Thursday 19 January 2012

အမ်ပီသရီးဖိုင်တွေမှာ သီချင်း အယ်လ်ဘမ်ဓာတ်ပုံထည့်နည်း

အိုင်ဖုန်း၊ အိုင်ပေါ့၊ အမ်ပီသရီး၊ အမ်ပီဖိုးစက်တွေနဲ့ သီချင်းတွေစုစည်းတဲ့အခါ ကိုယ်ကူးယူထားတဲ့ သီချင်းခွေရဲ့ အဖုံးဓာတ်ပုံကို သီချင်းဖိုင်မှာ တစ်ခါတည်း ထည့်သွင်းထားနိုင်ပါတယ်။
ဒီလို ထည့်သွင်းထားလိုက်ရင် iTune ရဲ့ သီချင်းအယ်လ်ဘမ်မှာ သီချင်းခွေရဲ့ အဖုံးဓာတ်ပုံပေါ်နိုင်တဲ့အပြင် သီချင်းဖွင့်တဲ့ အခါမှာလည်း ပေါ်နိုင်ပါတယ်။
ဒီလိုလုပ်နိုင်ဖို့ ၂.၄၉ Mp3tag 2.49 ဆော့ဖ်ဝဲလိုအပ်ပါတယ်။
အင်တာနက်လိပ်စာ www.mp3tag.de/en/download.html မှာ အခမဲ့ ရယူနိုင်ပါတယ်။
Mp3tag ဆော့ဖ်ဝဲကို ဖွင့်ပါ။
File Menu ထဲက Change directory နှိပ်ပြီး အမ်ပီသရီးသီချင်းထည့်ထားတဲ့ Directory ကိုရွေးချယ်ပါ။ OK ကိုနှိပ်လိုက်ပါ။
ကိုယ်ရွေးချယ်လိုက်တဲ့ Directory ထဲက သီချင်းတွေပေါ်လာပါလိမ့်မယ်။
သီချင်း List တွေကို Ctrl+A နှိပ်ပြီး အားလုံးကို ရွေးချယ်ပါ။
Mp3tag ရဲ့ လက်ဝဲဘက်အောက်နားမှာရှိတဲ့ Cover icon box မှာ Right Click နှိပ်လိုက်ပါ။
Popup Menu ထဲက Add Cover ကိုနှိပ်၊ သီချင်းအယ်လ်ဘမ်ရဲ့ ဓာတ်ပုံကို ရွေးချယ်ပြီး OK ကိုနှိပ်ပါ။
ဓာတ်ပုံဖိုင်အမျိုးအစား jpg, jpeg နဲ့ png တွေကိုသာ လက်ခံပါတယ်။
ပြီးရင် File Menu ထဲက Save tag ကို နှိပ်ပါ။
ဒါဆိုရင် mp3 ဖိုင်ထဲကို အယ်လ်ဘမ်ဓာတ်ပုံ ထည့်ပြီးသွားပါပြီ။
အယ်လ်ဘမ်ဓာတ်ပုံရဲ့ အရွယ်အစားကြီးနေရင် mp3 ဖိုင်ရဲ့ အရွယ်အစားလည်းလိုက်ကြီးသွားပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဓာတ်ပုံကို အမ်ပီသရီးဖိုင်ထဲမှာ တစ်ခါတည်း ထည့်သွင်းထားလို့ဖြစ်ပါတယ်။
ပုံမှန် အယ်လ်ဘမ်စီဒီရဲ့ အရွယ်အစားက 72dpi မှာ (334 x 334 pixel) ရှိရပါမယ်။
Mp3tag ဆော့ဖ်ဝဲက အယ်လ်ဘမ်ဓာတ်ပုံထည့်ပေးနိုင်တဲ့အပြင် အမ်ပီသရီးဖိုင်ရဲ့ လိုအပ်မယ့် Tag တွေကိုလည်း ဖြည့်သွင်း ပေးနိုင်ပါတယ်။
ဒီလိုဖြည့်သွင်းချင်ရင် သီချင်းအယ်လ်ဘမ်ရဲ့ Directory ကို Change directory (Ctrl+D) ကိုနှိပ်ပြီး အရင်ရွေးချယ်ရပါမယ်။
ပြီးရင် သီချင်း List တွေကို အားလုံးရွေးချယ်ပြီး Artist နေရာမှာ သီချင်းဆိုသူအမည်ကို ရိုက်ထည့်ပါ။
Album နေရာမှာ စီးရီးခေါင်းစဉ် အမည်ကိုရိုက်ထည့်ပါ။
စီးရီးထွက်ရှိတဲ့ နှစ်နဲ့၊ သီချင်းအမျိုး အစားတွေထည့်ချင်ရင် Year နဲ့ Gense တွေမှာ ထည့်နိုင်ပါတယ်။
ပြီးရင် File Menu ထဲက Save Tag ကို နှိပ်လိုက်ပါ။
ဒါဆိုရင် စီးရီးရဲ့ Tag တွေကို ထည့်ပြီးသွားပါပြီ။
ပြီးတော့မှ သီချင်းတစ်ပုဒ်ချင်းရွေးချယ်ပြီး Title နေရာမှာ သီချင်းခေါင်းစဉ်တွေ ထည့်သွားနိုင်ပါတယ်။
ဒါကြောင့် Mp3tag ဆော့ဖ်ဝဲက အယ်လ်ဘမ် ဓာတ်ပုံတွေနဲ့ အမ်ပီသရီး Tag တွေ အလွယ်တကူထည့်သွင်းပေးနိုင်ယုံသာမက Play list တွေကိုလည်း Export လုပ်ပေးနိုင်တာမို့ အမ်ပီသရီးဖိုင်တွေနဲ့ စိတ်ညစ်နေသူတွေအတွက် ယခု တစ်ပတ် အိုင်တီဗဟုသုတ အနေဖြင့် ဖော်ပြလိုက်ပါတယ်။

No comments:

Post a Comment