Friday 27 January 2012

အံ့ဖွယ် ရုံးပတီသီး

 

မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။

ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးများ

Dietary Fiber 2 gm

Protein 1.5 gm

Carbohydrate 5.8 gm

Vitamin A 460IU

Vitamin C 13 mg

Folic acid 36.5 microgram

Calcium 50 mg

Iron filtered 0.4 mg

Potassium 256 mg

Magnesium 46 mg

ဒါတွေက ဂဏန်းသတ်မှတ်ချက် တန်ဖိုးတွေသက်သက် ဖြစ်ပါတယ်။ လမ်းညွှန်ချက် အဖြစ်ပဲ သုံးပါ။ အကယ်၍ သင်က တကယ်လိုအပ်နေပြီး ဆေးပညာအရလည်း ကန့်သတ်နေထိုင် စားသုံးနေရတယ် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပါ။



ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။

လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။


ဥယျာဉ်မှူးမှဖြစ်ပါသည်

http://www.myanmaronlinenetwork.com/index.php?topic=960.0

...................
ကိုယ့်အိမ်မှာ မြေကွက်လေးရှိရင် ပန်းအိုးလေးတွေနဲ့ စိုက်ထားလို့ ရတယ်။



ရုံးပတီသီး ဟင်းလျာတွေကို ကြည့်ချင်ရင်

http://www.google.com/search?tbm=isch&hl=en&source=hp&biw=1152&bih=738&q=%E1%80%B0ladyfingers&gbv=2&oq=%E1%80%B0ladyfingers&aq=f&aqi=&aql=&gs_sm=s&gs_upl=4914l20885l0l24454l22l22l3l16l14l0l80l203l3l3l0#hl=en&gbv=2&tbm=isch&sa=1&q=ladyfingers+recipe&oq=ladyfingers+&aq=0&aqi=g1g-s1g4g-s1g3&aql=&gs_sm=c&gs_upl=12418l12418l2l20535l1l1l1l0l0l0l0l0ll0l0&bav=on.2,or.r_gc.r_pw.,cf.osb&fp=51b2033ad6427dc1&biw=1152&bih=738

‘ရင်သွေးယူတော့မည့် မိခင်၊ ဖခင်လောင်းများ ဖတ်ရန်’

By 7Day News Originally posted 13/01/2012 12:45PM





ရင်သွေးငယ် ရယူရန် ဆုံးဖြတ်ထားသည် ဆိုပါက အောက်ပါစာမူကို ဖတ်ရန် တိုက်တွန်းအပ်ပါသည်။  မမျှော်လင့်ဘဲ ကိုယ်ဝန်ဆောင်ကြသည့် သူများ ရှိသကဲ့သို့  မိမိရင်သွေးအတွက် ကြိုတင် ပြင်ဆင်၍ ရင်သွေးငယ် မွေးဖွားသူများလည်း ရှိသည်။ ကြိုတင် ပြင်ဆင်သည်ဆိုရာတွင် ရင်သွေးငယ်အတွက် သင့်တင့်သော စီးပွားရေး အခြေအနေ၊ မိဘများ၏ အသက်အရွယ်၊ ကလေးတစ်ဦးနှင့်တစ်ဦး အသက်ကွာခြားချက် စသည်တို့ ဖြစ်သည်။

ထိုသို့  ကြိုတင် ပြင်ဆင်ရာတွင် အရေးကြီးဆုံးမှာ ကလေးငယ်အား ကျန်းမာသန်စွမ်းသော ကလေးငယ်တစ်ဦး ဖြစ်စေရန် မိခင်အနေဖြင့် ကြိုတင် ပြင်ဆင်ရမည့် ကျန်းမာရေး ပြင်ဆင်မှုများသည်လည်း မမေ့လျော့သင့်သည့် အရာတစ်ခုဖြစ်သည်။ များသောအားဖြင့် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင် ဇနီးမောင်နှံများမှာ အသုံးပြုနေသည့် ကိုယ်ဝန်တားဆေးများ  မသုံးတော့ခြင်း၊ ယေဘုယျ ကျန်းမာရေးဂရုပြုခြင်း စသည်တို့လောက်သာ  ပြုလုပ်လေ့ ရှိသည်။ သို့သော် ကိုယ်ဝန်ဆောင်ချိန်တွင် ရင်သွေးငယ်အား ရောဂါပိုးများ ကူးစက်မှု မရှိစေရန် လည်းကောင်း၊ သားဖွားပြီး မိခင်အနေဖြင့် ကျန်းမာလှပသော ခန္ဓာကိုယ်အား ပိုင်ဆိုင်နိုင်စေရန်အတွက် လည်းကောင်း၊ ကြိုတင်ပြင်ဆင်မှု နည်းပါးနေသေးကြောင်း သားဖွားမီးယပ် ဆရာဝန်ကြီးများက ပြောကြားသည်။

“သားဖွား မီးယပ်အထူးကု ဆရာဝန်တွေ အများဆုံး တွေ့ကြုံရတာတော့ ကိုယ်ဝန်ဆောင် မိခင်လောင်းတွေက ဘာမှ  ကြိုတင် ပြင်ဆင်မှု မရှိဘဲ မိခင်လောင်းဘဝကို ရောက်သွားကြတာ များတယ်။ အဲဒီအခါ ကလေးအတွက် အရေးကြီးဆုံးအချိန်တွေ မသိလိုက်ဘဲ ဆုံးရှုံးသွားကြတာ များတယ်” ဟု သားဖွားမီးယပ်အထူးကု ဆရာဝန် တွဲဖက်ပါမောက္ခ ဒေါက်တာစိုးလွင်က ပြောသည်။

ကိုယ်ဝန်ဆောင် နေစဉ်တွင် ပထမဆုံး ကိုယ်ဝန်သုံးလသည် ကလေးငယ်အတွက် အရေးကြီးဆုံးသော အချိန်ဖြစ်ကြောင်း သိရှိရန် လိုအပ်သည်။ ထိုသုံးလ အတွင်းတွင် ကလေးငယ်အတွက် အဓိက အစိတ်အပိုင်းများဖြစ်သည့် ဦးနှောက်၊ အသည်း၊ အဆုတ် စသည့် အင်္ဂါအစိတ်အပိုင်းများ အပြင် မျက်လုံး၊ ခြေ၊ လက်များ အသေးစိတ် စတင် ဖွံ့ဖြိုးသည့် အချိန်လည်းဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့သော အရေးကြီးလှသည့် အချိန်တွင် သတိမမူမိသည့် အပြုအမူအချို့ကြောင့် မိမိရင်သွေးအား မွေးရာပါရောဂါများ၊ မသန်စွမ်းမှုများ ဖြစ်ပေါ်သွားစေနိုင်သည်။

“ဘယ်သူက စသတ်မှတ်လိုက်လည်း မသိပေမယ့် လူအများစု ထင်နေတာက ကိုယ်ဝန်ငါးလလောက်မှ ကိုယ်ဝန်အပ်ရမယ်ဆိုပြီး အပ်ကြတယ်။ အဲဒီတော့ ကလေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ အချိန်ကာလတွေ လွန်သွားပြီ။ ဘာမှ လုပ်လို့မရတော့ဘူး” ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူ ဆရာဝန်တစ်ဦးက ပြောသည်။

ထိုကိုယ်ဝန် သုံးလအတွင်း အမှားတစ်စုံတစ်ရာ ဖြစ်ပါက ကလေးတွင် အင်္ဂါချွတ်ယွင်းခြင်း၊ လူစဉ်မမီခြင်း၊ ဉာဏ်ရည်ချို့တဲ့ခြင်းစသော ဒုက္ခိတကလေးများ မွေးဖွားလာနိုင်သည့်အတွက် ကိုယ်ဝန်ငါးလမှ စ၍ ကိုယ်ဝန်အပ်မည်ဆိုပါက ထိုအရေးကြီးသည့် အချိန်များတွင် ရှောင်ရန်၊ ဆောင်ရန် အကြောင်းအရာများသည်လည်း လွန်သွားခဲ့ပြီ ဖြစ်သည်။

ထိုအချက်များကြောင့် ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည့် အချိန်တွင် ကိုယ်ဝန်ဆောင်ရန် အသင့်တော်ဆုံး ဖြစ်စေရန် ခန္ဓာကိုယ် အလေးချိန်အား ဂရုပြုခြင်း၊ ကိုယ်ဝန်အတွက် အန္တရာယ် မဖြစ်စေမည့် နေထိုင်ခြင်းပုံစံများ၊ အစားအသောက်ပုံစံ စသည်တို့အတွက် တတ်ကျွမ်းသည့် ဆရာဝန်များနှင့် ကြိုတင် တိုင်ပင်သင့်ကြောင်း သိရသည်။

“ကိုယ်ဝန်ဆောင်မယ့် သူက မဝလွန်း၊ မပိန်လွန်းသော ခန္ဓာကိုယ်ရှိရမှာ ဖြစ်တဲ့အတွက် ကိုယ်ဝန်မဆောင်ခင် ရှိသင့်တဲ့ အလေးချိန်ဖြစ်အောင် ဂရုပြုရမယ်။ ကိုယ်ဝန်ဆောင်တော့မှ ဝိတ်ချလို့လည်း မရဘူးလေ။ ဆေးလိပ်ငွေ့တွေ အရက်တွေကလည်း သန္ဓေသားကို ထိခိုက်မှု အရမ်းများတဲ့အတွက် အဲဒါတွေ ဖြတ်ရမယ်” ဟု ဒေါက်တာစိုးလွင်က ပြောသည်။

နောက်အရေးကြီးသည့် အချက်တစ်ခုမှာ ကိုယ်ဝန်ဆောင်မည်ဟု ဆုံးဖြတ်သည့်အချိန်မှ စတင်၍ ကိုယ်ဝန်ဆောင်အားဆေး ဟု ခေါ်သည့် ဖောလစ်အက်ဆစ် (Folic Acid) အား တစ်နေ့လျှင် ၄၀၀ မိုက်ခရိုခရမ်နှုန်းဖြင့် နေ့စဉ် သောက်သုံး သွားသင့်ကြောင်း ဒေါက်တာစိုးလွင်က “ရာသီမလာခင် လူသတ်ချင်” ဟူသော ကျန်းမာရေးစာအုပ်တွင် ထည့်သွင်း ရေးသားထားသည်။

ထိုဆေးအား ကိုယ်ဝန်၏ ပထမသုံးလအထိ သေချာစွာ သောက်သုံးထားလျှင် ကလေး၏ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မွေးရာပါ ချို့ယွင်းချက်များအား ကာကွယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် ကိုယ်ဝန်ဆောင်နေသည့် အချိန်တွင်  ဂျိုက်သိုးရောဂါ ဖြစ်ပွားပါကလည်း ကလေးငယ်အား ဝမ်းဗိုက်အတွင်းတွင် သေဆုံးခြင်း၊ ဦးနှောက် ကျပ်မပြည့်ခြင်းများ၊ ဆွံ့အနားမကြား၊ မျက်စိကန်းသည့်  ကလေးဖြစ်စေသည်အထိ အန္တရာယ်ကြီးသော ရောဂါတစ်ခု ဖြစ်သည်။

ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်သည့်အချိန်တွင် မိမိခန္ဓာကိုယ်ထဲတွင် ဂျိုက်သိုးရောဂါ ကာကွယ်သည့်ဓာတ်များ ရှိ၊ မရှိ ကြိုတင် စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေးထိုး၍လည်း ကာကွယ်နိုင်ကြောင်း သိရသည်။

တခြား ကူးစက်ရောဂါများ ဖြစ်သည့် ကာလသားရောဂါများ၊ ခုခံအား ကျဆင်းမှုရောဂါများ၊ အသည်းရောင် အသားဝါကဲ့သို့သော ကူးစက်ရောဂါများ ရှိ၊ မရှိကိုလည်း စစ်ဆေးထားခြင်းဖြင့် ကလေးအားကူးစက်မှု မရှိစေရန် ဆောင်ရွက်နိုင်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်သည့် အချိန်တွင် အသင့်အတင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်က ကလေးနှင့် မိခင်အတွက် ကောင်းမွန်ပြီး တစ်စုံတစ်ရာ လေ့ကျင့်ခန်းများ ပြုလုပ်လိုပါကလည်း ဆရာဝန်နှင့် ဦးစွာတိုင်ပင်သင့်ကြောင်း သိရသည်။

ကိုယ်ဝန်ရှိသည့်အခါတွင် အများစုမှာ သုံးပတ်မှ လေးပတ်အထိ ကိုယ်ဝန်ရှိကြောင်း မသိရှိကြဘဲ တချို့မှာ လအနည်းငယ်အထိ မသိရှိသည့် သူများလည်း ရှိကြသည်။ ထိုမသိရှိသည့် အချိန်တွင် ကြိုတင် ကာကွယ်မှုလည်း မရှိပါက မိမိ ရင်သွေးငယ်အတွက် မလိုလားအပ်သည့် ရောဂါများ ဖြစ်ပွားလာစေနိုင်ပြီး ကလေးမလိုချင်သည့် အချိန်တွင်လည်း ကလေးရရှိသွားပါက စိတ်ချမ်းသာသော အခြေအနေ မဖြစ်လာနိုင်ကြောင်း ဂရုပြုသင့်သည်။ မွေးဖွားပြီးချိန်တွင်လည်း မိခင်ရော၊ ကလေးပါ ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် ကြိုတင် ပြင်ဆင်သင့်သည့် အချက်များအား ပြင်ဆင်ရင်း ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်သော ရင်သွေးလေးများ ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

ဝတ်ရည်

Friday 20 January 2012

East meet with West!

<object width="560" height="315"><param name="movie" value="http://www.youtube.com/v/053S4B5J0is?version=3&amp;hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/053S4B5J0is?version=3&amp;hl=en_US" type="application/x-shockwave-flash" width="560" height="315" allowscriptaccess="always" allowfullscreen="true"></embed></object>

Thursday 19 January 2012

ဝန်ထမ်းဂုဏ်သိက္ခာနဲ့  ကြွေသီး ဖန်သီး

အစိုးရ၊ ဝန်ထမ်းနဲ့ အခမဲ့ဝန်ဆောင်မှု
ပြောမှ ဖြစ်မှာမို့ ဖတ်မိမှတ်မိတာလေး နည်းနည်းပြောချင်ပါတယ်။ ‘နိုင်ငံ’ရယ်လို့ ဖြစ်ဖို့ရာ အင်္ဂါလေးရပ်နဲ့ပြည့်စုံရပါသတဲ့။ (၁) ပြည်သူလူထု၊ (၂) နယ်နိမိတ်၊ (၃)
အချုပ်အခြာ အာဏာ၊ (၄) အစိုးရဆိုတဲ့ အင်္ဂါရပ်တွေ ပြည့်စုံမှ နိုင်ငံတကာဥပဓိရုပ် (International Personality) ရှိတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံဆိုရင် ပြည်
င်ငံရဲ့အချုပ်အခြာ အာဏာ (အာဏာသုံးရပ်)ကို ကိုင်စွဲအုပ်ချုပ်ဖို့ရာအတွက် သူတို့ကြိုက်တဲ့၊ အကောင်းဆုံးလုပ်ပေးနိုင်မယ်လို့ ယုံကြည်ကိုးစားတဲ့ ‘အစိုးရ’ကိုဖွဲ့စည်းပုံ သူလူထုက နိုအခြေခံဥပဒေနဲ့အညီ (ရွေးချယ်တင်မြှောက်)ရတာ ဖြစ်ပါတယ်။ အဲဒီအစိုးရက သူ့ရဲ့မူဝါဒရည်မှန်းချက်တွေကို ထုံးနည်းတကျလုပ်ကိုင်ဖို့ ဝန်ထမ်း (service)တွေကို အသုံးပြုရပါတယ်။ အရည်အချင်းသတ်မှတ် စိစစ်ခန့်ထားရပါတယ်။ အဲဒီအတွက် အစိုးရက သူ့အတွက် လစာရိက္ခာကို ယူပါတယ်။ ဝန်ထမ်း အတွက် လည်း လစာရိက္ခာကို ပေးပါတယ်။ နိုင်ငံ့ဘဏ္ဍာထဲကပါ။ လစာရိက္ခာ ဘာကြောင့်ပေးသလဲဆိုရင် စားဝတ်နေရေး ပြေလည်စွာနဲ့ နိုင်ငံ့တာဝန်ထမ်းစေချင်လို့ပါ။ လစာရိက္ခာ ဘာကြောင့် ယူသလဲဆိုရင် (ရေရှည်မှာ) အငတ်ခံလုပ်ဖို့ မဖြစ်လို့ပါ။ အဲဒီလိုယူတဲ့အတွက် အစိုးရနဲ့ သူ့ရဲ့ဝန်ထမ်း အဖွဲ့အစည်းဟာ နိုင်ငံတိုးတက်အောင်၊ ကြီးပွားအောင်၊
ပြည်သူလူထု သက်သောင့်သက်သာရှိအောင် ‘ဝန်ဆောင်မှု’ပေးရတာဖြစ်ပါတယ်။ သူဘာတွေ လုပ်ထားတယ်၊ ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်ရဦး မယ်ဆိုတာ   ပြည်သူကိုပြန်အစီရင်ခံရပါတယ်။ ဒါကြောင့်မေးမြန်းချက်တွေကို ဖြေနေတာ ဖြစ်ပါတယ်။ အဆိုပြုချက်တွေကိုဆွေးနွေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာမှာရှိတဲ့ ဘယ်အစိုးရ အဖွဲ့မဆို သူ့ရဲ့ရည်မှန်းချက်နဲ့ လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ ဝန်ထမ်းအဖွဲ့အစည်းကို ခိုင်းရပါတယ်။ အခွင့်အာဏာရဲ့ အစိတ်အပိုင်းတချို့ကို ခွဲဝေပေးရပါတယ်။ သင့်လျော်တဲ့ လုပ်ခလစာကို အဆင့်အရည်အသွေး အလိုက်ပေးရပါတယ်။ ဒီလစာကိုယူ၊ ဒီတာဝန် (ဝန်ဆောင်ဝန်ထမ်း ဂုဏ်သိက္ခာနဲ့မှု)ကို ကျေပွန်အောင်လုပ်။ ဝန်ထမ်း အလုပ်ဆိုတာ ချမ်းသာအောင် အစီးအပွားလုပ်တဲ့ (Business) မဟုတ်ဘူး။ ဘဏ္ဍာတိုက်ထဲက ထပ်မခိုးနဲ့၊ မဝှက်နဲ့၊  လူထုအိတ်ထဲက ထပ်မနှိုက်နဲ့၊   မောင်ရင့် တာဝန်က  ပြည်သူ့အတွက် ဝန်ဆောင်မှုကို ‘အခမဲ့’လုပ်ပေးရမယ်။ မဟုတ်ရင် အရေးယူမယ်မှတ်။ လစာရိက္ခာကို ထိုက်တန်သင့်မြတ်အောင် ပေးထားရင်၊ ‘ဆီကိုင်တဲ့ လက်ဆီပေ မှာပေါ့’လို့ ပြောစရာမလိုဘူး။ ‘သဒ္ဓါလို့ပေးတာယူ’လို့ မပြောဘူး။ ‘ကြွေတဲ့အသီးတော့ ကောက်ပေါ့’လို့ မပြောဘူး။ ‘ငါ့အမျိုး ငါ့ရွာသားမို့ ဒါလေးတော့’လို့ မပြောဘူး။ ကမ္ဘာမှာလာဘ်စားမှု အနည်းဆုံးနဲ့ အသန့်ရှင်းဆုံး တိုင်းပြည်လို့နာမည်ရတဲ့ စင်ကာပူမှာ ဘယ်သူ့လက်မှ ဆီမပေစေရဘူး။ ကြွေသီးရော၊ ဖန်သီးရော  ကောက်မစားရဘူး။ မီးပွိုင့်မှာလည်း ဘယ်သူမှအခွင့်အရေးပိုမယူရဘူး။ အရေးကြီးတဲ့ အချက်တစ်ချက်က လစာရိက္ခာကို အပြင်မှာထက်ပိုပြီး မက်လောက်အောင်ပေးထားတယ်။ (လူထုအိတ် ထဲက ထပ်ဆောင်းပေးစေဖို့ မလိုပါဘူး)။ဒီတော့ သူတို့ဟာ အလုပ်ထိခိုက်မှာကို သိပ်စိုးရိမ်တယ်တဲ့။
ယူတိုပီယာ မျှော်မှန်းချက်
သိပ်ကို ဝမ်းနည်းစရာကောင်းတဲ့ အချက်ပါပဲ။ အကျင့်ပျက်မှုအနည်းဆုံးနဲ့ အသန့်ရှင်းဆုံးအဖြစ် လက်ညှိုးထိုးပြရတဲ့ တိုင်းပြည်ဟာ တို့ဗမာသာကီမျိုးတွေနေတဲ့ တိုင်းပြည် မဟုတ်ဘဲ ပုလုသေးကွေး စင်ကာပူကျွန်းနိုင်ငံလေး ဖြစ်နေလို့ပါ။ ကျွန်တော်တို့ လူမျိုးတွေကသူတို့ထက်ပိုပြီး ဝိသမလောဘတွေ များလွန်းနေသလား၊ အကျင့်ပျက်ပြား သူတွေပိုများနေလို့လား၊ မဟုတ်လောက်ဘူး ထင်ပါရဲ့။ လျှာမြက်ပေါက်အောင် တောင့်ခံနေသူတွေ၊ မတရားတဲ့ နည်းနဲ့ ရတဲ့တံစိုးဟူသမျှ တစ်ပြားတစ်ချပ်မှ လက်မခံ ဘဲ ငြင်းပယ်တဲ့သူတွေ အသေအချာကို ရှိလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုလုံးကို သိမ်းကျုံးပြီး အကျင့်ပျက်တယ်၊   ခြစားတယ်လို့ပြောရင် တော်တော်စော်ကား မော်ကားပြုရာ ရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းအဖွဲ့အစည်းတစ်ခုတည်း မဟုတ်လို့ ပါ။ နိုင်ငံကိုချစ် လှချည်ရဲ့လို့   အော်သူ ပဲဖြစ်ဖြစ်၊ မအော်တဲ့သူပဲ ဖြစ်ဖြစ်နိုင်ငံ့ တာဝန်ထမ်းရတဲ့ ဝန်ထမ်းတွေမှာ မျှော်မှန်းချက်နှစ်ခု တော့ဖြင့် (အနည်းဆုံး)ရှိပါတယ်။ ဂုဏ်သိက္ခာလုံခြုံမှုနဲ့ စားဝတ်နေရေး လုံခြုံမှု   မျှော်မှန်းချက်နှစ်ခုပါ။ ဟိုတုန်းက စာရေးကြီးဆိုတာ ရပ်ထဲရွာထဲမှာ ဂုဏ်သရေရှိသတဲ့၊ ဟိုတုန်းက ပြာတာလို့ခေါ်တဲ့ (အနိမ့်ဆုံးအဆင့်) ဝန်ထမ်းဟာ မိသားစု   လေးယောက် လောက်ကို ဗိုက်ရိုက်ကျွေးနိုင်သတဲ့။ ဝန်ထမ်းဆိုတာ ဂုဏ်သိက္ခာရှိသတဲ့၊ အိနြေ္ဒရသတဲ့။ ခု….။ ဝန်ထမ်းဆိုတာနဲ့ တစ်ပြိုင်နက်’ ဘာကောင်ကြီးလဲ၊ ပါးစပ်ပါရဲ့မဟုတ်လား’ပြောသူက ပြောတယ်။ ‘အထုပ်ကြီးပြလိုက်တာနဲ့ ငမ်းငမ်းတက်နေမှာ ပါကွာ’ လို့ ဆိုသူကဆိုတယ်။ ‘အထုပ်သေးသေးနဲ့ လေးလေးပေးရင် လက်တို လက်တောင်းခိုင်း လို့ရမယ်’ ထင်သူကထင်တယ်။ စားဝတ်နေစရိတ်စကနဲ့ လုပ်ခလစာက ဆင့်ပါးစပ်နှမ်း ပက်ဖြစ်လာတဲ့အခါ မလိုက်လျောဘဲ တင်းခံနေတဲ့သူကို ‘စာအုပ် ကြီးသမား ငတုံး’လို့ ပြောတယ်။ ‘ကြိုးနီစနစ်ရဲ့ နောက်ဆုံးအမွေခံ’လို့ ပြောတယ်။ ရိုးသားဖြောင့်စင်းမှုဆိုတာ ‘လူနုံလူအတွေရဲ့ ကိရိယာတန်ဆာ’လို့ ရှုတ်ချပြစ်တင်တယ်။   ခေတ်တွေတစ်ခေတ်ပြီးတစ်ခေတ် ပြောင်းလာခဲ့တယ်။ကုန်ဈေးနှုန်းတွေက တရိပ်ရိပ်တက်လာခဲ့တယ်။ လစာရိက္ခာကိုလည်း တိုးနိုင်သမျှတော့ တိုးလာပေးခဲ့ပါတယ်။ ဒါပေမဲ့ ကာလတစ်ခုမှာ နှမ်းအဖြစ်ပဲ ဘဝပြောင်းသွားပြန်တော့တယ်။ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းလည်း တန်ဖိုးထား တဲ့နှုန်းစံတွေ ပြောင်းလာခဲ့တယ်။ စက်ဘီးလေး တချောက်ချောက်စီးလို့ ပုဆိုးအနွမ်းနဲ့ ကျောင်းတက်သွားတဲ့ မူလတန်းပြ ဆရာနဲ့ (ခွင့်လွှတ်ပါ) ပါဘလစ်ကာမောင်းပြီး ဓာတ်ဆီဆိုင်ပန့်ကိုင်ဖို့သွားတဲ့သူကိုကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြား ဆက်ဆံခဲ့ သလဲ။ဘယ်လိုနည်းနဲ့ပဲ ဝင်ငွေရရ၊ ငွေကြေးသုံးစွဲနိုင်တဲ့၊ အလှူကြီးအတန်းပေးနိုင်တဲ့ သူတွေနဲ့ ကျူရှင်မပြဖို့တားမြစ်ခံ ထားရတဲ့ ကျောင်းဆရာလေးကို ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းက ဘယ်လိုခွဲခြား ဆက်ဆံခဲ့သလဲ။ စိတ်ဓာတ် ချွတ်ခြုံကျနေတဲ့ လူ့အဖွဲ့အစည်းမှာ ခါးသီးနာကျင်နေတဲ့ လူကောင်းသူကောင်းတွေ တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်ပါဘူး။ ခုလောလောဆယ် အနိမ့်ဆုံး ဝန်ထမ်းတစ်ဦးရဲ့ လစာဟာ (ကျပ်၃၅ဝဝဝ ) ဖြစ်ပြီး အမြင့်ဆုံး ဝန်ထမ်းဖြစ်တဲ့ ညွှန်ကြားရေးမှူးချုပ်ရဲ့လစာက ကျပ် ၂ဝဝ,ဝဝဝ ဖြစ်ပါတယ်။ ဟိုတုန်းက ဝန်ထောက်လို့ခေါ်တဲ့ ပြန်တမ်းဝင် အရာရှိတစ်ဦးရဲ့ (အခု) လစာက ကျပ် ၁ဝဝ,ဝဝဝ တဲ့။ ရန်ကုန်၊ တာမွေကျောက်မြောင်းလို နေရာမျိုးမှာညနေ ၃ နာရီကနေ ည ၈ နာရီအထိ ဝက်သားတုတ်ထိုး ရောင်းနေတဲ့သူက ၆ လွှာတိုက်ခန်းကို တစ်လ ကျပ် ၅ဝဝဝဝ ပေးပြီး ငှားနေနိုင်တယ်။ ပြန်တမ်းဝင်အရာရှိကအဲဒီလိုအခန်းမျိုးငှားနေရင် ကျန်တဲ့ငွေကို လင်မယားနှစ်ယောက်ခြိုးခြံစားနိုင်တယ်ထား၊ နှာမစေးနဲ့၊မဖျားနဲ့၊ မနာနဲ့၊ သားသမီးကိုတက္ကသိုလ် မပို့နဲ့၊ အလှူမသွားနဲ့၊အိုမင်းမစွမ်း ဖြစ်နေတဲ့ မိဘနှစ်ပါးအိမ်ကို သီတင်းကျွတ်ရင်လည်း မသွားနဲ့။ သူ့ဝမ်းဗိုက်ထဲမှာ တကြုတ်ကြုတ်   မြည်နေတဲ့ အူတစ်စုံရှိတယ်။ သူ့ရှေ့မှာ ဆာလောင်လို့ ဝင်းပြောင်နေတဲ့ ရင်သွေးငယ်တို့ရဲ့ မျက်လုံးအစုံ ရှိတယ်။ သူ့ဝန်းကျင်မှာ အကောင်းစား စကားလုံးတွေနဲ့ ဟန်ဓာတ် ခုတ်နေတဲ့ လူ့အဖွဲ့အစည်းရှိတယ်။ သူ့လက်ထဲမှာ ကျိန်စာ မကင်းတဲ့လုပ်ပိုင်ခွင့်တချို့ရှိတယ်။ သူ့ရဲ့အင်မတန် အဖိုးတန်လှတဲ့ ဂုဏ်သိက္ခာကို ရွှေချည်ထိုးပြီး ဘယ်လောက် ကြာကြာ တင်းခံနိုင်မလဲ။’ တစ်တက်စား ကြက်သွန်’ ဘဝကနေ အရှိန်မထိန်းနိုင်တော့တဲ့ ‘လောဘကောင်ကြီး’ဖြစ်သွားသူတွေဘယ်လောက်ရှိလေမလဲ။ ဘာမဟုတ်တဲ့   လူတွေကိုမျက် နှာချိုသွေး ဖို့မလိုဘ (သူ့အဆင့်သူ့ အရည်အချင်းနဲ့ လျော်ညီတဲ့ လစာရိက္ခာကိုပဲ ခံစားပြီး)ခပ်တင်းတင်း နေချင်တဲ့သူမျိုး တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော်မထင်မြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လိုဝန်ထမ်း အဖွဲ့အစည်းမဆို ငခုံးမတွေ စာရိတ္တချွတ်ခြုံကျ နေသူတွေကို တမင်ရွေးချယ်စိစစ်ပြီး ခန့်ထားခဲ့တာ မဟုတ်လို့ပါပဲ။ Empty Sacks cannot Stand ဘာမှထည့် မထားတဲ့ အိတ်ခွံလွတ်တွေဟာ ဘယ်လောက်ကြာကြာ   ထောင်မတ်နေနိုင်မလဲ။ ဒုတိယ ကမ္ဘာစစ် မတိုင်မီက ဂျာမန်ကဗျာဆရာကြီးရဲ့ ကဗျာတစ်ပုဒ်ရှိတယ်။ ‘ဗိုက်အပြည့် စားသောက်နေတဲ့ လူတွေက လူငတ်တွေကို အနစ်နာခံကြစမ်းပါတဲ့’တ။ဲ့ ရေးပါ၊ပြောပါ။ လူတစ်ယောက်ရဲ့ အခြေခံလိုအပ်ချက်တွေကို တစ်စက်မှ ထည့်မစဉ်းစားဘဲ အကောင်းဆုံး စကားလုံးတွေနဲ့ ရေးခဲ့ပြောခဲ့တဲ့ခေတ်တွေ ဘယ်လောက်များခဲ့ပြီလဲ။ ဒါပေမဲ့ ချစ်လှချည်ရဲ့လို့ လူသိရှင်ကြား ကြွေးကြော်ခဲ့သူတွေက မူလတန်းပြ ဆရာတစ်ယောက်ရဲ့ လစာရိက္ခာနဲ့ ညီတူမျှ တူယူပြီးချစ်ပြမှ စံနမူနာကောင်းဖြစ်ပါလိမ့်မယ်။ ပိုအော် တဲ့သူက ပိုပြီး လျှော့ယူရပါမယ်။ ဒါမှမဟုတ်၊ ယူတိုပီယာ အိပ်မက်ထဲက ရုန်းထွက်ဖို့ လိုလိမ့်မယ်လို့ထင်ပါတယ်။
တတိယကျမ်း
အခုပြောခဲ့တာတွေက အဂတိလိုက်စားတာ အပြစ်ကင်းတယ်။အရေးယူလောက်စရာ မဟုတ်တဲ့သနားစရာသတ္တဝါလေးတွေဖြစ်တယ်။ အဲဒီလိုဆိုရာ မရောက်ပါဘူး။ ဝန်ထမ်းဆိုတာ တရားဝင်ရရှိတဲ့လစာရိက္ခာအပြင်တံစိုးနဲ့ အကျိုးအလို့ငှာ ကောင်တာဖွင့်ဈေးရောင်းသလို၊ ကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးသလို (Business) စီးပွားရေး လုပ်တဲ့အလုပ်မျိုးမဟုတ်ဘူး။ အစီးအပွားရှာချင်ရင် ဝန်ထမ်းမလုပ်နဲ့ဆိုတာကတော့ဖြင့် တော်တော်ရှင်းလင်းတဲ့သီအိုရီပဲဖြစ်ပါတယ်။ သို့သော်အငတ်ခံ လုပ်ရမယ့် အခြေအနေမျိုးမဟုတ်သေးဘူးဆိုတာကိုလည်း မြင်သာစေချင်တာ ဖြစ်ပါတယ်။ စွပ်စွဲခံရသူတွေထဲက အချို့သောသူတွေရဲ့ရောဂါလက္ခဏာချက်ကို စာနာကြည့် တာပဲဖြစ် ပါတယ်။ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ’လက်’ကို မြင်နေပါလျက်နဲ့ ဒါ..လက်မဟုတ်ဘူး။ အရိုးအကြောအသွေးအသားတွေပါပဲလို့ ‘ဝိ’ချင်တတ်တယ်။ ခမ်းနားချင် တတ် တယ်။တည့်တည့်သွားရင် ရောက်နိုင်တာကို ကွေ့ပတ်လျှောက်တတ်တယ်။ရောဂါလက္ခဏာချက်နဲ့ လွှဲဖယ်နေတတ်တယ်။ လူ့သဘာဝကို ငြင်းပယ်ပြီး ရှာထားတဲ့ အဖြေ ဟာ ရေရှည်မမှန်ကန်နိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။အဂတိနဲ့ခြစားမှု တိုက်ဖျက်ရေးအတွက် လောလောဆယ်ကျင့်သုံးနေတဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။ အရေးယူ အပြစ်ပေးတဲ့နည်းနဲ့ ပညာပေး(ဝေဖန်ချေချွတ်၊ ညွှန်ကြား)တဲ့နည်းပါ။ အလွယ်ကူဆုံးနဲ့ အမြင်သာဆုံးလုပ်တဲ့နည်းကတော့ အရေးယူအပြစ်ပေးတဲ့ နည်းပဲ   ဖြစ်ပါတယ်။   မေးစရာကျန်နေသေးတာကဒါဆိုရင် လုံလောက်ပြီလားဆိုတဲ့မေးခွန်းပဲဖြစ်ပါတယ်။ခုတလော တော်တော် လက်ညှိုးထိုးခံနေရတဲ့ ဝန်ထမ်းအဖွဲ့ အစည်း တစ်ခုရှိတယ် (ဆိုပါစို့)အဲဒီဝန်ထမ်းတွေကို တစ်ယောက်မကျန်ဖယ်ရှားပစ်လိုက်ပြီး ပိုကောင်းမယ်လို့ထင်ရတဲ့၊ သို့မဟုတ် လက်ညှိုးထိုးနေတဲ့သူတွေနဲ့ အစားထိုးကြည့် မိပါတယ် (စိတ်ကူးနဲ့ပါ)။ သေချာတာကခဏတော့ကောင်းနေနိုင်ပါတယ်။ဒါပေမဲ့ ဘယ်ကာလအထိလဲ၊ သူတို့ဘယ်လောက်   တောင့်ထားနိုင် မလဲ။  နောက်ထပ်  သေချာတဲ့ အချက်က လူတို့ရဲ့ ရိုးဖြောင့်မှုနဲ့ဖြူစင်မှုဟာအကန့်အသတ် ရှိတယ်ဆိုတာပါပဲ။ လူတိုင်း စဉ်းစားနိုင်ကြပါတယ်။ အသစ်အဆန်းလည်း မဟုတ်ပါဘူး။အင်မတန်လည်း ရိုးစင်းပါတယ်။လူတိုင်းလူတိုင်းကို သူ့အရည်အချင်း သူ့အဆင့်အတန်းနဲ့ လျော်ညီတဲ့လစာရိက္ခာကို ရယူစေဖို့နဲ့ဂုဏ်သိက္ခာရှိရှိ အလုပ်တာဝန်   ကျေခွင့်ပြုစေဖို့ပဲ   ဖြစ်ပါတယ်။အဂတိလိုက်စားမှုတားမြစ်ရေးကို (နည်းလမ်းတကျ)တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။

ပြေလွင်မြင်
့ (ပေါ်ပျူလာဂျာနယ်)

လွမ်းရင်းမျှော် မျှော်ရင်းလွမ်း

Written by လူထုစိန်ဝင်း   
Sunday, 15 January 2012 11:17
AddThis Social Bookmark Button
များသောအားဖြင့်မြန်မာလူမျိုး တွေဟာငယ်စဉ်အခါက ဘယ်လောက်ပဲ အငြိမ်မနေသူဖြစ်ဖြစ် အသက်ကလေးရလာရင် လူရောစိတ်ပါ တည်တည်ငြိမ်ငြိမ် ဖြစ်လာလေ့ရှိတယ်။ လောကဓံလှိုင်းရိုက်ပုတ်မှုများကိုလည်း တရားသဘောနဲ့ ရှုမြင်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်ကြတယ်။
တရားမပြည့်လို့
ဒေါသဖြစ်စရာရှိလည်း ချွန်းအုပ်ပြီး သည်းခံနိုင်တယ်။ ၀မ်းနည်းစရာကြုံလည်း မျိုသိပ်ထားနိုင်တယ်။  ကိုယ်တိုင်ကတော့ တရားမပြည့်ဝလို့ ထင်ပါရဲ့။ အသက်သာခုနစ်ဆယ်ကျော်လာတယ် ဒေါသတွေလျော့မသွားဘူး။ တစ်ခါတလေများ အသားတွေ ဆတ်ဆတ်တုန်တဲ့အထိ ဒေါသဖြစ်မိတယ်။ အဆိုးဆုံးကတော့ ငယ်စဉ်ကထက် အဆပေါင်းများစွာ ပိုပြီးလွမ်းတတ်လာတာဖြစ်တယ်။ အသက်ကြီးလေ လွမ်းစရာတွေကလည်းများလေ ဖြစ်လာတယ်။ ငယ်စဉ်ကတော့ ကျောင်းတွေဖွင့်ချိန်မှာ မန္တ လေးမှာ ကျန်ရစ်တဲ့မိဘတွေကို လွမ်းတယ်။ ကျောင်းတွေပိတ်လို့ အိမ်ပြန်ရောက်ချိန်မှာ ကျောင်းကသူငယ်ချင်းတွေကို လွမ်းတယ်။ ဒီထက်ပိုပြီး လွမ်းစရာမရှိဘူး။
အလယ်ပေါက်က မြီးရှည်

အခုချိန်ပြန်တွေးလိုက်တော့ မရှိတော့ပြီဖြစ်တဲ့ မိဘတွေကို လွမ်းသလို၊ ဈေးချိုအလယ်ပေါက်က မြီးရှည်ကိုလည်း လွမ်းတယ်။ ၀င်းလိုက်ရုံထဲက အစ်မကြီးမမြရီရဲ့ မုန့်တီလက်ရာကိုလည်း လွမ်းတယ်။ မန္တလေးတက္ကသိုလ် အရှေ့ဘက်က လယ်ကွင်းစိမ်း စိမ်းတွေနဲ့ တောင်တန်းကြီးတွေကိုလည်း လွမ်းတယ်။ အလွမ်းတကာ့ အလွမ်းဆုံးကတော့ စစ်ကိုင်းတောင်ပေါ်က တန်ဆောင်တိုင်ညနဲ့ မန္တလေးသင်္ကြန်ရက်တွေပဲ။ငယ်စဉ်က ဒီပွဲနှစ်ပွဲတော့ ဘယ်အကြောင်းနဲ့မှကို အလွတ်မခံဘူး။ကျောင်းပိတ်ရက်နဲ့ဆုံလေ့မရှိတဲ့ တန်ဆောင်တိုင်ပွဲကိုတောင်နှစ်တိုင်း အရောက်ပြန်ဖြစ်အောင် ပြန်တယ်။
ဟိုချောင်ဝင် ဒီချောင်ကူး

အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံး ဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ်မထင်ဘူး။  ရထားတွေက ခုခေတ်လိုမြင်းရိုင်းက ဆုန်ပေါက်ပြေးသလို ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ် ကျိုက်မော့လိုက်လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဟိုချောင်ဝင် ဒီချောင်ကူး

အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံးဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ်မထင်ဘူး။  ရထားတွေက ခုခေတ်လိုမြင်းရိုင်းက ဆုန်ပေါက်ပြေးသလို

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးစားကြမှာဖြစ်ပါတယ်။ ခုထက် ၁၀ ဆလောက် ပိုပြီးကြိုးစားရင်တောင် မလုံလောက်ပါဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာမဟုတ်ဘူး . . 
 ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ် ကျိုက်မော့လိုက်လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဝမ်းနည်းစရာ၊ ရှက်စရာ

လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတိုက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘယ်သူ့ဘယ်သူမှလည်း နိုင်အောင်တိုက်ပြီး ပြုတ်အောင် မဖြုတ်နိုင်ကြဘူး။ တိုင်းပြည်ကတော့ ထောင်းလမောင်းကျေနေပြီ။ ဓားမနောက်ပိတ်ခွေးဘ၀လည်း ရောက်နေပြီ။ ပြည်သူတွေလည်း အလူးအလဲခံနေကြရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်စေချင်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ အစိုးရစစ်တပ်က သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ ဘယ်သူ့ဘက်က ဘယ်လောက် ကျသွားတယ်လို့ ကြေညာရတာ ၀မ်းသာဂုဏ်ယူစရာ မဟုတ်ပါဘူး။ ၀မ်းနည်းစရာ၊ ရှက်စရာပါ။
၁၀ ဆနဲ့ မလုံလောက်ဘူး

နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ၀ိုင်းဝန်းကြိုးစားကြမှ ဖြစ်ပါမယ်။ ခုထက် ၁၀ ဆလောက်ပိုပြီး ကြိုးစားရင်တောင် မလုံလောက်ပါ ဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာမဟုတ်ဘူး။ သူတို့အရှိန်နဲ့သူတို့ ရှေ့ဆက်သွားနေကြမှာဖြစ်တယ်။ သန်းပေါင်းခြောက်ဆယ်လောက် ရှိတဲ့ တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အခုထက် အဆတစ်ရာလောက်ကြိုးစားနိုင်ပါမှ တော်ကာကျပါမယ်။ ရှေ့တန်းစစ်နယ်မြေတွေမှာ သေဆုံးခဲ့ရတဲ့နှစ်ဖက်စလုံးက တပ်သားတွေဟာ လူငယ်လူရွယ်လေးတွေ ဖြစ်ကြတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့လုပ်အားတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် တိုင်းပြည်နစ်နာပါတယ်။
သေနတ်တွေဘေးချထား
သမ္မတဦးသိန်းစိန်အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ပြန်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ်ပြောကြားထားပြီးဖြစ်တယ်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ဖြေရှင်းခြင်းဟာ ဒီမိုကရေစီကျင့်စဉ် မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ဒီမိုကရေစီတည်ဆောက်ရေးကို ကြွေးကြော်ထားကြတာ ဖြစ်တယ်။ အဲဒီတော့နှစ်ဖက်စလုံး သေနတ်တွေ ဘေးချထားပြီး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်။ သေနတ်သံတွေ မြန်မြန်တိတ်လေ ကောင်းလေပါပဲ။

လူတိုင်းအတွက် ပညာရေး

ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ လုပ်ငန်းသဘာဝမှာ လုပ်ငန်းစဉ်တစ်ရပ်ကို ပုံစံဖော်၍ လမ်းကြောင်းပေါ်တင်ပေးခြင်းသာ ပြုလုပ် ပါသည်။ လမ်းကြောင်းပေါ်သို့ ရောက်ရှိ၍ လုပ်ငန်းအရှိန် အဟုန်ရရှိလာသည်နှင့် အဆိုပါကုလ သမဂ္ဂအဖွဲ့အစည်းသည် ထိုလုပ်ငန်းကို သက်ဆိုင်ရာဌာနသို့ လွှဲပြောင်းပေးပါသည်။
သက်ဆိုင်ရာဌာနမှ ထိုလုပ်ငန်းကို ရေရှည်တည်တံ့၍ ပိုမိုတိုးတက်လာစေရန် ဆက်လက်ဆောင်ရွက်ရပါသည်။
စာရေးသူသည် တောင်ငူမြို့ရှိ အဆိုပါ ကုလသမဂ္ဂအဖွဲ့ ဦးစီးသည့် ကျောင်း ပြင်ပ ပညာရေးညကျောင်းသို့ သွားရောက် လေ့လာ ဖူးပါသည်။
ကလေးများသည် သင်ကြားမှုကို စိတ်ပါဝင်စားစွာ နာယူလျက်ရှိကြပြီး UNICEF မှ ခန့်အပ်ထားသော မြန်မာလူမျိုး ဆရာ၊ ဆရာမ များသည်လည်း လစာငွေကောင်းကောင်း ရရှိထားကြသဖြင့် ကြိုးစား သင်ကြားပေးနေကြပါသည်။
ပညာရေး ဌာနသို့ လွှဲပြောင်းပေးသည့်အခါ လက်ရှိ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်း တိုးချဲ့နိုင်ရန် အရေးကြီးပါသည်။
နိုင်ငံတော်အစိုးရသည် အစစအရာရာ ကိစ္စအ၀၀အတွက် ငွေကုန်ကြေးကျကို တာဝန်မယူနိုင်ပါ။
'လူတိုင်းအတွက် ပညာရေး' ကို အမှန်တကယ် အကောင်အထည်ဖော်မည်ဆိုလျှင် ပညာရေးဝန်ကြီးဌာနက နိုင်ငံတော် အစိုးရထံမှ မူဝါဒတောင်းခံပြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ စိန်ပေါကျောင်း သားဟောင်းများအသင်းကဲ့သို့ အသင်း အဖွဲ့အစည်းများ ညှိနှိုင်း၍ ကူညီ ထောက်ပံ့ငွေရရှိရေး စီမံဆောင်ရွက်သင့်ပါသည်။
ယခု ဤဆောင်းပါးတွင် ဖော်ပြထားသော သာဓကများမှာ စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့သော ဖြစ်စဉ်အမှန်များ ဖြစ်ပါသည်။
သစ်တောရေးရာဌာန၏ ရွေ့လျား သစ်စခန်းများရှိ လုပ်သားများ၏ ကလေးငယ်များ၊ ရွေ့လျားတောင်ယာစခန်းများရှိ ရွာသားများ၏ ကလေးငယ်များ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ကို ရည်စူး၍ ရွေ့လျားကျောင်း (Mobile School) ဟူ၍ တီထွင်လှုပ်ရှားခဲ့ဖူးပါ သည်။
ရေရှည်မတည်တံ့ဘဲ ၀န်ကြီးဌာန တာဝန်အလွှဲအပြောင်းနှင့်အတူ ပျောက်ကွယ်သွားပါသည်။
ဤတာဝန်ကို ထမ်း ဆောင်ခဲ့ကြသော ဆရာများအနေဖြင့်လည်း ထူးခြားအခွင့်အရေး ပံ့ပိုးမှုမရရှိဘဲ တောထဲတောင်ထဲ၊ မိုးထဲရေထဲ မိမိထမင်း မိမိချက်၍ ခြေလျင်လိုက်နေရသောကြောင့် တက်ကြွမှုမရှိပါ။
အမှန်တကယ် ရေရှည်အတွက် ဆောင်ရွက်မည်ဆိုလျှင် အသေးစိတ်စီမံချက် ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။
ဤဆောင်းပါးသည် ကလေးနှင့် လူငယ်များ၏ ပညာရေးကို အဓိကထား ဖော်ပြနေပါသည်။
'လူတိုင်းအတွက် ပညာရေး'ဟု ဆိုလျှင် လူလတ်၊ လူကြီး၊ သက်ကြီးရွယ်အိုများနှင့်လည်း သက်ဆိုင်ပါသည်။
သက်ကြီးရွယ်အိုများ စိတ်အားမငယ်စေရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် သက်ကြီးရွယ်အိုများ၏ ၀ါသနာအလျောက် ပန်းချီပညာ၊ ဇာထိုးပန်းထိုးပညာ၊ စစ်တုရင်ပညာ၊ ယိမ်းကသကဲ့သို့ စုပေါင်းပြီး ဖြည်းညင်းစွာ လှုပ်ရှားရသည်။
'တိုက်ချိ'သိုင်းပညာများကို စုစည်းသင်ကြားပေးပါသည်။
'မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်'ဟု ခေါင်းစဉ်လှလှတပ်လိုက်ရုံဖြင့် ကိစ္စတစ်ခုမှာ ပြီးစီးမသွားပါ။
'လူတိုင်းအတွက် ပညာရေး'ဟု ဆိုရာ၌ ပညာရေးဟူသောကိစ္စသည် လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက်ပါသည်။
တာဝန်ရှိပုဂ္ဂိုလ်များကပင်လျှင် ဘွဲ့ရလျှင် စာသင်တတ်သည်။
စာသင်တာ ဘာခက်လို့လဲဟူသော စကားကို ပြောဆိုတတ်ကြပါသည်။
ဤစကားအတိုင်းလည်း မြန်မာနိုင်ငံတွင် ကျင့်သုံးခဲ့၊ အချို့နေရာများတွင် ကျင့်သုံး ဆဲဖြစ်ပါသည်။
စာသင်တာ စာအုပ်ဖတ် ပြ၊ ရှင်းလင်းပြ၊ ရေးခိုင်း၊ အလွတ်ကျက် ခိုင်း၊ ဖြေခိုင်း ဟူ၍ သဘောပေါက်ကြပါသည်။
ဒါသင်၊ ဒါမေး၊ ဒါဖြေများ ဖြစ်ပါသည်။
လွယ်မယောင်နှင့်ခက် ဆိုသောစကားကို ရှင်းလင်းပါမည်။
'ပညာ'၏ ပထမအဆင့်မှာ 'သညာ' ဖြစ်ပါသည်။ 'အမှတ်သညာ'ကို ဆိုလိုပါသည်။
'က၊ ခ၊ ဂ' "A, B, C, D" ကို အလွတ် ရအောင် ကျက်မှတ်ရပါသည်။
အလီ များကို အလွတ်ရအောင် ကျက်မှတ်ရပါသည်။
တစ်ပေမှာ ၁၂ လက်မ၊ တစ်ကိုက်မှာ သုံးပေ၊ တစ်မိုင်မှာ ၁,၇၆၀ ကိုက်၊ တစ်ပေါင်မှာ ၁၆ အောင်စ တို့ကို အလွတ်ကျက်မှတ်ရ ပါသည်။
အတန်းရလာသောအခါ သီအိုရမ်များ၊ ဓာတ်ငွေ့ ထုတ်ဖော်ပုံများ၊ ချားလ်စ်နိယာမ၊ ဘွိုင်းလ်စ်နိယာမများကို အလွတ်ကျက် မှတ်ရ ပါသည်။
ထိုအမှတ်သညာဖြင့် အလွတ်ကျက်မှတ်ထားသော အချက်အလက်များကို မေးခွန်းအတွက် အဖြေနှင့် ပုစ္ဆာများတွင် အံဝင်ခွင်ကျ အသုံးပြုတတ်ပါမှ 'ပညာ' ဖြစ်ပါသည်။ 'တိမ်မယောင်နှင့် နက်' ဆိုသည်မှာ ပညာတွင် ဆက်စပ်တွေးခေါ်မှုကို အဓိကထားပါသည်။
ဒါကျက်၊ ဒါမေး၊ ဒါဖြေသည် သညာအဆင့်သာ ရှိပါသည်။
ကလေးများ၊ လူငယ်ကျောင်း သားကျောင်းသူများ တွေးခေါ်တတ်လာ စေရန် ဆရာ၊ ဆရာမများမှ တွေးခေါ်ရန် လမ်းစများကို ဖွင့်ပေးရပါမည်။
အတွေး အခေါ်များ လမ်းလွဲလိုက်မသွားစေရန်လည်း ထိန်းကျောင်းပေးရပါမည်။ မှန်ကန်သောကောက်ချက် ဆွဲယူတတ် စေရန်လည်း သင်ပေးရပါမည်။
ပညာသင်ကြားပေးသည့် ကျောင်း၊ တက္ကသိုလ် ဆိုသည်မှာလည်း ပညာ တတ်ရန် တစ်ခုတည်းအတွက်သာ မဟုတ်ဘဲ အားကစား၊ ကိုယ်ကျင့်တရား၊ ပေါင်းသင်းဆက်ဆံရေး၊ ဘာသာရေး၊ တစ်ကိုယ်ရေသန့်ရှင်း သပ်ရပ်မှု၊ စက်မှု လက်မှု အတတ်ပညာ၊ သုခုမ အနုပညာ စသည့် ပညာရပ်အားလုံးကို လေ့ကျင့် ပြုစု ပျိုးထောင်ပေးရာဌာန ဖြစ်ပါသည်။
သို့ဖြစ်၍ လုပ်ငန်းသဘာဝဆိုတာ တိမ်မယောင်နှင့် နက်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ 'လူတိုင်းအတွက် ပညာရေး'ဆိုသည့် ဆောင်ပုဒ်သည် အလွန်တရာမှပင် ကျယ်ဝန်းလှပါသည်။
ဘက်စုံထောင့်စုံအောင် ဆောင်ရွက်မည်ဆိုလျှင် အတော်ပင် ကြိုးစားဆောင်ရွက်ရမည့် အနေအထားဖြစ်ပါသည်။
လူကြီးမှ လာရောက်စစ်ဆေး မေးမြန်းစဉ် ရှင်းလင်း ပြသရုံသက်သက်မျှသာဆိုလျှင်တော့ လွယ်ကူပါသည်။
ဤသို့ဆိုသော် နိုင်ငံတော်၏ လူသားအရင်းအမြစ်တွင် လွန်စွာမှပင် ရေရှည်အတွက် နစ်နာလှပါသည်။
သို့ဖြစ်၍ နိုင်ငံတော်၏မျက်နှာကို ထောက်ထားပြီး 'လူတိုင်းအတွက် ပညာရေး'ကို အမှန်တကယ် ကြိုးစား အကောင်အထည် ဖော်ဆောင်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

အမ်ပီသရီးဖိုင်တွေမှာ သီချင်း အယ်လ်ဘမ်ဓာတ်ပုံထည့်နည်း

အိုင်ဖုန်း၊ အိုင်ပေါ့၊ အမ်ပီသရီး၊ အမ်ပီဖိုးစက်တွေနဲ့ သီချင်းတွေစုစည်းတဲ့အခါ ကိုယ်ကူးယူထားတဲ့ သီချင်းခွေရဲ့ အဖုံးဓာတ်ပုံကို သီချင်းဖိုင်မှာ တစ်ခါတည်း ထည့်သွင်းထားနိုင်ပါတယ်။
ဒီလို ထည့်သွင်းထားလိုက်ရင် iTune ရဲ့ သီချင်းအယ်လ်ဘမ်မှာ သီချင်းခွေရဲ့ အဖုံးဓာတ်ပုံပေါ်နိုင်တဲ့အပြင် သီချင်းဖွင့်တဲ့ အခါမှာလည်း ပေါ်နိုင်ပါတယ်။
ဒီလိုလုပ်နိုင်ဖို့ ၂.၄၉ Mp3tag 2.49 ဆော့ဖ်ဝဲလိုအပ်ပါတယ်။
အင်တာနက်လိပ်စာ www.mp3tag.de/en/download.html မှာ အခမဲ့ ရယူနိုင်ပါတယ်။
Mp3tag ဆော့ဖ်ဝဲကို ဖွင့်ပါ။
File Menu ထဲက Change directory နှိပ်ပြီး အမ်ပီသရီးသီချင်းထည့်ထားတဲ့ Directory ကိုရွေးချယ်ပါ။ OK ကိုနှိပ်လိုက်ပါ။
ကိုယ်ရွေးချယ်လိုက်တဲ့ Directory ထဲက သီချင်းတွေပေါ်လာပါလိမ့်မယ်။
သီချင်း List တွေကို Ctrl+A နှိပ်ပြီး အားလုံးကို ရွေးချယ်ပါ။
Mp3tag ရဲ့ လက်ဝဲဘက်အောက်နားမှာရှိတဲ့ Cover icon box မှာ Right Click နှိပ်လိုက်ပါ။
Popup Menu ထဲက Add Cover ကိုနှိပ်၊ သီချင်းအယ်လ်ဘမ်ရဲ့ ဓာတ်ပုံကို ရွေးချယ်ပြီး OK ကိုနှိပ်ပါ။
ဓာတ်ပုံဖိုင်အမျိုးအစား jpg, jpeg နဲ့ png တွေကိုသာ လက်ခံပါတယ်။
ပြီးရင် File Menu ထဲက Save tag ကို နှိပ်ပါ။
ဒါဆိုရင် mp3 ဖိုင်ထဲကို အယ်လ်ဘမ်ဓာတ်ပုံ ထည့်ပြီးသွားပါပြီ။
အယ်လ်ဘမ်ဓာတ်ပုံရဲ့ အရွယ်အစားကြီးနေရင် mp3 ဖိုင်ရဲ့ အရွယ်အစားလည်းလိုက်ကြီးသွားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံကို အမ်ပီသရီးဖိုင်ထဲမှာ တစ်ခါတည်း ထည့်သွင်းထားလို့ဖြစ်ပါတယ်။
ပုံမှန် အယ်လ်ဘမ်စီဒီရဲ့ အရွယ်အစားက 72dpi မှာ (334 x 334 pixel) ရှိရပါမယ်။
Mp3tag ဆော့ဖ်ဝဲက အယ်လ်ဘမ်ဓာတ်ပုံထည့်ပေးနိုင်တဲ့အပြင် အမ်ပီသရီးဖိုင်ရဲ့ လိုအပ်မယ့် Tag တွေကိုလည်း ဖြည့်သွင်း ပေးနိုင်ပါတယ်။
ဒီလိုဖြည့်သွင်းချင်ရင် သီချင်းအယ်လ်ဘမ်ရဲ့ Directory ကို Change directory (Ctrl+D) ကိုနှိပ်ပြီး အရင်ရွေးချယ်ရပါမယ်။
ပြီးရင် သီချင်း List တွေကို အားလုံးရွေးချယ်ပြီး Artist နေရာမှာ သီချင်းဆိုသူအမည်ကို ရိုက်ထည့်ပါ။
Album နေရာမှာ စီးရီးခေါင်းစဉ် အမည်ကိုရိုက်ထည့်ပါ။
စီးရီးထွက်ရှိတဲ့ နှစ်နဲ့၊ သီချင်းအမျိုး အစားတွေထည့်ချင်ရင် Year နဲ့ Gense တွေမှာ ထည့်နိုင်ပါတယ်။
ပြီးရင် File Menu ထဲက Save Tag ကို နှိပ်လိုက်ပါ။
ဒါဆိုရင် စီးရီးရဲ့ Tag တွေကို ထည့်ပြီးသွားပါပြီ။
ပြီးတော့မှ သီချင်းတစ်ပုဒ်ချင်းရွေးချယ်ပြီး Title နေရာမှာ သီချင်းခေါင်းစဉ်တွေ ထည့်သွားနိုင်ပါတယ်။
ဒါကြောင့် Mp3tag ဆော့ဖ်ဝဲက အယ်လ်ဘမ် ဓာတ်ပုံတွေနဲ့ အမ်ပီသရီး Tag တွေ အလွယ်တကူထည့်သွင်းပေးနိုင်ယုံသာမက Play list တွေကိုလည်း Export လုပ်ပေးနိုင်တာမို့ အမ်ပီသရီးဖိုင်တွေနဲ့ စိတ်ညစ်နေသူတွေအတွက် ယခု တစ်ပတ် အိုင်တီဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ပါတယ်။

Friday 6 January 2012

ဈေးနှုန်းတက်တိုင်း မြတ်သလား

စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထုတ်လုပ်မှုကုန်ကျစရိတ် ရောင်း ဈေးနှုန်းနှင့် အရှုံးအမြတ်တို့သည် အမြဲတစေ ဆက်စပ် ပတ်သက်နေသော အချက်အလက်များဖြစ်သည်။
ယင်းတို့ အနက် ထုတ်လုပ်မှုကုန်ကျစရိတ်သည် အခြေခံ ပဓာနကျသောအချက်ဖြစ်သည်။ ထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် မူတည်၍ သင့်လျော်သောအမြတ်ကို ထပ်ဆောင်းကာ ရောင်းဈေးနှုန်းကို သတ်မှတ်ရသည်။
ထို့ကြောင့် ထုတ်ကုန် ပစ္စည်းတစ်ခု၏ ရောင်းဈေးနှုန်းနှင့် တစ်ယူနစ်အပေါ် ထုတ်လုပ်မှုကုန်ကျ စရိတ်တို့၏ ခြားနားချက်သည် အရှုံး၊ သို့မဟုတ် အမြတ်ဖြစ်သည်။
ခြားနား ချက်သည် အနုတ်ကိန်းဖြစ်လျှင် ရှုံးမည်။ အပေါင်းကိန်းဖြစ်လျှင် မြတ်မည်။
ဤသဘောတရားကို စီးပွား ရေးပညာရှင်တို့က အဆောက်အအုံ တစ်ခုနှင့် ဥပမာပေးကြသည်။ ထုတ်လုပ် မှု ကုန်ကျစရိတ်ကို အဆောက်အအုံ၏ ကြမ်းခင်းအဖြစ်လည်းကောင်း၊ ရောင်း ဈေးနှုန်းကို မျက်နှာကြက်အဖြစ်လည်း ကောင်း၊ ယင်းတို့နှစ်ခုအကြား အကွာ အဝေးကို အမြတ်အဖြစ်လည်းကောင်း ခိုင်းနှိုင်းကြပေသည်။
အထက်ဖော်ပြပါ ဥပမာအရ အဆောက်အအုံတစ်ခု၏ ကြမ်းခင်း နှင့် မျက်နှာကြက်သည် သင့်တင့်သော အတိုင်းအတာရှိရမည်။ မျက်နှာကြက်ကို ထပ်မြှင့်၍ မရလျှင် ကြမ်းခင်းကို နှိမ့်ပေး ရမည်ဖြစ်ပါသည်။ ဤသဘောတရား နှင့်အညီ စီးပွားရေးလုပ်ငန်းများသည် ရောင်းဈေးနှုန်းကို တိုးမြှင့်သတ်မှတ်ခြင်း အစား ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင် ရွက်ကြသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်ကို လျှော့ချ နိုင်ရေးအတွက် အရေးပါသောအချက် မှာ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့်ခြင်းဖြစ်သည်။
ထုတ်လုပ်မှုစွမ်းအားဆိုသည်မှာ ထုတ်လုပ်မှုပမာဏကို ဆိုလိုခြင်း မဟုတ်။ ထုတ်လုပ်မှုလုပ်ငန်းတစ်ခုတွင် ယင်းလုပ်ငန်းမှရရှိသော ထုတ်လုပ်မှု ပမာဏနှင့် အဆိုပါထုတ်လုပ်မှုအတွက် ပေးသွင်းရသော သွင်းအားစုတို့၏ အချိုး ကို ဆိုလိုခြင်းဖြစ်သည်။ ထုတ်လုပ်မှု အတွက် ပေးသွင်းရသော သွင်းအားစု နည်းပြီး ထုတ်လုပ်မှုပမာဏ များလျှင် အကျိုးအမြတ်ပိုရမည်။
သို့မဟုတ်ပါက အကျိုးအမြတ်နည်းရုံသာမက အရှုံးပင် ပြသွားနိုင်သည်။ ယခုအခါ ပြည်သူလူထုအကြား အလေးထား ဆွေးနွေးနေ ကြရသော ကိစ္စများအနက် မီးရထားခများ တိုးမြှင့် ခြင်း၊ လျှပ်စစ်မီတာခများ တိုးမြှင့် ကောက်ခံခြင်းတို့သည် လူပြောသူပြော များနေသော ကိစ္စများဖြစ်သည်။
အဆိုပါ လုပ်ငန်းများသည် နိုင်ငံတော်အစိုးရက တာဝန်ယူ ဆောင်ရွက်နေသော စီးပွား ရေးလုပ်ငန်းများဖြစ်ကြောင်း တွေ့ရမည် ဖြစ်သည်။ လေ့လာသိရှိရသလောက်ဆိုပါလျှင် မြန်မာ့မီးရထားလုပ်ငန်းသည် လည်း ကောင်း၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း သည် လည်းကောင်း အရှုံးခံပြီး လုပ်ကိုင် နေရသဖြင့် ဈေးနှုန်းများ တိုးမြှင့်သတ် မှတ်ရခြင်းဖြစ်ကြောင်း တွေ့ရပါသည်။
ဤသို့ဆိုပါမူ ဈေးနှုန်းများ တိုးမြှင့်သတ် မှတ်လိုက်ခြင်းဖြင့် အမြတ်ရအောင် ဆောင်ရွက်နိုင်ပြီလားဟု မေးရန်လိုလာ ပါသည်။
စီးပွားရေးလုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များကို ပုံသေကုန်ကျစရိတ်နှင့် ပြောင်းလဲ ကုန်ကျစရိတ်ဟူ၍ နှစ်ပိုင်းခွဲခြားနိုင်ပါ သည်။ ပုံသေကုန်ကျစရိတ်ဆိုသည်မှာ ထုတ်လုပ်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ် စေ ကျခံနေရသောစရိတ်များ ဖြစ်ပါ သည်။
ပြောင်းလဲကုန်ကျစရိတ်ဆိုသည် မှာ ထုတ်လုပ်မှု၊ သို့မဟုတ် ၀န်ဆောင်မှု ရှိမှ ကုန်ကျသောစရိတ်ဖြစ်ပါသည်။ သာမန်အားဖြင့် လုပ်ငန်းမှရရှိသော အကျိုးအမြတ်သည် ပုံသေစရိတ်များကို အဓိက ကာမိလျှင် အရင်းရပြီဟု ဆိုရ မည်။
ထိုမှတစ်ဆင့်တက်၍ ပြောင်းလဲ ကုန်ကျစရိတ်ထက် ကျော်လွန်အောင် ထုတ်လုပ်နိုင်လျှင် အမြတ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းအလိုက် ကုန်ကျစရိတ်များကို စိစစ်ပြီး မလိုအပ်ဘဲ ကုန်ကျနေသော စရိတ်များဖယ်ရှားရေးကို အလေးထား ဆောင်ရွက်ရန် လိုပါသည်။
ဥပမာ အားဖြင့် ရပ်ထားရသော ရထားတွဲတွေ များနေလျှင် ၀င်ငွေလျော့နည်းမည်။ သို့သော် ထိုရထားတွဲများအား ထိန်းသိမ်း ရသောစရိတ်ကိုမူ ရှောင်လွှဲ၍ရမည် မဟုတ်ချေ။
ထို့အတူ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းဖြစ်၍ သက်ဆိုင်ရာဝန်ထမ်းများ အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လခပေးနေရမည် ဖြစ်သည်။
ဒုတိယအချက်မှာ ထုတ်လုပ်မှု သို့မဟုတ် ၀န်ဆောင်မှု ဆောင်ရွက်ရာ တွင် အကျိုးသက်ရောက်မှု အများဆုံး ဖြစ်ရန်လိုပါသည်။ အလေအလွင့် အနည်းဆုံးဖြစ်ရန် လိုပါသည်။
ဥပမာ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်းသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာ အရင်း အမြစ်မှ ဓာတ်အားဖြန့်ဖြူးရာ ဌာနသို့ ဓာတ်အားပို့လွှတ်ရာတွင် ဓာတ်အား လျော့နည်းမှု ၄၀ ရာခိုင်နှုန်းခန့်ရှိသည် ဟု မှတ်သားရဖူးပါသည်။
ထို့ပြင် ဓာတ် အားခိုးယူသုံးစွဲမှုများကြောင့်လည်း လျော့နည်းမှုရှိကြောင်း သိရပါသည်။ ဤသို့ဆိုပါလျှင် လျှပ်စစ်ဓာတ်အား သုံးစွဲ သူများသည် မိမိတို့မသုံးစွဲရသော လျှပ်စစ်ဓာတ်အားပမာဏ (၀ါ) လျော့ နည်းပျောက်ဆုံးသွားသော ဓာတ်အား ပမာဏအတွက် ကုန်ကျစရိတ်များကိုပါ ကျခံပေးနေရသည့် သဘောဖြစ်နေပါသည်။
သို့ဖြစ်ရာ နိုင်ငံတော်မှ အရှုံးမခံရ အောင် ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းမှာ တရားမျှတမှု ရှိပါမည်လား စဉ်းစား သုံးသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၀ယ်ယူသူများ မှာ ပြည်သူများဖြစ်နေခြင်းကြောင့်ပင်။
နိုင်ငံတစ်နိုင်ငံကို မိသားစုတစ်စု၊ အိမ်ထောင်စုတစ်စုနှင့် ခိုင်းနှိုင်းမည် ဆိုပါက အစိုးရဆိုသည်မှာ အိမ်ထောင် ဦးစီးဖြစ်ပါသည်။ အိမ်ထောင်ဦးစီးသည် အိမ်ထောင်စုတစ်ခုလုံး၏ အကျိုး အမြတ်ကို ရှေးရှုရပါမည်။ ဆိုလိုသည် မှာ အစိုးရ၏ အကျိုးအမြတ်သည် ပြည်သူ တို့၏ အကျိုးအမြတ်ဖြစ်သည်။
သို့သော် အစိုးရနှင့် ပြည်သူအကြား ဆောင်ရွက် သည့် စီးပွားရေးသည် ပြည်သူအချင်း ချင်း ဆောင်ရွက်သည့် စီးပွားရေးမဟုတ် ပါ။ ထို့အတူ အခြားအစိုးရများနှင့် လုပ်ကိုင်သည့် စီးပွားရေးမျိုးမဟုတ်ပါ။ ဆိုလိုသည်မှာ အစိုးရနှင့် ပြည်သူအကြား ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်း များတွင် ငွေကြေးအကျိုးအမြတ်တစ်ခု တည်း မျှော်မှန်းဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် လေ့လာလျှင်လည်း အလားတူတွေ့ရမည်ဖြစ်ပါသည်။ ကျွန်တော်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကို မီလိုက်ပါသည်။
ထိုစဉ်က အစိုးရဌာနတွင် အလုပ်ဝင် နေပြီဖြစ်ပါသည်။ တစ်ခါသော် မီးရထား သို့ ရောင်းချပေးရသော ဇလီဖားတုံးများ ဈေးနှုန်း တိုးမြှင့်ရေး ဌာနအချင်းချင်း ညှိနှိုင်းကြပါသည်။
မီးရထားမှ သဘော မတူပါ။ ဇလီဖားဈေးနှုန်းတက်လျှင် ပြေးဆွဲစရိတ်တက်မည်။ ပြေးဆွဲစရိတ် တက်လျှင် ရထားခဈေးတက်မည်။ အများပြည်သူ ဒုက္ခရောက်မည်ဟု အကြောင်းပြပါသည်။ ထိုခေတ်က လွှတ်တော်တွင် ဆွေးနွေးသည့်အခါ ကျွန်တော်တို့ရှုံးပါသည်။ ဇလီဖားဈေး နှုန်း ပေးမတက်ပါ။ အစိုးရဌာန အချင်းချင်း အရှုံးခံ၍ ရောင်းပေးခဲ့ရ ပါသည်။ ကျွန်တော်သည် ဆိုရှယ်လစ် ခေတ်ကို လွမ်းမောတမ်းတပြီး အောက်မေ့ခြင်းမဟုတ်ပါ။
မည်သည့် စနစ်ဖြစ်စေ ပြည်သူလူထုအကျိုးကို အလေးထား ဆင်ခြင်သင့်ကြောင်း ထောက်ပြလိုခြင်းဖြစ်ပါသည်။
ယခုပြောဆိုနေကြသည့်အတိုင်း မီတာခများ ဈေးတက်လျှင် အရင်ဆုံး အထိနာမည့်သူများမှာ ပြည်သူလူထုဖြစ် သည်။
အိမ်ထောင်စုတစ်စုချင်းအလိုက် လစဉ်အသုံးစရိတ်တက်သွားမည်။ ပျမ်းမျှ မိသားစုခြောက်ဦးအတွက် မီတာခ တစ်လ ကျပ် ၅,၀၀၀ မှ ၁၀,၀၀၀ ဖြစ်သွားမည်။ မိသားစုဝင်ငွေမတိုးနိုင် လျှင် အခြားစရိတ်များ လျှော့သုံးရတော့ မည်။
ထို့ပြင် မြွေပူရာ ကင်းမှောင့် ဆိုသကဲ့ သို့ စီးပွားရေးလုပ်ငန်းများကလည်း မီတာခအကြောင်းပြပြီး ကုန်ဈေးနှုန်း တွေ တက်ကြဦးမည်။ အစိုးရသည် နိုင်ငံ တစ်နိုင်ငံလုံး၏ စီးပွားရေးအခြေအနေ ကို ခြုံငုံသုံးသပ်ပြီးမှ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်သင့်သည် မဟုတ်ပါလော။
နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းများ အမြတ်အစွန်းရစေရန် တစ်နိုင်ငံလုံးအတွက် အသက်တမျှ အရေးပါသော ငွေကြေးဖောင်းပွမှုနှုန်း ကို မြင့်တက်စေမည်ဆိုပါက သဘာဝ ကျမည် မဟုတ်ပါ။ ငွေကြေးဖောင်းပွမှုကြောင့် စီးပွားရေး အကျပ်အတည်းဖြစ်လျှင် လူမှုရေး ပြဿနာများ ပေါ်ပေါက်မည်မှာ မလွဲ ပေ။
သို့ဖြစ်ရာ နိုင်ငံပိုင်စီးပွားရေးအဖွဲ့ အစည်းတစ်ခု အရှုံးပြသဖြင့် စီးပွားရေး အရ နစ်နာဆုံးရှုံးသည်ဟု ယူဆနိုင်သော်လည်း အပြန် အလှန်အားဖြင့် အဆိုပါ အရှုံးသည် နိုင်ငံသား ပြည်သူများ အတွက် နိုင်ငံတော်မှ ကျခံပေးရသော စရိတ်ဟု ယူဆနိုင်ပါသည်။
ငွေကြေးအရ ရှုံးသည်ဟု ဆိုသော်လည်း နိုင်ငံရေး၊ လူမှုရေးနယ်ပယ်ရှိ ပေတံများဖြင့် တိုင်းတာလျှင် မမြင်ရသော အကျိုး ကျေးဇူး မြောက်မြားစွာ တွေ့ရမည်ဖြစ်ပါသည်။
ထို့ကြောင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းသည် ဈေးနှုန်းတက်တိုင်း မမြတ်ပါ။ အမြတ်ရတိုင်းလည်း အကျိုးမရှိပါ။
ဈေးနှုန်းတိုးမြှင့်သတ်မှတ်ခြင်းအပေါ် အလေးအနက်ထား၍ ပြန်လည်သုံးသပ်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။