဒါ ဆိုင်းဘုတ်နဲ့ မှတ်တိုင် ကွာခြားချက်ပဲ။
   အဲဒီတော့ ကျော်ကြားမှုနဲ့ ပညာပေးနဲ့ ဘယ်ဟာ အရေးကြီးတယ်ဆိုတာကို သားတို့သမီးတို့ သိထားဖို့လိုပြီနော်။ ဆိုင်းဘုတ်နဲ့ မှတ်တိုင် ဘယ်ဟာအရေးကြီးတယ်ဆိုတာကို သားတို့သမီးတို့ သတိထားဖို့ အရေးကြီးပြီနော်။ ဒါကြောင့်မို့လို့ နောက်ဆုံးအနေနဲ့ ဘာတွေပဲပြောပြော၊ ဘာတွေပဲဖြစ်ဖြစ်၊ မင်းဘာလဲ ငါဘာလဲဆိုတာ သိဖို့အတွက် သီချင်းလေးတစ်ပုဒ် ဖွင့်ပြမယ်။ ဒီသီချင်းလေးက ဦးသုမောင်ကြီး အဆိုတော်၊ ရုပ်ရှင်မင်းသား၊ စာရေးဆရာ ဆိုပြီး လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တဲ့အချိန်တုန်းက တေးရေး ဆရာမောင်ကြေးမုံ ရေးပေးတဲ့ သီချင်းလေး။ နားထောင်ကြည့်ပါနော်။ အဲဒီအချိန်တုန်းကတော့ ကလက်တယ်လို့ စိတ်ထဲထင်တာကိုး။ မြန်မာသံဆိုနေကျလူက ဘိုသံဆိုထားတာဆိုတော့ ခုချိန်ပြန်နားထောင်တော့ တရားရစရာကောင်းတယ်ဆိုတာ ကြားရပါလိမ့်မယ်။ ကဲ… ဒီအပတ် ဒီသီချင်းလေးနဲ့ အဆုံးသတ်လိုက်ကြရအောင်။
   “ကျွန်တော့်အဖေရဲ့ ပခုံးပေါ်က ခြောက်လသားကလေးငယ်ရဲ့ ဓာတ်ပုံကလေးကြည်ကာ…ကျွန်တော် မေးမိတယ်… (မင်းဘာလဲ… ငါ ဘာလဲ၊ ငါဘာလဲ၊ မင်းဘာလဲ)၂ ...ဓာတ်ပုံထဲက ကလေးက ပြန်ဖြေတယ်…ကျုပ်ဟာ အဖေ့သား မောင်ဗလပါတဲ့……
   မိတ်ကပ်ရယ်…နှုတ်ခမ်းနီရယ်…ကြော့နေတဲ့…ကော့နေတဲ့ ကြည့်မှန်ထဲ ကျွန်တော့်ကိုယ်ကျွန်တော် မေးမိတယ်… (မင်းဘာလဲ… ငါဘာလဲ၊ ငါဘာလဲ မင်းဘာလဲ) ၂
   ကျွန်တော့်ရဲ့ဒုတိယအရိပ်က ပြန်ဖြေတယ်…ဟား…ဟား ရုပ်ရှင်မင်းသားသုမောင်ပါတဲ့…
   တိုက်ပုံအစုတ်…ကုပ်ဖွာနဲ့ ဘော့ကိုခဲနေတဲ့…ကြည့်မှန်ထဲ ကျွန်တော့်ကိုယ်ကျွန်တော် မေးမိတယ်…(မင်းဘာလဲ…ငါဘာလဲ…ငါဘာလဲ မင်း ဘာလဲ) ၂
   ကျွန်တော့်ရဲ့ တတိယအရုပ်က ပြန်ဖြေတယ်…ဝတ္တုရေးတဲ့ သုမောင်ပါတဲ့…
   အေးဘုံနဲ့ နှစ်ယောက်အတူတွဲ ပြုံးကာဖြဲဖက်နေတဲ့ဓာတ်ပုံကလေးကြည့်ကာ ကျွန်တော် မေးမိတယ် (မင်းဘာလဲ…ငါဘာလဲ…ငါဘာလဲ မင်းဘာလဲ) ၂
   ဓာတ်ပုံထဲက ငနဲက ပြန်ဖြေတယ်… ဟား ဟား…အေးဘုံယောက်ျား သုမောင်လကွာတဲ့…
   ထိုစဉ်မှာ ကျွန်တော့်ရဲ့မိတ်ဆွေ ၃၂ ယောက်က ဟားတိုက်ရယ်ကြတယ်…ကိုအရိုးရယ်… ကိုအသားရယ်…ကိုအသွေးရယ်…ကိုခြင်ဆီရယ်…ကိုဆံပင်နီရယ်…ကိုမျက်လုံးရယ်…အို…အားလုံးက ပြန်လည်ကန့်ကွက်လို့ ချေပကြတယ်…
   (အားလုံးမှားတယ်)၂ မင်းလည်းမရှိ…ငါလည်းမရှိ… ဘာမှမရှိဘူး…ဟေ့ဘာကောင်ညာကောင် လုပ်မနေကြနဲ့…တဲ့…
   (စကားပြော) ကဲ… သတ္တိရှိလို့ရှိရင် မှန်ထဲကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်းပါ…ဟေ့…မင်းဘာလဲ ငါဘာလဲ…မင်းဘာလဲ ငါဘာလဲ… ဟဲ ဟဲ ဟဲ ဟဲ…”
သိပ္ပံဟာ ဗုဒ္ဓဝါဒနဲ့ ကိုက်ညီရဲ့လား
   ဪ… ဒါနဲ့ စကားမစပ်၊ အင်း… ဘာလိုလိုနဲ့ သုမောင်တစ်ယောက် သဒ္ဒအသံနဲ့ပတ်သက်ပြီး သောတရှင်တွေကို အလုပ်အကျွေးပြုနေတာ တစ်လလောက် ဝတ္တရားပျက်ကွက်သွားပါတယ်။ ဒီနေရာမှာ ကျွန်တော့်ရဲ့ စားဝတ်နေရေးနဲ့ပတ်သက်ပြီး လုပ်စားတာပေါ့။ အသံနဲ့ လုပ်စားတာ၊ သီချင်းဆိုတာ စသည်ဖြင့် ဒါက မထောင်းတာလှပါဘူး။ ခုလို မန္တလေးအက်ဖ်အမ်မှာ ပုံမှန် ကိုယ့်အတွေ့အကြုံလေးတွေနဲ့ အထူးသဖြင့် လူငယ်တွေအတွက် ဓမ္မဒါန ဆိုပါစို့ပေါ့။ ပြုနေတဲ့ ဓမ္မဒါန သဒ္ဒဒါန ပျက်ကွက်တာကျတော့ စိတ်မကောင်းဘူးပေါ့နော်။
   အဲဒီထက် စကားမစပ် ကြားဖြတ်ပြောရရင် ဒီမန္တလေးအက်ဖ်အမ်ကပဲ ဦးဆောင်တာလို့ သတင်းကြားတယ်။ တစ်သက်မှာ တစ်ခါကြုံရခဲတဲ့ ကျွန်တော်တို့ အသံသမားတွေအတွက် မန္တလေး နှစ် ၁၅၀ အထိမ်းအမှတ်မှာ ထူးထူးခြားခြားလုပ်တယ်။ ရေဒီယိုတေးသံရှင်ကြီးတွေနော်၊ ကျွန်တော်တို့ အရွယ်ပိုင်းတွေ၊ ကျွန်တော့်တို့ထက် ကြီးတဲ့သူတွေ များပါတယ်။ ကျွန်တော်အငယ်ဆုံးလို့ ကြားတယ်။ တေးသံရှင်ကြီးတွေကို တကူးတက မန္တလေးမှာ မြို့မတီးဝိုင်းနဲ့ ခေါ်ပြီး ပရိသတ်အလွမ်းပြေပွဲမှာလည်း ကျွန်တော် ပျက်ကွက်ခဲ့ရတယ်။ အဲဒီအတွက်တော့ အထူးတလည် စိတ်မကောင်းမိဘူး။ ပရိသတ်အတွက်ရော၊ ကျွန်တော့်ကိုယ်ကျွန်တော်အတွက်ပါ အားမလိုအားမရဖြစ်ရတယ်နော်။ လွတ်သွားလေခြင်း… ဒါဟာ တကယ့်မှတ်တိုင်ကြီးတစ်ခု လွတ်သွားတာပါပဲ။
   အဓိကကတော့ ဒီနေ့ခေတ်မော်ဒန်ပေါ့လေ။ မော်ဒန်စကားကျန်းမာရေးကြောင့်ပါ။ ကျန်းမာရေး၊ ကျန်းမာရေးဆိုတော့ ရယ်စရာလေး ပြောရဦးမယ်ဗျာ။ ကျန်းမာရေးလို့ ဆိုလိုက်တာနဲ့နော်… ဆိုကြပါစို့။ ကမ္ဘာ့ကျန်းမာရေးသုတေသနပညာရှင်ကြီးတွေ၊ ပါရဂူကြီးတွေအနေနဲ့ ကျန်းမာရေးဆိုတဲ့နေရာမှာ သူတို့ဘာတွေ လုပ်သလဲဆိုတော့ ဆိုပါစို့။ ကလုန်း (Clone) ပုံတူမျိုးပွား… စသည်ဖြင့်ပေါ့။ ပြီးတော့ ပို့စ်မော်ဒန်ရောဂါ အေအိုင်ဒီအက်စ်တို့၊ H1N1 ၊ ကြက်ငှက်တုပ်ကွေး၊ ဝက်တုပ်ကွေး စသည်ဖြင့်ပေါ့လေနော်။ ဆေးမပေါ်သေးတဲ့ ရောဂါတွေအတွက် ဆေးသုတေသနတွေ လုပ်ရတယ်။ ဆေးဝါးတွေ ဖော်စပ်ရတယ်။
   အဲဒီကနေပြီး နှလုံးအစားထိုးတာတို့ ဘာညာပေါ့လေ၊ ခြေထောက်အစားထိုးတာတို့ ဒါတွေကို တကယ့်ပညာရှင်ကြီးတွေက လုပ်ရတယ်။ တော်ရုံတန်ရုံပါရဂူတွေကျတော့လည်း ခွဲစိတ်ကုသတာပေါ့နော်။ အကြီးစားခွဲစိတ်ကုသရတာ။ အဲဒီကနေ တစ်ဆင့်တစ်ဆင့် ရိုးရိုးသာမန်ဆရာဝန်တွေကျတော့လည်း ဖျားနာတာကနေအစ ခြေလက်ကျိုးတာပြုတာကအစ ကုသရတယ်။ ဒါကို ကျန်းမာရေးလို့ ခေါ်တာပေါ့လေ။
   အဲဒါကို ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဆိုတာ အကြီးဆုံးခွဲစိတ်မှုတွေ ရှိသလို နေမကောင်း ဖျားနာတာလည်း ကျန်းမာရေး ခေါ်တာပါပဲ။ လက်ကလေး ဓားရှရင်လည်း ဒါကျန်းမာရေးထဲ ဝင်သွားတာပဲဗျ။ ဓားရှလို့ ပေါ့လို့မရဘူး။ မေးခိုင်ပိုးဝင်မှာ ကြောက်ရတာ စသည်ဖြင့်ပေါ့နော်။
   အဲ… ဒေါင်ဒေါင်မြည်ကျန်းမာနေတဲ့လူတွေကလည်း ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်တဲ့သဘောနဲ့ ကျန်းမာရေးလိုက်စားတယ်ဆိုပြီး မနက်တိုင်း လမ်းလျှောက်ထွက်တာ၊ အနှေးပြေးတာတို့ ဒါတွေလုပ်ကြရတယ်။ ဒါ အားလုံးနဲ့ဆိုင်တဲ့၊ လူတွေအားလုံး နားလည်ထားတဲ့ ကျန်းမာရေးပါ။
   အဲဗျာ… ထူးထူးဆန်းဆန်း အဲ… တစ်ခါတလေ ဂျာနယ်တွေထဲမှာလည်း ပါတယ်။ ကျွန်တော်နဲ့ပတ်သက်ပြီးတော့ သတင်းတွေလည်း ဖြစ်တယ်။ ကိုသုမောင်ကြီး၊ ဦးသုမောင်ကြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ဘာထင်တယ်မှတ်သလဲ။ လူတွေကနော် အရက်အလွန်အကျွံမူးလို့ထင်တာဗျာ။ အဲဒါတွေ လူ့သဘာဝပေါ့နော်။ အင်း… တခြားမကြည့်ပါနဲ့။ သုမောင်ကြီး အကယ်ဒမီရတာကိုလေ တချို့လူတွေမသိဘူးဗျ။ အဲ… အရက်သောက်တာကျတော့ လူတိုင်းသိတယ်။ တစ်ကမ္ဘာလုံးကသိတယ်။ အမေရိကားရောက်တော့ အကယ်ဒမီရတာ မသိကြဘူး။ အင်း… အရက် သောက်တာ သိကြတယ်။ မှတ်ချက်ထဲမှာဗျား။
   ကဲ… ဒီထက် တစ်ဆင့်တက်လိုက်ဦးနော်။ အကယ်ဒမီရတာ တော်တော်များများ သိတယ်။ စပေဆုရတာ ပိုမသိပြန်ဘူး။ ဒါကြောင့် ကျွန်တော်ပြောတာနော်။ ဟိုတစ်လောက ကြော်ငြာဆိုင်းဘုတ်နဲ့ ဘတ်စ်ကားမှတ်တိုင်လေ။ ဘတ်စ်ကားမှတ်တိုင်က သေးနုပ်တယ်။ ဒါပေမဲ့ အလုပ်ဖြစ်တယ်။ ခိုင်ခံ့တယ်။ ကြော်ငြာဆိုင်းဘုတ်က လူတွေတော့ ဝိုင်းကြည့်ပါတယ်။ ဒါပေမဲ့ မခိုင်ခံ့ဘူး။ ဒီသဘောပါပဲနော်။
   အဲတော့ တကယ်ဖြစ်တာက ကျန်းမာရေး။ ကျွန်တော့် အဲဒီမန္တလေး နှစ် ၁၅၀ ပြည့်ပွဲ သွားခါနီးဆဲဆဲမှာ ဖြစ်လိုက်တာ မော်ဒန်ရောဂါပါပဲ။ လူတစ်ယောက် လမ်းလျှောက်သွားရင် ပခုံးချင်းတိုက်မိရင် ဘာရောဂါရှိသလဲ မေးကြည့်လိုက်။ ဆီးချိုသွေးချိုတဲ့ဗျားနော်။ ဟာ… အံ့ဩစရာကောင်းတာကလေ ကျွန်တော် သတင်းကြားတာပေါ့လေ။ ကောင်းတဲ့သတင်းလိုပဲ ကိုယ့်ဘက်ကိုယ် ယက်ပြောရမယ်။ အရက်ကတဲ့… ဆီးချိုကျတယ်။ ကျွန်တော် အရက်သမားဗျာ။ ဘယ်လိုလုပ် ဆီးချိုဖြစ်သလဲ မသိဘူး။ ဖြစ်တတ်တာ ပြောပါတယ်။ ဝီစကီသောက်ရင် ဆီးချိုကျတယ်တဲ့ဗျာ။ အဲဒါလေ အခု သုမောင်ကြီး ဆီးချိုဖြစ်လို့။ အချိုလည်းကြိုက်တာ မဟုတ်ဘူး။ အရက်သမားနဲ့ အချိုနဲ့ မတည့်ဘူးဗျာ။
သြော်...ဒါနဲ့စကားမစပ်-ဒုတိယပိုင်း (ဝတ္ထုတိုများ) - သုမောင် (အပိုင်း-၁)
-    စကားဦး ….   ၇
၁။   မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို ….    ၉
၂။   သင်္ကြန်မှာ သင်္ကြန်သီချင်းစစ်စစ် ….   ၃၀
၃။   ဆိုင်းဘုတ်နဲ့ မှတ်တိုင် ….   ၄၁
၎။   သိပ္ပံဟာ ဗုဒ္ဓဝါဒနဲ့ကိုက်ညီရဲ့လား ….   ၆၀
၅။   ကံတရားနှင့် ကျောက်ခဲမင်းသား ….   ၈၃
၆။   ဘုံဓမ္မတာ ….   ၉၇
၇။   ဇာတ်တစ်ဇာတ်လုံးကိုပို့မှ ဇာတ်ပို့ ….   ၁၁၈
၈။   နာမည်လေးတွေ မကွယ်လွန်စေနဲ့ ….   ၁၃၄
၉။   ရယ်စရာ မောစရာလေးတွေ   ….   ၁၅၄
၁၀။   အမီနာနဲ့ စိန်စိန်ကြီး ….   ၁၇၃
၁၁။   ဝတ္ထုရေးစရာ ဘယ်လိုရှာမလဲ ….   ၁၈၄
စကားမစပ်ဆိုတာဟာ ပြောနေကြတဲ့ စကားဝိုင်းထဲကို
အလိုက်သင့်ဝင်တဲ့အခါမှာ ရိုရိုကျိုးကျိုးလေးပြောတဲ့စကား
ပါ။ အင်္ဂလိပ်မှာကတော့ "by the way" လို့ပြောလေ့
ရှိပါတယ်။ မြန်မာကျတော့ ဒီလမ်းကြောင်းထဲကိုပဲ ပြော
နေတဲ့စကားမှာ ဘေးက ဝင်ပြောတဲ့အခါ အောက်ကျို့
ပြီးတော့ "သြော်… ဒါနဲ့ စကားမစပ်နော်"၊ "ဘာရယ်
မဟုတ်ပါဘူး" ဆိုတဲ့ သဘောလေး ပါတယ်။ ဒါ မြန်မာ့
ယဉ်ကျေးမှုနဲ့ ဆိုင်တယ်နော်…။
စကားဦး
   ၂၀၀၉-၂၀၁၀ ပြည့်နှစ်များဆီက မန္တလေးအက်ဖ်အမ်ရေဒီယို အစီအစဉ်တွင် အပတ်စဉ်ထုတ်လွှင့်ခဲ့သော ဆရာသုမောင်၏ 'သြော်… ဒါနဲ့စကားမစပ်' ဟောပြောချက်များကို အလင်းသစ်စာပေတိုက်မှ စာအုပ်အဖြစ် စီစဉ်ထုတ်ဝေ၍ စာဖတ်ပရိသတ်ထံသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ၊ ဆရာသုမောင်ကွယ်လွန်ပြီး တစ်နှစ်နှင့် နှစ်လခန့်အကြာတွင် ဖြစ်သည်။ သို့သော် မန္တလေးအက်ဖ်အမ်ရေဒီယိုတွင် ထုတ်လွှင့်ခဲ့သော ဟောပြောချက်အားလုံးအတွက် မဟုတ်ပါ။ ဟောပြောချက်များ၏ တစ်ဝက်တိတိကို 'သြော်… ဒါနဲ့စကားမစပ်' အဖြစ် ပထမပိုင်း ခွဲ၍ ထုတ်ဝေခဲ့ခြင်းသာ ဖြစ်သည်။
   မန္တလေးအက်ဖ်အမ်ရေဒီယိုဟောပြောချက် ၂၂ ပတ်စာကို ဆရာသုမောင် မကွယ်လွန်မီက ဆရာ့ထံမှ လက်ခံရရှိခဲ့ပါသည်။ အဆိုပါ ၂၂ ပတ်အတွက် ဟောပြောချက်များကို တစ်စုတစ်ပေါင်းတည်း စာအုပ်အဖြစ် ထုတ်ဝေပါက စာအုပ်တန်ဖိုးကြီးမြင့်သွားမှာ စိုးရိမ်မိခဲ့ပါသည်။ သို့ပါ၍ ဟောပြောချက် ၁၁ ပိုင်းကိုသာ စုစည်း၍ ပထမပိုင်းအဖြစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။ ကျန်ရှိနေသေးသည့် ဟောပြောချက် ၁၁ ပိုင်းကိုမူ ယခုမှသာ 'သြော်… ဒါနဲ့စကားမစပ် (ဒုတိယပိုင်း)' အဖြစ် ထုတ်ဝေခြင်းဖြစ်သည်။
   ယခင်က ပထမပိုင်းထွက်ရှိပြီးနောက် ဒုတိယပိုင်းကို မကြာမနှောင်း ထုတ်ဝေရန် စီစဉ်ခဲ့သည်။ မမျှော်လင့်သော အခက်အခဲများကြောင့် စာအုပ်ထွက်ရှိရန် ကြန့်ကြာသွားခဲ့ရပါသည်။ ပထမပိုင်းထွက်ရှိပြီးနောက် နှစ်နှစ်ကျော် ကြာမြင့်ပြီးမှသာ ဒုတိယပိုင်း ထွက်ရှိနိုင်ခြင်းဖြစ်သည်။
   မည်သို့ပင်ဖြစ်စေ 'သြော်… ဒါနဲ့စကားမစပ် (ဒုတိယပိုင်း)' ကို ဆရာသုမောင် အလွမ်းပြေအဖြစ် စာဖတ်သူများထံသို့ ယခုပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ ပြည်သူချစ် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ ဆရာသုမောင်၏ပရိသတ်များ ကျေနပ်နှစ်သိမ့်စွာ အလွမ်းဖြေနိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
   ပထမပိုင်းထွက်ရှိစဉ်က ဝယ်ယူအားပေး ဖတ်ရှု့ခဲ့ကြသော ဆရာသုမောင်၏ပရိသတ်များကို ကျေးဇူးအထူးတင်ရှိပါသည်။ ထို့ပြင် ဒုတိယပိုင်း ဖတ်ရှု့နိုင်ရန် နှစ်နှစ်ကျော် မျှော်လင့်စောင့်စားစေခဲ့ရခြင်းအတွက်လည်း တောင်းပန်အပ်ပါသည်။
   ဤစာအုပ်ဖြစ်ပေါ်လာရန် မူလအစဖြစ်သော မန္တလေးအက်ဖ်အမ်အဖွဲ့သားများနှင့် စာအုပ်ထွက်ရှိရေးခွင့်ပြုပေးခဲ့သော အစ်မဒေါ်အေးဘုံ၊ (ကို)ဖိုးသောကြာနှင့် မိသားစုတို့ကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။
   စာဖတ်ပရိသတ်၏ကျေးဇူးအထူးကို ဦးခိုက်လျက်…။
အလင်းသစ်စာပေတိုက်
မြနန္ဒာနဲ့ ရွှေမန်းတောင်ရိပ်ခို
   သြော်… ဒါနဲ့ စကားမစပ်၊ ဒီတစ်ပတ်တော့လေ ကျွန်တော်စိတ်ကူးတယ်။ အနုပညာရေးရာတွေ ပြောလာတာလည်း လေးငါးဆယ်ပတ်လောက် ရှိပြီထင်ပါတယ်။ ဒီတစ်ပတ် အသံလွှင့်တဲ့အချိန်က မတ်လကုန်ပိုင်းဖြစ်မလား မသိဘူးပေါ့လေ။ မတ်လကုန်ပိုင်း ဧပြီလဆန်းနားနီးလာပြီဆိုတော့ သင်္ကြန်နားနီးလာပြီလို့ ပြောလို့ရပါတယ်။ ဖြစ်သင့်တာက အခုပြောမယ့် အကြောင်းအရာသည် သင်္ကြန်တွင်းမှာနှင့် ပိုပြီးကိုက်မယ်လို့ ထင်ပါတယ်။ သို့သော် သင်္ကြန်တွင်းကျတော့လည်း မန္တလေးအက်ဖ်အမ်အပါအဝင် ရေဒီယိုအသံလွှင့်ဌာနတွေ၊ မိုက်ကရိုဖုန်းက ထွက်လာသမျှ၊ စပီကာက ထွက်လာသမျှ ကိစ္စမှန်သမျှတွေဟာ သင်္ကြန်သီချင်းတွေနဲ့ပဲ လုံးလည်လိုက်နေကြတာဆိုတော့ ကျွန်တော်တို့လို ပညာပိုင်းဆိုင်ရာ၊ ဗဟုသုတပိုင်းဆိုင်ရာ ပြောကြ၊ ဆိုကြတဲ့ကိစ္စတွေဟာ သိပ်ပြီးတော့ နားဝင်စရာအကြောင်း မရှိပါဘူး။
   ကျွန်တော်ကိုယ်တိုင်လည်း ဖိုးသောကြာနောက်က ကောက်ကောက်ပါအောင် လိုက်ရပါတယ်။ ဟုတ်တာပေါ့။ ကျွန်တော့်ခေတ်မှ မဟုတ်တော့ဘဲ။ သား သွားရာနောက်ကို လိုက်ရတဲ့ အဘိုးကြီးဖြစ်နေပြီကိုး။ ဆိုတော့ ကျွန်တော်တို့လို ကိုယ့်ရဲ့သောတရှင်ပရိသတ်ကို စကားဖြင့် ဗဟုသုတတွေ ပြောတဲ့ကိစ္စတွေဟာ ဒီလိုရာသီတော့ သိပ်ပြီးမကိုက်တော့ဘူး။ ဒါကြောင့် ကြိုကြိုတင်တင် သင်္ကြန်နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ယခုလို မတ်လကုန်ပိုင်း၊ ဧပြီလဆန်းပိုင်းမှာ လွှင့်ထုတ်တာ ကောင်းမယ်ထင်လို့ ကျွန်တော့်ရဲ့ ကိုယ်တွေ့ကို သင်္ကြန်နဲ့ပတ်သက်တဲ့ သီချင်း၊ ဗဟုသုတလေးတွေကို ပြောမယ်လို့ ကျွန်တော် စိတ်ကူးမိပါတယ်။
   သင်္ကြန်နဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်က ငယ်ငယ်တုန်းကဆိုရင် ရေလည်း မပက်တတ်ဘူးဗျ။ ရေလည်း အပက်မခံတတ်ဘူး။ သီချင်းဆိုဖို့ပြုဖို့ဆိုတာ ဝေးရော။ ပြောရမယ်ဆိုရင် ငယ်ငယ်တုန်းကတော့ အိမ်ထဲ ကုပ်နေတာများတယ်။ အခုမှတော့ ရှက်စရာလည်း မလိုတော့ပါဘူး။ အရက်သောက်တတ်တုန်းကလည်း အိမ်ထဲထိုင်ပြီး အရက်သောက်နေတာပဲ။ သင်္ကြန်က ကျွန်တော့်စိတ်ထဲ ဘာမှ ထူးထူးခြားခြားမရှိလှပါဘူး။
   အဲဒါ ကံအကြောင်းတရားနဲ့ လမ်းချော်ပြီး အနုပညာသည်ဖြစ်၊ အဆိုတော်ဖြစ်တော့ သင်္ကြန်မှာ သီချင်းလေးဘာလေး ဆိုဖြစ်သွားတာ။ ဒီမှာလည်း ကျွန်တော်က ရိုးရိုးသာမန်သီချင်းဆိုတဲ့ အဆိုတော်ဘဝမှာ ရပ်တည်ခဲ့တာ။ မြန်မာအသံဓာတ်ပြားအဆိုတော်၊ မြန်မာသံသီချင်း ဆိုတဲ့ အဆိုတော်အဖြစ်နဲ့ပဲ အဲသလို ရိုးရိုးပဲ နေခဲ့တာပါ။
   သင်္ကြန်နဲ့ပတ်သက်လို့ ကျွန်တော်နဲ့သင်္ကြန် သွားပြီးတော့ ထိတွေ့မိပုံအကြောင်းက တော်တော်ထူးဆန်းပါတယ်။ ဘယ်လိုဖြစ်သလဲဆိုတော့ လွန်ခဲ့တဲ့ ၁၄-၅ နှစ်၊ အနှစ် ၂၀ လောက်က ကျွန်တော်ရယ်၊ မင်းသား ကိုနေအောင်ရယ်၊ ခင်သန်းနုရယ် 'နှောင်းရိပ်' ဆိုတဲ့ ဇာတ်ကားကို မန္တလေးမှာ သွားရိုက်တယ်။ သွားရိုက်တော့ မန္တလေးက ရီမြင့်ရုပ်ရှင်ကုမ္ပဏီမှာ သွားရိုက်ရတယ်။ အဲဒီတုန်းက သင်္ကြန်မတိုင်ခင်လေးပေါ့။ ဧပြီလဆန်းလောက်မှာပါ။ ကားရိုက်နေရင်းတန်းလန်းနဲ့ မန္တလေးမြို့မက ကျွန်တော်နဲ့ လာတွေ့တယ်။
   အဲဒီအချိန်အတောအတွင်းမှာ မန္တလေးက ကျွန်တော့်ရဲ့အသံတွေကို တော်တော် စွဲစွဲလမ်းလမ်းဖြစ်နေတယ်။ သူတို့မန္တလေးသားတွေက ဒေသစွဲ၊ မန္တလေးအစွဲကြီးတယ်ဗျ။ ဒါ ကျွန်တော် ဗြောင်ပြောတာပါ။ ကျွန်တော်က မန္တလေးအက်ဖ်အမ်ကနေပြီးတော့ ပြောနေလို့ဆိုပြီးတော့ မန္တလေးသားတွေဘက်က ဘက်လိုက်စရာအကြောင်း ဘာမှမရှိပါဘူး။ ကျွန်တော် မန္တလေးကို ချစ်ပါတယ်။ မန္တလေးသားတွေကလည်း ကျွန်တော့်ကို ချစ်ပါတယ်။ ဒါပေမဲ့ မန္တလေးအက်ဖ်အမ်ကနေ ပြောတယ်ဆိုတော့ မန္တလေးသားတွေချည်း နားထောင်နေတာမဟုတ်ပါဘူး။ တစ်ပြည်လုံးက နားထောင်တာဆိုတော့ ယေဘုယျသဘော ပြောရမှာပေါ့။
   မန္တလေးသားတွေ မန္တလေးအစွဲအလမ်းကြီးတယ်၊ ဒေသစွဲကြီးတယ်၊ မန္တလေးသားဆိုတဲ့ အစွဲအလမ်းကြီးတယ်ဆိုတာ ကျွန်တော်မြင်တာက သူတို့က ဗမာသံပီတာ၊ လျှာသံအာသံပီတာ၊ ဗမာရုပ်ပေါက်တာကို ကြိုက်တာလို့ ထင်တယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က အောက်သားစစ်စစ်၊ ရန်ကုန်သားစစ်စစ်ဗျ။ ဘာကြောင့် မန္တလေးသားတွေ ကျွန်တော့်ကို ချစ်ကြကြိုက်ကြသလဲဆိုတာ ကျွန်တော် စဉ်းစားလို့ မရဘူး။ တကယ်လို့သာ မန္တလေးသားတွေ မန္တလေးအစွဲကြီးကြရိုးမှန်ရင် ငွေငန်းနဲ့ မန္တလေးမြို့မက ကျွန်တော့်ထက် ဇော်ဝမ်းကို ပိုပြီး စွဲကြရမှာပေါ့။ ဘာကြောင့် ဇော်ဝမ်းကိုကျော်ပြီး ကျွန်တော့်ကို ပိုပြီး ချစ်ကြသလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပြီပေါ့။ ဒါ ကျွန်တော် မျှမျှတတပြောတဲ့ စကားပါ။
 ဆိုကြပါစို့ဗျာ။ မန္တလေး ရီမြင့်ရုပ်ရှင်က 'နှောင်းရိပ်'ဆိုတဲ့ ဇာတ်ကားရိုက်ဖို့ ကျွန်တော့်ကို ခေါ်တဲ့အခါကျတော့ မန္တလေးမှာ သွားရိုက်ဖြစ်တယ်။ မန္တလေးမြို့မကလည်း အဲဒီအချိန်မှာ ကျွန်တော်နဲ့ မန္တလေးမြို့မသီချင်းသုံးလေးခွေ သွင်းပြီးနေပြီ။ အသံနဲ့ ပတ်သက်ပြီးတော့လည်း မြို့မအဖွဲ့ကလည်း ကျွန်တော့ဆီလာတယ်။ တိုက်ဆိုင်ချင်တော့ ဘာဖြစ်သလဲဆိုရင် မန္တလေးနဲ့ ကျွန်တော်မငြိခင် နှစ်အတန်ကြာက သူတို့က ဘယ်သူနဲ့ တွဲခဲ့သလဲဆိုရင် မင်းသားကြီးဝင်းဦးပါ။ အထူးသဖြင့် မြို့မနဲ့ မန္တလေးသင်္ကြန်မှာ ညစဉ် ညတိုင်းလှည့်တဲ့ ငွေငန်း မော်တော်ကားကြီး အလှပြကားကြီးနဲ့က မင်းသားကြီးဝင်းဦး။ လူကလည်း လူချော၊ အသံကလည်း ကောင်း၊ မြန်မာသံကလည်း ပီသ၊ အဲဒီခေတ်က ဝင်းဦးနဲ့ မန္တလေးသင်္ကြန် ၁၀ နှစ်တိတိ တွဲခဲ့တယ်။ ကိုဝင်းဦးကလည်း စာထဲမှာ ရေးခဲ့ပါတယ်။ ၁၀ စုနှစ် မန္တလေးသင်္ကြန်ဆိုပြီး သူ့ရဲ့ဆောင်းပါးပေါင်းချုပ်မှာ ရေးခဲ့ပါတယ်။
   သူ့တစ်ခေတ်ပြီးတော့ ငွေငန်းက မန္တလေးမှာ မလှည့်ဖြစ်တော့ဘဲနဲ့ ရပ်နေတာ တော်တော်ကြာသွားတယ်။ ဖြစ်ချင်တော့ ကျွန်တော် နှောင်းရိပ်သွားရိုက်တဲ့ကာလအတောအတွင်းမှာ ငွေငန်းပြန်လှည့်မယ့်နှစ်နဲ့ ကြုံပါတယ်။ ကျွန်တော့်ကို လာတွေ့ရင်းနဲ့ 'ဗိုလ်သုရေ' တဲ့။ သူတို့က ချစ်ရင် ဗိုလ်သုလို့ ခေါ်ပါတယ်။
   "ဗိုလ်သုရေ… ကျွန်တော်တို့ ငွေငန်းပြန်လှည့်မယ် စိတ်ကူးတယ်။ ခင်ဗျား ဒီနှစ် ငွေငန်းပေါ် တက်မလား"
   တဲ့။ ကျွန်တော်ကလည်း -
   "အေးဗျာ၊ တက်မယ်ဗျာ။ အဆင်ပြေပါတယ်" လို့။
   "ဒါဆိုရင် ခင်ဗျား ကားရိုက်ပြီးရင် ရန်ကုန်မပြန်နဲ့တော့ဗျာ"
တဲ့။
   " မန္တလေးမှာပဲ နေလိုက်တော့။ ကျွန်တော်တို့ တာဝန်ယူတယ်"
   "ဟာ… နေတာပေါ့ဗျာ"
   လို့။ အဲသလိုနဲ့ ကျွန်တော် ငွေငန်းနဲ့ မတော်တဆတိုက်ဆိုင်သွားတာပါ။
   ကျွန်တော်လည်း စွဲသွားတယ်။ စွဲသွားတယ်ဆိုတာ အကြောင်းရှိတယ်ဗျ။ ဒီ ငွေငန်းကားကြီးက ဖိတ်ထားတဲ့အိမ်တွေ၊ ပွဲရုံတွေဆီကို တစ်ညလုံးလှည့်ရပါတယ်။ ကျွန်တော်တို့က ငွေငန်းနဲ့လှည့်ပြီဆိုရင် မြို့မအသင်းတိုက်ကနေ ညနေ ငါးနာရီ စထွက်ထွက်ချင်း မန္တလေး မဟာမုနိ ဘုရားကြီးကို ဦးတိုက်တယ်။ ရှိခိုးတယ်။ သီချင်းနဲ့ ကန်တော့ပန်းဆင်တယ်။ အဲဒီနားမှာ ပရိသတ်ကို ဖျော်ဖြေပေးတယ်။ ပြီးရင် မန္တလေးကျုံးကြီးဘေးက မြို့တော်ဝန်မဏ္ဍပ်မှာ မြို့မငွေငန်းအဖွဲ့နဲ့ ရှေ့ဆုံးကနေ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ ကျွန်တော်က အဲဒီမှာ မြူမှောင်ဝေကင်းဆိုတဲ့ ရေခင်းသံလေးနဲ့ ဖွင့်ပြီးတော့ မန္တလေးသင်္ကြန်ကို စဖွင့်တယ်။ သိပ်ပြီးတော့ ကြူးနူးစရာကောင်းတယ်။ မိန်းမပျိုလေးတွေကလည်း သောင်းချီပြီးတော့ တူညီဝတ်စုံလေးတွေဝတ်ပြီး ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကကြတာပေါ့။
   ပြီးတော့မှ ဖိတ်ထားတဲ့ မဏ္ဍပ်တွေ၊ ဝန်ကြီးဌာနမဏ္ဍပ်တွေ၊ အပျော်တမ်းမဏ္ဍပ်တွေ၊ ဒီခေတ်ဆိုတော့ စပွန်ဆာပေါ့နော်။ စီးကရက်တို့၊ အရက်တို့လည်း ပါတာပေါ့လေ။ အဲဒီမဏ္ဍပ်တွေရော၊ ပွဲရုံတွေရောပဲ။ တစ်ညလုံး လှည့်ရတာ။ နောက်တစ်နေ့မနက် ကိုးနာရီ၊ ၁၀ နာရီထိ ရောက်ရောပဲ။ အဲ… လှည့်ပြီးတော့ ဖိတ်ထားတဲ့ အိမ်တွေဆိုလည်း မိသားစုပဲ ထွက်နားထောင်တာ။ ရပ်ကွက်ထဲက ဖြောက်ဖြောက်ဖြောက်ဖြောက်ပေါ့လေ။ အဲဒါလည်း ကျွန်တော်တို့က လူစေ့အောင် ဆိုတာပဲ။ အဲဒီမနက် မိုးလင်း ကိုးနာရီ ၁၀ နာရီထိ။ အဲဒါက သင်္ကြန်လေးရက်ဆို လေးရက်စလုံး၊ ငါးရက်ဆို ငါးရက်စလုံး ညနေ ငါးနာရီလောက်က ထွက်တာ။ နောက်နေ့ မနက် ကိုးနာရီ ၁၀ နာရီထိ မနားတမ်း ကားပေါ်မှာပဲ ထိုင်ပြီး ငုတ်တုတ် ဖျော်ဖြေကြတာ။
   အဲဒါကိုလည်း ပင်ပန်းရကောင်းမှန်းမသိဘဲနဲ့ လှည့်ကြတာ။ သိပ်ပျော်စရာလည်း ကောင်း၊ ကြည်နူးစရာလည်း ကောင်းတယ်။ စိတ်ထဲမှာ ပီတိဖြစ်တာက စောစောကပြောတဲ့ မြို့တော်ဝန်မဏ္ဍပ်အဝင် 'တယ် တယ် တယ့် တယ့် တယ် တယ် ဗြောင် ပလုတ် ပလုတ် ပလုတ်တုတ် ဒုန်' ဆိုတဲ့ ရေခင်းသံလေးနဲ့ မဏ္ဍပ်ပေါ်ကရော၊ အောက်ကကော မြူမှောင်ဝေကင်းဆိုနေချိန်မှာ အကုန်လုံးက ငြိမ်ကပြီး မိန်းမပျိုလေးတွေက တူညီဝတ်စုံဝတ်ပြီး သောင်းနဲ့ချီပြီး ပိတောက်ပန်းလေးတွေနဲ့ ငြိမ့်ငြိမ့် ညောင်းညောင်းကနေတာ ကြက်သီးကို ထတယ်ဗျာ။
   ကျွန်တော်က ငွေငန်းကားပေါ်မှာ မတ်တတ်ရပ်ပြီး ကျုံးဘက်က ဆည်းဆာလေးလေးကလည်း တိုက်၊ တိုက်ပုံနဲ့ ပိုးပုဆိုးကလည်း အလွင့်၊ ဟိုမှာ ကနေသူလေးတွေရဲ့ ဆံပင်တွေကလည်း လွင့်၊ တီးလုံးကလည်းငြိမ့်ညောင်း၊ ကားကြီးကလည်း လိမ့်လိမ့်နဲ့ ဖြည်းဖြည်းချင်း တကယ် ကြက်သီးထတယ်ဗျာ။ အခု ပြောနေရင်းတောင် ကြက်သီးထတယ်ဗျာ။ အဲဒီလို အရသာကတော့ မြန်မာတစ်နိုင်ငံလုံးမှာ မရှိဘူးထင်တာပဲဗျာ။ ကျွန်တော် ရန်ကုန်သားပါ။ ရန်ကုန်ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဒီမြင်ကွင်းဟာ မန္တလေးမှာပဲရှိနိုင်တဲ့ အရသာပါပဲ။
စကားမစပ် ပြောရရင်လေ ဝမ်းနည်းစရာကလေး…။ အခုနောက်ပိုင်းကျတော့လည်း မန္တလေးမှာ အဲဒီဟာလေးတစ်ချက်ပဲ ရှိပါတော့တယ်။ ကျန်တာတော့ ရန်ကုန်ထက်တောင် သောင်းကျန်းတယ်ဗျာ။ မန္တလေးလည်း ဆိုးလာနေပါပြီဗျာ။ ကျုံးပတ်လည်မှာလေ ရက်ပ်တွေ၊ ဟစ်ဟေ့ပ်တွေနဲ့ တော်တော်ဆိုးနေပါပြီဗျာ။ အခု အဘိုးကြီး အသက်အရွယ်ရောက်လို့မို့ ပြောရတာမဟုတ်ပါဘူးဗျာ။ ရန်ကုန်ထက်တောင် ဆိုးနေပါပြီဗျာ။ ရန်ကုန် မြို့တော်ဝန်သင်္ကြန်ကမှ နည်းနည်းတော်သေးတယ်။ နည်းနည်း ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရှိသေးတယ်။ ဗြောင်ပြောရရင် ပွင့်ပွင့်လင်းလင်းပြောရရင် တကယ်မြန်မာ့ဂုဏ်သင်္ကြန်စစ်စစ်ကို ကြည့်ချင်ရင် နိုင်ငံခြားသွားကြည့်ရတယ်ဗျ။ စင်ကာပူတို့၊ မလေးရှားတို့မှာလေ၊ တကယ့်ကို ဆိုင်းကြီးဝိုင်းကြီးနဲ့ မဏ္ဍပ်စစ်စစ်၊ ရိုးရာအဝတ်အစားစစ်စစ်နဲ့ ကတာပြုတာ ဆိုတာကလေ။ ကာရာအိုကေနဲ့ဗျာ။ နိုင်ငံခြားမှာပဲ ရှိတော့တယ်ဗျာ။ ဒီအတွက်တော့ စိတ်မကောင်းဘူး။
   ကဲ… ထားပါတော့လေ။ ပြောစရာရှိတာလေး ပြောရအောင်။ အဲဒီလို မြူမှောင်ဝေကင်းနဲ့ဆို၊ တစ်ချိန်တုန်းကပေါ့လေ။ ကျွန်တော် မန္တလေးသင်္ကြန်မှာ ငွေငန်းနဲ့လှည့်တာ ၁၄-၅ နှစ်လောက် ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ လေးငါးနှစ်ကတော့လေ ကျွန်တော့်လည်း အသက်ကလေးကလည်း ရလာ၊ နောက်က လက်ချိတ်မယ့်၊ ကျွန်တော့်နဲ့လည်း အသံထပ်တူတဲ့ ကျွန်တော့်သား ဖိုးသောကြာက အရွယ်ရော၊ ငယ်ဂုဏ်ရော၊ သူ့ကိုလည်း မန္တလေးရွှေမန်းပရိသတ်က လက်ခံလာကြပြီဆိုတော့ လွှဲပေးရတာပေါ့။ သားက တစ်လှည့်၊ နောက်က ဆက်ပြီပေါ့နော်။ ကျွန်တော်က ဇာတ်ရံပေါ့။ ဒါကြောင့် သူ့ကိုရှေ့ကထားပြီး ကျွန်တော်က နောက်က လိုက်ရတာပေါ့။ လူကြီးပိုင်းအနေနဲ့နေပြီး တချို့မဏ္ဍပ်တွေလောက်ပဲ ဆိုရတာပေါ့။
   အဲဒီ ၁၄ နှစ်ကာလမှာ ပထမပိုင်းမှာ ဘာတွေ ချစ်စရာကောင်းသလဲဆိုတော့ တချို့မဏ္ဍပ်တွေရောက်တဲ့အခါ၊ ဖိတ်ထားတဲ့ အိမ်ရှေ့တွေရောက်တဲ့အခါ၊ ကျွန်တော်က ငွေငန်းကားကြီးပေါ်က ဆိုတဲ့အခါ မဏ္ဍပ်ပေါ်က မိန်းမပျိုလေးတွေက ငြိမ့်ငြိမ့်ညောင်းညောင်း ကတယ်။ ပြီးတော့ အဲဒီမိန်းမပျိုလေးတွေက မဏ္ဍပ်ပေါ်က လှေကားအတိုင်း ဆင်းလာပြီးတော့ ဒီငွေငန်းကားကြီးကို ပတ်ပြီး ကကြပြန်တာဗျ။ ကတဲ့အခါမှာ ထဘီအနားလေးကို ခတ်ခတ်ပြီး ကတယ်။ ထဘီအနားခတ်ကတဲ့အခါမှာ ခြေသလုံးသားလေးတွေက လက်ခနဲ လက်ခနဲ ပေါ်တာ။
   အဲဒါ ကျွန်တော် ပြောပြမယ်။ ခြေသလုံးပေါ်တာ နှစ်မျိုးရှိတယ်။ ဒီနေ့ မိန်းမပျိုလေးတွေ စကတ်ကွဲဝတ်တော့ ဘတ်စ်ကားပေါ်တက်ရင် ခြေသလုံး လှစ်ခနဲ့ပေါ်တယ်။ အဲဒီတော့ ကျွန်တော်တို့ အဘိုးကြီးတွေအပါအဝင် ယောက်ျားသားတွေကြည့်တော့ ပြစ်မှားတယ်ပေါ့။ ဒါ မရိုင်းပါဘူး။ အမှန်အတိုင်း ပြောတာပါ။ မိန်းကလေးတွေ ခြေသလုံးသားပေါ်တော့ ကြည့်မိတယ်။ ဒါဟာ ပြစ်မှားတာပေါ့နော်။ မရိုင်းပါဘူးနော်။ အဲသလို ပြစ်မှားတာနဲ့ စောစောက ပြောတဲ့ မိန်းမပျိုလေးတွေ ထဘီအနားခတ်ပြီး ကလိုက်တော့ ဝင်းခနဲပေါ်တဲ့ ခြေသလုံးကို မြင်ရတဲ့အခါမှာ ကြည့်လို့ကောင်းတာ မတူဘူး။
   လှစ်ခနဲပေါ်လို့ ရွှေခြေချင်းလေးတွေ ဖျပ်ခနဲ အရောင်တောက်သွားတာ အဲဒီလိုမြင်ရတဲ့ ခြေသလုံးသားလေးတွေကို မပြစ်မှားတော့ဘူးဗျ။ ကြည့်ကောင်းတယ်။ ခြေသလုံးပေါ်တာချင်းအတူတူ ကြည့်ကောင်းသွားတယ်။ မပြစ်မှားတော့ဘူး။ အဲဒါ ယဉ်ကျေးမှုပဲ။ ပေါ်တာချင်းအတူတူ ပြစ်မှားလို့ရတာ ရှိတယ်။ ပြစ်မှားလို့မရတာ ရှိတယ်။ အဲဒါ ယဉ်ကျေးမှု ကွာသွားတာ။ ကျွန်တော်က ယဉ်ကျေးမှုပြောနေတာဆိုတော့ ယဉ်ကျေးမှုပါလာပြီနော်။
   အဲဒီမယ် တချို့နေရာတွေကျတော့ ဘာထပ်တွေ့ရပြန်သလဲဆိုရင် ဆိုပါစို့ဗျာ။ ဆီစက်၊ မန္တလေးက ဆီစက်၊ ထိုးမုန့်ပေါ့ဗျာ။ ထိုးမုန့်ဆိုင်တစ်ဆိုင်က ဖိတ်လို့ ငွေငန်းကြီးကြွပါဆိုတော့ သွားတော့ အဲဒီ ထိုးမုန့်ဆိုင်ကတော့ ထုံးစံအတိုင်း ထိုးမုန့်ဆိုင်ပိုင်ရှင် အဘိုးကြီး၊ အဘွားကြီးတွေ မိသားစုဆယ့်လေးငါးယောက် ထွက်ကြည့်ကြတယ်ပေါ့။ အနီးအနားတစ်ဝိုက်က လူလေးငါးယောက်၊ လူလေးငါးဆယ် ထွက်ကြည့်ကြတော့ ငွေငန်းကြီးကို အုံလာတာပေါ့ဗျာ။ 'လေးလေးသုမောင် ဘာသီချင်းဆိုပြပါ'။ ကျွန်တော်ကလည်း ဆိုပြတယ်။ ဆိုတဲ့အခါမှာ မထင်မှတ်ဘဲနဲ့ အသက် ငါးဆယ်၊ ခြောက်ဆယ် ဦးဝင်းဦးရဲ့ပရိသတ်တွေပေါ့ဗျာ။ တစ်ချိန်တုန်းကတော့ အပျိုတွေပေါ့။
   ကျွန်တော် ဆိုတဲ့အချိန်ကျတော့ အဘွားကြီးတွေပေါ့ဗျာ။ အသက်လေးငါးဆယ်တန်းတွေပေါ့ဗျာ။ ဟောဗျာ… ဘယ်အချိန်က ကောက်စွပ်လာသလဲ မသိဘူး၊ ရွှေခြေချင်းကြီးတွေနဲ့ပေါ့။ ငွေငန်းကားကို ပတ်ပြီးတော့ သူငယ်ပြန်တာ။ ကလိုက်ကြတာ။ ဒီအပေါ်က သုမောင်ကလည်း အဲဒီအချိန်တုန်းက ၂၀ ကျော်၊ ၃၀ ပေါ့နော်။ အဘွားကြီးတွေ ရှိတဲ့နေရာကို အောက်ကို မိုက်ကရိုဖုန်းကြိုး လျှော့ချပြီးတော့ ငွေငန်းကားပေါ်က ဆင်း၊ အဘွားကြီးတွေကို ဖက်နမ်း၊ သီချင်းဆို၊ သုမောင် နှာခေါင်းကလည်း သန့်ရှင်းတယ်ဗျာ။ သနပ်ခါးအဖွေးသား လိမ်းထားတဲ့ ဒီအဘွားကြီးတွေရဲ့ ပါးကလည်း သန့်ရှင်း။ တူနဲ့ အဒေါ်နဲ့ သန့်ရှင်းတဲ့အနမ်းတွေ… အဲဒါ ခုနောက်ပိုင်း မရှိတော့ဘူး။ ခုတော့ သုမောင် နမ်းချင်လို့ ဒီအဘွားကြီးတွေ ရှာတော့ မရှိရှာကြတော့ဘူး။
   အခုရှိနေတဲ့ မိန်းကလေးတွေကလည်း ဘယ်ရောက်သွားကြသလဲဆိုတော့ ကျုံးနံဘေးမှာ အရက်ကြော်ငြာ၊ စီးကရက်ကြော်ငြာ အဲဒီမှာ သွားအုံနေကြတယ်။ ၀ုန်းဒိုင်းကိုကြဲလို့။
   ကောင်းပြီ။ ၀ုန်းဒိုင်းကြဲတယ်။ ဒီသုမောင်ကြီးက တစ်ယူသန်၊ တစ်ဖက်သတ် မျိုးချစ်ကြီးလား။ အဲသလို အကောင်းစားလား လို့ဆိုရင် အဲသလိုမဟုတ်ပါဘူး။ ခေတ်ရေစီးကြောင်းအလိုက် ၀ုန်းဒိုင်းကြဲတာ ကြဲရပါတယ်။ သင်္ကြန်မို့လို့ ပျော်တာပဲ။ အပြစ်မမြင်ပါဘူး။ တစ်ခုတော့ ရှိတယ်ဗျ။ တစ်ခါတလေကျတော့ ငွေငန်းကားပေါ်ကနေ လှည့်ပြီး ကြည့်လိုက်တော့လေ ဂျစ်ကားကို ထုရိုက်၊ ဆူညံသောက်စား၊ သောက်စားတယ်ဆိုတာကလည်း ယောက်ျားလေးတွေ သောက်စားတာ အပြစ်မပြောပါဘူး။ ဘယ်ပြောမလဲ။ သုမောင်ကြီးကလည်း သောက်ထားတာကိုး။ တိုက်ပုံအင်္ကျီ၊ ပိုးလုံချည်၊ လည်ကတုံးနဲ့ စိန်ပေါက်နဲ့ ၀တ်ပြီး ကုလားထိုင်အောက်မှာက အရက်ပုလင်းနဲ့၊ ခွက်ပုန်း ချထားတာကိုးဗျာ့။ ကလေးတွေကို အပြစ်မြင်လို့ ဘယ်ရမတုံး။
 သို့သော်လည်းဗျာ… သုမောင်ကြီးမှာက သားသမီးလေးယောက်၊ နှစ်ယောက်က အထီး၊ နှစ်ယောက်က အမ၊ အဲဒါကျတော့ ခွဲမြင်ရတယ်ဗျ။ ကိုယ့်မှာလည်း သမီးတွေရှိတော့ ကျွန်တော့်သမီးအရွယ်လေးတွေနော်။ အပေါ်က ဘရာစီယာလောက်၊ အောက်က ဆပ်ဆမိုင်တာလောက် အဝတ်အစားလေးတွေနဲ့ မော်တော်ကားလမ်းပေါ်မှာဗျာ ပက်လက်လန်မူးနေတာကျတော့ မကောင်းဘူးပေါ့နော်။ တစ်ခုတော့ရှိတယ်။ မိန်းကလေး အရက်သောက်တာ ကိုရီးယားကားထဲမှာလည်း သောက်တာပဲ၊ ဂျပန်ကားထဲမှာလည်း သောက်တာပဲဆိုပြီး အဲဒါကို အတုခိုးလို့ဆိုရင် သုမောင်ကြီး ဘာမှမပြောနိုင်ပါဘူး။ သောက်ပါ။ ဟိုတယ်မှာ သွားသောက်ပေါ့။ ကိုယ့်အိမ်မှာ မိဘက ခွင့်ပြုရင် သောက်ကြပေါ့။ လမ်းပေါ်တော့ မသောက်ကြပါနဲ့။ ကောင်းပါပြီ။ လမ်းပေါ် သောက်ချင်ရင် အင်္ဂလိပ်နှစ်သစ်ကူး သောက်ပါ။ မြန်မာနှစ်သစ်ကူးမှာတော့ မသောက်ကြပါနဲ့။
   ဘိုနှစ်သစ်ကူးက သူတို့ယဉ်ကျေးမှုနဲ့ဆိုင်တယ်ဗျ။ မြန်မာနှစ်သစ်ကူးက မြန်မာ့ယဉ်ကျေးမှုနဲ့ ဆိုင်တယ်ဗျ။ အဲဒါလေးတစ်ခုတော့ ခွဲသိပေါ့။ မြန်မာတွေဖြစ်ပေမဲ့ အင်တာနေရှင်နယ်၊ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်တဲ့ အတွက် ဘိုနှစ်သစ်ကူးမှာ သောက်ချင်သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးနဲ့တော့ မရောယှက်ပါနဲ့။ အဲဒါလေး ခွဲနိုင်ရင် သောက်ကြပါဗျာ။ မြန်မာနှစ်သစ်ကူးမှာ သိကြားမင်းက ပုရပိုက်နဲ့ စောင့်ကြည့်နေစဉ်မှာ လမ်းပေါ်မှာ မလုံ့တလုံအဝတ်အစားနဲ့ ပက်လက်လန်လဲနေတာ မကောင်းပါဘူး။ မိန်းကလေးတွေ အဲဒါတော့ စကားမစပ် ကြားဖြတ် ပြောပါရစေနော်။
   ကောင်းပါပြီ။ ကဲ… အဲသလို ဝုန်းဒိုင်းကြဲနေတဲ့ကြားကပဲ ချစ်စရာကောင်းတဲ့ဟာလေးတွေလည်း ရှိပါတယ်။ စောစောကပြောတဲ့ အရက်တို့၊ ဘီယာတို့၊ စီးကရက်တို့ စသည်ဖြင့် တခြားကြော်ငြာတွေလည်း ရှိပါတယ်။ ကျုံးဘေးမှာ။ အဲဒီကြော်ငြာမဏ္ဍပ်တွေမှာ အရက်တွေကမူး၊ ဂျစ်ကားကို ထုရိုက်၊ ဂျစ်ကားမှ မဟုတ်ပါဘူး။ ပိုက်ဆံရှိသားသမီးတွေကလည်း ကားအကောင်းကြီးတွေ ထုရိုက်ပြီး တုတ်တွေ၊ သံတုတ်တွေနဲ့ ဝုန်းဒိုင်းကြဲ ပေါက်ကွဲ၊ အပေါ်ကလည်း ဝုန်းဒိုင်းဆူညံ၊ နားပေါက်ကွဲမတတ် ဆူညံနေတော့ ဒီကငွေငန်းကားကြီး ခပ်လှမ်းလှမ်းက ရပ်ရတယ်။ အဲဒီမဏ္ဍပ်ရှေ့ ဖြတ်မှာကိုး။ ဒီတော့ စိတ်က ပူရတာပေါ့။ မြူမှောင်ဝေကင်း ရေခင်းသံက အားကငယ်၊ ဒီဆူညံကြားထဲ ဘယ်လိုဝင်ရမလဲ။ ကြောက်ကလည်း ကြောက်၊ သို့သော် ဒီဆူညံအော်ဟစ်ပေါက်ကွဲနေသော ကလေးများသည် ပေါ့ပ်၊ ပန့်ခ်ခေတ် နားသန်သီးနဲ့၊ ဆွဲကြိုးပုံစံအမျိုးမျိုး ဆံပင်တစ်ဖက် ရိတ်၊ တစ်ဖက် အရောင်ဆိုးထားသော ကလေးများသည် ပုံစံ (Form) အရကတော့ အင်တာနေရှင်နယ်လို့ခေါ်တဲ့ ဟစ်ပီ Type ဖြစ်ပေမဲ့လို့ သင်းတို့ကလေးတွေ၊ သူတို့ကလေးတွေရဲ့ရင်ထဲမှာ ဘာရှိသလဲဆိုတော့ မြန်မာဆိုတဲ့ စိတ်ကလေးရှိတယ်ဆိုတာကို သွားတွေ့ရတယ်။ ဘာနဲ့သွားတွေ့ရသလဲဆိုတော့ စောစောကပြောတဲ့ မြူမှောင်ဝေကင်း ဆိုတဲ့ ကြိုးသီချင်းကြီးကို ဟောဒီငွေငန်းပေါ်ကနေ စလည်းစရော၊ ဒီငွေငန်းကားပေါ်က လူတစ်ရပ်စာရှိတဲ့ စပီကာကြီးတွေက မြူမှောင်ဝေကင်းဆိုတဲ့ သုမောင်အသံလည်း ထွက်ကောဗျာ။ မော်တော်ယာဉ်ရဲ မလိုဘူးဗျ။ လက်အပတ်တွေနဲ့ ပုဂ္ဂိုလ်တွေ မလိုဘူးဗျ။ မော်တော်ကားငွေငန်းကြီး သွားလို့ရအောင် သူတို့ဘာသာ လမ်းရှင်းပြီးတော့လေ၊ လက်အုပ်လေးတွေချီပြီးတော့ ငြိမ်ကျသွားတယ်ဗျ။ မယုံမရှိပါနဲ့။ ကဲ… သုမောင်ကြီး ဆိုထားတဲ့ မြူမှောင်ဝေကင်း။
မြူမှောင်ဝေကင်း
(မြူမှောင်ဝေကင်း… ငွေအဆင်းဆန္ဒ… ညီဘောင်…တိုင်းမြန်ပြည်…ငြိမ်းချမ်းအောင်ဆု…သွန်းခါရေ… အေးစေကြောင်း လောင်းတဲ့လုံမေ…ထူးထူးကဲကဲ လှကြပါစေ)
   အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ ဂုဏ်နဲ့ ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြမမေ့ရက်နိုင်လေ… အဆင်ပြေ…မြင်ရသူကြည်နူးလောက်ပေ…သံသာ…ချိုမြမြဆိုတေးလေးတွေ…မန်းမြို့သူရဲ့ဂုဏ်နဲ့ညီပေ…ယဉ်ကျေးသူတွေ…မနှစ်ကလည်း လောင်းခဲ့တာတွေ…အေးအေးမြမြ မမေ့ရက်နိုင်ပေ…
   သင်းပျံ့ပေ ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…
   ရွှေပန်းပိတောက်တွေ တတွဲတွဲဆင်လို့ ဆင်မြန်းမြန်းကာ လှတဲ့မေ…ငွေငန်းမောင့်ကို လောင်းတဲ့ရေ ဘေးဘယာဝေးကွာ…ကင်းစင်ပစေ…ဒီရေ ပွဲသင်္ကြန်ရေ…
   ကောင်းပါပြီ။ အဲဒီလို ရေခင်းသံနဲ့ မြူမှောင်ဝေကင်းဆိုသွားတဲ့ ငွေငန်းကားကြီးဖြတ်သွားတော့ စောစောက မူးယစ်သောင်းကျန်းနေတဲ့ ကလေးတွေက ဘာအော်တယ်ထင်ပါသလဲ။ ပြိုင်တူနော်။ မတိုင်ပင်ဘဲနဲ့ စောစောက ကလေးတွေက အော်တယ်ဗျ။
   "မြို့မအသင်းကြီး ကျန်းမာပါစေ။ ငွေငန်းယာဉ်ကြီး ကျန်းမာပါစေ။ လေးလေးသုမောင်ကြီး ကျန်းမာပါစေ"လို့ အော်တယ်ဗျ။ အော်လည်းပြီးရော ငွေငန်းကြီးဖြတ်သွားလို့ ငွေငန်းကြီးနောက်မြီးလည်း ဆုံးရော ပြန်ပြီးတော့ ဝုန်းဒိုင်းကြဲတော့တာပါပဲ။ အဲဒါဟာ ရင်ထဲမှာ ယဉ်ကျေးမှုရှိတယ်ဆိုတာကို ပြတယ်။ အပေါ်က အကာက အင်တာနေရှင်နယ်ခေါ်တဲ့ ဟစ်ပီတိုက် ဖုံးထားပေမဲ့ အရိုးပေါ်အရွက်မဖုံးဘူးဆိုတာ ဒါကိုပြတာ။
   ဒါက ကျွန်တော် လူငယ်တွေကို စည်းရုံးနေတာ မဟုတ်ပါဘူး။ တကယ့်အရှိကို ပြောတာ။ လူငယ်တွေကို အရမ်းစည်းရုံးလို့ မရဘူးနော်။ ဒါ ကျွန်တော် သိထားတယ်။ အရမ်းစည်းရုံးလို့ မရဘူး။ မြှောက်ပေးတိုင်းလည်း လူငယ်တွေက လက်မခံဘူးဆိုတာ ကျွန်တော် သိထားတယ်။ ဥပမာတစ်ခု ကျွန်တော် ပြောပြမယ်။ နာဂစ်ဖြစ်တုန်းက ကျွန်တော် ဆောင်းပါးရေးတယ်။ ကျွန်တော့်အိမ်နားက သစ်ပင်ကြီး လဲကျတယ်။ ဓာတ်တိုင်တွေလည်း အကုန်ပြုတ်ကျ၊ လမ်းပေါ်တွေ အကုန်ပိတ်၊ အကုန်ဖြစ်ကုန်တာပေါ့။
   ကျွန်တော့်အိမ်နားမှာ တိုက်ခန်းတွေ ရှိတယ်။ လူငယ်လေးတွေ ရှိတယ်။ ကျွန်တော်တို့မိသားစုမှာက လူငယ်ဆိုလို့ ဖိုးသောကြာ တစ်ယောက်ပဲရှိတယ်။ အိမ်ရှေ့က သစ်ပင်ကြီးက ပြိုကျသွားတော့ ကားတွေက ထွက်လို့မရ၊ ဓာတ်တိုင်တွေလည်း ပြုတ်ကျ၊ အကုန်ဒုက္ခရောက်။ ကျွန်တော့်အိမ်က မိန်းမတွေချည်းပဲဆိုတော့ လမ်းတွေကလည်း ပိတ်ကုန်ပြီ၊ လုပ်ကြပါဦး ဘာညာ ဖြစ်တဲ့အခါကျတော့ ဟိုဘက်တိုက်ခန်းတွေက လူငယ်လေးတွေ ထွက်လာပြီး ဝိုင်းဝန်း ဖြတ်တောက်ရှင်းလင်းကြတာပေါ့။
   ကဲ… ပြီးသွားတော့ ကျွန်တော်က ဆောင်းပါးရေးတယ်။ ဒါကို လူငယ်တွေ တော်ကြောင်း၊ ညီညွတ်ကြောင်း၊ လူမှုရေးအသိစိတ်ဓာတ်ရှိကြကြောင်း ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါတယ်။ လူငယ်တွေကို မြှောက်ပြီးရေးတာ မဟုတ်ပါဘူး။ ဆောင်းပါးထွက်လာတော့ အဲဒီဆောင်းပါးဖတ်ရတော့ လူငယ်တွေ ပျော်ကြတာပေါ့။ ဦးသုမောင်ကြီး ဆောင်းပါးလေး ကောင်းလိုက်တာ၊ သားတို့အကြောင်း ရေးထားတာ။
   အဲဒီထဲမှာ လူငယ်လေးတစ်ယောက်က လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်ကို လာပြောတယ်။
   "ဦးဗလကြီးကလည်း တော်တော်ဆိုးတယ်"
   "ဟောဗျာ… ငါက အကောင်းရေးထားတာပဲ။ ဘာလို့ဆိုးရတာလဲ"
   ဆိုတော့-
   "ဦးဗလကြီးကလည်း နာဂစ်ဖြစ်မှ ကျွန်တော်တို့က ကူညီတာ မဟုတ်ဘူး။ နာဂစ်မဖြစ်လည်း ဦးဗလကြီး လိုအပ်ရင် ကူညီမှာပါပဲ"
   တဲ့။ ဟောဗျာ… ဒီက ရေးရတဲ့ကောင် သေရော။ ကြည့်နော်။ လူငယ်တွေကို အရမ်းမြှောက်ပေးလို့မရဘူး။ မရဘူးဗျနော်။ ဒါကြောင့် ကျွန်တော်က အရမ်းမြှောက်ပေးနေတာ မဟုတ်ဘူး။ အရှိအရှိအတိုင်း ပြောနေတာ။
   အဲ… စကားမစပ် ဗဟုသုတ ထပ်ပြောရဦးမယ်ဗျာ။ စောစောကပြောတဲ့ မြူမှောင်ဝေကင်းဆိုတာ လေးလေးရင်ရဲ့ သီချင်းပါ။ တချို့က ထင်ကြတယ်။ သီချင်းကောင်းပြီဆိုတာနဲ့ မြို့မငြိမ်း ထင်ကြတာဗျ။ မြူမှောင်ဝေကင်းက မြို့မငြိမ်း ရေးတာမဟုတ်ဘူး။ ဒီပြဿနာတွေက တော်တော်ခက်တယ်၊ လူတွေကလည်း မန္တလေးသီချင်းတစ်ပုဒ် ကောင်းပြီဆိုတာနဲ့ မြို့မငြိမ်းရေးတာပဲ ထင်နေကြတာ။ ဒါကြောင့်ပေါ့။ မြနန္ဒာမဟုတ်ပါဘူးဗျာ၊ ရွှေမန်းတောင်ရိပ်ခို။ 'မြနန္ဒာ… ယိမ်းညို့ညို့' အဲဒါ ရွှေမန်းတောင်ရိပ်ခို။ သီချင်းနာမည်က ရွှေမန်းတောင်ရိပ်ခို။ နောက်ပိုင်းကျတော့ ပြဿနာတွေ ထဖြစ်ကြတယ်။ သူ ရေးတယ်၊ ငါ ရေးတယ် ဆိုပြီးတော့။ အမှန်က မန်းတောင်ရိပ်ခိုသီချင်းကို သုံးယောက်ပေါင်း ရေးတာ။ မြို့မငြိမ်းရယ်၊ အေဝမ်းဆရာညှာရယ်၊ မန္တလေးဦးဘသိန်းရယ် ပေါင်းပြီး ရေးကြတာပါ။ ကျွန်တော်ထင်တာက အဲဒီခေတ်က သူငယ်ချင်း သုံးယောက်ပေါင်း တစ်ယောက် တစ်ပိုဒ်စီ ရေးကြထင်ပါရဲ့။
   အဲဒီမြူမှောင်ဝေကင်းသီချင်းက လေးလေးရင်ရဲ့သီချင်းပါ။ မြူမှောင်ဝေကင်း ဆိုတာက အများခေါ်တဲ့နာမည်။ သူ့နာမည်က 'အေးတဲ့ရင်'။ အဲဒီတော့ ချစ်စနိုးနဲ့ လေးလေးရင်လို့ ခေါ်ကြတာပါ။ အဲဒီသီချင်းကလည်း ကော်ပီပဲဗျ။ သူ့ရဲ့ အော်ရဂျင်နယ်က စံရာတောင်ကျွန်းဆိုတဲ့ ကြိုးသီချင်းပါ။ ကြိုးသီချင်းကြီးရဲ့အလိုက်ကို ယူထားတာပါ။ အဲဒီဟာကိုပဲထပ်ပြီး ကော်ပီလုပ်ထားတာရှိသေးတယ်။ 'တိမ်မှောင်ဝေကင်း' ဆိုပြီးတော့။ အဲဒီ တိမ်းမှောင်ဝေကင်းကိုတော့ မြို့မအသင်းကြီးက အလှူတွေ၊ မင်္ဂလာဆောင်တွေမှာ ဧည့်ခံတဲ့သီချင်းပါ။
၃၈ ဖြာ မင်္ဂလာ ကဗျာများ
၃၈ ဖြာ မင်္ဂလာ ကဗျာများ
၁။ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ ပါး
     လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ၊
     ပညာရှိကို အရှည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ၊
     သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ၊ 
     ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေး သုံးချက်ပေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၂။ နေထိုင်ရေး မင်္ဂလာ ၃ ပါး
     ကုသိုလ် ပညာ ဥစ္စာရဖို့၊ သင့်ရာဒေသ အမြဲနေ၊
     ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမှု အထူး ရှိပါစေ၊
     မိမိကိုယ်ကို ကောင်းအောင် ထိန်းလို့၊ မတိမ်းစေနဲ့ ဆောက်တည်လေ၊
     ဥစ္စာကိုပေး နေထိုင်ရေး၊ မျှော်တွေး သုံးချက်ပေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၃။ သင်ကြားရေး မင်္ဂလာ ၄ပါး
     တတ်ကောင်းတတ်ရာ ဟူသမျှကို၊ ကြာ့းမင်သုတ ရှိပါစေ၊
     အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့၊ အသက်မွေးဖို့ အတတ်သင်လေ၊
     လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစွာသင်ကြား နားလည်စေ၊
     မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတတ်ပါစေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၎။ ပြုစုရေး မင်္ဂလာ ၃ ပါး
     မြင်းမိုရ်ရွှေတောင် မိဘကြွေးကို၊ ကောင်းစွာဆပ်ပေး ၀တ်ကျေကျေ၊
     ကြွေးသစ်ချကာ သားနှင့်မယား၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ၊
     အလုပ်တာဝန် မလစ်ဟင်းနှင့်၊ အပြစ်ကင်းအောင် လုပ်ပါလေ၊
     စည်းစိမ်ကိုပေး ပြုစုရေး၊ မျှော်တွေး သုံးချက်ပေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၅။ လိုက်နာကျင့်သုံးရေး မင်္ဂလာ ၄ ပါး
     သုံးတန်စေတနာ ဖြူစင်လန်းလို့၊ ပေးကမ်းဝေမျှ လှုနိုင်စေ၊
     ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကြင့်ပါလေ၊
     ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနဲ့ ချီးမြှောက်လေ၊
     သန့်စင်ပြစ်မျိုး လူထုကျိုး၊ သည်ပိုးဆောင်ရွက်စေ၊   
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၆။ ရှောင်ကြဉ်ရေး မင်္ဂလာ ၄ ပါး
     မကောင်းမှုတွေ ဟူသမျှကို၊ မတွေ့ခင်က ရှောင်ကြဉ်လေ၊
     တွေ့ကြုံလာရင် မလွန်ကြူးနဲ့၊ အထူးသဖြင့် စောင့်စည်းနေ၊
     အရက်သေစာ မသောက်စားနဲ့၊ မှောက်မှားတတ်တဲ့ အရာပေ၊
     လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၇။ စိတ်ထားရေး မင်္ဂလာ ၅ ပါး
     အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ၊
     မာနတံခွန် ဂုဏ်မကြွနဲ့၊ ကိုယ့်ကိုယ်နှိမ်ချ အမြဲနေ၊
     လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ၊
     ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး၊ အထူးသိတတ်စေ၊
     ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၈။ သည်းခံရေး မင်္ဂလာ ၄ ပါး
     ကျိုးကြောင်း ပြညွှန် ဆုံးမစကားကို၊ ပြောကြားလာက နာလွယ်စေ၊
     သူမြတ်ပုဂ္ဂိလ် ဟူသမျှ၊ မကြာခဏ တွေ့ဆုံလေ၊
     သဘာဝတွေး မှန်ကန်ရေး၊ ဆွေးနွေး မပြတ်ပေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၉။ ခြိုးခြံရေး မင်္ဂလာ ၄ ပါး
     လောကီအာရုံ ဇိမ်ယစ်မူးလို့၊ အပျော်မကြူးနဲ့ ခြိုးခြံလေ၊
     မေတ္တာ ဗြဟ္မစိုရ် လက်ကိုင်သုံးလို့၊ သူမြတ်ကြင့်ထုံး ယွင်းမသွေ၊
     လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို့၊ အမှန်သိအောင် ကျိုးစားလေ၊
     ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၁၀။ စိတ်ဓာတ်ခိုင်ခံ့ရေး မင်္ဂလာ ၄ ပါး
     ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကျ လူတိုင်းပေ၊
     ကောင်းဆိုးနှစ်တန် အစုံတွဲလို့၊ တစ်လှဲ့စီလှည့် အမြဲနေ၊
     လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ့ စိတ်ခိုင်စေ၊
     သောကကိုထိန်း ရမ္မက်သိမ်း၊ အေးငြိမ်း ချမ်းသာနေ၊
     အဲဒါမှ ..... ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
     သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကုံးကို၊ လိုက်နာကြင့်သုံးပန်သူတွေ၊
     စီးပွားချမ်းသာ ကျက်သရေတိုးလို့၊ ကောင်းကျိုးစည်ပွင့် တဝေေ၀၊
     ဘေးကင်းရန်ကွာ ချစ်သူပေါလို့၊ စိတ်ရော ကိုယ်ရော ချမ်းသာမလေ၊
     ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည် ကိန်းသေ၊
     အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ ပန်းခိုင်တွေ။
Saturday, 23 August 2014
လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၅)
လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၄)
လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၃)
လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၂)
လူငယ်တို့၏ အနာဂါတ် - ဆရာညီမင်းညို အပိုင်း (၁)
ဆရာအော်ပီကျယ် - အမှန်တကယ်ကာတွန်းဆရာ အပိုင်း-၁
ဆရာအော်ပီကျယ် - အမှန်တကယ်ကာတွန်းဆရာ အပိုင်း-၂
စာပေဟောပြောပွဲ - ဆရာအော်ပီကျယ်
စင်ကာပူတွင် ဟောပြောထားသော ဆရာအော်ပီကျယ်
http://youtu.be/3aVeZG6JogA?list=UUan7rRr1fqSSABm8soNPJRw
https://www.youtube.com/watch?v=3aVeZG6JogA&list=UUan7rRr1fqSSABm8soNPJRw
ကြာဖူးနားဝ ထူးအိမ်သင်
ကြားဖူးနားဝ ထူးအိမ်သင်
၁၉၈၇မှာ ထူးအိမ်သင်က ..မင်းအတွေးများအားနည်းလား သွေးသစ်လှဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ် လူသားတစ်ယောက်တစ်ယောက်အဖြစ်နဲ့ ညီလေးရေ..လမ်းရွေးပြီးရင်သွားပါ အချိန်မရှိပါ တို့နောက်မှာ သေခြင်းတရား လို့ ဆိုခဲ့တယ်။ အဲဒီညီလေးဟာမြန်မာနိုင်ငံအနှံ့အပြားက ညီလေးတွေအားလုံးဖြစ်နိုင်တယ်ဆိုတာ အခုညီလေးတွေလည်းသိစေချင်ပါတယ်။
၈၈အပြီးမှာတော့ လူငယ်တွေရဲ့စိတ္တဇကို ထင်ဟပ်တဲ့ သက်ငြိမ်ထွက်ခဲ့တယ်။ ကိုယ့်ရဲ့အခန်းငယ်လေးထဲမှာနေ့တိုင်း အားငယ်ထိတ်လန့်စွာ ပုန်းအောင်နေ တစ်ယောက်တည်း အလင်းရောင်များ ပျောက်ဆုံးအထီးကျန်ကမ္ဘာလေးပဲ တလောကလုံး ရွံမုန်းစိတ်နာနေဆဲ ..ကိုယ့်ရင်ထဲမှာလည်းမှောင်မဲပေကျံကာ ပူလောင်နေဆဲ…နေရောင်တချို့က အခန်းငယ်ထဲ ဟိုဒီယိမ်းထိုးကခုန်နေဆဲ ။
ကိုယ်အားလုံးနဲ့တိုက်ခိုက်က ချစ်ခဲ့ရ နောက်ဆုံးတော့အသည်းကွဲဖို့လားတဲ့ ဒါက..သူရခဲ့ဖူးတဲ့ချစ်သူလက်ဆောင်ဖြစ်မလားပဲ။ ယောက်ျားတို့မာန မိန်းကလေးတို့သဘာဝလုပ်နေရင်းနဲ့ပဲအခါလွန်မိုးအောက်မှာ အခုတော့ဝေးခဲ့ပြီလေလို့ ဆိုပြန်တယ်။ အဲဒီကစလို့ သူ့ရှေ့က နောင်တော်တွေရဲ့ကက်ဆက်ခွေတွေ ခနခေါက်ထားပြီး ထူးအိမ်သင်ရဲ့ကက်ဆက်ခွေတွေကတော့ လူငယ်တွေရဲ့ကက်ဆက်အံထဲမပြတ်လည်ပတ်နေတော့တယ်။
မဆလခေတ်ငွေ့အသက်လက်ကျန်နဲ့ စစ်အစိုးရအာဏာရှင်စနစ် တဖြည်းဖြည်းအကောင်ထည် ပေါ်လာချိန်တွေမှာဖြတ်သန်းခဲ့ရတဲ့ အနုပညာသမားတွေရဲ့ အသည်းကွဲမှုမျိုး ထူးအိမ်သင်မှာလည်းပျစ်ခဲနေအောင်တွေ့ရတာပါပဲ။ နာရီပေါ်ကမျက်ရည်စက်များနဲ့ စိမ်းရက်လေအား သီချင်းတွေဟာ ကြောက်စရာကောင်းလောက်အောင်ချစ်သောသူနဲ့ကွေကွင်းရခြင်းတွေပဲ။ အဲဒီခေတ်က မိန်းကလေးတွေဟာရုတ်တရက်ကျောခိုင်းသွား၊ ပျောက်ဆုံးသွား၊ ပြောင်းလဲသွားတတ်ပုံရတယ်။
နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာ သူပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲကိုယ်မသိတော့ပါဂျပ်ဆင်ထိပ်က လရိပ်ပြာရယ်ဆိုတဲ့ သံစဉ်နဲ့စာသားဟာ အဆောင်ရှေ့မှာ ကြွေပြရုံအချစ်သီချင်းတစ်ပုဒ်ထက်အများကြီးပိုတယ်။ ကျောင်းတက်လိုက် တစ်နှစ်ပြီးတော့ကိုယ့်ရပ်ကိုယ်ရွာပြန်သွားလိုက်နဲ့ ကျောင်းသားစုံတွဲတစ်တွဲဟာ တစ်ခုသောစာသင်နှစ်မှာတော့ ကွဲကွာသွားကြတယ်။ ကွဲကွာရတဲ့အထိ အထူးအဆန်းမဟုတ်သေးဘူး။ဘာကြောင့်လဲ ကိုယ်မသိတော့ပါ..ဆိုတာပါလာတော့ ချစ်သူကိုတမ်းတမှုအပြင်သိခွင့်မရတဲ့အခြေအနေတွေ နှုတ်ဆက်ခွင့် မျှော်လင့်ခွင့်တောင်မရဘဲကွဲကွာသွားရတဲ့အခြေအနေမျိုးဖြစ်လာတယ်။ အဲဒီခေတ်ကတက္ကသိုလ်ကျောင်းသူကျောင်းသားတွေရဲ့ဘ၀ဟာ လမ်းစပျောက်နေတာ ပျက်စီးပျောက်ဆုံးသွားဖို့အကြောင်းတွေအများကြီးရှိနေတာဟာ မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲလိပ်ပြာငယ်လေးဝဲနေသလိုပါပဲ။
၁၉၉၁ဟာ ထူးအိမ်သင်ရဲ့ သီချင်းတွေ နေရာတိုင်းမှာကြားရနိုင်တဲ့ နှစ်ပဲ။အတ္တပုံဆောင်ခဲများ၊ အကြင်နာအိပ်မက်(အောင်ရင်နဲ့တွဲလျက်) နဲ့ အရင်အတိုင်းအခွေသုံးခွေ တစ်နှစ်တည်းမှာ ထွက်ခဲ့တယ်။ အတ္တပုံဆောင်ခဲများစီးရီးတစ်ခုလုံးဟာထူးအိမ်သင်တစ်ယောက်တည်းရေးဖွဲ့ထားတာဖြစ်ပြီး တစ်ပုဒ်မကျန်သပ်ရပ်ကောင်းမွန်လှတယ်လို့ဆိုနိုင်တယ်။ထူးအိမ်သင်ရဲ့အကောင်းဆုံးလက်ရာလို့ ကျွန်တော်ထင်တာပဲ။
Jazz စတိုင်တီးခပ်မှုနဲ့ကာလာထည့်ထားတဲ့ မြို့ပြညများသီချင်းထဲမှာ.. ညငှက်များကတေးဆိုပျံဝဲ ၀ိုးတ၀ါးအလင်းရောင်ရှာရင်းနဲ့ ..အဆက်စပ်မဲ့တဲ့ဘ၀တွေနေမြဲ … မငြိမ်းသောမီးတွေရင်ထဲစွဲ..ဆိုတဲ့စာသားမျိုးကိုတွေ့ရတာဟာ ထူးအိမ်သင်ကို ယနေ့တိုင် အံ့သြလေးစားရတဲ့ အချက်တွေပဲ။ မြို့ပြညများထဲကဘ၀တွေဟာ သူနဲ့ အဆက်စပ်မဲ့လျက်ရှိနေတယ်၊ ဘ၀တစ်ခုနဲ့တစ်ခုဟာလည်း နေ့တိုင်းညတိုင်း အဆက်စပ်မဲ့နေမြဲပဲ။တိတ်ဆိတ်ညနက်ထဲမှာတစ်ယောက်တည်းဖြစ်နေတဲ့ သူ့အဖြစ်ကို ဘယ်သူမှလည်း သိပုံမရ၊ ဘယ်သူနဲ့မှလည်းပတ်သက်ဆက်စပ်မှုမရှိ၊ သူ့ရဲ့ အထီးတည်းဖြစ်မှုဟာ ပိုပိုထင်ရှားလာပြီးမြို့ပြညရဲ့လူတွေအဆောက်အဦးတွေများစွာကြားမှာ လွှင့်ပါနေတော့တဲ့အထိပဲ။
ဧရာဝတီမြစ်နဲ့ပတ်သက်ပြီးရေးကြဆိုကြတဲ့အခါ အတ္တပုံဆောင်ခဲများစီးရီးထဲကတစ်ပုဒ်ဖြစ်တဲ့ ရာဇ၀င်များရဲ့သတို့သမီးထက် ပိုကောင်းအောင်ဖန်တီးဖို့ မလွယ်တော့ဘူး။လေးဖြူ ဖူကူအိုကာရှိုးမှာ ကိုယ်ပိုင်သံစဉ်ပဲဆိုရမယ်ဆိုလို့ ထူးအိမ်သင်ဆီကသတို့သမီးကို ခဏငှားခဲ့ရသေးတယ်။ အဲဒီပွဲက ICရဲ့ ရော့ခ်ဗားရှင်းကို ထူးအိမ်သင်နှစ်ခြိုက်မှာအသေချာပဲ။ လေးဖြူရဲ့သားကောင်ထဲက လွမ်းသူ့အိပ်မက်လည်း ထို့အတူပဲ။ထူးအိမ်သင်ရဲ့စာသားကို ပိုပြီးအသက်ဝင်လှပစေခဲ့တယ်။ ၉၆မတိုင်ခင်ကထူးအိမ်သင်ထွက်ခဲ့သမျှအခွေတွေမှာ Iron Cross နဲ့ တီးခဲ့တာများ မဟုတ်လို့လား။
အရင်အတိုင်းကတော့ တစ်ခွေလုံး တေးရေးဝင်းမင်းထွေးရဲ့လက်ရာ။  တမ်းတခဲ့တဲ့ဘ၀ရဲ့ပန်းတိုင်ဘာတွေလဲမင်းသိခဲ့တဲ့ဘ၀ရဲ့အဓိပ္ပါယ်ဘာတွေလဲ မင်းသိမှာပါ ငါလေတစ်ယောက်တည်းအထီးကျန်။ စာပေနယ်ပယ်မှာမော်ဒန်ပို့စ်မော်ဒန်အယူအဆတွေမကျယ်ပြန့်သေးခင်မှာပဲမြို့ပြရဲ့မော်ဒန်လူသားလက္ခဏာတွေကို ထူးအိမ်သင်သီချင်းတွေမှာ (ပီပီသသ)ကြားခဲ့ရတာအံ့သြစရာပဲ။ လမ်းဘေးကဖေးလေးမှာ တစ်ယောက်တည်းအကြာကြီး ထိုင်ပြီး တွေဝေငေးမောနေရတဲ့ဘ၀တွေဟာ မြို့ပြရဲ့နေရာအနှံ့အပြားမှာ တွေ့လာရပြီ။ လူဦးရေထူထပ်လာတဲ့ မြို့တွေပေါ်မှာအထီးကျန်နေတဲ့ လူငယ်တွေတစ်ယောက်ပြီးတစ်ယောက်။ စွဲလန်းမှုအတွက် တစ်ခါထပ်မှားအဆိပ်မှန်းသိလျက် ငါသောက်တယ်..သံသယာအဓွန့်ရှည်လေပြီ။ ၀င်းမင်းထွေးကရေးတယ်..ထူးအိမ်သင်ကဆိုတယ်..ဒါ ငါမဟုတ်ဘူး ဒါ ငါ့အရိပ်တွေ..တဲ့။ အဲဒီအိပ်မက်သီချင်းကို မြေပဲယိုအဖွဲ့နဲအတူ မင်းမော်ကွန်းကလည်းအော်လ်တာရော့ခ်စတိုင်နဲ့ပြန်အော်ခဲ့သေးတယ်..ဒါ ဟာ ငါမဟုတ်ဘူးတဲ့။အရင်အတိုင်းစီးရီးထဲမှာ ကျွန်တော်ရဲ့အကြိုက်ဆုံးထူးအိမ်သင်သီချင်း နှစ်ပုဒ်ပါတယ်။ ဒုက္ခမြစ်များနဲ့ဗင်းဆင့်ဗန်ဂိုးတမ်းချမ်းလို သီချင်းမျိုးဟာ အဲဒီလိုကော်ပီသီချင်းမျိုးကို သူတို့ မရေးဖြစ်မဆိုဖြစ်ခဲ့မှာတောင်ကျွန်တော်တွေးပူရတဲ့အထိပဲ။ အဲဒီကော်ပီသံစဉ်နှစ်ပုဒ်ကို စာသားဖလှယ်ခဲ့တဲ့ ၀င်းမင်းထွေးရဲ့ကျစ်လျစ်လှပတဲ့မော်ဒန်ကဗျာဆန်ဆန်စာသားအကြောင်းအရာကိုအသံထွက်သီဆိုဖို့ ထူးအိမ်သင်ရဲ့ Moodနဲ့အဆိုပညာကလွဲရင်နောက်တစ်ယောက်အစားထိုးမရနိုင်လောက်ဘူးလို့ ကျွန်တော်ထင်တယ်။
ဘ၀မှာအကြိမ်ကြိမ်အခါခါရှုံးလည်း မာနက အကြီးသား၊ ကိုယ်ယုံကြည်ရာကိုဈေးကွက်တင်ရောင်းဖို့ခက်နေလို့တဲ့ ပိုက်ဆံတစ်ပြားမှ မရှိလည်းဂုဏ်သိက္ခာရှိချင်သေးသတဲ့ ..အမေ့ရဲ့ဒုက္ခအိုးလေးဟာ ၈၀ ၉၀ခုနှစ်တွေကလေးနက်တဲ့အနုပညာသမားတွေရဲ့ မိသားစုဘ၀များလား။ ခေတ်ကာလဈေးကွက်မှာက သူ မယုံကြည်တဲ့အယူအဆတွေ အနုပညာတွေများနေပုံပဲ။
ငါဟာ အတ္တမဲ့ အလင်းတစ်ခုဖြစ်ချင်တယ် ပိုင်ဆိုင်တာတွေစွန့်ပစ်ခဲ့ရေလိုစီးဆင်းသွားချင်လည်း..တဲ့။ အစိမ်းရောင်တံခါးများရဲ့အတွင်းဖက်မှာလူးလိမ့်နေတဲ့ သူ့နှလုံးသားကို တွေ့ရ။
စကားလုံးမရှိတဲ့ကောင်းကင်အခွေထွက်လာတော့ ကျွန်တော်ခြောက်တန်းဖြေပြီးတဲ့အချိန်။တစ်နှစ်ပတ်လုံးလုံး အငဲရဲ့ပထမဆုံးစီးရီး ၀ိဥာဉ်များနဲ့ကခုန်ခြင်းဖွင့်လိုက်ထူးအိမ်သင်ရဲ့ စကားလုံးမရှိတဲ့ကောင်းကင်ဖွင့်လိုက်ပဲ။ ထုံးစံအတိုင်းအဲဒီစီးရီးမှာလည်း (တစ်ခွေလုံး မြင့်မိုးအောင်ရေးပြီး)သီချင်းအမျိုးအစား အစုံအလင်ပါခဲ့ပြန်တယ်။ဒါပေမဲ့ ဘယ်ကော်ပီသီချင်းဖြစ်ဖြစ် ဘယ်အမျိုးအစားဖြစ်ဖြစ်ထူးအိမ်သင်သီချင်းဖြစ်သွားရတဲ့အထိပဲ။ လမ်းဘေးအုတ်ခုံတွေမှာ လူငယ်ဂစ်တာဝိုင်းတွေကအလွမ်းရဲ့မီးလျှံများကို သီဆိုတီးခပ်နေကြသလို လူလတ်ပိုင်းတွေကလည်းကောင်းကင်ထဲကမြစ်တစ်စင်းကို အကြိမ်ကြိမ်ဖွင့်နားထောင်လို့။ အဲဒီတုန်းက ကျွန်တော်ကလေးဖြူကို ရူးသွပ်နေချိန်မို့ သူတို့နှစ်ယောက်တွဲဆိုထားတဲ့ရင်ထဲကမိုးစက်များဆိုတဲ့တစ်ပုဒ်ကို အမြဲတမ်းအော်ဆိုတယ်။ အသည်းကွဲခဲ့တဲ့ကမ္ဘာနဲ့သန်းခေါင်ယံညအဆွေးများဆိုတဲ့ နှစ်ပုဒ်ကိုတော့ နောက်ထပ် ဆယ်နှစ်ကျော်လောက်ကြာမှပြန်နားထောင်ပြီး ကြိုက်ရအသည်းကွဲရပြန်တယ်။ ဒီမှာ နတ်ဘုရားများကဘယ်ကိုထွက်ပြေးသွားလဲ ဒီမှာဆုတောင်းခြင်းများစွာလဲ မပြည့်ဝခဲ့..
ထူးအိမ်သင်ရဲ့ ၉၆ Unplugged ပွဲမှာ စင်အောက်ကနေ လေးဖြူ လေးဖြူနဲ့အော်နေကြတော့လေးဖြူက စင်ဘေးကနေ ထူးအိမ်သင်အတွက် အတော်လေးအားနာနေသတဲ့၊ အဲဒါကို ထူးအိမ်သင်ကအင်တာဗျူးမှာ ဘယ်လိုပြောလဲဆိုတော့ ကိုလေး အားနာနေတာကို သူကအားနာရပါသတဲ့။အဲဒီပွဲမှာ အမေ့အိမ်ကို လေးဖြူနဲ့ထူးအိမ်သင် တွဲဆိုခဲ့ပါတယ်။ကျွန်တော်အဲဒီသီချင်းနားထောင်ဖူးပြီး ဆယ်နှစ်လောက်ကြာတော့မှ အရင်ကမကြားခဲ့ရတဲ့အသံတွေ ထပ်ကြားရတယ်။ လွတ်လပ်မှုရှာရင်း ကျဉ်းကျပ်မှုထဲကျကုန်တဲ့လူငယ်တွေရဲ့ Homesick ပူဆွေးတမ်းတမှုအသံပေါ့လေ။ အဲဒီကာလကကျောင်းသားအားကစားပွဲတော်ပြီးလို့ အနယ်နယ်အရပ်ရပ်က လူငယ်တွေ အိမ်ပြန်ကြတဲ့အခါရထားပေါ်မှာရော ကားပေါ်မှာရော သင်္ဘောတွေပေါ်မှာရော အမေ့အိမ်သီချင်းကို ဆိုကြတီးကြဖွင့်ကြနဲ့ အတွေးကိုယ်စီနဲ့ ငြိမ်သက်ပြီးလိုက်ပါလာတတ်တဲ့အကြောင်းကျောင်းသားပွဲတွေလျှောက်လိုက်ဖူးတဲ့ အဖေက ပြောပြဖူးပါတယ်။
၉၀ခုနှစ်ရဲ့ထူးခြားတဲ့ အသံပိုင်ရှင်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ မျိုးကျော့မြိုင်၊ဘိုဘို၊ စည်သူလွင် တို့ ယိုးဒယားစတူဒီယိုမှာ တီးကြဆိုကြတဲ့ Big V စီးရီးထဲက “အပြန်”ဆိုတဲ့တစ်ပုဒ်ကိုတော့ ထူးအိမ်သင်တွေထဲက ကျွန်တော်အကြိုက်ဆုံးတွေထဲမှာ ပါတယ်။ ငါဘာတွေသေချာခဲ့သလဲမသိချင်တော့ပြေလည်အောင်ရင်မှာ အလျော်အစားမရနိုင်တော့ ခွင့်လွတ်ရင်းနဲ့ငါပြန်လာခဲ့ရပြီ…တဲ့။ချစ်သူဆီအပြန် မိသားစုထံအပြန် ထောင်ကအပြန် နိုင်ငံခြားကအပြန် တစ်စုံတစ်ခုဆီကနေထွက်ပြေးပြီးမှ ပြန်လာချင်ခဲ့ရပြန်တဲ့ အပြန်၊ တစ်စုံတစ်ရာရှာဖွေမှုခရီးလမ်းက အပြန်၊နားလည်သဘောပေါက်မှုတွေနဲ့ နောင်တတပွေ့တပိုက်နဲ့ သူ့ရဲ့အပြန်ဟာလူသားအားလုံးရဲ့အပြန်ပဲ။
ကျွန်တော်ရန်ကုန်မှာ ကိုးတန်းကျူရှင်တက်ရင်း စောဘွဲ့မှူးအမှတ်တရအခွေကို စီအမ်ပီမှာသွားဝယ်ခဲ့တယ်။ ကျွန်တော်က Iron Maiden တီရှပ်အနက်နဲ့ဆံပင်အလယ်ခွဲနီကြောင်ကြောင်နဲ့ တစ်ခေတ်ပြန်ထလာတဲ့ ခေါင်းလောင်းဘောင်းဘီနဲ့ကျောပိုးအိပ်နဲ့။ အခွေထွက်မယ့်ရက်မှာ ကျွန်တော်က စီအမ်ပီဆိုင်ရှေ့မှာမနက်အစောကြီးကတည်းက သွားထိုင်နေခဲ့တာ။ စီအမ်ပီဆိုင်က လူကြီးကပြောတယ်၊တစ်နိုင်ငံလုံးမှာ မင်းပထမဆုံးပဲ ညီလေးတဲ့။ အဲဒီ စောဘွဲ့မှူးအမှတ်တရထဲမှာပါတဲ့ထူးအိမ်သင်ရဲ့ ပဲ့ကိုင်သီချင်းကို အဲဒီကတည်းကကြိုက်ခဲ့တာ ဒီနေ့အထိပဲ။ အရင်ဖိုးချိုက ဆိုခဲ့တယ်။ စောဘွဲ့မှူးရဲ့သံစဉ်စာသားရယ် ထူးအိမ်သင်နဲ့ICဗားရှင်းရယ်ပေါင်းလိုက်တော့ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်သံစဉ်တစ်ပုဒ်ဖြစ်ခဲ့တယ်။
၉၆မှာထွက်ခဲ့တဲ့ မြို့ပြလရောင်တမ်းချင်းဟာ မြန်မာပြည်မှာ ပထမဆုံးကွန်ပြူတာနဲ့တီးခပ်တဲ့စီးရီးဖြစ်မလားပဲ။ လူငယ်ခြေတက်တွေဖြစ်တဲ့မောင်မောင်ဇော်လတ်တို့ အယ်လ်ဖြူတို့နဲ့တွဲမိခဲ့ပြန်တယ်။ ခြောက်ပုဒ်ပဲပါတဲ့ဒီအခွေကိုတော့ ကျွန်တော်အရင်ခွေတွေလောက် မစွဲလန်းမိ၊ အဲဒီသီချင်းတွေနဲ့စာရင် TheAnts ရဲ့ရောင်စုံချောကလက်ထဲက နောက်ဆုံးပုဒ်ဖြစ်တဲ့ ထူးအိမ်သင်ရဲ့သီချင်း(နာမည်မေ့နေ)ကိုတောင်ပိုကြိုက်မိသေး။
အဲဒီနောက်ပိုင်းထွက်တဲ့ အခွေတွေတော့ ကျွန်တော်တစ်ခွေကို တစ်ကြိမ်ထက်အပြင်ပိုနားမထောင်မိတော့။ ၂၀၀၀ခုနှစ်အလွန် ကမ္ဘာမှာ မော်ဒန်ရော့ခ်နဲ့ နျူမယ်လ်တယ်တွေဟာကျွန်တော်တို့ရဲ့ တအုံတနွေးနွေးဝေဒနာတွေကို ဖေါက်ခွဲဖို့ ပေါ်ပေါက်လာခဲ့ပြီ။ဟစ်ဟော့ပ်တွေ မျိုးဆက်တစ်ခုပေါ်လာလိုက် အတုအယောင်တွေပေါ်လာလိုက်တော်လှန်ဖို့မျိုးဆက်တစ်ခုထပ်ထွက်လာလိုက်နဲ့ ကျွန်တော့်ရင်ခုန်သံဟာလည်း သူတို့ကာရန်အတိုင်းလိုက်ပါသွားတော့တယ်။ မောင်မောင်ဇော်လတ်နဲ့တွဲရေးတဲ့မဟာဝီရကိုနားထောင်ရတော့ ပေါ်ပင်ဂီတရေစီးထဲက ရုန်းထွက်ဖို့ကြိုးစားနေတဲ့ထူးအိမ်သင်ကိုပြန်တွေ့ရပြန်တယ်။ လမ်းဘေးဒီဗွီဒီဆိုင်က ထွက်သမျှခိုးကူးခွေဗီစီဒီတွေဝယ်နားထောင်၊ အခန်းထဲမှာ အထပ်လိုက်ပစ်ချထားတဲ့ ပျောက်လွယ်ပျက်လွယ်တဲ့စီဒီတွေလို လူငယ်မျိုးဆက်တစ်ခုဟာထူးအိမ်သင်ရဲ့ ပုလွေသံတွေ ဘာဂျာသံတွေ ဗုံတိုသံတွေထက် အပေါစားကွန်ပြူတာဆော့ဖ်ဝဲတစ်ခုကထွက်လာတဲ့ သံစဉ်တွေနဲ့ စည်းဝါးကိုက်နေခဲ့ပြီ။ ၁၂ပုဒ်လောက်သာပါတဲ့ ကက်ဆက်ခွေကလေးကိုအေပြန်ဘီပြန်နားထောင်ရာကနေ ရာနဲ့ချီတဲ့သီချင်းတွေဟာမောက်စ်တစ်ချက်ဖိဆွဲရုံနဲ့ပွင့်ခဲ့သလောက်ခလုတ်တစ်ချက်နဲ့လည်းပျက်သွားနိုင်တဲ့ခေတ်ကို ရောက်ခဲ့ပြီ။အဲဒီကာလပေါ်သီချင်းပေါင်းမြောက်များစွာထဲ ၂၀၀၀ခုနှစ်နောက်ပိုင်းထွက်တဲ့ထူးအိမ်သင်သီချင်းတွေရောနှောပါဝင်နေခဲ့သလို အထက်မှာကျွန်တော်အမှတ်ရခဲ့တဲ့ထူးအိမ်သင်သီချင်းတွေကတော့ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ရာထောင်ချီသီချင်းတွေထဲကနေ ဇကာတင်ကျန်ခဲ့ပြီး ထူးအိမ်သင်ဖိုဒါတစ်ခုအဖြစ် တည်ဆောက်နိုင်ခဲ့ပြန်တယ်။Rap ရွတ်ဆိုမှုတချို့ကောက်ထည့်ပြီး ဂျီလတ်နဲ့ အတူသီဆိုခဲ့တဲ့ ငါတရားစီရင်တော်မူခန်းလိုထူးအိမ်သင်ရဲ့ပထမဆုံးနဲ့နောက်ဆုံး Modern rock သီချင်းမျိုးကတော့ ၂၀၀၀ကနေ ၂၀၁၀ကြားမြန်မာသီချင်းတွေအားလုံးကြားမှာ ကျွန်တော်အလွယ်တကူရှာတွေ့နိုင်တဲ့သီချင်းမျိုးပေါ့။
မောင်ယုပိုင်
၂၀၁၄ သြဂုတ် ၂၂
(ကိုထူးအိမ်သင် ဆယ်နှစ်ပြည့်အတွက် တစ်ခုခု ရေးမလို့ပဲ၊ နောက်တော့ သူတို့နဲ့ပခုံးဖက်ပေါင်းလာသလိုလိုသူတို့ဘကြီးလိုလို သူငှက်ငါငှက် ၀ိုင်းငှက်နေကြတာနဲ့ ခါတော်မီဖြစ်မှာစိုးလို့မရေးချင်တော့ပြန်၊ အခုတခါ ဘယ်သူဖတ်ဖတ်မဖတ်ဖတ် ငါ့ဘာသာ အမှတ်ရဂုဏ်ပြုကြည့်အုံးမှဆိုပြီးပြန်ရေးမိ)
05/10/2014 ရက်နေ့တွင် ဒုတိယအကြိမ် မြို့သာအထက်တန်းကျောင်း ဆရာပူဇော်ပွဲကျင်းပခြင်း
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြတ်ဆရာပူဇော်ပွဲအား
မြို့သာအထက (တွဲ)မှ အထက အဆင့်ထိ ပညာရည်နို့တိုက်ကျွေးခဲ့ကြသော အသက်60 ပြည့်နှင့်ပင်စင်စား ဆရာကြီးဆရာမကြီးများကို
၅ရက် ၊ ၁၀ လ၊ ၂၀၁၄ခုနှစ် (ကမ္ဘာ့ဆရာများနေ့)တွင်မြတ်ဆရာကန်ပူဇော်ကန်တော့ပွဲကို
အခြေခံပညာအထက်တန်းကျောင်း မြို့သာမြို့တွင် ဒုတိယအကြိမ် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်ကျောင်းသားကေ...ျာင်းသူဟောင်းများကိုယ်တိုင် တက်ရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်
မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ
ဆက်သွယ်ရန်
ဦးကျင်မောင် 096812442
ဒေါ်စက်ဌေး 096819779
ဒေါ်စန်းစန်းဝေ 096801636
ကိုဇီဝ Bio Ziwa 09448048144
မြို့သာကျောင်း facebook Group Link : https://www.facebook.com/groups/myothabehs/
မြို့သာကျောင်း facebook Page Link   :  https://www.facebook.com/BehsMyoTha                     
အလှူရှင်များစာရင်း
ဒေါက်တာမောင်မောင်သိန်း ၅ သိန်းကျပ်
ကိုအောင်နိုင်ဦ ၁၁သိန်းကျပ်
ဒေါက်တာမောင်မောင်ငြီမ်း ၂သိန်းကျပ်
ကိုမင်းသိန်းထွန်း ၂သိန်းကျပ်
ကိုသက်နိုင်ထွန်း ၂သိန်းကျပ်
ကိုနိုင်ဝင်းအောင် ၂သိန်းကျပ်
မစန်းစန်းဝေ(ညီအမများ) ၂သိန်းကျပ်
မနီနီအောင် ၁သိန်းကျပ်
ကိုသီန်းတန် ၁သိန်းကျပ်
ခင်သန်းအေး ၅သောင်းကျပ်
ကိုမောင်ကြီး ၅သောင်းကျပ်
ကိုဝင်းမောင် (သန်းပင်လှ ၃သောင်း ကျပ်
ဦးမိုး(သား)ကိုဇော်လွင် ၅သောင်းကျပ်
ဒေါ်ခင်သန်းဦးနှင့်ညီအမများ၆သာင်းကျပ်
ကိုသိန်းနိုင် မစန်းစန်းအေး ၂သောင်းကျပ်
ကိုအောင်ဇော်မင်း(ခ) ကိုဖီ + မအေးငြိမ်းမြတ် ၁ သိန်းကျပ်
ကိုသိန်းလွင်(ရွာသစ်) ၁သိန်းကျပ်
ကိုကျော်ခင်ဦး မညွန့်ညွန့်ဌေး ၅သောင်းကျပ်
ကိုဇီဝ မမေသူ ၁ သိန်း ကျပ်
ကိုမင်းမင်းသိုက် မကြွယ်ကြွယ်အောင် ၁သိန်းကျပ်
ကိုမြင့်ထွန်းဆွေ (ရွာသစ် )၅သောင်းကျပ်
ဦးမြင့်သန်း ဒေါ်မြရီ (ရွာသစ်) ၅သောင်းကျပ်
ဒေါက်တာရင်ရင်အေး ၁ သိန်းကျပ်
ဦးသောင်းအေး(သမီး)အေးသူဇာ ၅သောင်းကျပ်
ကိုခင်မောင်တင့် (ကျောက်ဆည်) ၂၅၀၀၀ ကျပ်
ကိုခင်မောင်မြင့်ရွာသစ်၁သိန်းကျပ်
ကိုတရုတ်ဲကြီးရွာသစ် ၁သိန်းကျပ်
ကိုသိန်းမနီနီဝင်း (နွယ်ရုံ)၁သိန်းကျပ်
ဦးကျင်မောင်ဒေါ်ထွန်း ၁သိန်းကျပ်
ဒေါ်မြင့်မြင့်ဝင်း (ရွှေစံအောင်ဘော်ဒါဆောင်) ၅သောင်းကျပ်
မှတ်ချက် - အဝေးရောက်များအနေဖြင့် ကော်မတီသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ