Thursday, 7 June 2012

အံ့မခန်း ထမ်းဆမ်းလိုဏ်ဂူတော်

နေမင်းသန့်
အတွဲ ၂၈ ၊ အမှတ် ၅၅၃ ( ၂၀ - ၂၆ ၊ ၁ ၊ ၂၀၁၂)

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ထမ်းဆမ်းလိုဏ်ဂူတော်မှ ကျောက်စက်ပန်းဆွဲများကို မြင်ရပုံ။
ဓာတ်ပုံ - တင်အေးငြိမ်း
တောင်ကြီးမြို့ကို အလည်တစ်ခေါက် နှစ်ဆန်းက ရောက်ခဲ့သည်။ အင်းလေး ဖောင်တော်ဦးဘုရားငါးဆူနှင့် အင်းတိမ်ဘုရားကြီးကို ဖူးခဲ့သည်။ ထမ်းဆန်းဂူအကြောင်း ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်းတွင် ဖတ်ဖူးပြီးကတည်းက သွားချင်စိတ် ရှိနေခဲ့သည်။
ကျောက်စက်ပန်းဆွဲများဖြင့် လှသည့်အကြောင်း ဖတ်ထားခဲ့ရသဖြင့် စိတ်ဝင်စားမိသည်။
တောင်ပေါ်သားတည်းခိုခန်းက စီစဉ်ပေးသည့် ပရက်စတို ၄၈/ကားသစ် လေး ဖြင့် တောင်ကြီးမှ နံနက် ၉ နာရီထွက် ခဲ့သည်။
ဟိုပုံး-လွိုင်လင်လမ်းပိုင်းအချို့ ကို ပြင်နေဆဲဖြစ်သော်လည်း လမ်းခရီး ကားလမ်းက ကောင်းပါသည်။
တောင် ကြီးမှ ဟိုပုံးသို့ ၁၂ မိုင်၊ ဟိုပုံးမှ လွိုင်လင် လမ်းအတိုင်း ၁၄ မိုင်ခန့်တွင် ထမ်းဆမ်း ဂူကို ရောက်သည်။ တောင်ကြီးမှ စုစု ပေါင်း ၂၆ မိုင်ဝေးပြီး ကားမောင်းချိန် တစ်နာရီကျော် ကြာသည်။
ကားလမ်း၏လက်ဝဲဘက် ထမ်းဆမ်း ဂူကို ဆင်းသောကားလမ်းက မတ် စောက်လှသည်။ ကားလမ်း၏ အောက် ဘက် ပေ ၁၅၀ ခန့်နက်သည့် ချောက် ထဲတွင် ဂူက တည်ရှိနေသည်။ ဂူအ၀င်ဝ ရောက်သည်နှင့် ကျောက်စက်ပန်းဆွဲများကို စမြင်နေရသည်။


ကျွန်တော့ရင်ထဲရှိ အံ့ဩမှုမှာ အစိုင်အခဲ အဖြစ် ကြီးထွားသွားသည်။ ထမ်းဆမ်းဂူကို ကျွန်တော်က ယခင် ရောက်ဖူးသောဂူများနှင့် အတူတူဖြစ်မည်ဟု နဂိုက ထင်ထားခဲ့သည်။
မေမြို့အရှေ့ဘက်က ပိတ်ချင်းမြှောင် ဂူ၊ ကလောမြို့က ရွှေဥမင်ဘုရားဂူ၊ ပင်းတယဂူ၊ မွန်ပြည်နယ်က ခရုံဂူ၊ ဘုရင်ညီဂူ စသည်ဖြင့် ကျွန်တော်ရောက် ဖူးသလောက်ဂူတွေနှင့် ထမ်းဆမ်းဂူက လားလားမျှ မတူပါ။
ထမ်းဆမ်းဂူသည် သက်ရင့်ထုံး ကျောက်ဂူအတွင်း အလွန်လှပသော ကျောက်စက်ပန်းဆွဲ (Stalactites) များပုံစံအမျိုးမျိုး၊ မြေပေါ်မှ ထိုးထွက်နေသော ကျောက်သားတိုင် (Stalagmites) အမျိုးမျိုးပုံစံတို့ဖြင့် အံ့မခန်းဖွယ်ရာ အဖိုးတန်ဂူတစ်ခု ဖြစ်နေသည်ကို တွေ့ ရသည်။
ကျောက်စက်ပန်းဆွဲများသည် အဖြူရောင်၊ အ၀ါရောင်၊ အညိုရောင် စသည် ဖြင့် အရောင်အမျိုးမျိုး ရှိသကဲ့သို့ သစ်သီးပုံများ၊ လှံ၊ ဓားပုံများ၊ လိုက်ကာကဲ့သို့ အတွန့်အလိပ်များ၊ ထီးဖြူ၊ မီးခိုး ရောင်ပုံသဏ္ဌာန်များစသည်ဖြင့် လှပစွာ ရှိနေသည်။
ကျောက်သားတိုင်များ၏ အရစ်လိုက် ဖွဲ့စည်းဖြစ်ပေါ်နေမှုများ၊ နံရံများ၌ ကျောက်စက်ပန်းဆွဲများ ကျနေပုံများသည် လွန်စွာထူးခြား လှပနေသည်ကို တွေ့ခဲ့ရသည်။
ဂူအမြင့်က အမြင့်ဆုံးနေရာတွင် ပေ ၆၀ ခန့် မြင့်ပြီး အကျယ်ဆုံးနေရာတွင် ပေ ၂၀၀ ခန့် ကျယ်ပါသည်။
ထမ်းဆမ်းဂူကို အဖိုးတန်ဂူဟု ကျွန်တော် ကင်ပွန်းတပ်ရခြင်းမှာ အကြောင်းရှိပါသည်။
၁၉၈၄ ခုနှစ်တွင် ကျွန်တော် အမေရိကန်နိုင်ငံသို့ တာဝန်ဖြင့်သွားရောက်စဉ်က ဗာဂျီးနီးယားပြည်နယ်၊ လူရေး(Luray)မြို့ကလေးရှိ လူရေးဂူ (Luray Caverns) ကို ရောက်ခဲ့ဖူးပါသည်။
ရှန်နန်ဒိုတောင်ကြား (Shenandoah Valley) တွင်တည်ရှိသည့် လူရေးဂူသည် ထမ်းဆမ်းဂူကဲ့သို့ သက်တမ်း ရင့်ထုံးကျောက်ဂူဖြစ်ပြီး သက်တမ်းနှစ် သန်းပေါင်း ၄၀ ခန့် ရှိသည်ဟု သိရပါသည်။
လူရေးဂူကို ၁၈၇၈ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၀၆ ခုနှစ်ခန့်တွင် လာရောက်ကြည့် ရှုသူများကို ဖွင့်ပေး ခဲ့သည်။
၁၉၀၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး Luray Caverns Corporation က ပိုင်ဆိုင်ခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။
၁၉၀၆ ခုနှစ်တွင် တစ်နှစ် ဧည့်သည် ၁၈,၀၀၀ လာရောက်ခဲ့ရာမှ ယနေ့အချိန်တွင် နှစ်စဉ် ဧည့်သည် ၅၀၀,၀၀၀ လာရောက်သော စိတ်ဝင်စားဖွယ်ရာ ဒေသတစ်ခု ဖြစ်လာပါသည်။
၁၉၈၄ ခုနှစ်က လူရေးဂူသို့ ၀င်ကြေး ဆယ်ဒေါ်လာခန့် ဖြစ်မည်ထင်ပါသည်။
ကျွန်တော် အတိအကျ မမှတ်မိတော့ပါ။
သို့သော် ယနေ့ ဂူသို့ဝင်ကြေးမှာ လူကြီးတစ်ယောက်လျှင် အမေရိကန် ဒေါ်လာ ၂၄ ဒေါ်လာ၊ အသက်ခြောက် နှစ်မှ ၁၂ နှစ်ကလေး တစ်ယောက် ၁၂ ဒေါ်လာ၊ အသက် ၆၂ နှစ်အထက် လူကြီးတစ်ယောက် (Senior Citizens) လျှင် ၂၁ ဒေါ်လာ ဖြစ်နေပေပြီ။
အုပ်စုလိုက်ဝင်ကြေး (လူ ၂၀ အထက်) တွင် လူကြီး ၁၅ ဒသမ ၅ ဒေါ်လာ၊ လူငယ်ကလေး ၁၂ နှစ်အောက် ၇ ဒသမ ၅ ဒေါ်လာ အသီးသီး ဖြစ်သည်။
ဧည့်သည်ငါးသိန်း နှစ်စဉ် လာရောက်သည့် လူရေးဂူ၏၀င်ငွေမှာ မသေးလှပေ။
ထို့ပြင် ဂူအတွင်းရှိ ဆုတောင်းပြည့်ရေတွင်း (Wishing Well) သို့ ငွေအကြွေစေ့ပစ်ချခဲ့သည်များကို ၁၉၅၄ ခုနှစ်မှစ၍ ယနေ့ထိ ဆယ်ယူခဲ့ရာ ဒေါ်လာ ခုနစ်သိန်း၊ ငါး သောင်းကျော် ရရှိခဲ့ပြီး ယင်းငွေများကို ပြန်လည်လှူဒါန်းခဲ့သည်ဟု သိရသည်။
လူရေးဂူသည် ကျောက်စက်ပန်းဆွဲများ၊ ကျောက်သားတိုင်များ၊ လိုက်ကာ ပုံသဏ္ဌာန်များ၊ ကြက်ဥကြော်ပုံကျောက်တုံးများ၊ မှန်သားပြင်ကဲ့သို့ တည်ငြိမ်သောရေကန်များ စသည်ဖြင့် လှပသော ဂူဖြစ်ပါသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံး- လွိုင်လင်ကားလမ်းပေါ်မှ ထမ်းဆမ်းဂူသည်လည်း လူရေးဂူကဲ့သို့ပင် လှပသော ကျောက်စက် ပန်းဆွဲများ၊ ကျောက်သားတိုင်များ ဖွဲ့စည်းဖြစ်ပေါ်နေသည့် အဖိုးတန်ဂူတစ်ခု ဖြစ်ပါသည်။
ဆရာတော် ဦးပေါရိဿ (ဟိုပုံးကိုရင်လေး)သည် ၎င်း၏ အိပ်မက်အရ ရှာဖွေ တွေ့ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့မှစ၍ ဖွင့်နိုင်အောင် ကြိုးပမ်း ခဲ့ပါသည်။
ထမ်းဆမ်းဂူသို့ လာရောက်သူမှန်သမျှက ဆရာတော်ထံ အလှူငွေများ ပေးအပ်ကြပါသည်။
ဗုဒ္ဓဘာသာဝင်တို့၏ အလှူဒါနက အင်အားမသေးလှပါ။
ကျပ်သောင်းချီ၊ သိန်းချီ၍ လှူဒါန်းကြပါသည်။ ဆရာတော်၏ လမ်းညွှန်မှုဖြင့် ဂူအတွင်း၌ ဘုရားဆင်းတုတော်အဆူဆူကို နေရာတကျ တည်ထားသည်မှာ လွန်စွာသပ်ရပ်ကြည်ညိုဖွယ်ရာ ဖြစ်ပါသည်။
လောလောဆယ် ၀င်ရောက်လေ့လာနိုင်သည့် ဂူအလျားမှာ ပေ ၃,၀၀၀ ခန့် ဖြစ်သော်လည်း ဆရာတော်၏ မိန့်ကြားချက်အရ နောက်ထပ်အစိတ်အပိုင်းများ ပြင်ဆင်ပြီးပါက ဆက်၍ ဖွင့်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
လူရေးဂူတွင် ၀င်ရောက်လေ့လာနိုင်သော ခရီးစဉ်သည် ၁ ဒသမ ၂၅ မိုင် ဖြစ်သည်။
ထမ်းဆမ်းဂူ၏အရှည်မှာ ဘယ်နှမိုင်ဟု ပြော၍မရနိုင်ဟု သိရသည်။
၂၀၀၉ ခုနှစ်တွင် သူရဇ္ဇမဂ္ဂဇင်းအဖွဲ့ ၀င်ရောက်လေ့လာခဲ့ရာ ဂူကို ပေ ၆,၀၀၀ ခန့်ထိ ရှင်းလင်းပြီးကြောင်းနှင့် ဂူ၏အရှည်အလျား မဆုံးသေးဟုသိရကြောင်း ဆရာ တက္ကသိုလ်တင်ဟန်ကျော်က ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလထုတ် သူရဇ္ဇမဂ္ဂဇင်း အတွဲ ၉၊ အမှတ် ၁၀ တွင် ထမ်းဆမ်းဂူ၏ အံ့ဩဖွယ်ရာအလှအပများကို ပြည့်စုံစွာ ရေးသားထားသည်။
ဗုဒ္ဓဘာသာဝင်တို့ ဂူတွေ့လျှင် ဘုရား ဆင်းတုတော်များ နေရာချကာ ဘာသာရေးခရီး သွားနေရာအဖြစ် ပြင်ဆင် မွမ်းမံကြသည်။
ကျွန်တော်သည် ဗုဒ္ဓ ဘာသာဝင်ဖြစ်သဖြင့် ဂူဘုရားများကို ဖူးရလျှင် စိတ်ကြည်နူးမှု ရှိပါသည်။
သို့သော် ထမ်းဆမ်းဂူသည် သဘာဝ၏ အံ့ဩဖွယ်ရာ ကျောက်စက်ပန်းဆွဲ အမျိုးမျိုးဖြင့် ထူးဆန်းစွာ လှပသောဂူ ဖြစ်သဖြင့် ကျောက်စက်ပန်းဆွဲများ၊ ကျောက်သားတိုင်များ မပျက်စီးစေဘဲ သဘာဝအတိုင်း ရှိနေလျှင် ပို၍အဖိုးတန်မည်ဟု ကျွန်တော် ရိုးသားစွာ ထင်မြင်မိပါသည်။
ထမ်းဆမ်းဂူသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် တည်ရှိသည့် အလျောက် အနီးအနားရှိ ပအို့ဝ်တိုင်း ရင်းသားများက သဒ္ဓါထက်သန်စွာ ဆရာတော်သို့ လှူဒါန်းကြပြီး သာသနာ့ တာဝန်ထမ်းဆောင်နေကြသည်မှာလည်း ၀မ်းသာကြည်နူးစရာပင် ဖြစ်ပါ သည်။
တောင်ကြီးမြို့၏ အရှေ့ဘက်သို့ နိုင်ငံခြားသားများ သွားလာခွင့်မပြုဟု သိရပါသည်။
သို့သော် တောင်ကြီးမှ ၂၆ မိုင်သာ ဝေးသော ထမ်းဆမ်းဂူအထိ နိုင်ငံခြားသားများကို သွားရောက်ခွင့်ပေးပြီး ထမ်းဆမ်းဂူကို ကမ္ဘာက သိစေသင့်သည်ဟု ထင်မြင်မိပါသည်။
ထမ်းဆမ်းဂူသည် အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ ရှန်နန်ဒိုတောင်ကြားရှိ ကမ္ဘာကျော် လူရေးဂူကဲ့သို့ လှပသောဂူဖြစ်သည့် သတင်းကြောင့် အာရှတစ်လွှားမှ ခရီးသွားများ လာရောက်လေ့လာကြမှာ အမှန်ပင်ဖြစ်သည်ဟု ယုံကြည်မိပါသည်။
credit to mmtimes

Wednesday, 6 June 2012

Rural Doctor တောသားဆရာဝန်




စစ်ဗိုလ်ဆရာဝန် မလုပ်ချင်တဲ့သူ ငယ်ငယ်က စစ်ဗိုလ်ဖြစ်ဘို့ သွားဖြေရတာက DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက ရပ်ဆွေ-ရပ်မျိုး တယောက် အောင်ပြီး ပါသွားတယ်။ နောင်တော့ သူဟာ ဝန်ကြီး ဖြစ်လာတယ်။ အရင်နှစ်ကလည်း သူသွားဖြေတာ ကျွန်တော် သိတယ်။ ကိုယ်အလေးချိန် မပြည့်လို့တဲ့ မပါဘူး၊ အတော့်ကို စစ်ထဲဝင်ချင်တဲ့လူ၊ ဒီနှစ်တော့ အလေးချိန်ပြည့်တဲ့နည်း တွေ့သွားလေရဲ့။ သူက ပုလဲနယ် ကျောက်ဖြာကန်ရွာသား၊ ကျွန်တော့် အမေရဲ့ရွာ မင်းတိုင်ပင် နဲ့ ရေကန်တခုဘဲ ခြားတာ။ ကျွန်တော်က မင်းတိုင်ပင်နဲ့ ခြောက်မိုင်၊ သုံးတိုင် ဝေးတဲ့ မင်းရွာ သား။

မင်းရွာက ရွာသေးသေးလေး။ အဲဒီတုံးက အိမ်ခြေ ၈ဝ လောက်ပဲရှိမယ်။ တောင်ယမား လို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်း ကမ်းမှာရှိတယ်။ ချောင်းဘေး၊ မြေနိမ့်လို့ ရွာထဲမှာ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ။ အေးလို့၊ ကြည်လို့။ အိမ်တိုင်းမှာ ခြံရှေ့နား တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ ရေတွင်း နှစ်တွင်းတော့ ရှိကြတာ ချည်းဘဲ။

အဲလို ရေကောင်းလွန်း၊ ရေပေါလွန်းလှတဲ့ မင်းရွာသားတယောက် နောင် အနှစ် အစိတ်လောက် ကြာတော့ "ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့" ဆိုတဲ့အရပ်ကို ၆ နှစ် တာဝန် ကျတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား၊ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင် နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ၊ ခေါင်းလျှော် ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာ အကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော် တောဆရာဝန်၊ ဂျန်ဂယ်လ်-ဒေါက်တာ ဖြစ်စေခဲ့တာ မြို့သာ၊ ကလေးအငယ်ဆုံး နှစ်ယောက် ဖွါးမြင်ခဲ့တာ မြို့သာ။ ရေသာ မကောင်းတာ အမှတ်ရစေဘို့ "ရေစက်" ဖြစ်ပါတယ်။

မင်းရွာက ပုလဲမြို့နယ် တောင်ဘက် အစွန်ဆုံးရွာ။ သူ့တောင်ဘက်က ကျောက်တော်ရွာက မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့ နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေး ပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်း လုပ်နေရင် ပုလိပ် မျက်စိလည်တယ်မို့လား။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရ ပုန်းရတဲ့ လူအဖို့တော့ နဲနဲချောင်တယ်။

ပုန်းရ-ပြေးရတာ ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တယ်။ အဲဒါ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် ၁ဝ နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များ သမဂ္ဂအစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန်မြို့တော်ကို သွားပြီး ဗမာပြည်က အမတ်တွေ ခံနေကြရတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အစစ်ခံထွက်ဆိုရတုံးက ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှု မဖြစ်သင့် "Being elected should not be a Crime" ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး (လော်ဘီ) လုပ်ခဲ့ရတယ်။

အမေ့ရွာ မင်းတိုင်ပင် ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အမေက ဦးကောင်းရဲ့ မြေး တော်တယ်။ အရင်က မုံတိုင်ပင် လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ ငယ်ငယ်ကတည်းက ကင်းဝန် ရဲ့အမျိုးဆိုတာကို နဲနဲကြွားဘူးခဲ့တယ်။ ၉ တန်း ၁ဝ တန်း ကဗျာလေး-စာလေး စပ်တုံး-ရေးတုံးက ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး ကလောင် နာမယ်ခံယူခဲ့ဘူးတယ်။ ကိုယ်တိုင် ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ ပုလဲသွယ် နံရံကပ် စာစောင်မှာ အဲဒီနာမည်နဲ့ တခါတလေ ပါဘူးတယ်။ ဆရာ့ကိုရော၊ သူငယ်ချင်းတွေပါ အမှတ်ရလို့ (ဘလော့ခ်) တခုကို ပုလဲသွယ် လို့ နာမည်ပေးလိုက်တယ်။

နောင် နှစ် ၄ဝ ကျော်တော့ ကယားလူမျိုး တော်လှန်ရေး-နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ် ဝမ်းမြောက်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်း ကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီး ဦးကောင်းလို့ ကယား-ကယန်းတွေက သူများတွေထက် သိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလိုအမြင်ရှိသူတွေ အကဲဖြတ်တာကိုရော၊ ဦးကောင်းလိမ်ထုတ် ဆိုတာရော၊ နှစ်ခုလုံးကို အမွေခံရ မှာပါဘဲ။ သူ့မွေးနေ့ နှစ် ၁၄ဝ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ မင်းတိုင်ပင်မှာ ပွဲတခုလုပ်ခဲ့ဘူးတယ်။

ကျွန်တော်က ဆေးကျောင်းသားပဲ ရှိသေးတာ။

Dr. တင့်ဆွေ

Friday, 24 February 2012

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ…

အခန်း (၁)

ဇာတိ...
…မြေလတ်ဟုခေါ်သော မြန်မာပြည်၏ အပူပိုင်းဇုန်ဖြစ်သော မကွေးစီရင်စု၊ ယခုရေနံချောင်းခရိုင်အတွင်း ပျဉ်းမနား၊ ကျောက်ပန်းတောင်း ရထားလမ်းတစ်ဝက်ခန့်တွင် အပူပိုင်းဇုန် ကုန်းမြေပြင်များဖြစ်သော နှမ်း၊ ပဲနှင့် ၄င်းဆီများထွက်၍ ကုန်ရောင်းကုန်ဝယ် အတော်တွင်ကျယ်သော မြို့ကလေးတစ်မြို့ရှိလေသည်။

…မီးရထားဘူတာအနီးအနားတွင် မီးရထားဘက်မှဆောက်ထားသော အိမ်တန်းလျားများနှင့် ပွဲစားကုန်သည်ဆိုင်များ အနည်းငယ် ရှိလေသည်။ ဘူတာ၏ ၀ဲယာပတ်လည်တို့တွင် မြေပဲနှမ်းခင်းတို့ရှိလေသည်။ ထိုယာခင်းများမှ ကျော်လွန်၍ အရှေ့စူးစူးသို့ ကြည့်လျှင် ရေးရေးထင်သော တောင်တန်းများကို နောက်ကခံကာ တောရကျောင်းနှင့် ကမ္မဋ္ဌာန်း ထိုင်သူတို့၏ ဂူလိုဏ်များ ကို တွေ့နိုင်ပေ သည်။ ထိုဂူ၏ အနောက်မြောက်ယွန်း ကိုက်လေးရာခန့်ပေါ်၌ “ခပေါင်းကုန်း” (သို့မဟုတ်) န-ကျားကူးခေါ်သော အိမ်ခြေတစ်ရာခန့်ရှိ ရွာကလေးရှိလေသည်။ ယင်းချောင်းဟုခေါ်သော သဲချောင်းကြီး၏ တစ်ဖက်ကမ်း (အနောက်ဘက်ကမ်း)၌ကား ယာခင်း၊ လယ်ကွင်းပြင် များနှင့် ဥယျာဉ်အချို့ကို တွေ့ရပေသည်။ ထိုမှ လွန်လျှင် တောင်ကုန်းကျကျနေရာတွင် အရှေ့ဘက်မှ တာမြောင်းခံထားသော အိမ်ခြေ (၂၀၀)ခန့်ရှိ ရွာတစ်ရွာ ရှိလေသည်။

…ရွာ၏ မြောက်ဘက်တွင်ကပ်လျက် (ရှေးလူကြီးများပြောသလို) လောကဓာတ် မြန်မာအထက်တန်းသင်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိလေသည်။ ထိုမှ ယာတစ်ခင်းအလွန်တွင် (၅)ရက်တစ်ဈေးဖွင့်ရာ ဈေးပိုင်းရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂါတ်တန်းလျားများရှိလေ သည်။ ထိုအနီးတွင် စာတိုက်ရှိလေသည်။ ထိုစာတိုက်နှင့် အနောက်မြောက်စောင်းစောင်း မလှမ်းမကမ်းတွင် အိမ်ခြေ(၁၅၀)ခန့် ရွာ တစ်ရွာ ရှိပြန်လေသည်။
...စာတိုက်နှင့် ရှေ့တည့်တည့် ပေတစ်ရာနှင့် မြေတလင်း ပြောင်ပြောင်ကို ကျော်လွန်၍ ကိုက်(၁၀၀)ခန့်အကွာတွင် ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့်ကပ်၍ မြို့အုပ်ရှိ၏။ ထိုဘုန်းကြီးကျောင်းနှင့်ဆက်၍ ထောင့်မှန်(Right Angle)ကျကာ (၁၅)ပေခန့်မြင့်သော အုတ်တံတိုင်း ကြီး လေးဘက် လေးတန် ခြံရံလျက် စေတီငယ်များအလယ်တွင် ရွှေရောင်တစ်ပြောင်ပြောင် တောက်နေသော စေတီတော်ကြီး တစ်ဆူနှင့် သပ်ရပ်ခမ်းနားသော ဇရပ်၊ တန်ဆောင်း၊ ကျောက်ကုန်းများရှိလေသည်။ ထိုမှ မြောက်ဘက် မလှမ်းမကမ်းတွင်ကား အိမ်ခြေ(၁၀၀)ကျော်  ရွာတစ်ရွာရှိပြန်လေသည်။ ထိုရွာများအနက် ရွာကြီးသဖွယ် အိမ်ပေါင်းအများဆုံးနှင့် ဆိုင်ကန္နား အတော်အတန်ရှိ၍ စာရေး၊ စာချီ၊ မြို့အုပ်၊ ရှေ့နေ၊ ကုန်သည်များနေကြသောရွာကား ဆိုခဲ့ပြီးသည့် သဲချောင်းကြီး အနောက်ဘက်ကမ်း တောင်ကုန်းပေါ်တွင် တည်လျက် ရှိသောရွာပင်ဖြစ်လေသည်။ ထိုရွာကို နတ်မောက် ဟူ၍ လည်းကောင်း၊ တောင်ရွာဟူ၍လည်းကောင်း ခေါ်ကြလေသည်။ ထိုရွာကို သမိုင်းစာအရကား “ပီဠိယက္ခမင်း” တည်ထောင်သွားသည်ဟု ဆိုလေသည်။

…သို့သော် ကျွန်တော်၏ဘေး မှတ်တမ်းအရကား ပုဂံခေတ် အနော်ရထာမင်းစော အချိန်အခါလောက်တွင် ထိုရွာကို စတင်တည်ထောင်ခဲ့ သည်ဟု မှတ်သားဖူးသည်။ ထိုရွာ၏ မြောက်ဘက်စွန်း၌ တစ်ရွာလုံးရှိ အိမ်ဝိုင်းများအနက် အကျယ်ဆုံး အိမ်ဝိုင်းကြီးထဲတွင် ဧရာမ အိမ်ကြီး ရှိလေသည်။ မူလက ဆင်တစ်ရပ်ခန့် ၀င်နိုင်အောင်မြင့်၍ အဆောင်ပေါင်းများစွာ ရှိသော်လည်း ထိုအခါက အတောင်(၈)တောင်ခန့်မျှသာ ရှိတော့သည်။ အိမ်အမြင့်မှာလည်း (၃)ပေခွဲခန့်သာ ရှိတော့သည်။ ထိုအိမ်ကြီးကား ရှေးမြန်မာမင်းလက်ထက်က နတ်မောက်မြို့၊ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။

…ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ် နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့်ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်း မပေါက်သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီး ဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာစုကြီးတစ်ရွာမျှသာ ဖြစ်လေသည်။ နံနက် ညနေခင်းများတွင် ခလောက်သံ တဒေါင်ဒေါင်၊ နေ့လယ်နေ့ ခင်းများတွင် ရက်ကန်းသံ တချွင်ချွင်နှင့် ကြားရတုန်းပင် ရှိလေသည်။

…အချိန်ကား (၁၉၁၅)ခု၊ ဖေဖော်ဝါရီလဖြစ်၍ ပထမကမ္ဘာစစ်ကြီး၏ ဒုတိယနှစ်ထဲတွင် ဖြစ်ပေသည်။ ထိုအချိန် ထိုအခါကား ဂျာမဏီ သည် ရေငုတ်သင်္ဘောများဖြင့် ဗြိတိသျှရေတပ်တို့အား အကြီးအကျယ် ဒုက္ခပေးနေသည့်  အချိန်အခါ ဖြစ်လေသည်။ အနောက် စစ်မျက်နှာပြင်ဟုခေါ်သော ပြင်သစ်နှင့် ဂျာမဏီတို့ စစ်ခင်းရာမျက်နှာ၌ကား ပထမအကြိမ် တိုက်ပွဲကြီးများမှာ မပြီးမဆုံးနိုင်သော သောင် မတင်ရေမကျ ရှေ့မတိုး နောက်မဆုတ် အခြေအနေပင်ရှိလေသည်။ အရှေ့မျက်နှာပြင်ဟုခေါ်သော ရုရှားစစ်ခင်းရာမျက်နှာမှာကား မဆူးရိရာနှင့် ၀ါဇနစ်ဇူစစ်ပွဲကြီးများ ဖြစ်ပွားလျက် ရှိကြလေသည်။ ထိုနှစ် ဖေဖော်ဝါရီ (၁၃)ရက်၊ (၁၂၇၆) ခု၊ တပေါင်းလဆန်း (၁)ရက်၊ စနေနေ့ နံနက်လင်းအားကြီး အချိန်တွင် ကျွန်တော်သည် လူ့ပြည်သို့ ပထမဦးဆုံးရောက်ရှိ လာခဲ့ရပေသည်။

…ဖေဖော်ဝါရီ(၁၃)ရက်ကား နာမည်ကျော်နက္ခတ်ဗေဒင်ဆရာကြီးကီရို၏ ပြောကြားချက်အရဆိုလျှင် တိုင်းပြည်တစ်ပြည်၏ အစိုးရထီးနန်း တို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများကို မွေးဖွားတတ်သောဇာတာဟု ဟောထားလေသည်။ ထိုနေ့တွင် မွေးဖွားသော ကျွန်တော်မှာ သူပုန်လောင်း ကလေးဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား ထည့်သွင်းစဉ်းစားခြင်း မပြုခဲ့ကြချေ။

…ကျွန်တော်မွေးဖွားသည်နှင့် ပတ်သက်၍ ကျွန်တော်၏ဇာတာအမည်မှာ (ထိန်လင်း)ဖြစ်လေသည်။ သို့သော် ကျွန်တော့်အထက် အစ်ကို ကိုအောင်သန်းနှင့် နာမည်လိုက်အောင် အောင်ဆန်းဟု ခေါ်တွင်ခဲ့လေသည်။

…မွေးဖွားစဉ်က ကျွန်တော်မထူးဆန်းလှသော်လည်း ထိုင်နိုင်ထနိုင်သော ကလေးဘ၀မှစ၍ ကျွန်တော်သည် ထူးခြားခဲ့သည်။ ခွကျခဲ့သူဖြစ်ခဲ့သည်။ ကျွန်တော်ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်ရကား … လူကြီးမိဘများမှာ ဆွံ့အ၍ပင်နေသလားဟု စိုးရိမ်ကြောင့်ကြခဲ့လေသည်ဟု သိရလေသည်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲသား၊ ငါးကို အလွန်ကြိုက်သည်။ ကျွန်တော်၏မိခင် ဈေးသွားရာ ရံဖန်ရံခါ ကျွန်တော့်ကို ချီ၍ သွားလေသည်။ တစ်ခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျွန်တော့်မိခင်ကပြန်၍ ပြောပြသဖြင့် သိရပေသည်။ လူရိုင်းဘ၀က ကျွန်တော်လာသလားမသိ။ ယနေ့အထိ လူရိုင်းသဘောမျိုးနေ ချင်သည့် စိတ်ထားများ ရှိသည်။ ရံဖန်ရံခါ လူယဉ်ကျေးများနှင့် အသားမကျခဲ့ချေ။ မျက်စိနောက်မြင်ပြင်းကပ်လာသည်။ ထိုအခါ လူ ယဉ်ကျေး များနှင့် ငါလူရိုင်းဟု ဇာတိခွဲပစ်ချင်သည့်စိတ်များရှိသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ငါ့မြင်း ငါစိုင်း ညောင်ကိုင်းရောက်ရောက်ဆိုသည်ကို ကျွန်တော် ကြိုက်၏။ ကျွန်တော့်၏စိတ်တွင် အင်မတန်စိုပြေ လတ်ဆတ်သောဘ၀ဟု ယူဆသည်။ ဗမာပြည်ရှိလူသည် လူရိုင်းမျိုးဘ၀ ရောက်ချင်ရောက်သွား ပါစေ လွတ်လပ်ချမ်းသာစွာ ခေါင်းဆောင်နေနိုင်ပြီဆိုလျှင် မလွတ်လပ်သော လူ့ယဉ်ကျေးဘ၀ထက် ကျွန်တော်အဆတစ်ရာ ကြိုက်သည်။ နှစ်သက်သည်။ စိမ်းလန်းစိုပြေ ကျယ်ပြန့်သော လွင်ပြင်ရိုင်းပေါ်တွင် လက်ပန်း ပေါက်ခတ်၍ လွတ်လွတ် လပ်လပ် မြူးတူး အော်ဟစ်နေလိုသည်။

…ငယ်ငယ်တုန်းက ကျွန်တော် အတီးအမှုတ်၊ အကအခုန် အတော်ဝါသနာပါ၏။ အထူးသဖြင့် ဆိုင်းတီးအတော် ၀ါသနာ ပါသည်။ စားပွဲဖြစ်စေ ခေါက်စရာတွေ့လျှင် အမြဲခေါက်လေ့ရှိရာ ကျွန်တော်၏လက်မှာ ယနေ့တိုင် အချိန်မှန်မှန်လက်ရေ ကွာကျခဲ့လေသည်။ သို့သော် ကျွန်တော်အနည်းငယ် ကြီးပြင်းလာသည်နှင့် လူကြီးမိဘများက ကျွန်တော့်အား အတီး အမှုတ် ၀ါသနာကို ခွင့်မပြု။ နဂိုဝါသနာမဟုတ်၍လားမသိ။ ယခု ဤစိတ်မျိုးပျောက်ပြယ်သလောက်ရှိခဲ့ပြီ။ ကျွန်တော်ကား ငယ်ငယ်ကလေးက ယနေ့တိုင် လူရော၊ စိတ်ရော ပျော့ပျောင်းသည်ဆိုသည့်အချက်ကို နားမလည်ခဲ့။ နားလည်ရန်လည်း မကြိုးစားခဲ့။ ကြိုးလည်း မကြိုးစားချင်။ ကျွန်တော်ကား စကားအပြောအဆို မဖွယ်ရာ မယဉ်ကျေး။ အသက်(၈)နှစ်ထဲ ရောက်၍ ကျောင်းစနေသည့်အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်။ အမူအရာလည်း ကြမ်းသည်။ အလိုက်လည်းမသိ။ ညစ်လည်းညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တစ်ခုမှမရှိ။ အသက်လေးငါးခြောက်နှစ် တိုင်အောင် အိပ်ရာတွင် သေးပါ၏။ မီးဖိုကို ညည ရှစ်ခိုး၍  “အရှင်စဖိုည၊ ကျွန်တော်မနေ့” ဆိုခဲ့ ရသည်ကို အမှတ်ရ သေးသည်။ အသက်(၁၅)နှစ်ထဲရောက်သည့်အခါ၌ပင် အခြားအရပ် အိမ်တစ်အိမ် တစ်ညသေးပါဖူးသည်။
 
…ထိုအခါကား ကျွန်တော်သည် ရေနံချောင်းမြို့၊ အမျိုးသားအထက်တန်းကျောင်းမှ ခြောက်တန်းအောင်၍ ခုနှစ်တန်းအ၀င် ကျောင်း အပြန်ဖြစ်သည်။ ကျွန်တော်၏ အစ်ကိုအကြီးဆုံးမှာလည်း ၄င်းနှစ်တွင် ဘီအက်စ်စီ သင်္ချာ ဂုဏ်ထူးတန်းကို အောင်ခဲ့၍ ရေနံချောင်း ကျွန်တော်တို့ကျောင်းတွင် မိမိကျောင်းဟောင်းဖြစ်သည့်အတိုင်း ကျောင်းဆရာ ၀င်ရောက် လုပ်ကိုင်ရန် ကျွန်တော်နှင့်အတူပင် လိုက်ပါ လာလေသည်။ ထိုအခါ ရေနံချောင်းမြို့သို့ နတ်မောက်မှ သွားသည့်နည်းမှာ တောင်တွင်းကြီးသို့ ရထားစီး၊ တောင်တွင်းကြီးမှ မိကျောင်းရဲ သို့ ကားစီး၊ မိကျောင်းရဲမှ ရေနံချောင်းသို့ သင်္ဘောစီး၊ သို့မဟုတ်လျှင် မကွေးသို့ ဘတ်စ်ကားစီး၊ မကွေးမှ သင်္ဘောစီးရလေ သည်။ နှစ်ရက်ကြာလေသည်။ နောက်၌ကား ကျောက်ပန်းတောင်းမှတစ်ဆင့် မီးရထားတစ်တန်၊ မော်တော်ကား တစ်တန်သွား၍ ရေနံချောင်းသို့ နေ့ချင်းပေါက် လေသည်။ ထိုနှစ်တွင် ကျွန်တော်တို့ မကွေးမှတစ်ဆင့် သွားကြသည်။ မကွေးမြို့တွင် အပျိုပေါက်စ ခပ်ချောချော မိန်းကလေးရှိသော အသိအိမ်တွင် တည်းခိုကြသည်။ လူပျိုပေါက်စဖြစ်သော ကျွန်တော်မှာ သူစိမ်းတစ်ရံဆံ အိမ်တွင် မနေတတ်။ အထူးရှက်တတ်သည်။ မိန်းကလေးနှင့်ဆိုလျှင် သာ၍ပင်ရှက်တတ်သည်။ ထို့ကြောင့် ထိုည အိပ်ခါနီး ရှက်လွန်း၍ သေးမပေါက်မိ။ ညအိပ်သည့်အခါ မအောင့်နိုင်ဘဲ သေးပါလေသည်။ ကျွန်တော်လည်း ပါပြီးမှ သိလေသည်။ ဤမျှ ကျွန်တော် မသိမ်မွေ့။

…ညီအစ်ကိုမောင်နှမများထဲတွင် ကျွန်တော် အငယ်ဆုံးဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ အိမ်စံချိန်နှင့်ကြည့်လျှင် ကျွန်တော် အလိုလိုက် ခံရဆုံးဖြစ်၏။ အဆိုးဆုံးဟုလည်း အိမ်နီးနားချင်းပါမက ရွာနီးနားချင်းပါ အသိအမှတ်ပြုခံရ၏။

…ကျွန်တော်၏အထက် အစ်ကို ကိုအောင်သန်းနှင့် ကျွန်တော်မှာ အသက်(၃)နှစ်ခွဲ၊ (၄)နှစ်မျှကွာ၏။ သူနှင့်ကျွန်တော်ကား ငယ်ငယ်က ရန်ဖြစ်ဖက်ဖြစ်၏။ သူက လက်မြန်၏။ ကျွန်တော်က အားကြီး၏။ မချိန်မဆ လက်လွတ်စပယ်လုပ်ခဲ့၏။ သူက နု၏။ မင်းသားကျချင်၏။ ကျွန်တော်က ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်၏။ အစားဆိုလည်း အစားတိုင်း မစား။ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျွန်တော်က ဖုတ်ဖက်ခါ၍ စားနိုင်လျှင်စား၏။ သူက အ၀တ်များကို သပ်သပ်ရပ်ရပ် ၀တ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ။ ကျွန်တော်က ကြိမ်ဖန်များစွာ လှဲဖူး၏။ သူက ပါး၏။ လျင်၏။ ကျွန်တော်က ထူ၏။ အေး၏။

…ကျွန်တော်၏ မြို့ကား ရွာသာသာ တောအရပ်ပင်ဖြစ်သည်။ ကျွန်တော်ငယ်စဉ်က ယခုထက်ပင် ကျွန်တော်တို့အရပ်မှာ တောကျ၏။ ထိုအခါ ကလီဖားခေါ် ဆံပင်ညှပ်ကုလား တစ်ယောက်တစ်လေသာရှိ၏။ သို့ဖြစ်ရာ ၄င်းကလီဖားမှာ လက်မလည်။ ကျွန်တော်တို့အား ကတုံးရိတ်ရန်၊ တစ်ခါတစ်ခါ ရိတ်တတ်သည့် အိမ်နီးချင်းတို့ကို ခိုင်းရလေသည်။ တစ်ခါတစ်ခါ ကျွန်တော်တို့ဖခင်ကိုယ်တိုင် ရိတ်ပေးလေသည်။

…ကျွန်တော်၏ဖခင်မှာ ယခုကွယ်လွန်သည်မှာ (၁၅)နှစ်ကျော်လေပြီ။ ကျွန်တော်၏ ဖခင်သည် ကျွန်တော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တစ်နေ့နေ၍ စကားတစ်ခွန်းမပြော။ မျက်နှာထားဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ။ ဟန်မရှိ။ ဘာသိဘာသာနေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။  ငြင်းမိလျှင် လျှော့မပေးတတ်။ သို့သော် စိတ်နှလုံးက အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထို့ကြောင့်ရှေ့နေ စာမေးပွဲဝင်ထားသော်လည်း ရှေ့နေလိုက်၍စားသည်ကို ကျွန်တော်မမှတ်မိ။ ယာလုပ်၊ ကုန်ကူး၊ ငွေချေး၍သာ စီးပွား ဖြစ်သည်။  စီးပွားဖြစ်ခြင်းမှာလည်း ကျွန်တော်တို့မိခင်၏ ဒိုးတူပေါင်းဖက်ကူညီမှုကြောင့်ပင်ဖြစ်လေသည်။

…ကျွန်တော်တို့အား အခြားသူတစ်ဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျွန်တော်တို့ ဖေဖေက ဓား မထက်တထက် ကို ကောင်းကောင်းမသွေးပဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။ ကျွန်တော်တို့သည် ၄င်းခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျွန်တော့်အစ်ကိုက အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျွန်တော်က မငို၊ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်၏။ ကျွန်တော်၏အစ်ကိုကား စိတ်မြန်၏။

…ကျွန်တော်တို့ ညီအစ်ကို လေးယောက်ရှိသည့်အနက် ဒုတိယအစ်ကိုကြီးသာလျှင် စိတ်ရှည်၍ သိမ်မွေ့၏။ တစ်သက်လုံး မည်သူနှင့်မျှ ရန်မဖြစ်ဖူး။ ကျွန်တော်ကား စိတ်ရွတ်၏။ ကျွန်တော့်အစ်ကိုကား သူများအပြောမခံ၊ သူကသာ ဦးအောင် ပြောခဲ့၏။ ကျွန်တော်ကား သူများအပြောသာခံရ၏။  မြှောက်လို့ မြှောက်မှန်းမသိ။ ခြောက်လို့ ခြောက်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တစ်ခါသော် (၁၀)မိုင်ခန့် အကွာ ရွာတစ်ရွာသို့ ကျွန်တော်၏မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက်ကလေး တစ်ယောက် က ကျွန်တော့်အားမြှောက်၍ “ဗိုလ်ကြီး” “ဗိုလ်ကြီး” ဟုခေါ်ရာ ကျွန်တော့်မှာ များစွာ သဘောကျကာထန်းလျက်ဖြူဆုပ် တွေ ခေါ် တိုင်း ပေး ခဲ့သည်။
 
…ကျွန်တော်သည် လိမ်လည်လေ့မရှိ။ လိမ်လိုသော်လည်း မလိမ်တတ်။ ခဏချက်ချင်းပင် ဖြောင့်ချက်ပေး၏။ ကျွန်တော်တို့နေသည့် ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်း ပိတ်၏။ သို့သော် ယောက်ကျားလေးများမှာ ဥပုသ်နေ့ပင်ဖြစ် သော်လည်း ကျောင်းသို့သွားရ ၍ ရေခပ်၊ မြက်နုတ်လုပ်ရသည်။ အလုပ်မရှိလျှင်လည်း ကျောင်းမှာပင်နေရသည်။ တစ်နေ့သော် နေ့ခင်းတွင် ကျောင်းသားများ အလုပ်မရှိ၍ “အလုပ်မရှိလျှင် အိပ်နေကြ၊ မကစားကြနဲ့” ဟု ဘုန်းကြီးက အမိန့်ရှိလေသည်။ အားလုံးကျောင်းသားများအား “မအိပ်ချင်ဘူးလား” မေးသည့်အခါ မအိပ်ချင်ကြသော်လည်း အိပ်ချင်သည်ဟု ဘုန်းကြီးအလိုကျ လျှောက်ကြ၏။ ကျွန်တော့်အား  ဘုန်းကြီးက “အောင်ဆန်းရော မအိပ်ချင်ဘူးလား” ဟု အထူးတလည်မေးရာ ကျွန်တော်က “မအိပ်ချင်ပါဘုရား” ဟု ပြန်လျှောက်ရာ ဘုန်းကြီးမှာ ပြုံး၍ နေလေတော့သည်။

…ကျွန်တော်သည် ငယ်စဉ်က ချောင်တစ်ချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်။ ကလေးနှင့်မလိုက်။ အများအားဖြင့် ဣနြေ္ဒကြီးသည်။ ကစားခုန်စား များစွာ မလေ့ကျင့်။ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားနည်းမျိုးကိုမှ နှစ်သက်သည်။ တွတ်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ၀ါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသောအလုပ်ဆိုလျှင် ကျွန်တော်နှင့်မဖြစ်။ အချုပ်ဆိုလျှင် ကျွန်တော်၏ ကလေးဘ၀မှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ လျှိုမြောင်ချောက်စောင်းကဲ့သို့ အဖုအထစ် အပြစ်အနာအဆာများသည်။ စိမ်းလန်းစိုပြေ ညီညာသော မြက်ခင်းသဖွယ် ရှုချင်စဖွယ် မဟုတ်ပေ။ အသက်(၁၀)နှစ်ခန့် အထိ အနာရောဂါနှင့် ကင်းသည်ဟူ၍မရှိ။ သေလုမတတ် အကြိမ်ကြိမ်ဖြစ်ဖူး၏။ ၀ဲနာ အကြီးအကျယ် သုံးလကျော်စွဲ၏။ ထိုအခါ ကျွန်တော်သည် ဘယ်တော့များမှ ငါကျန်းကျန်းမာမာ အမြဲနေရပါမည်နည်းဟု တမ်းတမိ၏။

…ကျွန်တော်သည် ထိုကလေးဘ၀ကပင် သူပုန်စိတ်ထားရှိလေသည်။ အကြံကြီးသူဖြစ်လေသည်။ (မြန်မာပြည်ကိုအင်္ဂလိပ်လက်မှ ပြန်ရရန် သူပုန်ထနည်းအမျိုးမျိုးကို  စဉ်းစားစိတ်ကူးခဲ့လေသည်။ တစ်ခါတစ်ရံလည်း ဟုတ်တိပတ်တိ စိတ်ကူး၏။ တစ်ခါတစ်ရံလည်း ပြဒါးရှင်လုံး စသည်တို့ကို ရှာဖွေလိုသော စိတ်များ ပေါ်ပေါက်၏။ ပြဒါးရှင်လုံး စသော အစွမ်းများဖြင့် မြန်မာပြည်ကို ကယ်တင်လို၏။) ကျွန်တော် ရန်မဖြစ်တတ်။ သို့သော် ကျွန်တော်သည် သတ္တိထူးချွန်သူဟု မဆိုနိုင်။ ငယ်ငယ်က သရဲသစ္ဆေ အလွန်ကြောက်တတ်သည်။ ရန်ဖြစ်ခဲ၏။ ကျွန်တော့်အစ်ကိုကား ရန်ခဏခဏဖြစ်၏။ ဦးအောင်ရိုက်နှက်၍ အိမ်ပြေးလာခဲ့၏။

...သို့နှင့် မကြာမကြာ အတိုင်ခံရ၍ မိဘများ အရိုက်ခံရ၏။ ကျွန်တော်ကား ဤကဲ့သို့ မဖြစ်ဖူး။ ရန်တစ်ခါသာ အကြီးအကျယ်ဖြစ်ဖူး၏။ ထိုအခါ လူချင်းထိုးသတ်ပုတ်ခတ်စဉ်၌ကား ကျွန်တော်က နိုင်၏။ လူချင်း ဖျန်ဖြေသည့်အခါ  မရှောင်မတိမ်း ထုံပေပေနေသဖြင့် ခုံဖိနပ်နှင့် အပေါက်ခံရ၍ ခေါင်းပေါက်ဖူး၏။ ထိုအခါမှ ကျွန်တော်၏ ရန်ဖြစ်ဖက်ကို လိုက်လေရာ ခေါင်းမူး၍ မမီ။ ထိုလိုက်သည့်အချိန်ကား သတ္တိကောင်းပါ၏။ ခေါင်းမူးလာ၍ ခေါင်းစမ်း ကြည့်၍ သွေးတွေမြင်သဖြင့် ခေါင်းပေါက်မှန်းသိသောအခါ ကျွန်တော်ငိုလေတော့သည်။ သတ္တိခေသွားလေတော့သည်။  ရွယ်တူကလေးချင်းများပေါ်တွင် တစ်ခါတစ်လေ အနိုင်ကျင့်ချင်သည့်စိတ်ကား ရှိသည်။

…တစ်ခါတွင်ကား ဘုန်းကြီးကျောင်းနေစဉ် ကြက်တောင်ရိုက်ကစားခြင်းမှ ကျောင်းသားနှစ်ယောက် ရန်ဖြစ်ရာ ကျောင်းသားတစ်ယောက် ထိပ်ပေါက်၏။ သို့ဖြစ်၍ ထိပ်ပေါက်ခံရသော ကျောင်းသားမိဘများက ဘုန်းကြီးအားလျှောက်ရာ ဘုန်းကြီးက ဤကစားနည်းမျိုးကို အားလုံးကျောင်းသားများ ကျောင်းဝင်းအတွင်းမှာသော်လည်းကောင်း၊ အပြင်မှာသော် လည်းကောင်း မကစားရဟု ပညတ်လေသည်။ ထိုပညတ်ချက်ကို ကျွန်တော်နှင့် ညီအစ်ကိုဝမ်းကွဲများက သဘောမကျ သဖြင့် အာဏာဖီဆန်ကာ ရွာထဲတွင် ကစားလေတော့သည်။ ကျွန်တော်တို့ ကစားနေသည်ကို အခြားကျောင်းသားတစ်ဦး နှစ်ဦးက မြင်၍ ဘုန်းကြီးထံသွားရောက် တိုင်တန်းသောအခါ  ဘုန်းကြီးက ကျွန်တော့်မိခင်နှင့် ဦးလေးများကိုပါ ခေါ်၍ ၄င်းတို့ရှေ့တွင် ကျွန်တော်တို့အား ပြင်းထန်စွာ ရိုက်နှက်လေတော့သည်။ ကျွန်တော်မှာ ပထမ ကြိတ်ခံသော်လည်း နောက်ပိုင်းတွင် သတ္တိမကောင်းနိုင်တော့ဘဲ ငိုလေတော့သည်။

…ကျွန်တော်သည် ထိုသို့ သွားရောက်တိုင်တန်းသူ ကျောင်းသားကို ယနေ့တိုင် အခဲမကျေချင်လှ။ ဤကဲ့သို့ အလုပ်ပို မေတ္တာကို မျက်နှာလိုမျက်နှာရ အထက်လူကြီးအား တိုင်ခြင်းတောခြင်းကို ငယ်ငယ်ကလေးကစ၍ ယနေ့တိုင် ကျွန်တော် အထူး စက်ဆုပ်လှသည်။ ယခုခေတ်သစ်ကျောင်းများတွင် ကျောင်းသားများအား ဤအကျင့်မျိုးကို အားမပေးဘဲ ဖျောက်စေသင့် လေသည်။ ဤအကျင့်မျိုးကား အကျင့်ယုတ်ဖြစ်လေသည်။

…ကျွန်တော်တို့မိဘကား ပစ္စည်းဥစ္စာအတော်အသင့်ရှိ၍ ကြွေးရှင်မြီရှင်ဖြစ်ရာ ဆင်းရဲသားအများအပြားနှင့် ဆက်ဆံရ ပေသည်။ ကျွန်တော်တို့၏ မိခင်မှာ  ဓနရှင်ကလေး အတန်းအစားထဲတွင် သမာသမတ်ရှိ၍ စိတ်ကောင်းရှိလေသည်။

…သို့ပင်ဖြစ်သော်လည်း ရံဖန်ရံခါ ဆင်းရဲသားများက ကြွေးများ မပေးဆပ်နိုင်၍ ကြိမ်းမောင်းသောအခါ  ကျွန်တော်          အထူးပင် စိတ်မကောင်းဖြစ်မိ၏။ ထိုအခါ ကျွန်တော်က ငွေတိုးချေးစနစ်၏ ဆိုးရွားပုံကို မျက်ဝါးထင်ထင် တွေ့ခဲရပေသည်။ များသောဆင်းရဲသားတို့မှာ ကြွေးတစ်ခါယူမိလျှင် ကျေနိုင်စရာမရှိပေ။

…ဤစနစ်ကို ယခုခေတ်သစ်တွင် အလျင်အမြန် ပြင်ဆင်သင့်သည်။ ၄င်းအပြင် ယခုလက်ရှိ ဆင်းရဲသားကြွေးမြီများကို အားလုံးလျှော်ပစ်ရန်သင့်လေသည်။ ထိုကြွေးများမှာ အတိုး၏အညွန့် အကြွေးများသာရှိတော့မည်မှာ ကျွန်တော်ယုံမှား သံသယမရှိပေ။

…ကျွန်တော်ကား ကြွားရမည်ဆိုလျှင် မျိုးကြီးဆွေကြီးမှ ပေါက်ဖွားသူဖြစ်သည်။ ကျွန်တော်၏ ရှေးအဆက်အနွယ်တို့မှာ  ပုဂံပြည် တရုတ်ပြေးမင်းလက်ထက် ဂျင်ဂျစ်ခန်းအမှူးရှိသော တရုတ်တို့ဝင်ရောက်နှောက်ယှက်သောအခါ နိုင်ငံခြားသား တို့၏ အောက်မနေလို၍ လွတ်ရာကျွတ်ရာ ယခုကျွန်တော်မွေးဖွားရာဒေသသို့  စုန်ခဲ့လေသည်ဟု ဦးလေးတစ်ယောက်က ပြောပြဖူးလေသည်။ အလောင်းဘုရား တတိယနိုင်ငံ ထူထောင်စဉ်အခါက တိုင်းပြည်မှာ ဖရိုဖရဲ ဖြစ်၍နေရာ ရွှေဘိုမှ ဦးအောင်ဇေယျက ထ၍ ကျွန်တော်တို့၏ အဆက်အနွယ် ပင်းမင်းကြီးဦးမြ (နာမည်ကောင်းကောင်း မမှတ်မိ) ဆိုသူမှာလည်း မိမိနယ်ကို အုပ်စီးခေါင်းဆောင်၍ ဗမာ့ထီးနန်းထူထောင်ရန် ကြံလေသည်။

…နောက်မှ အလောင်းဘုရားအကြောင်းကြားသဖြင့် လူများစေလွှတ်စုံစမ်းစေ၍ အလောင်းဘုရား၏ ဘုန်းလက်ရုံး အကြောင်းကြားသိရသည့်အခါ အလောင်းဘုရားထံ ၀င်ရောက်၍ သက်စွန့်ကြိုးပမ်း အမှုထမ်းလေသည်ဟုလည်း မှတ်သားရဖူးသည်။ မင်းတုန်းဘုရင်လက်ထက်တွင် သက်တော်ရှည်အမတ်ဖြစ်သော ခမ်းပေါက်မင်းကြီးမှာ ကျွန်တော်တို့၏ အမျိုးအနွယ်ဖြစ်သည်ဟု ကြားဖူးသည်။ မင်းတုန်းဘုရင်၏ သမားတော်တစ်ဦး (လူအမည်မှာ ဦးကျော်ဇံ ဖြစ်လေသည်။ ဘွဲ့ကိုကား မသိ)မှာလည်း ကျွန်တော်တို့ အမျိုးအနွယ်ဝင်ဖြစ်လေသည်။ စုံနံ့သာမြိုင်ရေးသော ဆရာကြော့မှာ ဦးအောင်ဇံ၏ မြေးပင်တည်း။ ရှင်အဂ္ဂသမာဓိမှာလည်း ကျွန်တော်တို့ အမျိုးဟုပင်သိရသည်။ ကျွန်တော်တို့ ဘေးမှာ နတ်မောက်မြို့သူကြီး ဖြစ်လေသည်။ စာတတ်သည်။ ဥာဏ်ထက်သည်။ လက်မြောက်သည်။ စိတ်ထက်သည်ဟူ၍ ကြားနာဖူးသည်။ မိမိအထက် မြို့ဝန်နှင့်မတည့်၍ အလုပ်ပြုတ်ဖူးလေသည်။ အလုပ်ပြုတ်သဖြင့် မန္တလေးရွှေမြို့တော်သို့ တက်၍ အရာခံနေဆဲ အနိစ္စ ရောက်လေသည်ဟု တစ်ခါက ပုရပိုက်မှတ်တမ်းတွင်  ဖတ်ရဖူးသည်။

…(စကားအလျဉ်းသင့်၍ ရေးရဦးမည်။ ရှေးကလည်း Diary  ဒိုင်ယာရီခေါ် နေ့စဉ်မှတ်တမ်းရှိလေသည်။ ဘယ်သွားသည် စသည်ကို မှတ်ထားချက်များ တွေ့ရလေသည်။) ကျွန်တော်တို့ဘေးတွင် အစ်ကိုကြီးတစ်ယောက်နှင့် ညီနှစ်ယောက် ရှိသည်ဟုသိရသည်။ အစ်ကိုကြီးမှာ ရန်ကုန်ဆိပ်ကမ်းအုပ်ဖြစ်သည်ဟု သိရသည်။ ညီအငယ်တစ်ယောက်မှာ တရုတ်မြို့ဝန် ဦးဘွားဟူ၏။ မြင်ကွန်းမြင်းခုံတိုင်တို့ ငယ်ဆရာဖြစ်သည်။ ၄င်းမင်းသားများအထတွင် မြင်ကွန်းမင်းသား တို့အတွက် ဓားပြတိုက် ငွေရှာပေးရလေသည်။ ထိုအချက်ကို နေပြည်တော်က သိလေ၍ ဦးဘွား ရာထူးကျလေသည်။ ကျွန်ယုံ၏ သစ္စာကြီးမှုကြောင့် အမှုမထင်ရှား၍လည်းကောင်း၊ မင်းတုန်းမင်းကဲ့သို့ သိမ်မွေ့သောမင်းလက်ထက် ဖြစ်၍ လည်းကောင်း အသက်ချမ်းသာရာရလေသည်။

…နာမည်ကျော် ဦးမင်းရောင်(ဗိုလ်လရောင်)မှာ ကျွန်တော်တို့ဘေးကတော်၏ တူတော်သည်။ ဦးမင်းရောင်ကား လက်ရုံးအားကိုးဖြစ်သည်။ အမိုက်ဆုံးဆိုသူများကို တပည့်လုပ်ထားသည်။ ၄င်း၏တပည့်တစ်ယောက်(နာမည်ကား မမှတ်မိ)သည် ဇာတ်ပွဲများတွင် လူပြက်ပြက်သည့်အခါ အများရယ်တုန်းမရယ်။ အများရယ်ပြီးမှ တစ်ယောက်တည်း ကျယ်လောင်စွာ အကြာကြီး ရယ်တတ်သည်ဟုသိရသည်။ ဤကဲ့သို့ အရွဲ့တိုက်ရယ်သည်ကို ဗိုလ်လရောင်တွေ့၍ အားရကာ ဆုချလေတော့သည်။ တစ်ခါလည်း ၄င်း၏တပည့်နှင့် ၄င်း၏ညီ သုံးမြို့ဝန် ဦးမင်းမောင်၏တပည့်တို့သည် ၄င်းတို့၏ ဘွားအေ မယ်တော်ပျံတွင် လက်ဝှေ့ထိုးကြသည်။ ဦးမင်းရောင်၏ တပည့်ရှုံးသည်။ ညီဖြစ်သူဦးမင်းမောင်က မိမိ၏တပည့်နိုင်သဖြင့် ပ၀ါတစ်ပိုင်း ဆုချလေသည်။ ထိုအခါ ဗိုလ်လရောင်က မခံချင်၍ မိမိတပည့်ကို ရှုံးလျက်နှင့်ပင် ပုဆိုးတစ်ထည် ဆုချလေသည်။ တစ်ခါလည်း ကြက်သားစားလို၍ ဦးမင်းမောင်အား ကြက်အသတ်ခိုင်းလေသည်။ ဦးမင်းမောင်ကား ဗိုလ်လရောင်နှင့်မတူ။ လူပျော့ဖြစ်လေသည်။ စောင်းတီး၊ သီချင်းဆိုတော်သည်။ စကားပြောချိုသာသည်။ အထက်လူကြီးများ၏ အချစ်တော်တစ်ဦးဟု သိရသည်။ ဦးမင်းမောင် ကြက်မသတ်နိုင်။ ထို့ကြောင့် ဗိုလ်လရောင်က သူကိုယ်တိုင်သတ်၍ ချက်စားလေသည်။ ပိုသည့်ဟင်းကို ညီအား မကျွေး။ ပစ်သောဟူ၏။ ဤကား ကျွန်တော်၏ အမျိုးအနွယ်အကြောင်း သိသမျှပင်တည်း။

အခန်း(၂)
ကျောင်းသားဘ၀…
…ကျွန်တော်၏ မိခင်၊ ဖခင်နှစ်ဦးစလုံးမှာ ဥာဏ်ကောင်းသောအမျိုးဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲတွင် မြန်မာတစ်ပြည်လုံး တတိယစွဲခဲ့လေသည်။ ကျွန်တော်တို့ညီအစ်ကိုအားလုံးလည်း ဥာဏ်ကောင်းကြသည်။ သို့သော် ဒုတိယအစ်ကိုကြီးက စာသင်အထူးပျင်းလှ၍ အခြားညီအစ်ကိုများကဲ့သို့ ပေါက်ပေါက်ရောက်ရောက် ပညာမတတ်ပေ။ ကျွန်တော်၏အစ်ကိုများ၊ ၀မ်းကွဲညီအစ်ကိုများ၊ ဦးလေးများမှာ မိမိတို့ဆိုင်ရာ ကျောင်းစာမေးပွဲများတွင် ထိပ်တန်းကျကျ အောင်မြင်ကြသူချည်းဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများသည် ပညာကို အထူးလိုလားသည်။ ကျွန်တော်၏ အစ်ကိုများကို (၅)နှစ်သားအရွယ်မှစ၍ ကျောင်းထားခဲ့လေသည်။

...ကျွန်တော်တစ်ယောက်သာ အငယ်ဆုံးဖြစ်၍ အလိုလိုက်ကာထားသဖြင့်အသက်(၈)နှစ်ရောက်မှသာလျှင် ကျောင်းစနေရလေသည်။ ကျွန်တော်ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏အထက်အစ်ကို ကိုအောင်သန်းကား အသက်(၁၁)နှစ်ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ(၆)တန်းတွင်ရှိသည်။ ကျွန်တော့်မှာ အသက်(၈)နှစ်ထဲရောက် သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြုအခမ်းအနားဖြင့် ကိုအောင်သန်းတို့ ရှင်လောင်းဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်းဖြစ်ချင်သဖြင့် မိခင်အား ပူဆာသေးသည်။

…ထိုအခါ မိခင်က ရှင်လောင်းလုပ်တဲ့သူသည် စာတတ်မှဖြစ်မည်ဟု ပြောပြသဖြင့် ကျောင်းနေပါတော့မည်ဟု ကတိပေးကာ  ထိုတွင်မှ ကျောင်းစနေဖြစ်လေသည်။  တန်းကျော်တက်ခဲ့ရပြန်သဖြင့် လေးနှစ်နှင့် ဆယ်တန်း အောင်မြင်သည်။ အင်္ဂလိပ် မြန်မာ သတ္တမတန်းစာမေးပွဲတွင် မြန်မာတစ်ပြည်လုံးတွင် န၀မစွဲခဲ့၍ အထက်တန်း စကောလားရှစ်ရခဲ့သည်။ ဗုဒ္ဓဘာသာကျောင်းနှင့် အမျိုးသားကျောင်းများတွင် ပထမစွဲခဲ့၍ ဆုကိုရရှိခဲ့ပြီးသည့်နောက် ရန်ကုန်တက္ကသိုလ်တွင် (၆)နှစ်ခွဲမျှ နေခဲ့သည်။

…နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့ကျင့်သဖြင် (ဘီ-အေ)အတန်းအထိ အောင်ရုံသာအောင်ခဲ့သည်။ (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ်မှောက် ခေါင်းဆောင်တစ်ဦးလည်းဖြစ်၍ အလုပ်ရှုပ်သဖြင့်(ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲနေခဲ့ရသည်။ နောက် (ဘီ-အယ်လ်)အတန်းကို တက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်။ စာအုပ်လည်းမရှိ၊ မှတ်စုလည်း မထား၊ စာလည်းမကြည့်။ မိမိစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားသဖြင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲတွင် ကျဆုံးလေသည်။ ဤကား ကျွန်တော့်တစ်သက်တွင် စာမေးပွဲ ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်း ပေတည်း။ ကျရှုံးသော်လည်း ဥပဒေရာဇ၀င်ဖြစ်သော ပထမနှစ်မေးခွန်းတွင် ကျွန်တော် ပထမရခဲ့သည်။ ဒုတိယ(ဘီ-အယ်လ်)နှစ်တွင် နှစ်စေ့အောင် ကျွန်တော်မနေရတော့ပေ။ ဥရောပတိုက်တွင် မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် မြန်မာပြည်တွင် အဓိကရုဏ်းအခြေအနေများကို ထောက်ဆ၍  တိုင်းပြည်အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင်ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။

…မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော်အထူးမပျော်ပိုက်သည့် အချက်တစ်ချက်ရှိလေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူးအလုပ်မျိုးကို ပိတ်ပင်ခြင်းပင်ဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သဘောတည်းလောက်ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာ ကျင်လည်မှုတွေကို လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကိုမြင်ရလျှင် အဆိုအမည်ခံရသည်။ ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။

…ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဥာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက် ကျန်းမာကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာ ချို့ယွင်းနေပေသည်။ ရေနံချောင်းအမျိုးသားကျောင်းနေစဉ် ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသားကျောင်းဖြစ်သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စား လေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင်ဖြစ်သည်။

…မြန်မာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီးများ၏ အချို့အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်လေသည်။ သို့မဟုတ်လျှင် မြန်မာပြည်နှင့် ဗမာလူမျိုးတို့အခြေအနေသည် တိုးတက်သင့်သလောက် တိုးတက်မည်မဟုတ်ချေ။
 
…ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုပေ။ ပညာသည် “အတိုင်းအဆ”မထင်။ အလွန် ကျယ်ပြောနက်နဲလှပေသည်။ ကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ ဖြစ်နေကြ စေသည်။

…ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ်အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟုမဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဥာဏ်ပညာကို လည်းကောင်း၊ မိမိဥာဏ်အမြင်အရ စိတ်နေစိတ်ထားစိတ်ဓာတ်တို့ကိုလည်းကောင်း၊ (Emotion Of The Education) ပြုပြင် ပြုစုစီမံထားခဲ့သူသာလျှင်ဖြစ်သည်။ ဘီ-အေပင်အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်ရစေကာမူ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ၊ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်းမရှိခဲ့သော် တကယ်အရာမရောက်၊ အသုံးမ၀င်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာရှိသည်မဟုတ်။ စာအုပ်များထက် ကျော်၍မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။

…ပညာသည် လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။ လူ၏ စိတ်နေစိတ်ထား အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ဆန္ဒအား၊ လုပ်အားကို နူးညွတ်စေရမည်။ ရာဇ၀င်သိရုံသာမဟုတ်။ ရာဇ၀င်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။ ပထမ ပညာကို သိရုံသာမဟုတ်။ မြေသစ်၊ ရေသစ် တောတောင်တို့ကို  ရှာဖွေစုံစမ်းနိုင်စွမ်းစေရမည်။ လောကအကြောင်းကို နားလည်စေရုံသာမဟုတ်။ သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်စေရမည်။ ဤကား ပညာ၏သရုပ် အကျဉ်းမျှပင်တည်း။

…ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့အသုံးလည်းကျရမည့်ပညာတွင် သညာလည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်။ ဥာဏ်ချည်းသာ တိုးတက်၍ “သညာ”မရှိပါမူလည်း  ဤမျှပိုမိုဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ်ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဥာဏ်ကိုသာရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့်မသုံးနိုင်ပေ။ တိုင်းပြည်အခြေအနေ ပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။ လူတစ်ယောက်၏ သက်တမ်းတွင် ဘ၀ပထမက သိမြင်လာသော စိတ်နေစိတ်ထားဝါဒတို့သည် အမှန်ချည်းမဟုတ်။ ပြုပြင်ပြောင်းလဲရမည်သာတည်း။

…ယနေ့ အယူအဆနှင့် မနက်ဖြန် အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် အကျွန်ုပ်တို့သည် အယူဝါဒပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ် မှားလေသည်။ သမာဓိမတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန်ဖြစ်ခြင်းပင်တည်း။ ၀ါဒပြောင်းလဲမှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်းမဟုတ်ပေ။ တစ်နည်း တိုးတက်ခြင်းပေတည်း။

…အမှန်အားဖြင့် သမာဓိဆိုသောစကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိလူအပေါင်းတို့အား သမာဓိလက်ကိုင်ကြသူ ရှားပေသည်။ သမာဓိဆိုသည်မှာ လောက၏ အကောင်းအဆိုး၊ အကျိုးအပြစ်၊ အပျက်သနစ်စုံတို့ကို ပိုင်းခြားထင်ထင် သိမြင်၍ ဆင်းရဲလည်း ၀မ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိစိတ်ထား ဥာဏ်အမြင်အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု၊ ဘေးဒုက္ခအန္တရာယ်ကို မထိတ်မလန့် တစ်သမတ်တည်း တည်ငြိမ်စွာရှိခြင်းကို ဆိုလေသည်။ ဘုရားအစရှိသော သူတော်ကောင်းတို့၏ စိတ်တည်နေပုံမျိုးတည်း။ သို့ဖြစ်ရာ သာမန်ကိုယ်ကျင့်အမူအရာ အပြောအဆို ဗန်းပြတည်ငြိမ်မှုကို လူအပေါင်းတို့က သမာဓိဟု သာမည ပြောစမှတ်ပြုကြလေသည်။

…အမှန်စင်စစ်ကား ထိုဗန်းပြတည်ငြိမ်မှုတွင် မည်မျှ အတွင်းဖောက်လွဲဖောက်ပြန်မှုများ တိုးပွားများပြားသည်ကို လူအပေါင်းတို့ မစဉ်းစားမိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန်တည်သူတစ်ယောက်ဟု အသိအမှတ်ပြုခဲ့ရလေသည်။ ကျွန်တော်၏ ကိုယ်အမူအရာ စိတ်ထားသရုပ်တို့သည် ဖောက်လွဲဖောက်ပြန်သဘောကို မပြပေ။ သို့သော် တကယ်ပင် ကျွန်တော်သည် သမာဓိရှိ၏။ မည်မျှသမာဓိတရားကို ပိုင်ဆိုင်ပေသနည်း။ ကျွန်တော်သာလျှင် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုတို့ကို ဤစာအုပ်ဖတ်ရင်း တွေ့မြင်ရလိမ့်မည်။

…အသိဆုံးဖြစ်ပေသည့် ကျွန်တော်၏ အတွင်းလှုပ်ရှားမှုများကား သမာဓိတရားကို လုံးဝမပိုင်ဆိုင်သေးခြင်း၏ အမှတ် လက္ခဏာပင်တည်း။ ယခုလည်း ကျွန်တော်သမာဓိတရားကို ပိုင်ပြီလား။ လုံးဝမပိုင်သေးပေ။ ထို့ကြောင့် လူတိုင်း ပိုင်ဆိုင်ခြင်း မရှိသေးသော သမာဓိတရားကို စကားလုပ်၍ မဆိုကြပါနှင့်ဦး။ လူတစ်ယောက်၏ ဥာဏ်အမြင် လှုပ်ရှား ပြောင်းလဲမှု၊ ၀ါဒပြောင်းလဲမှုကို သမာဓိမတည်ဟု တံဆိပ်အရိုက်မစောသင့်ကြပေ။ ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များက အရှင်အာဒိစ္စဝံသဆိုသော ကိုယ်တော်အား သာသနာတော်တွင် ဘိက္ခုနီမများ ရှိသင့်သည်ဟု စာအုပ်တစ်အုပ် ရေးသားမှုကြောင့် ၀ိုင်းပယ်ကြ၏။ သပိတ်မှောက်ကြ၏။ အမှန်ကား သူ၏ပြောင်းလဲမှုသည် မှားချင်လည်း မှားပေမည်။ သို့သော်လည်း ပုထုဇဉ်တို့၏ ဂတိအလားဖြင့် အမှားမရှိသူမရှိ၊ အမှားသိမှ အမှန်မြင်လေသည်။ အမှားတစ်ခု လုပ်မိလျှင် အမှားနှစ်ခါလုပ်မိသောအခါ မှန်လာပေလိမ့်မည်။

…သို့သော်လည်း မှားပင်မှားစေကာမူ မိမိဥာဏ်အမြင်အလျောက် ပြောင်းလဲမှုများ ရှိအပ်သည်သာတည်း။ လှေနံဓားထစ် ဆိုသောအလုပ်၊ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပာယ် ဆန့်ကျင်ဘက်ပေတည်း။

…ဗုဒ္ဓဂေါတမသည် သဗ္ဗညုတရွှေဥာဏ်တော်ကို ခြောက်နှစ်တိုင်တိုင် အမှားအမျိုးမျိုးကိုကျော်ကာ ရှာဖွေတွေ့ရှိခဲ့လေသည်။ ထိုဥာဏ်တော်ရှာဖွေရန် စိတ်ပိုင်းဖြတ်သောအစ၌ သိဒ္ဓတ္ထမင်းသားသည် မိမိဥာဏ်အမြင်အရ အနုမာနမျက်ရမ်းဆ၍ ပြောင်းလဲမှုရှိလာလေသည်။

…အလှယ်လှယ် အပြောင်းပြောင်း အသောင်းမကသေး၊ မောင်းမမိဿံ ခြွေရံပရိသတ်တို့နှင့်တကွ နန်းသုံးဆောင်ဝယ် မင်းစည်းစိမ်ကို စွန့်ပယ်၍ သောင်မမြင်၊ ကမ်းမမြင် ရသေ့ရဟန်းအသွင် လျော်တေသင်္ကန်းကို ၀တ်ဆင်၍ “ဘိက္ခနသိလော ယာစနသိလောတိဘိက္ခု” ဟူသည်နှင့်အညီ သူတောင်းစားဘ၀မျိုးသို့ ပြောင်းလဲမှုသည် သာမန်ပကတိမျက်စိအားဖြင့် ကြည့်လျှင် ရူးသည်၊ မိုက်သည်ဟု ဆိုရပေမည်။

…မိမိ၏ မင်းစိတ်၊ မင်းဝါဒကို ဆန့်ကျင်သော လောဘစိတ်၊ လောက၀ါဒအား ဤသို့ပြောင်းလွဲခဲ့လေသည်။

ဗိုလ်ချုပ်အောင်ဆန်း

Sunday, 19 February 2012

Harvard University ရဲ့ အောင်မြင်မှု့သော့ချက်


ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို...့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။
ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…
၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။
၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။
၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။
၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။
၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။
၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။
၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။
၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။
လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။
၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။
၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။
၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။
၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။
၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။
၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။
၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။
၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။
၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။
၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။
၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။
၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။

Friday, 27 January 2012

အံ့ဖွယ် ရုံးပတီသီး

 

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။

ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ

Dietary Fiber 2 gm

Protein 1.5 gm

Carbohydrate 5.8 gm

Vitamin A 460IU

Vitamin C 13 mg

Folic acid 36.5 microgram

Calcium 50 mg

Iron filtered 0.4 mg

Potassium 256 mg

Magnesium 46 mg

ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။



ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။

လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။


ဥယျာဉ်မှူးမှဖြစ်ပါသည်

http://www.myanmaronlinenetwork.com/index.php?topic=960.0

...................
ကိုယ့်အိမ်မှာ မြေကွက်လေးရှိရင် ပန်းအိုးလေးတွေနဲ့ စိုက်ထားလို့ ရတယ်။



ရုံးပတီသီး ဟင်းလျာတွေကို ကြည့်ချင်ရင်

http://www.google.com/search?tbm=isch&hl=en&source=hp&biw=1152&bih=738&q=%E1%80%B0ladyfingers&gbv=2&oq=%E1%80%B0ladyfingers&aq=f&aqi=&aql=&gs_sm=s&gs_upl=4914l20885l0l24454l22l22l3l16l14l0l80l203l3l3l0#hl=en&gbv=2&tbm=isch&sa=1&q=ladyfingers+recipe&oq=ladyfingers+&aq=0&aqi=g1g-s1g4g-s1g3&aql=&gs_sm=c&gs_upl=12418l12418l2l20535l1l1l1l0l0l0l0l0ll0l0&bav=on.2,or.r_gc.r_pw.,cf.osb&fp=51b2033ad6427dc1&biw=1152&bih=738

‘ရင်သွေးယူတော့မည့် မိခင်၊ ဖခင်လောင်းများ ဖတ်ရန်’

By 7Day News Originally posted 13/01/2012 12:45PM





ရင်သွေးငယ် ရယူရန် ဆုံးဖြတ်ထားသည် ဆိုပါက အောက်ပါစာမူကို ဖတ်ရန် တိုက်တွန်းအပ်ပါသည်။  မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ကြသည့် သူများ ရှိသကဲ့သို့  မိမိရင်သွေးအတွက် ကြိုတင် ပြင်ဆင်၍ ရင်သွေးငယ် မွေးဖွားသူများလည်း ရှိသည်။ ကြိုတင် ပြင်ဆင်သည်ဆိုရာတွင် ရင်သွေးငယ်အတွက် သင့်တင့်သော စီးပွားရေး အခြေအနေ၊ မိဘများ၏ အသက်အရွယ်၊ ကလေးတစ်ဦးနှင့်တစ်ဦး အသက်ကွာခြားချက် စသည်တို့ ဖြစ်သည်။

ထိုသို့  ကြိုတင် ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ ကလေးငယ်အား ကျန်းမာသန်စွမ်းသော ကလေးငယ်တစ်ဦး ဖြစ်စေရန် မိခင်အနေဖြင့် ကြိုတင် ပြင်ဆင်ရမည့် ကျန်းမာရေး ပြင်ဆင်မှုများသည်လည်း မမေ့လျော့သင့်သည့် အရာတစ်ခုဖြစ်သည်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် ဇနီးမောင်နှံများမှာ အသုံးပြုနေသည့် ကိုယ်ဝန်တားဆေးများ  မသုံးတော့ခြင်း၊ ယေဘုယျ ကျန်းမာရေးဂရုပြုခြင်း စသည်တို့လောက်သာ  ပြုလုပ်လေ့ ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ်အား ရောဂါပိုးများ ကူးစက်မှု မရှိစေရန် လည်းကောင်း၊ သားဖွားပြီး မိခင်အနေဖြင့် ကျန်းမာလှပသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်စေရန်အတွက် လည်းကောင်း၊ ကြိုတင်ပြင်ဆင်မှု နည်းပါးနေသေးကြောင်း သားဖွားမီးယပ် ဆရာဝန်ကြီးများက ပြောကြားသည်။

“သားဖွား မီးယပ်အထူးကု ဆရာဝန်တွေ အများဆုံး တွေ့ကြုံရတာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေက ဘာမှ  ကြိုတင် ပြင်ဆင်မှု မရှိဘဲ မိခင်လောင်းဘဝကို ရောက်သွားကြတာ များတယ်။ အဲဒီအခါ ကလေးအတွက် အရေးကြီးဆုံးအချိန်တွေ မသိလိုက်ဘဲ ဆုံးရှုံးသွားကြတာ များတယ်” ဟု သားဖွားမီးယပ်အထူးကု ဆရာဝန် တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။

ကိုယ်ဝန်ဆောင် နေစဉ်တွင် ပထမဆုံး ကိုယ်ဝန်သုံးလသည် ကလေးငယ်အတွက် အရေးကြီးဆုံးသော အချိန်ဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။ ထိုသုံးလ အတွင်းတွင် ကလေးငယ်အတွက် အဓိက အစိတ်အပိုင်းများဖြစ်သည့် ဦးနှောက်၊ အသည်း၊ အဆုတ် စသည့် အင်္ဂါအစိတ်အပိုင်းများ အပြင် မျက်လုံး၊ ခြေ၊ လက်များ အသေးစိတ် စတင် ဖွံ့ဖြိုးသည့် အချိန်လည်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့သော အရေးကြီးလှသည့် အချိန်တွင် သတိမမူမိသည့် အပြုအမူအချို့ကြောင့် မိမိရင်သွေးအား မွေးရာပါရောဂါများ၊ မသန်စွမ်းမှုများ ဖြစ်ပေါ်သွားစေနိုင်သည်။

“ဘယ်သူက စသတ်မှတ်လိုက်လည်း မသိပေမယ့် လူအများစု ထင်နေတာက ကိုယ်ဝန်ငါးလလောက်မှ ကိုယ်ဝန်အပ်ရမယ်ဆိုပြီး အပ်ကြတယ်။ အဲဒီတော့ ကလေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ အချိန်ကာလတွေ လွန်သွားပြီ။ ဘာမှ လုပ်လို့မရတော့ဘူး” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဆရာဝန်တစ်ဦးက ပြောသည်။

ထိုကိုယ်ဝန် သုံးလအတွင်း အမှားတစ်စုံတစ်ရာ ဖြစ်ပါက ကလေးတွင် အင်္ဂါချွတ်ယွင်းခြင်း၊ လူစဉ်မမီခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းစသော ဒုက္ခိတကလေးများ မွေးဖွားလာနိုင်သည့်အတွက် ကိုယ်ဝန်ငါးလမှ စ၍ ကိုယ်ဝန်အပ်မည်ဆိုပါက ထိုအရေးကြီးသည့် အချိန်များတွင် ရှောင်ရန်၊ ဆောင်ရန် အကြောင်းအရာများသည်လည်း လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချက်များကြောင့် ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင် ကိုယ်ဝန်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်စေရန် ခန္ဓာကိုယ် အလေးချိန်အား ဂရုပြုခြင်း၊ ကိုယ်ဝန်အတွက် အန္တရာယ် မဖြစ်စေမည့် နေထိုင်ခြင်းပုံစံများ၊ အစားအသောက်ပုံစံ စသည်တို့အတွက် တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ကြိုတင် တိုင်ပင်သင့်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်မယ့် သူက မဝလွန်း၊ မပိန်လွန်းသော ခန္ဓာကိုယ်ရှိရမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်မဆောင်ခင် ရှိသင့်တဲ့ အလေးချိန်ဖြစ်အောင် ဂရုပြုရမယ်။ ကိုယ်ဝန်ဆောင်တော့မှ ဝိတ်ချလို့လည်း မရဘူးလေ။ ဆေးလိပ်ငွေ့တွေ အရက်တွေကလည်း သန္ဓေသားကို ထိခိုက်မှု အရမ်းများတဲ့အတွက် အဲဒါတွေ ဖြတ်ရမယ်” ဟု ဒေါက်တာစိုးလွင်က ပြောသည်။

နောက်အရေးကြီးသည့် အချက်တစ်ခုမှာ ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်သည့်အချိန်မှ စတင်၍ ကိုယ်ဝန်ဆောင်အားဆေး ဟု ခေါ်သည့် ဖောလစ်အက်ဆစ် (Folic Acid) အား တစ်နေ့လျှင် ၄၀၀ မိုက်ခရိုခရမ်နှုန်းဖြင့် နေ့စဉ် သောက်သုံး သွားသင့်ကြောင်း ဒေါက်တာစိုးလွင်က “ရာသီမလာခင် လူသတ်ချင်” ဟူသော ကျန်းမာရေးစာအုပ်တွင် ထည့်သွင်း ရေးသားထားသည်။

ထိုဆေးအား ကိုယ်ဝန်၏ ပထမသုံးလအထိ သေချာစွာ သောက်သုံးထားလျှင် ကလေး၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်များအား ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင်  ဂျိုက်သိုးရောဂါ ဖြစ်ပွားပါကလည်း ကလေးငယ်အား ဝမ်းဗိုက်အတွင်းတွင် သေဆုံးခြင်း၊ ဦးနှောက် ကျပ်မပြည့်ခြင်းများ၊ ဆွံ့အနားမကြား၊ မျက်စိကန်းသည့်  ကလေးဖြစ်စေသည်အထိ အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်သည်။

ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်သည့်အချိန်တွင် မိမိခန္ဓာကိုယ်ထဲတွင် ဂျိုက်သိုးရောဂါ ကာကွယ်သည့်ဓာတ်များ ရှိ၊ မရှိ ကြိုတင် စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေးထိုး၍လည်း ကာကွယ်နိုင်ကြောင်း သိရသည်။

တခြား ကူးစက်ရောဂါများ ဖြစ်သည့် ကာလသားရောဂါများ၊ ခုခံအား ကျဆင်းမှုရောဂါများ၊ အသည်းရောင် အသားဝါကဲ့သို့သော ကူးစက်ရောဂါများ ရှိ၊ မရှိကိုလည်း စစ်ဆေးထားခြင်းဖြင့် ကလေးအားကူးစက်မှု မရှိစေရန် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်သည့် အချိန်တွင် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်က ကလေးနှင့် မိခင်အတွက် ကောင်းမွန်ပြီး တစ်စုံတစ်ရာ လေ့ကျင့်ခန်းများ ပြုလုပ်လိုပါကလည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်ကြောင်း သိရသည်။

ကိုယ်ဝန်ရှိသည့်အခါတွင် အများစုမှာ သုံးပတ်မှ လေးပတ်အထိ ကိုယ်ဝန်ရှိကြောင်း မသိရှိကြဘဲ တချို့မှာ လအနည်းငယ်အထိ မသိရှိသည့် သူများလည်း ရှိကြသည်။ ထိုမသိရှိသည့် အချိန်တွင် ကြိုတင် ကာကွယ်မှုလည်း မရှိပါက မိမိ ရင်သွေးငယ်အတွက် မလိုလားအပ်သည့် ရောဂါများ ဖြစ်ပွားလာစေနိုင်ပြီး ကလေးမလိုချင်သည့် အချိန်တွင်လည်း ကလေးရရှိသွားပါက စိတ်ချမ်းသာသော အခြေအနေ မဖြစ်လာနိုင်ကြောင်း ဂရုပြုသင့်သည်။ မွေးဖွားပြီးချိန်တွင်လည်း မိခင်ရော၊ ကလေးပါ ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်သင့်သည့် အချက်များအား ပြင်ဆင်ရင်း ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်သော ရင်သွေးလေးများ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဝတ်ရည်

Friday, 20 January 2012

East meet with West!

<object width="560" height="315"><param name="movie" value="http://www.youtube.com/v/053S4B5J0is?version=3&amp;hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/053S4B5J0is?version=3&amp;hl=en_US" type="application/x-shockwave-flash" width="560" height="315" allowscriptaccess="always" allowfullscreen="true"></embed></object>

Thursday, 19 January 2012

ဝန်ထမ်းဂုဏ်သိက္ခာနဲ့  ကြွေသီး ဖန်သီး

အစိုးရ၊ ဝန်ထမ်းနဲ့ အခမဲ့ဝန်ဆောင်မှု
ပြောမှ ဖြစ်မှာမို့ ဖတ်မိမှတ်မိတာလေး နည်းနည်းပြောချင်ပါတယ်။ ‘နိုင်ငံ’ရယ်လို့ ဖြစ်ဖို့ရာ အင်္ဂါလေးရပ်နဲ့ပြည့်စုံရပါသတဲ့။ (၁) ပြည်သူလူထု၊ (၂) နယ်နိမိတ်၊ (၃)
အချုပ်အခြာ အာဏာ၊ (၄) အစိုးရဆိုတဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှ နိုင်ငံတကာဥပဓိရုပ် (International Personality) ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုရင် ပြည်
င်ငံရဲ့အချုပ်အခြာ အာဏာ (အာဏာသုံးရပ်)ကို ကိုင်စွဲအုပ်ချုပ်ဖို့ရာအတွက် သူတို့ကြိုက်တဲ့၊ အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့ ယုံကြည်ကိုးစားတဲ့ ‘အစိုးရ’ကိုဖွဲ့စည်းပုံ သူလူထုက နိုအခြေခံဥပဒေနဲ့အညီ (ရွေးချယ်တင်မြှောက်)ရတာ ဖြစ်ပါတယ်။ အဲဒီအစိုးရက သူ့ရဲ့မူဝါဒရည်မှန်းချက်တွေကို ထုံးနည်းတကျလုပ်ကိုင်ဖို့ ဝန်ထမ်း (service)တွေကို အသုံးပြုရပါတယ်။ အရည်အချင်းသတ်မှတ် စိစစ်ခန့်ထားရပါတယ်။ အဲဒီအတွက် အစိုးရက သူ့အတွက် လစာရိက္ခာကို ယူပါတယ်။ ဝန်ထမ်း အတွက် လည်း လစာရိက္ခာကို ပေးပါတယ်။ နိုင်ငံ့ဘဏ္ဍာထဲကပါ။ လစာရိက္ခာ ဘာကြောင့်ပေးသလဲဆိုရင် စားဝတ်နေရေး ပြေလည်စွာနဲ့ နိုင်ငံ့တာဝန်ထမ်းစေချင်လို့ပါ။ လစာရိက္ခာ ဘာကြောင့် ယူသလဲဆိုရင် (ရေရှည်မှာ) အငတ်ခံလုပ်ဖို့ မဖြစ်လို့ပါ။ အဲဒီလိုယူတဲ့အတွက် အစိုးရနဲ့ သူ့ရဲ့ဝန်ထမ်း အဖွဲ့အစည်းဟာ နိုင်ငံတိုးတက်အောင်၊ ကြီးပွားအောင်၊
ပြည်သူလူထု သက်သောင့်သက်သာရှိအောင် ‘ဝန်ဆောင်မှု’ပေးရတာဖြစ်ပါတယ်။ သူဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ရဦး မယ်ဆိုတာ   ပြည်သူကိုပြန်အစီရင်ခံရပါတယ်။ ဒါကြောင့်မေးမြန်းချက်တွေကို ဖြေနေတာ ဖြစ်ပါတယ်။ အဆိုပြုချက်တွေကိုဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ ဘယ်အစိုးရ အဖွဲ့မဆို သူ့ရဲ့ရည်မှန်းချက်နဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ဝန်ထမ်းအဖွဲ့အစည်းကို ခိုင်းရပါတယ်။ အခွင့်အာဏာရဲ့ အစိတ်အပိုင်းတချို့ကို ခွဲဝေပေးရပါတယ်။ သင့်လျော်တဲ့ လုပ်ခလစာကို အဆင့်အရည်အသွေး အလိုက်ပေးရပါတယ်။ ဒီလစာကိုယူ၊ ဒီတာဝန် (ဝန်ဆောင်ဝန်ထမ်း ဂုဏ်သိက္ခာနဲ့မှု)ကို ကျေပွန်အောင်လုပ်။ ဝန်ထမ်း အလုပ်ဆိုတာ ချမ်းသာအောင် အစီးအပွားလုပ်တဲ့ (Business) မဟုတ်ဘူး။ ဘဏ္ဍာတိုက်ထဲက ထပ်မခိုးနဲ့၊ မဝှက်နဲ့၊  လူထုအိတ်ထဲက ထပ်မနှိုက်နဲ့၊   မောင်ရင့် တာဝန်က  ပြည်သူ့အတွက် ဝန်ဆောင်မှုကို ‘အခမဲ့’လုပ်ပေးရမယ်။ မဟုတ်ရင် အရေးယူမယ်မှတ်။ လစာရိက္ခာကို ထိုက်တန်သင့်မြတ်အောင် ပေးထားရင်၊ ‘ဆီကိုင်တဲ့ လက်ဆီပေ မှာပေါ့’လို့ ပြောစရာမလိုဘူး။ ‘သဒ္ဓါလို့ပေးတာယူ’လို့ မပြောဘူး။ ‘ကြွေတဲ့အသီးတော့ ကောက်ပေါ့’လို့ မပြောဘူး။ ‘ငါ့အမျိုး ငါ့ရွာသားမို့ ဒါလေးတော့’လို့ မပြောဘူး။ ကမ္ဘာမှာလာဘ်စားမှု အနည်းဆုံးနဲ့ အသန့်ရှင်းဆုံး တိုင်းပြည်လို့နာမည်ရတဲ့ စင်ကာပူမှာ ဘယ်သူ့လက်မှ ဆီမပေစေရဘူး။ ကြွေသီးရော၊ ဖန်သီးရော  ကောက်မစားရဘူး။ မီးပွိုင့်မှာလည်း ဘယ်သူမှအခွင့်အရေးပိုမယူရဘူး။ အရေးကြီးတဲ့ အချက်တစ်ချက်က လစာရိက္ခာကို အပြင်မှာထက်ပိုပြီး မက်လောက်အောင်ပေးထားတယ်။ (လူထုအိတ် ထဲက ထပ်ဆောင်းပေးစေဖို့ မလိုပါဘူး)။ဒီတော့ သူတို့ဟာ အလုပ်ထိခိုက်မှာကို သိပ်စိုးရိမ်တယ်တဲ့။
ယူတိုပီယာ မျှော်မှန်းချက်
သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ပါပဲ။ အကျင့်ပျက်မှုအနည်းဆုံးနဲ့ အသန့်ရှင်းဆုံးအဖြစ် လက်ညှိုးထိုးပြရတဲ့ တိုင်းပြည်ဟာ တို့ဗမာသာကီမျိုးတွေနေတဲ့ တိုင်းပြည် မဟုတ်ဘဲ ပုလုသေးကွေး စင်ကာပူကျွန်းနိုင်ငံလေး ဖြစ်နေလို့ပါ။ ကျွန်တော်တို့ လူမျိုးတွေကသူတို့ထက်ပိုပြီး ဝိသမလောဘတွေ များလွန်းနေသလား၊ အကျင့်ပျက်ပြား သူတွေပိုများနေလို့လား၊ မဟုတ်လောက်ဘူး ထင်ပါရဲ့။ လျှာမြက်ပေါက်အောင် တောင့်ခံနေသူတွေ၊ မတရားတဲ့ နည်းနဲ့ ရတဲ့တံစိုးဟူသမျှ တစ်ပြားတစ်ချပ်မှ လက်မခံ ဘဲ ငြင်းပယ်တဲ့သူတွေ အသေအချာကို ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးကို သိမ်းကျုံးပြီး အကျင့်ပျက်တယ်၊   ခြစားတယ်လို့ပြောရင် တော်တော်စော်ကား မော်ကားပြုရာ ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတည်း မဟုတ်လို့ ပါ။ နိုင်ငံကိုချစ် လှချည်ရဲ့လို့   အော်သူ ပဲဖြစ်ဖြစ်၊ မအော်တဲ့သူပဲ ဖြစ်ဖြစ်နိုင်ငံ့ တာဝန်ထမ်းရတဲ့ ဝန်ထမ်းတွေမှာ မျှော်မှန်းချက်နှစ်ခု တော့ဖြင့် (အနည်းဆုံး)ရှိပါတယ်။ ဂုဏ်သိက္ခာလုံခြုံမှုနဲ့ စားဝတ်နေရေး လုံခြုံမှု   မျှော်မှန်းချက်နှစ်ခုပါ။ ဟိုတုန်းက စာရေးကြီးဆိုတာ ရပ်ထဲရွာထဲမှာ ဂုဏ်သရေရှိသတဲ့၊ ဟိုတုန်းက ပြာတာလို့ခေါ်တဲ့ (အနိမ့်ဆုံးအဆင့်) ဝန်ထမ်းဟာ မိသားစု   လေးယောက် လောက်ကို ဗိုက်ရိုက်ကျွေးနိုင်သတဲ့။ ဝန်ထမ်းဆိုတာ ဂုဏ်သိက္ခာရှိသတဲ့၊ အိနြေ္ဒရသတဲ့။ ခု….။ ဝန်ထမ်းဆိုတာနဲ့ တစ်ပြိုင်နက်’ ဘာကောင်ကြီးလဲ၊ ပါးစပ်ပါရဲ့မဟုတ်လား’ပြောသူက ပြောတယ်။ ‘အထုပ်ကြီးပြလိုက်တာနဲ့ ငမ်းငမ်းတက်နေမှာ ပါကွာ’ လို့ ဆိုသူကဆိုတယ်။ ‘အထုပ်သေးသေးနဲ့ လေးလေးပေးရင် လက်တို လက်တောင်းခိုင်း လို့ရမယ်’ ထင်သူကထင်တယ်။ စားဝတ်နေစရိတ်စကနဲ့ လုပ်ခလစာက ဆင့်ပါးစပ်နှမ်း ပက်ဖြစ်လာတဲ့အခါ မလိုက်လျောဘဲ တင်းခံနေတဲ့သူကို ‘စာအုပ် ကြီးသမား ငတုံး’လို့ ပြောတယ်။ ‘ကြိုးနီစနစ်ရဲ့ နောက်ဆုံးအမွေခံ’လို့ ပြောတယ်။ ရိုးသားဖြောင့်စင်းမှုဆိုတာ ‘လူနုံလူအတွေရဲ့ ကိရိယာတန်ဆာ’လို့ ရှုတ်ချပြစ်တင်တယ်။   ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလာခဲ့တယ်။ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်လာခဲ့တယ်။ လစာရိက္ခာကိုလည်း တိုးနိုင်သမျှတော့ တိုးလာပေးခဲ့ပါတယ်။ ဒါပေမဲ့ ကာလတစ်ခုမှာ နှမ်းအဖြစ်ပဲ ဘဝပြောင်းသွားပြန်တော့တယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းလည်း တန်ဖိုးထား တဲ့နှုန်းစံတွေ ပြောင်းလာခဲ့တယ်။ စက်ဘီးလေး တချောက်ချောက်စီးလို့ ပုဆိုးအနွမ်းနဲ့ ကျောင်းတက်သွားတဲ့ မူလတန်းပြ ဆရာနဲ့ (ခွင့်လွှတ်ပါ) ပါဘလစ်ကာမောင်းပြီး ဓာတ်ဆီဆိုင်ပန့်ကိုင်ဖို့သွားတဲ့သူကိုကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြား ဆက်ဆံခဲ့ သလဲ။ဘယ်လိုနည်းနဲ့ပဲ ဝင်ငွေရရ၊ ငွေကြေးသုံးစွဲနိုင်တဲ့၊ အလှူကြီးအတန်းပေးနိုင်တဲ့ သူတွေနဲ့ ကျူရှင်မပြဖို့တားမြစ်ခံ ထားရတဲ့ ကျောင်းဆရာလေးကို ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြား ဆက်ဆံခဲ့သလဲ။ စိတ်ဓာတ် ချွတ်ခြုံကျနေတဲ့ လူ့အဖွဲ့အစည်းမှာ ခါးသီးနာကျင်နေတဲ့ လူကောင်းသူကောင်းတွေ တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်ပါဘူး။ ခုလောလောဆယ် အနိမ့်ဆုံး ဝန်ထမ်းတစ်ဦးရဲ့ လစာဟာ (ကျပ်၃၅ဝဝဝ ) ဖြစ်ပြီး အမြင့်ဆုံး ဝန်ထမ်းဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့လစာက ကျပ် ၂ဝဝ,ဝဝဝ ဖြစ်ပါတယ်။ ဟိုတုန်းက ဝန်ထောက်လို့ခေါ်တဲ့ ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ (အခု) လစာက ကျပ် ၁ဝဝ,ဝဝဝ တဲ့။ ရန်ကုန်၊ တာမွေကျောက်မြောင်းလို နေရာမျိုးမှာညနေ ၃ နာရီကနေ ည ၈ နာရီအထိ ဝက်သားတုတ်ထိုး ရောင်းနေတဲ့သူက ၆ လွှာတိုက်ခန်းကို တစ်လ ကျပ် ၅ဝဝဝဝ ပေးပြီး ငှားနေနိုင်တယ်။ ပြန်တမ်းဝင်အရာရှိကအဲဒီလိုအခန်းမျိုးငှားနေရင် ကျန်တဲ့ငွေကို လင်မယားနှစ်ယောက်ခြိုးခြံစားနိုင်တယ်ထား၊ နှာမစေးနဲ့၊မဖျားနဲ့၊ မနာနဲ့၊ သားသမီးကိုတက္ကသိုလ် မပို့နဲ့၊ အလှူမသွားနဲ့၊အိုမင်းမစွမ်း ဖြစ်နေတဲ့ မိဘနှစ်ပါးအိမ်ကို သီတင်းကျွတ်ရင်လည်း မသွားနဲ့။ သူ့ဝမ်းဗိုက်ထဲမှာ တကြုတ်ကြုတ်   မြည်နေတဲ့ အူတစ်စုံရှိတယ်။ သူ့ရှေ့မှာ ဆာလောင်လို့ ဝင်းပြောင်နေတဲ့ ရင်သွေးငယ်တို့ရဲ့ မျက်လုံးအစုံ ရှိတယ်။ သူ့ဝန်းကျင်မှာ အကောင်းစား စကားလုံးတွေနဲ့ ဟန်ဓာတ် ခုတ်နေတဲ့ လူ့အဖွဲ့အစည်းရှိတယ်။ သူ့လက်ထဲမှာ ကျိန်စာ မကင်းတဲ့လုပ်ပိုင်ခွင့်တချို့ရှိတယ်။ သူ့ရဲ့အင်မတန် အဖိုးတန်လှတဲ့ ဂုဏ်သိက္ခာကို ရွှေချည်ထိုးပြီး ဘယ်လောက် ကြာကြာ တင်းခံနိုင်မလဲ။’ တစ်တက်စား ကြက်သွန်’ ဘဝကနေ အရှိန်မထိန်းနိုင်တော့တဲ့ ‘လောဘကောင်ကြီး’ဖြစ်သွားသူတွေဘယ်လောက်ရှိလေမလဲ။ ဘာမဟုတ်တဲ့   လူတွေကိုမျက် နှာချိုသွေး ဖို့မလိုဘ (သူ့အဆင့်သူ့ အရည်အချင်းနဲ့ လျော်ညီတဲ့ လစာရိက္ခာကိုပဲ ခံစားပြီး)ခပ်တင်းတင်း နေချင်တဲ့သူမျိုး တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်မြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုဝန်ထမ်း အဖွဲ့အစည်းမဆို ငခုံးမတွေ စာရိတ္တချွတ်ခြုံကျ နေသူတွေကို တမင်ရွေးချယ်စိစစ်ပြီး ခန့်ထားခဲ့တာ မဟုတ်လို့ပါပဲ။ Empty Sacks cannot Stand ဘာမှထည့် မထားတဲ့ အိတ်ခွံလွတ်တွေဟာ ဘယ်လောက်ကြာကြာ   ထောင်မတ်နေနိုင်မလဲ။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဂျာမန်ကဗျာဆရာကြီးရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ‘ဗိုက်အပြည့် စားသောက်နေတဲ့ လူတွေက လူငတ်တွေကို အနစ်နာခံကြစမ်းပါတဲ့’တ။ဲ့ ရေးပါ၊ပြောပါ။ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေကို တစ်စက်မှ ထည့်မစဉ်းစားဘဲ အကောင်းဆုံး စကားလုံးတွေနဲ့ ရေးခဲ့ပြောခဲ့တဲ့ခေတ်တွေ ဘယ်လောက်များခဲ့ပြီလဲ။ ဒါပေမဲ့ ချစ်လှချည်ရဲ့လို့ လူသိရှင်ကြား ကြွေးကြော်ခဲ့သူတွေက မူလတန်းပြ ဆရာတစ်ယောက်ရဲ့ လစာရိက္ခာနဲ့ ညီတူမျှ တူယူပြီးချစ်ပြမှ စံနမူနာကောင်းဖြစ်ပါလိမ့်မယ်။ ပိုအော် တဲ့သူက ပိုပြီး လျှော့ယူရပါမယ်။ ဒါမှမဟုတ်၊ ယူတိုပီယာ အိပ်မက်ထဲက ရုန်းထွက်ဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။
တတိယကျမ်း
အခုပြောခဲ့တာတွေက အဂတိလိုက်စားတာ အပြစ်ကင်းတယ်။အရေးယူလောက်စရာ မဟုတ်တဲ့သနားစရာသတ္တဝါလေးတွေဖြစ်တယ်။ အဲဒီလိုဆိုရာ မရောက်ပါဘူး။ ဝန်ထမ်းဆိုတာ တရားဝင်ရရှိတဲ့လစာရိက္ခာအပြင်တံစိုးနဲ့ အကျိုးအလို့ငှာ ကောင်တာဖွင့်ဈေးရောင်းသလို၊ ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးသလို (Business) စီးပွားရေး လုပ်တဲ့အလုပ်မျိုးမဟုတ်ဘူး။ အစီးအပွားရှာချင်ရင် ဝန်ထမ်းမလုပ်နဲ့ဆိုတာကတော့ဖြင့် တော်တော်ရှင်းလင်းတဲ့သီအိုရီပဲဖြစ်ပါတယ်။ သို့သော်အငတ်ခံ လုပ်ရမယ့် အခြေအနေမျိုးမဟုတ်သေးဘူးဆိုတာကိုလည်း မြင်သာစေချင်တာ ဖြစ်ပါတယ်။ စွပ်စွဲခံရသူတွေထဲက အချို့သောသူတွေရဲ့ရောဂါလက္ခဏာချက်ကို စာနာကြည့် တာပဲဖြစ် ပါတယ်။ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ’လက်’ကို မြင်နေပါလျက်နဲ့ ဒါ..လက်မဟုတ်ဘူး။ အရိုးအကြောအသွေးအသားတွေပါပဲလို့ ‘ဝိ’ချင်တတ်တယ်။ ခမ်းနားချင် တတ် တယ်။တည့်တည့်သွားရင် ရောက်နိုင်တာကို ကွေ့ပတ်လျှောက်တတ်တယ်။ရောဂါလက္ခဏာချက်နဲ့ လွှဲဖယ်နေတတ်တယ်။ လူ့သဘာဝကို ငြင်းပယ်ပြီး ရှာထားတဲ့ အဖြေ ဟာ ရေရှည်မမှန်ကန်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။အဂတိနဲ့ခြစားမှု တိုက်ဖျက်ရေးအတွက် လောလောဆယ်ကျင့်သုံးနေတဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။ အရေးယူ အပြစ်ပေးတဲ့နည်းနဲ့ ပညာပေး(ဝေဖန်ချေချွတ်၊ ညွှန်ကြား)တဲ့နည်းပါ။ အလွယ်ကူဆုံးနဲ့ အမြင်သာဆုံးလုပ်တဲ့နည်းကတော့ အရေးယူအပြစ်ပေးတဲ့ နည်းပဲ   ဖြစ်ပါတယ်။   မေးစရာကျန်နေသေးတာကဒါဆိုရင် လုံလောက်ပြီလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ခုတလော တော်တော် လက်ညှိုးထိုးခံနေရတဲ့ ဝန်ထမ်းအဖွဲ့ အစည်း တစ်ခုရှိတယ် (ဆိုပါစို့)အဲဒီဝန်ထမ်းတွေကို တစ်ယောက်မကျန်ဖယ်ရှားပစ်လိုက်ပြီး ပိုကောင်းမယ်လို့ထင်ရတဲ့၊ သို့မဟုတ် လက်ညှိုးထိုးနေတဲ့သူတွေနဲ့ အစားထိုးကြည့် မိပါတယ် (စိတ်ကူးနဲ့ပါ)။ သေချာတာကခဏတော့ကောင်းနေနိုင်ပါတယ်။ဒါပေမဲ့ ဘယ်ကာလအထိလဲ၊ သူတို့ဘယ်လောက်   တောင့်ထားနိုင် မလဲ။  နောက်ထပ်  သေချာတဲ့ အချက်က လူတို့ရဲ့ ရိုးဖြောင့်မှုနဲ့ဖြူစင်မှုဟာအကန့်အသတ် ရှိတယ်ဆိုတာပါပဲ။ လူတိုင်း စဉ်းစားနိုင်ကြပါတယ်။ အသစ်အဆန်းလည်း မဟုတ်ပါဘူး။အင်မတန်လည်း ရိုးစင်းပါတယ်။လူတိုင်းလူတိုင်းကို သူ့အရည်အချင်း သူ့အဆင့်အတန်းနဲ့ လျော်ညီတဲ့လစာရိက္ခာကို ရယူစေဖို့နဲ့ဂုဏ်သိက္ခာရှိရှိ အလုပ်တာဝန်   ကျေခွင့်ပြုစေဖို့ပဲ   ဖြစ်ပါတယ်။အဂတိလိုက်စားမှုတားမြစ်ရေးကို (နည်းလမ်းတကျ)တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။

ပြေလွင်မြင်
့ (ပေါ်ပျူလာဂျာနယ်)

လွမ်းရင်းမျှော် မျှော်ရင်းလွမ်း

Written by လူထုစိန်ဝင်း   
Sunday, 15 January 2012 11:17
AddThis Social Bookmark Button
များသောအားဖြင့်မြန်မာလူမျိုး တွေဟာငယ်စဉ်အခါက ဘယ်လောက်ပဲ အငြိမ်မနေသူဖြစ်ဖြစ် အသက်ကလေးရလာရင် လူရောစိတ်ပါ တည်တည်ငြိမ်ငြိမ် ဖြစ်လာလေ့ရှိတယ်။ လောကဓံလှိုင်းရိုက်ပုတ်မှုများကိုလည်း တရားသဘောနဲ့ ရှုမြင်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်ကြတယ်။
တရားမပြည့်လို့
ဒေါသဖြစ်စရာရှိလည်း ချွန်းအုပ်ပြီး သည်းခံနိုင်တယ်။ ၀မ်းနည်းစရာကြုံလည်း မျိုသိပ်ထားနိုင်တယ်။  ကိုယ်တိုင်ကတော့ တရားမပြည့်ဝလို့ ထင်ပါရဲ့။ အသက်သာခုနစ်ဆယ်ကျော်လာတယ် ဒေါသတွေလျော့မသွားဘူး။ တစ်ခါတလေများ အသားတွေ ဆတ်ဆတ်တုန်တဲ့အထိ ဒေါသဖြစ်မိတယ်။ အဆိုးဆုံးကတော့ ငယ်စဉ်ကထက် အဆပေါင်းများစွာ ပိုပြီးလွမ်းတတ်လာတာဖြစ်တယ်။ အသက်ကြီးလေ လွမ်းစရာတွေကလည်းများလေ ဖြစ်လာတယ်။ ငယ်စဉ်ကတော့ ကျောင်းတွေဖွင့်ချိန်မှာ မန္တ လေးမှာ ကျန်ရစ်တဲ့မိဘတွေကို လွမ်းတယ်။ ကျောင်းတွေပိတ်လို့ အိမ်ပြန်ရောက်ချိန်မှာ ကျောင်းကသူငယ်ချင်းတွေကို လွမ်းတယ်။ ဒီထက်ပိုပြီး လွမ်းစရာမရှိဘူး။
အလယ်ပေါက်က မြီးရှည်

အခုချိန်ပြန်တွေးလိုက်တော့ မရှိတော့ပြီဖြစ်တဲ့ မိဘတွေကို လွမ်းသလို၊ ဈေးချိုအလယ်ပေါက်က မြီးရှည်ကိုလည်း လွမ်းတယ်။ ၀င်းလိုက်ရုံထဲက အစ်မကြီးမမြရီရဲ့ မုန့်တီလက်ရာကိုလည်း လွမ်းတယ်။ မန္တလေးတက္ကသိုလ် အရှေ့ဘက်က လယ်ကွင်းစိမ်း စိမ်းတွေနဲ့ တောင်တန်းကြီးတွေကိုလည်း လွမ်းတယ်။ အလွမ်းတကာ့ အလွမ်းဆုံးကတော့ စစ်ကိုင်းတောင်ပေါ်က တန်ဆောင်တိုင်ညနဲ့ မန္တလေးသင်္ကြန်ရက်တွေပဲ။ငယ်စဉ်က ဒီပွဲနှစ်ပွဲတော့ ဘယ်အကြောင်းနဲ့မှကို အလွတ်မခံဘူး။ကျောင်းပိတ်ရက်နဲ့ဆုံလေ့မရှိတဲ့ တန်ဆောင်တိုင်ပွဲကိုတောင်နှစ်တိုင်း အရောက်ပြန်ဖြစ်အောင် ပြန်တယ်။
ဟိုချောင်ဝင် ဒီချောင်ကူး

အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံး ဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ်မထင်ဘူး။  ရထားတွေက ခုခေတ်လိုမြင်းရိုင်းက ဆုန်ပေါက်ပြေးသလို ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ် ကျိုက်မော့လိုက်လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဟိုချောင်ဝင် ဒီချောင်ကူး

အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံးဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ်မထင်ဘူး။  ရထားတွေက ခုခေတ်လိုမြင်းရိုင်းက ဆုန်ပေါက်ပြေးသလို

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးစားကြမှာဖြစ်ပါတယ်။ ခုထက် ၁၀ ဆလောက် ပိုပြီးကြိုးစားရင်တောင် မလုံလောက်ပါဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာမဟုတ်ဘူး . . 
 ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ် ကျိုက်မော့လိုက်လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဝမ်းနည်းစရာ၊ ရှက်စရာ

လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတိုက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘယ်သူ့ဘယ်သူမှလည်း နိုင်အောင်တိုက်ပြီး ပြုတ်အောင် မဖြုတ်နိုင်ကြဘူး။ တိုင်းပြည်ကတော့ ထောင်းလမောင်းကျေနေပြီ။ ဓားမနောက်ပိတ်ခွေးဘ၀လည်း ရောက်နေပြီ။ ပြည်သူတွေလည်း အလူးအလဲခံနေကြရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်စေချင်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ အစိုးရစစ်တပ်က သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ ဘယ်သူ့ဘက်က ဘယ်လောက် ကျသွားတယ်လို့ ကြေညာရတာ ၀မ်းသာဂုဏ်ယူစရာ မဟုတ်ပါဘူး။ ၀မ်းနည်းစရာ၊ ရှက်စရာပါ။
၁၀ ဆနဲ့ မလုံလောက်ဘူး

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးစားကြမှ ဖြစ်ပါမယ်။ ခုထက် ၁၀ ဆလောက်ပိုပြီး ကြိုးစားရင်တောင် မလုံလောက်ပါ ဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာမဟုတ်ဘူး။ သူတို့အရှိန်နဲ့သူတို့ ရှေ့ဆက်သွားနေကြမှာဖြစ်တယ်။ သန်းပေါင်းခြောက်ဆယ်လောက် ရှိတဲ့ တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အခုထက် အဆတစ်ရာလောက်ကြိုးစားနိုင်ပါမှ တော်ကာကျပါမယ်။ ရှေ့တန်းစစ်နယ်မြေတွေမှာ သေဆုံးခဲ့ရတဲ့နှစ်ဖက်စလုံးက တပ်သားတွေဟာ လူငယ်လူရွယ်လေးတွေ ဖြစ်ကြတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့လုပ်အားတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် တိုင်းပြည်နစ်နာပါတယ်။
သေနတ်တွေဘေးချထား
သမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ပြန်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ်ပြောကြားထားပြီးဖြစ်တယ်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ဖြေရှင်းခြင်းဟာ ဒီမိုကရေစီကျင့်စဉ် မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ဒီမိုကရေစီတည်ဆောက်ရေးကို ကြွေးကြော်ထားကြတာ ဖြစ်တယ်။ အဲဒီတော့နှစ်ဖက်စလုံး သေနတ်တွေ ဘေးချထားပြီး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်။ သေနတ်သံတွေ မြန်မြန်တိတ်လေ ကောင်းလေပါပဲ။

လူတိုင်းအတွက် ပညာရေး

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝမှာ လုပ်ငန်းစဉ်တစ်ရပ်ကို ပုံစံဖော်၍ လမ်းကြောင်းပေါ်တင်ပေးခြင်းသာ ပြုလုပ် ပါသည်။ လမ်းကြောင်းပေါ်သို့ ရောက်ရှိ၍ လုပ်ငန်းအရှိန် အဟုန်ရရှိလာသည်နှင့် အဆိုပါကုလ သမဂ္ဂအဖွဲ့အစည်းသည် ထိုလုပ်ငန်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပါသည်။
သက်ဆိုင်ရာဌာနမှ ထိုလုပ်ငန်းကို ရေရှည်တည်တံ့၍ ပိုမိုတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်ရပါသည်။
စာရေးသူသည် တောင်ငူမြို့ရှိ အဆိုပါ ကုလသမဂ္ဂအဖွဲ့ ဦးစီးသည့် ကျောင်း ပြင်ပ ပညာရေးညကျောင်းသို့ သွားရောက် လေ့လာ ဖူးပါသည်။
ကလေးများသည် သင်ကြားမှုကို စိတ်ပါဝင်စားစွာ နာယူလျက်ရှိကြပြီး UNICEF မှ ခန့်အပ်ထားသော မြန်မာလူမျိုး ဆရာ၊ ဆရာမ များသည်လည်း လစာငွေကောင်းကောင်း ရရှိထားကြသဖြင့် ကြိုးစား သင်ကြားပေးနေကြပါသည်။
ပညာရေး ဌာနသို့ လွှဲပြောင်းပေးသည့်အခါ လက်ရှိ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း တိုးချဲ့နိုင်ရန် အရေးကြီးပါသည်။
နိုင်ငံတော်အစိုးရသည် အစစအရာရာ ကိစ္စအ၀၀အတွက် ငွေကုန်ကြေးကျကို တာဝန်မယူနိုင်ပါ။
'လူတိုင်းအတွက် ပညာရေး' ကို အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနက နိုင်ငံတော် အစိုးရထံမှ မူဝါဒတောင်းခံပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စိန်ပေါကျောင်း သားဟောင်းများအသင်းကဲ့သို့ အသင်း အဖွဲ့အစည်းများ ညှိနှိုင်း၍ ကူညီ ထောက်ပံ့ငွေရရှိရေး စီမံဆောင်ရွက်သင့်ပါသည်။
ယခု ဤဆောင်းပါးတွင် ဖော်ပြထားသော သာဓကများမှာ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့သော ဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။
သစ်တောရေးရာဌာန၏ ရွေ့လျား သစ်စခန်းများရှိ လုပ်သားများ၏ ကလေးငယ်များ၊ ရွေ့လျားတောင်ယာစခန်းများရှိ ရွာသားများ၏ ကလေးငယ်များ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ရည်စူး၍ ရွေ့လျားကျောင်း (Mobile School) ဟူ၍ တီထွင်လှုပ်ရှားခဲ့ဖူးပါ သည်။
ရေရှည်မတည်တံ့ဘဲ ၀န်ကြီးဌာန တာဝန်အလွှဲအပြောင်းနှင့်အတူ ပျောက်ကွယ်သွားပါသည်။
ဤတာဝန်ကို ထမ်း ဆောင်ခဲ့ကြသော ဆရာများအနေဖြင့်လည်း ထူးခြားအခွင့်အရေး ပံ့ပိုးမှုမရရှိဘဲ တောထဲတောင်ထဲ၊ မိုးထဲရေထဲ မိမိထမင်း မိမိချက်၍ ခြေလျင်လိုက်နေရသောကြောင့် တက်ကြွမှုမရှိပါ။
အမှန်တကယ် ရေရှည်အတွက် ဆောင်ရွက်မည်ဆိုလျှင် အသေးစိတ်စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
ဤဆောင်းပါးသည် ကလေးနှင့် လူငယ်များ၏ ပညာရေးကို အဓိကထား ဖော်ပြနေပါသည်။
'လူတိုင်းအတွက် ပညာရေး'ဟု ဆိုလျှင် လူလတ်၊ လူကြီး၊ သက်ကြီးရွယ်အိုများနှင့်လည်း သက်ဆိုင်ပါသည်။
သက်ကြီးရွယ်အိုများ စိတ်အားမငယ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သက်ကြီးရွယ်အိုများ၏ ၀ါသနာအလျောက် ပန်းချီပညာ၊ ဇာထိုးပန်းထိုးပညာ၊ စစ်တုရင်ပညာ၊ ယိမ်းကသကဲ့သို့ စုပေါင်းပြီး ဖြည်းညင်းစွာ လှုပ်ရှားရသည်။
'တိုက်ချိ'သိုင်းပညာများကို စုစည်းသင်ကြားပေးပါသည်။
'မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်'ဟု ခေါင်းစဉ်လှလှတပ်လိုက်ရုံဖြင့် ကိစ္စတစ်ခုမှာ ပြီးစီးမသွားပါ။
'လူတိုင်းအတွက် ပညာရေး'ဟု ဆိုရာ၌ ပညာရေးဟူသောကိစ္စသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ပါသည်။
တာဝန်ရှိပုဂ္ဂိုလ်များကပင်လျှင် ဘွဲ့ရလျှင် စာသင်တတ်သည်။
စာသင်တာ ဘာခက်လို့လဲဟူသော စကားကို ပြောဆိုတတ်ကြပါသည်။
ဤစကားအတိုင်းလည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့၊ အချို့နေရာများတွင် ကျင့်သုံး ဆဲဖြစ်ပါသည်။
စာသင်တာ စာအုပ်ဖတ် ပြ၊ ရှင်းလင်းပြ၊ ရေးခိုင်း၊ အလွတ်ကျက် ခိုင်း၊ ဖြေခိုင်း ဟူ၍ သဘောပေါက်ကြပါသည်။
ဒါသင်၊ ဒါမေး၊ ဒါဖြေများ ဖြစ်ပါသည်။
လွယ်မယောင်နှင့်ခက် ဆိုသောစကားကို ရှင်းလင်းပါမည်။
'ပညာ'၏ ပထမအဆင့်မှာ 'သညာ' ဖြစ်ပါသည်။ 'အမှတ်သညာ'ကို ဆိုလိုပါသည်။
'က၊ ခ၊ ဂ' "A, B, C, D" ကို အလွတ် ရအောင် ကျက်မှတ်ရပါသည်။
အလီ များကို အလွတ်ရအောင် ကျက်မှတ်ရပါသည်။
တစ်ပေမှာ ၁၂ လက်မ၊ တစ်ကိုက်မှာ သုံးပေ၊ တစ်မိုင်မှာ ၁,၇၆၀ ကိုက်၊ တစ်ပေါင်မှာ ၁၆ အောင်စ တို့ကို အလွတ်ကျက်မှတ်ရ ပါသည်။
အတန်းရလာသောအခါ သီအိုရမ်များ၊ ဓာတ်ငွေ့ ထုတ်ဖော်ပုံများ၊ ချားလ်စ်နိယာမ၊ ဘွိုင်းလ်စ်နိယာမများကို အလွတ်ကျက် မှတ်ရ ပါသည်။
ထိုအမှတ်သညာဖြင့် အလွတ်ကျက်မှတ်ထားသော အချက်အလက်များကို မေးခွန်းအတွက် အဖြေနှင့် ပုစ္ဆာများတွင် အံဝင်ခွင်ကျ အသုံးပြုတတ်ပါမှ 'ပညာ' ဖြစ်ပါသည်။ 'တိမ်မယောင်နှင့် နက်' ဆိုသည်မှာ ပညာတွင် ဆက်စပ်တွေးခေါ်မှုကို အဓိကထားပါသည်။
ဒါကျက်၊ ဒါမေး၊ ဒါဖြေသည် သညာအဆင့်သာ ရှိပါသည်။
ကလေးများ၊ လူငယ်ကျောင်း သားကျောင်းသူများ တွေးခေါ်တတ်လာ စေရန် ဆရာ၊ ဆရာမများမှ တွေးခေါ်ရန် လမ်းစများကို ဖွင့်ပေးရပါမည်။
အတွေး အခေါ်များ လမ်းလွဲလိုက်မသွားစေရန်လည်း ထိန်းကျောင်းပေးရပါမည်။ မှန်ကန်သောကောက်ချက် ဆွဲယူတတ် စေရန်လည်း သင်ပေးရပါမည်။
ပညာသင်ကြားပေးသည့် ကျောင်း၊ တက္ကသိုလ် ဆိုသည်မှာလည်း ပညာ တတ်ရန် တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အားကစား၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာရေး၊ တစ်ကိုယ်ရေသန့်ရှင်း သပ်ရပ်မှု၊ စက်မှု လက်မှု အတတ်ပညာ၊ သုခုမ အနုပညာ စသည့် ပညာရပ်အားလုံးကို လေ့ကျင့် ပြုစု ပျိုးထောင်ပေးရာဌာန ဖြစ်ပါသည်။
သို့ဖြစ်၍ လုပ်ငန်းသဘာဝဆိုတာ တိမ်မယောင်နှင့် နက်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ 'လူတိုင်းအတွက် ပညာရေး'ဆိုသည့် ဆောင်ပုဒ်သည် အလွန်တရာမှပင် ကျယ်ဝန်းလှပါသည်။
ဘက်စုံထောင့်စုံအောင် ဆောင်ရွက်မည်ဆိုလျှင် အတော်ပင် ကြိုးစားဆောင်ရွက်ရမည့် အနေအထားဖြစ်ပါသည်။
လူကြီးမှ လာရောက်စစ်ဆေး မေးမြန်းစဉ် ရှင်းလင်း ပြသရုံသက်သက်မျှသာဆိုလျှင်တော့ လွယ်ကူပါသည်။
ဤသို့ဆိုသော် နိုင်ငံတော်၏ လူသားအရင်းအမြစ်တွင် လွန်စွာမှပင် ရေရှည်အတွက် နစ်နာလှပါသည်။
သို့ဖြစ်၍ နိုင်ငံတော်၏မျက်နှာကို ထောက်ထားပြီး 'လူတိုင်းအတွက် ပညာရေး'ကို အမှန်တကယ် ကြိုးစား အကောင်အထည် ဖော်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

အမ်ပီသရီးဖိုင်တွေမှာ သီချင်း အယ်လ်ဘမ်ဓာတ်ပုံထည့်နည်း

အိုင်ဖုန်း၊ အိုင်ပေါ့၊ အမ်ပီသရီး၊ အမ်ပီဖိုးစက်တွေနဲ့ သီချင်းတွေစုစည်းတဲ့အခါ ကိုယ်ကူးယူထားတဲ့ သီချင်းခွေရဲ့ အဖုံးဓာတ်ပုံကို သီချင်းဖိုင်မှာ တစ်ခါတည်း ထည့်သွင်းထားနိုင်ပါတယ်။
ဒီလို ထည့်သွင်းထားလိုက်ရင် iTune ရဲ့ သီချင်းအယ်လ်ဘမ်မှာ သီချင်းခွေရဲ့ အဖုံးဓာတ်ပုံပေါ်နိုင်တဲ့အပြင် သီချင်းဖွင့်တဲ့ အခါမှာလည်း ပေါ်နိုင်ပါတယ်။
ဒီလိုလုပ်နိုင်ဖို့ ၂.၄၉ Mp3tag 2.49 ဆော့ဖ်ဝဲလိုအပ်ပါတယ်။
အင်တာနက်လိပ်စာ www.mp3tag.de/en/download.html မှာ အခမဲ့ ရယူနိုင်ပါတယ်။
Mp3tag ဆော့ဖ်ဝဲကို ဖွင့်ပါ။
File Menu ထဲက Change directory နှိပ်ပြီး အမ်ပီသရီးသီချင်းထည့်ထားတဲ့ Directory ကိုရွေးချယ်ပါ။ OK ကိုနှိပ်လိုက်ပါ။
ကိုယ်ရွေးချယ်လိုက်တဲ့ Directory ထဲက သီချင်းတွေပေါ်လာပါလိမ့်မယ်။
သီချင်း List တွေကို Ctrl+A နှိပ်ပြီး အားလုံးကို ရွေးချယ်ပါ။
Mp3tag ရဲ့ လက်ဝဲဘက်အောက်နားမှာရှိတဲ့ Cover icon box မှာ Right Click နှိပ်လိုက်ပါ။
Popup Menu ထဲက Add Cover ကိုနှိပ်၊ သီချင်းအယ်လ်ဘမ်ရဲ့ ဓာတ်ပုံကို ရွေးချယ်ပြီး OK ကိုနှိပ်ပါ။
ဓာတ်ပုံဖိုင်အမျိုးအစား jpg, jpeg နဲ့ png တွေကိုသာ လက်ခံပါတယ်။
ပြီးရင် File Menu ထဲက Save tag ကို နှိပ်ပါ။
ဒါဆိုရင် mp3 ဖိုင်ထဲကို အယ်လ်ဘမ်ဓာတ်ပုံ ထည့်ပြီးသွားပါပြီ။
အယ်လ်ဘမ်ဓာတ်ပုံရဲ့ အရွယ်အစားကြီးနေရင် mp3 ဖိုင်ရဲ့ အရွယ်အစားလည်းလိုက်ကြီးသွားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံကို အမ်ပီသရီးဖိုင်ထဲမှာ တစ်ခါတည်း ထည့်သွင်းထားလို့ဖြစ်ပါတယ်။
ပုံမှန် အယ်လ်ဘမ်စီဒီရဲ့ အရွယ်အစားက 72dpi မှာ (334 x 334 pixel) ရှိရပါမယ်။
Mp3tag ဆော့ဖ်ဝဲက အယ်လ်ဘမ်ဓာတ်ပုံထည့်ပေးနိုင်တဲ့အပြင် အမ်ပီသရီးဖိုင်ရဲ့ လိုအပ်မယ့် Tag တွေကိုလည်း ဖြည့်သွင်း ပေးနိုင်ပါတယ်။
ဒီလိုဖြည့်သွင်းချင်ရင် သီချင်းအယ်လ်ဘမ်ရဲ့ Directory ကို Change directory (Ctrl+D) ကိုနှိပ်ပြီး အရင်ရွေးချယ်ရပါမယ်။
ပြီးရင် သီချင်း List တွေကို အားလုံးရွေးချယ်ပြီး Artist နေရာမှာ သီချင်းဆိုသူအမည်ကို ရိုက်ထည့်ပါ။
Album နေရာမှာ စီးရီးခေါင်းစဉ် အမည်ကိုရိုက်ထည့်ပါ။
စီးရီးထွက်ရှိတဲ့ နှစ်နဲ့၊ သီချင်းအမျိုး အစားတွေထည့်ချင်ရင် Year နဲ့ Gense တွေမှာ ထည့်နိုင်ပါတယ်။
ပြီးရင် File Menu ထဲက Save Tag ကို နှိပ်လိုက်ပါ။
ဒါဆိုရင် စီးရီးရဲ့ Tag တွေကို ထည့်ပြီးသွားပါပြီ။
ပြီးတော့မှ သီချင်းတစ်ပုဒ်ချင်းရွေးချယ်ပြီး Title နေရာမှာ သီချင်းခေါင်းစဉ်တွေ ထည့်သွားနိုင်ပါတယ်။
ဒါကြောင့် Mp3tag ဆော့ဖ်ဝဲက အယ်လ်ဘမ် ဓာတ်ပုံတွေနဲ့ အမ်ပီသရီး Tag တွေ အလွယ်တကူထည့်သွင်းပေးနိုင်ယုံသာမက Play list တွေကိုလည်း Export လုပ်ပေးနိုင်တာမို့ အမ်ပီသရီးဖိုင်တွေနဲ့ စိတ်ညစ်နေသူတွေအတွက် ယခု တစ်ပတ် အိုင်တီဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ပါတယ်။

Friday, 6 January 2012

ဈေးနှုန်းတက်တိုင်း မြတ်သလား

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ် ရောင်း ဈေးနှုန်းနှင့် အရှုံးအမြတ်တို့သည် အမြဲတစေ ဆက်စပ် ပတ်သက်နေသော အချက်အလက်များဖြစ်သည်။
ယင်းတို့ အနက် ထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြေခံ ပဓာနကျသောအချက်ဖြစ်သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ သင့်လျော်သောအမြတ်ကို ထပ်ဆောင်းကာ ရောင်းဈေးနှုန်းကို သတ်မှတ်ရသည်။
ထို့ကြောင့် ထုတ်ကုန် ပစ္စည်းတစ်ခု၏ ရောင်းဈေးနှုန်းနှင့် တစ်ယူနစ်အပေါ် ထုတ်လုပ်မှုကုန်ကျ စရိတ်တို့၏ ခြားနားချက်သည် အရှုံး၊ သို့မဟုတ် အမြတ်ဖြစ်သည်။
ခြားနား ချက်သည် အနုတ်ကိန်းဖြစ်လျှင် ရှုံးမည်။ အပေါင်းကိန်းဖြစ်လျှင် မြတ်မည်။
ဤသဘောတရားကို စီးပွား ရေးပညာရှင်တို့က အဆောက်အအုံ တစ်ခုနှင့် ဥပမာပေးကြသည်။ ထုတ်လုပ် မှု ကုန်ကျစရိတ်ကို အဆောက်အအုံ၏ ကြမ်းခင်းအဖြစ်လည်းကောင်း၊ ရောင်း ဈေးနှုန်းကို မျက်နှာကြက်အဖြစ်လည်း ကောင်း၊ ယင်းတို့နှစ်ခုအကြား အကွာ အဝေးကို အမြတ်အဖြစ်လည်းကောင်း ခိုင်းနှိုင်းကြပေသည်။
အထက်ဖော်ပြပါ ဥပမာအရ အဆောက်အအုံတစ်ခု၏ ကြမ်းခင်း နှင့် မျက်နှာကြက်သည် သင့်တင့်သော အတိုင်းအတာရှိရမည်။ မျက်နှာကြက်ကို ထပ်မြှင့်၍ မရလျှင် ကြမ်းခင်းကို နှိမ့်ပေး ရမည်ဖြစ်ပါသည်။ ဤသဘောတရား နှင့်အညီ စီးပွားရေးလုပ်ငန်းများသည် ရောင်းဈေးနှုန်းကို တိုးမြှင့်သတ်မှတ်ခြင်း အစား ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ကြသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချ နိုင်ရေးအတွက် အရေးပါသောအချက် မှာ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ခြင်းဖြစ်သည်။
ထုတ်လုပ်မှုစွမ်းအားဆိုသည်မှာ ထုတ်လုပ်မှုပမာဏကို ဆိုလိုခြင်း မဟုတ်။ ထုတ်လုပ်မှုလုပ်ငန်းတစ်ခုတွင် ယင်းလုပ်ငန်းမှရရှိသော ထုတ်လုပ်မှု ပမာဏနှင့် အဆိုပါထုတ်လုပ်မှုအတွက် ပေးသွင်းရသော သွင်းအားစုတို့၏ အချိုး ကို ဆိုလိုခြင်းဖြစ်သည်။ ထုတ်လုပ်မှု အတွက် ပေးသွင်းရသော သွင်းအားစု နည်းပြီး ထုတ်လုပ်မှုပမာဏ များလျှင် အကျိုးအမြတ်ပိုရမည်။
သို့မဟုတ်ပါက အကျိုးအမြတ်နည်းရုံသာမက အရှုံးပင် ပြသွားနိုင်သည်။ ယခုအခါ ပြည်သူလူထုအကြား အလေးထား ဆွေးနွေးနေ ကြရသော ကိစ္စများအနက် မီးရထားခများ တိုးမြှင့် ခြင်း၊ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံခြင်းတို့သည် လူပြောသူပြော များနေသော ကိစ္စများဖြစ်သည်။
အဆိုပါ လုပ်ငန်းများသည် နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက်နေသော စီးပွား ရေးလုပ်ငန်းများဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ လေ့လာသိရှိရသလောက်ဆိုပါလျှင် မြန်မာ့မီးရထားလုပ်ငန်းသည် လည်း ကောင်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း သည် လည်းကောင်း အရှုံးခံပြီး လုပ်ကိုင် နေရသဖြင့် ဈေးနှုန်းများ တိုးမြှင့်သတ် မှတ်ရခြင်းဖြစ်ကြောင်း တွေ့ရပါသည်။
ဤသို့ဆိုပါမူ ဈေးနှုန်းများ တိုးမြှင့်သတ် မှတ်လိုက်ခြင်းဖြင့် အမြတ်ရအောင် ဆောင်ရွက်နိုင်ပြီလားဟု မေးရန်လိုလာ ပါသည်။
စီးပွားရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များကို ပုံသေကုန်ကျစရိတ်နှင့် ပြောင်းလဲ ကုန်ကျစရိတ်ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ပါ သည်။ ပုံသေကုန်ကျစရိတ်ဆိုသည်မှာ ထုတ်လုပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ ကျခံနေရသောစရိတ်များ ဖြစ်ပါ သည်။
ပြောင်းလဲကုန်ကျစရိတ်ဆိုသည် မှာ ထုတ်လုပ်မှု၊ သို့မဟုတ် ၀န်ဆောင်မှု ရှိမှ ကုန်ကျသောစရိတ်ဖြစ်ပါသည်။ သာမန်အားဖြင့် လုပ်ငန်းမှရရှိသော အကျိုးအမြတ်သည် ပုံသေစရိတ်များကို အဓိက ကာမိလျှင် အရင်းရပြီဟု ဆိုရ မည်။
ထိုမှတစ်ဆင့်တက်၍ ပြောင်းလဲ ကုန်ကျစရိတ်ထက် ကျော်လွန်အောင် ထုတ်လုပ်နိုင်လျှင် အမြတ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအလိုက် ကုန်ကျစရိတ်များကို စိစစ်ပြီး မလိုအပ်ဘဲ ကုန်ကျနေသော စရိတ်များဖယ်ရှားရေးကို အလေးထား ဆောင်ရွက်ရန် လိုပါသည်။
ဥပမာ အားဖြင့် ရပ်ထားရသော ရထားတွဲတွေ များနေလျှင် ၀င်ငွေလျော့နည်းမည်။ သို့သော် ထိုရထားတွဲများအား ထိန်းသိမ်း ရသောစရိတ်ကိုမူ ရှောင်လွှဲ၍ရမည် မဟုတ်ချေ။
ထို့အတူ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာဝန်ထမ်းများ အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လခပေးနေရမည် ဖြစ်သည်။
ဒုတိယအချက်မှာ ထုတ်လုပ်မှု သို့မဟုတ် ၀န်ဆောင်မှု ဆောင်ရွက်ရာ တွင် အကျိုးသက်ရောက်မှု အများဆုံး ဖြစ်ရန်လိုပါသည်။ အလေအလွင့် အနည်းဆုံးဖြစ်ရန် လိုပါသည်။
ဥပမာ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ အရင်း အမြစ်မှ ဓာတ်အားဖြန့်ဖြူးရာ ဌာနသို့ ဓာတ်အားပို့လွှတ်ရာတွင် ဓာတ်အား လျော့နည်းမှု ၄၀ ရာခိုင်နှုန်းခန့်ရှိသည် ဟု မှတ်သားရဖူးပါသည်။
ထို့ပြင် ဓာတ် အားခိုးယူသုံးစွဲမှုများကြောင့်လည်း လျော့နည်းမှုရှိကြောင်း သိရပါသည်။ ဤသို့ဆိုပါလျှင် လျှပ်စစ်ဓာတ်အား သုံးစွဲ သူများသည် မိမိတို့မသုံးစွဲရသော လျှပ်စစ်ဓာတ်အားပမာဏ (၀ါ) လျော့ နည်းပျောက်ဆုံးသွားသော ဓာတ်အား ပမာဏအတွက် ကုန်ကျစရိတ်များကိုပါ ကျခံပေးနေရသည့် သဘောဖြစ်နေပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်မှ အရှုံးမခံရ အောင် ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းမှာ တရားမျှတမှု ရှိပါမည်လား စဉ်းစား သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၀ယ်ယူသူများ မှာ ပြည်သူများဖြစ်နေခြင်းကြောင့်ပင်။
နိုင်ငံတစ်နိုင်ငံကို မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စုနှင့် ခိုင်းနှိုင်းမည် ဆိုပါက အစိုးရဆိုသည်မှာ အိမ်ထောင် ဦးစီးဖြစ်ပါသည်။ အိမ်ထောင်ဦးစီးသည် အိမ်ထောင်စုတစ်ခုလုံး၏ အကျိုး အမြတ်ကို ရှေးရှုရပါမည်။ ဆိုလိုသည် မှာ အစိုးရ၏ အကျိုးအမြတ်သည် ပြည်သူ တို့၏ အကျိုးအမြတ်ဖြစ်သည်။
သို့သော် အစိုးရနှင့် ပြည်သူအကြား ဆောင်ရွက် သည့် စီးပွားရေးသည် ပြည်သူအချင်း ချင်း ဆောင်ရွက်သည့် စီးပွားရေးမဟုတ် ပါ။ ထို့အတူ အခြားအစိုးရများနှင့် လုပ်ကိုင်သည့် စီးပွားရေးမျိုးမဟုတ်ပါ။ ဆိုလိုသည်မှာ အစိုးရနှင့် ပြည်သူအကြား ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်း များတွင် ငွေကြေးအကျိုးအမြတ်တစ်ခု တည်း မျှော်မှန်းဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် လေ့လာလျှင်လည်း အလားတူတွေ့ရမည်ဖြစ်ပါသည်။ ကျွန်တော်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကို မီလိုက်ပါသည်။
ထိုစဉ်က အစိုးရဌာနတွင် အလုပ်ဝင် နေပြီဖြစ်ပါသည်။ တစ်ခါသော် မီးရထား သို့ ရောင်းချပေးရသော ဇလီဖားတုံးများ ဈေးနှုန်း တိုးမြှင့်ရေး ဌာနအချင်းချင်း ညှိနှိုင်းကြပါသည်။
မီးရထားမှ သဘော မတူပါ။ ဇလီဖားဈေးနှုန်းတက်လျှင် ပြေးဆွဲစရိတ်တက်မည်။ ပြေးဆွဲစရိတ် တက်လျှင် ရထားခဈေးတက်မည်။ အများပြည်သူ ဒုက္ခရောက်မည်ဟု အကြောင်းပြပါသည်။ ထိုခေတ်က လွှတ်တော်တွင် ဆွေးနွေးသည့်အခါ ကျွန်တော်တို့ရှုံးပါသည်။ ဇလီဖားဈေး နှုန်း ပေးမတက်ပါ။ အစိုးရဌာန အချင်းချင်း အရှုံးခံ၍ ရောင်းပေးခဲ့ရ ပါသည်။ ကျွန်တော်သည် ဆိုရှယ်လစ် ခေတ်ကို လွမ်းမောတမ်းတပြီး အောက်မေ့ခြင်းမဟုတ်ပါ။
မည်သည့် စနစ်ဖြစ်စေ ပြည်သူလူထုအကျိုးကို အလေးထား ဆင်ခြင်သင့်ကြောင်း ထောက်ပြလိုခြင်းဖြစ်ပါသည်။
ယခုပြောဆိုနေကြသည့်အတိုင်း မီတာခများ ဈေးတက်လျှင် အရင်ဆုံး အထိနာမည့်သူများမှာ ပြည်သူလူထုဖြစ် သည်။
အိမ်ထောင်စုတစ်စုချင်းအလိုက် လစဉ်အသုံးစရိတ်တက်သွားမည်။ ပျမ်းမျှ မိသားစုခြောက်ဦးအတွက် မီတာခ တစ်လ ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ဖြစ်သွားမည်။ မိသားစုဝင်ငွေမတိုးနိုင် လျှင် အခြားစရိတ်များ လျှော့သုံးရတော့ မည်။
ထို့ပြင် မြွေပူရာ ကင်းမှောင့် ဆိုသကဲ့ သို့ စီးပွားရေးလုပ်ငန်းများကလည်း မီတာခအကြောင်းပြပြီး ကုန်ဈေးနှုန်း တွေ တက်ကြဦးမည်။ အစိုးရသည် နိုင်ငံ တစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေ ကို ခြုံငုံသုံးသပ်ပြီးမှ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်သင့်သည် မဟုတ်ပါလော။
နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းများ အမြတ်အစွန်းရစေရန် တစ်နိုင်ငံလုံးအတွက် အသက်တမျှ အရေးပါသော ငွေကြေးဖောင်းပွမှုနှုန်း ကို မြင့်တက်စေမည်ဆိုပါက သဘာဝ ကျမည် မဟုတ်ပါ။ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်လျှင် လူမှုရေး ပြဿနာများ ပေါ်ပေါက်မည်မှာ မလွဲ ပေ။
သို့ဖြစ်ရာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းတစ်ခု အရှုံးပြသဖြင့် စီးပွားရေး အရ နစ်နာဆုံးရှုံးသည်ဟု ယူဆနိုင်သော်လည်း အပြန် အလှန်အားဖြင့် အဆိုပါ အရှုံးသည် နိုင်ငံသား ပြည်သူများ အတွက် နိုင်ငံတော်မှ ကျခံပေးရသော စရိတ်ဟု ယူဆနိုင်ပါသည်။
ငွေကြေးအရ ရှုံးသည်ဟု ဆိုသော်လည်း နိုင်ငံရေး၊ လူမှုရေးနယ်ပယ်ရှိ ပေတံများဖြင့် တိုင်းတာလျှင် မမြင်ရသော အကျိုး ကျေးဇူး မြောက်မြားစွာ တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းသည် ဈေးနှုန်းတက်တိုင်း မမြတ်ပါ။ အမြတ်ရတိုင်းလည်း အကျိုးမရှိပါ။
ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းအပေါ် အလေးအနက်ထား၍ ပြန်လည်သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Saturday, 31 December 2011

နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

rowse › Home » နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့
မောင်ဝံသ
ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ   မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။ အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ။ မိုးသဲကြီးမဲကြီးရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။
အကြောက်လွန်ပြီဆိုရင်
မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။ ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။
အကြောက်လွန်သူ အာဏာရလျှင်
လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစားတွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။ သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွားအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တာ စတဲ့လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။
နိုင်ငံခြားသားကြောက် ရောဂါ
သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူအစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ် တွေလားစတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက်မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။
နိုင်ငံရေးဖိုးဘီးယား
သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။ အဲဒီ ရောဂါကတော့   ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခုအတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက   နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။
နိုင်ငံရေးမပီ ဖိုးဘီးယား
အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။    တကယ်တော့ အခုအချိန်မှာ ဘာမှရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထားအမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ်ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။
အာဏာငန်းဖမ်းတာမဟုတ်
နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါတီထဲ ဝင်ပြီးလုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို    ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့်ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။
မောင်ဝံသ
(ဒီဇင်ဘာ ၂၉ ထုတ် Popular News  အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)

Friday, 30 December 2011

ချစ်ဦးညို - တကယ်ပြောင်းလဲပြီလား (တိုကျို)

<object width="560" height="315"><param name="movie" value="http://www.youtube.com/v/ZbhTjhgRybA?version=3&amp;hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/ZbhTjhgRybA?version=3&amp;hl=en_US" type="application/x-shockwave-flash" width="560" height="315" allowscriptaccess="always" allowfullscreen="true"></embed></object>

အပန်းဖြေနားရက်များ (၃) (အောင်ဆန်းစုကြည်)

Home » Uncategorized » အပန်းဖြေနားရက်များ (၃) (အောင်ဆန်းစုကြည်)

ပုဂံမှာ ကျမတို့သွားဖူးတဲ့ တတိယမြောက် ပုထိုးက သဗ္ဗညု ဖြစ်ပါတယ်။ ရှေးပောင်းဘာသာရေး အဆောက်အ အုံတွေထဲ အမြင့်ဆုံးဖြစ်ပြီး ပြေပြစ်တဲ့အချိုးအစားနဲ့ ပစ္စယံအဆင့်တွေကြောင့် သိပ်ကိုသပ္ပာယ်တဲ့ စေတီပုထိုး တွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ အထိ လာရောက် ဖူးမြော်သူများကို ပစ္စယံတွေ အပေါ် တက်ခွင့်ပေးတာကြောင့် ပုဂံ လွင်ပြင်တခုလုံးရဲ့ ငြိမ်းချမ်းပြီး အတုမရှိတဲ့သက်ငြိမ် အခင်းအကျင်းကို လှမ်း ကြည့်နိုင်ပါတယ်။ “ငါ ဒီကို ရောက်ခဲ့တယ်” ဆိုတဲ့ ဓာတ်ပုံတွေရိုက်ဖို့ အကောင်းဆုံးနေရာဖြစ်ပြီး ကျမ ကိုယ် တိုင်လည်း ငယ်စဉ်က ဒီ ပစ္စယံ အဆင့်တဆင့်မှာ ဝမ်းကွဲမောင် တယောက်ရယ်၊ ဦးလေးတယောက်တို့နဲ့ အ တူ ရိုက်ထားတဲ့ပုံတွေ ရှိပါတယ်။ ပုံတွေထဲမှာ ကျမတို့အားလုံး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဘဝကို ကျေနပ်အား ရနေကြပုံ ပေါ်ပါတယ်။
ထိန်းသိမ်းရေး အလိုငှာ ပစ္စယံတွေပေါ် ဘယ်သူ့ကိုမှ တက်ခွင့်မပေးတော့ကတည်းက သဗ္ဗညုကိုလာတဲ့ ဧည့် အရေအတွက် အတော်ကို လျော့ပါးသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဒီပုထိုးကြီးဟာ ပြန်လည် ဖော်ထုတ်တာ စောင့်နေတဲ့ အပစ်ပယ်ခံ အလှတခုလို ဆွေးရိပ်တွေ လွှမ်းနေပါတယ်။ အတွင်းနံရံတွေမှာ သုတ်ထားတဲ့ ထုံး ဖြူကြမ်းကြမ်းအောက်က နံရံဆေးရေးတွေကို ကျွမ်းကျင်တဲ့ ပန်းချီ ထိန်းသိမ်းသူ ပညာရှင်များရဲ့အစွမ်းနဲ့ ပြန် လည် ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ထိန်းသိမ်း စောင့်ရှောက်မှုကတော့ လုပ်ပါတယ် ဆိုလောက်အောင်သာ ရှိ တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီလောက် ယဉ်ကျေးမှုအရ၊ သမိုင်းအရ အရေးပါလှတဲ့ အဆောက်အအုံးကြီး အတွက် ဝမ်းနည်း စိတ်ပျက်ဖွယ်ရာအခြေအနေ ပါပဲ။
ပုဂံနဲ့ပတ်ဝန်းကျင်မှာ စောင့်ရှောက်ဖို့လိုအပ်တာ အများကြီးပါ။ စမယ်ဆိုရင် ဒီ သာသနိက အဆောက်အအုံး တွေကပဲ စရပါမယ်။ ၁၉၉၀ နောက်ပိုင်း လုပ်ခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေဟာ အကောင်းဆုံးဖြစ်ဖို့ ထက် မြန်မြန်ပြီးဖို့ကိုသာ ပညာရှင်တွေရဲ့ အကြံဥာဏ်မပါဘဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အနုပညာနဲ့ ရှေးဟောင်း သုတေသနလုပ်ငန်း မြတ်နိုးတဲ့သူတွေ ပုဂံရဲ့ အခုအခြေအနေကို မြင်တိုင်း မျက်ရည်လည်ကြ တယ်လို့ ကျမ ကြားရပါတယ်။
ဘုရားပုထိုးတွေနဲ့ ပြည့်နေတဲ့ လွင်ပြင်ကြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်အောင် အလျင်စလို တွန်းပြီး လုပ်ဆောင်ခဲ့ကြလို့ ပျက်စီးသွားခဲ့ရတဲ့ မြတ်နိုးဖွယ် ရှေးပုထိုး စေတီဟောင်းတွေဟာ ဂရုစိုက်မှု၊ ကျွမ်း ကျင်မှုတွေနဲ့ ဆိုရင် တကယ့်မူလပုံ ပြန်လည်ပေါ်လာနိုင်လောက် ပါသေးတယ်။ ဂူကျောင်းအငယ်တွေ တော် တော်များများဟာ မပြင်ဆင်ရသေးတဲ့အတွက် ကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။ ၎င်းတို့ကို နဂို အနေအ ထားနဲ့ နီးစပ်တဲ့ သွင်ပြင်အတိုင်း ပြန်လည်တည်ဆောက်ခြင်း၊ ဒါမှမဟုတ် ပျက်စီးနေပုံ အဆင့်ဆင့်အတိုင်း ထိန်းသိမ်းထားတဲ့ နည်းအားဖြင့် မြို့ဟောင်းကြီင်္းကို အချိန်က တိုက်စားခဲ့ပုံရဲ့ မျက်မြင်သမိုင်းအဖြစ် ရှိစေခြင်း တွေ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါတွေက ကျွမ်းကျင်သူတွေရဲ့ကဏ္ဍ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်း မစခင်မှာ ကျမတို့တွေက ပုဂံဟာ ကျမတို့ နိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့အထိမ်းအမှတ် တခုသာမက ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် တစိတ်တပိုင်းလည်းဖြစ်လို့ ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ အသိ ကျယ် ပြန့်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ရှေးဟောင်း သာသနိကအဆောက်အအုံးတွေတင် ဂရုစိုက်ဖို့ ၊ ကာကွယ်ဖို့လိုနေတာ မဟုတ်ပါဘူး။ ပုဂံဝန်း ကျင် ဒေသတဝိုက်လုံးဟာလည်း အမြတ်တနိုးထားဖို့ ၊ ထိန်းသိမ်းဖို့ တောင်းဆိုနေပါတယ်။ တနာရီလောက် ကားနဲ့သွားလိုက်ရင် ဒီ ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အင်ကြင်း တောအုပ်ကိုရောက်ပါတယ်။ ခြောက်သွေ့ ကြမ်းတမ်းတဲ့ ကန္တာရအလယ်က ရဲရဲဝံ့ဝံ့ အိုအေစစ်ကလေး ပါပဲ။ အင်ကြင်း (pentacme siamensis) ဆိုတာ သိပ်ထူးဆန်းတဲ့သစ်ပင်တမျိုး ဖြစ်ပါတယ်။ အပင်အိုလာလို့ သေသွားတဲ့အခါ သူ့အသားဟာ အခြားသစ်တွေလို ဆွေးမြည့်မသွားဘဲ ကျောက်သားလို အသွင်ပြောင်းသွားပါတယ်။ သစ်တောထိန်းသိမ်းရေး ဥပဒေအရ အပင် ခုတ်လှဲတာကို တားဆီးထားတယ် ဆိုပေမဲ့လည်း အပင်တွေကြည့်ရတာ ပိန်ပိန်လှီလှီနဲ့ အားရစရာမရှိတဲ့အပြင် အပင်ပျိုလေးတွေ တက်လာနေတဲ့ အရိပ်အရောင်လည်း မရှိလှပါဘူး။
ကျမတို့ရဲ့ သစ်တောလေ့လာရေးခရီးမှာ သတင်းထောက် အယောက်၂၀ လောက်လည်း ပါလာပါတယ်။ ကျမ အနေနဲ့ ကျမတို့ရဲ့ ပုဂံခရီး အပန်းဖြေရက်တွေကို သီးသီးသန့်သန့် ရှိစေချင်ပေမယ့် မျှော်လင့်သလို ဖြစ်မလာ ခဲ့တဲ့အတူတူ သတင်းထောက်တွေကို ကျမတို့ရဲ့ တိုးလာတဲ့ အဖွဲ့ဝင်တွေလို့ပဲ သဘောထားလိုက်ပါတယ်။ ကံ ကောင်းတာကအားလုံးဟာ ခင်ခင်မင်မင်နဲ့ အဆင်ပြေအောင် ဝိုင်းလုပ်ပေးကြပါတယ်။ သစ်တောရဲ့ ဆိတ်ငြိမ် တဲ့ တနေရာမှာ အေးအေးဆေးဆေး နေ့လယ်စာ ပျော်ပွဲစားကြမယ်လို့ ကျမတို့ စီင်္စဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တော အုပ်လေးကို ရောက်သွားတော့ အနီးရှိ ရွာတစ်ရွာက လူတွေ တော်တော်များများ ကျမတို့ကိုတွေ့ဖို့ စောင့်နေ တာ တွေ့ရပါတယ်။ ဒီရွာရဲ့ နာမည်က ကဗျာဆန်ဆန်လေးပါ။ ‘ဇီးအိုသစ်လှ နတ်ထိန်း အင်ကြင်းတော’ တဲ့၊ ဟိုက္ကူ ကဗျာတပုဒ် ကျနေတာပါပဲ။
ဒီရွာကလေးနဲ့ ဂျပန်နိုင်ငံအကြား မျှော်လင့်မထားတဲ့ ဆက်သွယ်မှုတခု ရှိနေပါသေးတယ်။ ကျမက ရွာက အ မျိုးသမီးတွေကို သူတို့ရွာမှာ အလိုအပ်ဆုံးက ဘာလဲလို့ မေးတဲ့အခါ ရေ လို့ ဖြေကြပါတယ်။ သူတို့ ရွာမှာ လွန် ခဲ့တဲ့နှစ်အနည်းက (bridge asia japan)  အဝီစိတွင်းတူးပေးထားလို့ အရင်ကလို မခက်ခဲတော့ဘဲ ရေရလာပြီ ဖြစ်ပေမယ့် ရေတွင်းနဲ့ဝေးတဲ့သူတွေ အတွက်ကတော့ နေ့တိုင်း လမ်းအဝေးအကြီးလျှောက်ပြီင်္း ခပ်နေရသေး တယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြကြပါတယ်။ ဒါ့အပြင် ရေပန့်ကို မောင်းဖို့ ဒီဇယ်ဖိုးပေးရပါတယ်။ ဈေးကသင့် တင့်တယ်ဆိုပေမယ့် သူတို့လို ထန်းနဲ့ လုပ်စားရတဲ့ တောင်သူအများစုအတွက်တော့ ဝန်တခုလို ဖြစ်နေပါ တယ်။ ဒီလို ခြောက်သွေ့ပူပြင်းတဲ့ အညာဒေသမှာ ရှင်သန်နိုင်တဲ့ ထန်းပင်တွေဟာ ဖျာတွေ၊ တောင်းတွေ ရက် လုပ်လို့ရတဲ့ ယပ်လိုအရွက်တွေ စားလို့ရတဲ့အသီးတွေ ထွက်ပါတယ်။ အဓိကကျတဲ့ ထုတ်ကုန်ကတော့ ချိုမြတဲ့ ပင်ကျရည်ပါ။ ဒီအတိုင်း လတ်လတ်ဆတ်ဆတ် သောက်စရာ အနေနဲ့ ဖြစ်ဖြစ်၊ အချဉ်ခံပြီး ကျေးလက် ယမကာ ပြင်းပြင်းလို ဖြစ်ဖြစ်၊ ကျိုချက်ပြီး အင်မတန် စားကောင်းတဲ့ ထန်းလျက်အနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။
ကျမကျောင်းသူ ဘဝတုန်းက အလွတ်ကျက်ခဲ့ရတဲ့၊ အင်မတန် ကျော်ကြားတဲ့ ၁၂ ရာစု ကဗျာတပုဒ်ကနေ ထန်းတက်သမားတွေရဲ့ ခက်ခဲတဲ့ ဘဝကို သိခဲ့ရတယ်။ မနက်စောစော မြူခိုးထချိန်ကတည်းက အန္တရာယ် အ လွန်များပြီး (ထန်းပင်က ကျတာတွေ မကြာခဏဖြစ်ပြီး ဒဏ်ရာကလည်း ပြင်းထန်နိုင်ပါတယ်) ပင်ပန်းလှတဲ့ ထန်းတက်သမားဘဝကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေရုံမက ယခုခေတ်အထိတောင် တိကျမှန်ကန်တဲ့ ပုံဖေါ်မှုဖြစ်တယ်ဆိုတာကို ကျမ ရွာသားတွေနဲ့  စကားပြောကြည့်တော့ သိရပါတယ်။ သူတို့ဟာ အရင်ရှေး ရာစုများစွာက သူတို့ ဘိုးဘွားတွေလျှောက်လှမ်းခဲ့တဲ့ သက်သာရာမရှိတဲ့ လမ်းကြမ်းကြီးကိုဆက်ပြီး လျှောက် လှမ်းနေရဆဲ ဖြစ်ပါတယ်။ အရင်ကနဲ့သိသိသာသာ ကွာလာတာတခုကတော့ ဒီကနေ့ ‘ဇီးအိုသစ်လှနတ်ထိန်း အင်ကြင်းတော’ ရွာက ထန်းတက်သမားတွေထဲ တက္ကသိုလ် ဘွဲ့ရတွေ ရှိနေတာပါပဲ။
အောင်ဆန်းစုကြည်