Thursday 3 January 2013

ရှာဖွေစုဆောင်းမိသလောက်လေးပါ

ဘဝ၏ မင်္ဂလာနှင့် ဆုံးမစကား
Life’s highest blessings and administertion
မကောင်းမှုကို ပယ်ဖျောက်တက်သောကြောင့် “ မင်္ဂလာ” ဟုခေါ်သည်

ဗုဒ္ဓသြဝါဒ

သဗ္ဗပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ဗဒါ
သစိတ္တ ပရိယောဒပနံ ၊ ဧတံဗုဒ္ဓါန သာသနံ

The administertion of Buddha (ဓမ္မပဒ ၊ ၄၁)

Not to do all avid, to do good, to purify one’s mind, this is the teaching of the Buddha.
မကောင်းမှုများ၊ ရှောင်ရှားဖယ်ခွာ၊ ကုသိုလ်တရားပြုငြားမကွာ၊ စိတ်ဓါတ်သန့်ရှင်း ပြစ်ကင်းစရာ မြတ်ဗုဒ္ဓ ဟောကြား ဒေသနာ။

The instructions of Buddha

ဗုဒ္ဓ၏ ညွှန်ကြားချက်များ
1. Dhama always exists every where,
ဓမ္မသည် နေရာတိုင်းတွင် အမြဲရှိသည်။

2. Be not unminindful of merironious deeds.
အပ္ပမဒေါစ ဓမ္မသု-ကုသိုလ် (၁၀)ပါး နေ့စဉ်ပွား ကြိုးစားမမေ့ရာ

3. Be need and humble.
နိဝါတောစ - မာနမတရားထောင်လွှား စိတ်ထားနှိပ့်ချပါ။

4. Be odedient.
သောဝစဿတာစ - ကောင်းရာညွှန်ကြားဆုံးမပြားမှတ်သားနာလွယ်ပါ။

5. Discuss Dhama at leisure time.
ကာလေန ဓမ္မဿ ကစ္ဆာစ - အားလပ်ချိန်ပေး တရားရေး ဆွေးနွေးမေးမြန်းပါ။

6. Have a firm mind in the midst of success of failure.
ဖုဌဿလောက ဓမ္မေဟိ - လောကဓံတရား တွေ့ကြုံငြား စိတ်ထားတည်ကြည်ပါ။

7. Discem the four noble truths.
အရိယာသစ္စာ ဒဿနဉ္စ - သစ္စာလေးပါး မဂ်ဉာဏ်ပွား ပိုင်းခြားမြရေမှာ။

8. The gift of the Dhamma exceeds all gifts.
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏။

9. Every man is the architect of the his own forture.
လူတိုင်းဟာ မိမိကံတရားရဲ့ ဗုသုကာပါပဲ။

Social Discipline - လူမှုစည်းကမ်း

Without honesty is no real growth.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့ ကြီးပွားမှု တိုးတက်မှုမရှိဘူး။

Whthout honesty there is no freedon.
ရိုးသားမှုမရှိရင် စစ်မှန်တဲ့လွတ်လပ်မှုမရှိဘူး။

Without honesty there is no hope.
လွတ်လပ်မှုမရှိရင် ဘာမျှော်လင့်ချက်မှ မရှိဘူး။

Without honesty nothing is real.
ရိုးသားမှုမရှိရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး။

For giveness is power.
ခွင့်လွှတ်ခြင်းဟာ စွမ်းအားဆိုတာဖြစ်တယ်။

Do hat what your duty is, to do is your duty.
ကိုယ်လုပ်ရမှာကိုသာ လုပ်ပါ။ အကျိုးအမြတ်ကို အမျှော်လင့်ရာ။

Soft words win hard hearts.
နူးညံ့သောစကားလုံးသည် မာကျောသော နှလုံးသားများကို အောင်မြင်နိုင်သည်။

Peace is the most profitable of things.
ငြိမ်းချမ်းရေးသည် အရာအားလုံးအနက် အကျိုးအရှိဆုံး အရာဖြစ်သည်။

I’ ll got, ill spent.
မတရားရတဲ့ငွေ ကြာကြာမနေ
အရေးပါလို့ အရာရောက်တာလား
အရာရောက်လို့ အရေးပါတာလား
အခွံကိုကောင်းစွာ မခွာတက်လျှင်
အနှစ်အသားကို စားရန်ဝေးသေးသည်။
အရှိကို အရှိအတိုင်းမြင်အောင်လုပ်ပါ။
အပြောမှန်တာဟာ အလုပ်မှန်ကို လမ်းခင်းပေးတယ်
အလုပ်မှန်တာဟာ အသက်မွေးမှုမှန်ကို ထောက်ကူပေးတယ်။
အသက်မွေးမှုမှန်တာဟာ အားထုန်မှုမှန်ကိုဖြစ်စေတယ်
အားထုတ်မှုမှန်တာဟာ သှတိမှန်ကိုဖြစ်စေတယ်
သတိမှန်တာဟာ တည်ကြည်မှု သမာဓိမှန်ကို ဖြစ်စေတယ်
သမာဓိမှန်ဟာ ကိုယ်ပိုင်သိတဲ့ အသိဉာဏ်အမြင်မှန်ကို ရစေတယ်။
အံသြဘွယ်ကောင်းတဲ့ အကြောင်းအကျိုးကွင်းဆက်ဟာ ဗုဒ္ဓဘာသာမှာဘဲ တွေ့ရတယ်။
ပေးဆပ်မှုမရှိဘဲ ရသည့်ပအရာသည် ယဉ်ကျေးမှုဘဲ ကောက်ကျစ်၍ စားမလောက် ဖြောင့်သော် စားမကုန်
မျက်စိကန်းခြင်းထက် အသိဉာဏ်ကန်းခြင်းက ပိုကြောက်စရာကောင်း၏။
ကုန်ရှုံးတစ်ခေါက်၊ လင်ကုန်ရှုံးတော့ တစ်သက်]
ဆရာကုန်ရှုံးလျှင် တစ်သံသရာလုံးမှောက်။
ပညာရှိမထွန်းကား၊ လူကြွား လူမိုက်ပေါ်ထင်
အမြော်အမြင်ရှိက တိမ်မြုပ်၊ အဟုတ်မမှန်
ပြောသူက ရှေ့သွား၊ တရားမသိ သူတော်ယောင်
လင်ကြောင်တောင်နှင့် မျက်နှာချိုသွေး၊ တံစိုးပေးလျှင်
တရားသာ ၊ ဘုရားဒကာလည်း ဘုံဆိုင်ကြွ၊
ကျောင်းအစ်မလည်း အရောင်ခြယ်
သားအောင်သွယ်လို့ ရှင်ပြု၊ ဥစ္စာစုတဲ့ ကျောင်းကြီးရှင်
တကယ့်ကာလ အမဲ့ကာလ သည်ဘဝ သည်ကိုယ်စံ
နောက်ကာလမှ ဟို ကိုယ်ခံမည်ဟု
ရောက်ချင်ရာရောက်စေတော့ ၊ မကြောက်ဘူး ဧကန်
ခါးစည်းခံ၍ ခံမည်ဟု လမ်းမှန်ကိုမလိုက်
လမ်းမသမာကြိုက်ကြသည် လူမိုက်ဆရာတင်
ပညာရှင် မဆည်းကပ်၊ လူဗာလ လူအန္ဓသာ
တဖိတ်ဖိတ်
တရားသဘော ဘယ်လိုဟောလည်း
လိပ်ကျောကြောင်ကော် ပြောင်ချော်ချော်နှင့်
ပျော်တစ်ပြုံးပြုံး မော်မဆုံးဘဲ
နှလုံးမယှဉ် ဉာဏ်မယှဉ်တည်း။

(မန်လည် ဆရာတော်)



သူတော်နှုတ်

ခံတွင်းနှုတ်ပွတ် ၊ မမြက်သည်သာ
မြတ်ပါပြီ ၊ မီးနှင့်လောမီး၊ ဂေါသီစန္ဒကူး
ထူးပိအေးပူ ၊ ပူတို့အစေ ၊ မြစ်ရေညာဆန်
သတ္တ ဗ္ဘန်က ၊ ယုဂန်မြင်းမိုရ်
ကွဲပြိုခြအက် ၊ တိုက်စက္ကဝါ ၊ မြေကမ္ဘာလည်
လန့်ကာတက်အောက် ၊ ပြန်မှောက်စေမှု
အလူမယုတ် ၊ သူတော်နှုတ်ကား
မဖြုတ်သစ္စာ စောင့်တည်ရာ၏။

အရိပ်တရား

ကိုယ်ပြု ကာယကံ ၊ ကိုယ့်ဆီပြန် အမှန်ကြုံရမြဲ
ကိုယ်ပြုဝစီကံ ၊ ကိုယ့်ဆီပြန် အမှန်ကြုံရမြဲ
ကိုယ်ပြုမနောကံ ၊ ကိုယ့်ဆီပြန် အမှန်ကြုံရမြဲ
မရှိတာထက် အသိတာခက် ၊ မသိတာထက် မကျင့်တာခက်
မကျင့်တာထက် ၊ မယုံတာခက်
လောကကြီးပွားရေး ပညာဟာ အဓိကအားပဲ
အပျော်အပါးများတဲ့ မြို့ ၊ ရွာ ၊ နိုင်ငံဟာ ဆင်းရဲစမြဲပဲ။
(အမရပူရ အဟာဂန္ဓာရုံဆရာတော်)


ဆုံးမစာ

မပေးဘဲ မလိုလင့်၊ မမြိန်ဘဲ မစားလင့်
မမှည့်ဘဲ မဆွတ်လင့်
တိတ်တိတ်နေသော် ထောင်တန်၏
လူလိုက နတ်လိုကာ လူကြိုက်ကာ နတ်ကြိုက်ကာ
မပေါ့မလေး မနှေးမလျှင် ရွှေချိန်ခွင်သို့
မတင်မလျှော့ လှေဖောင်ဖော့သို့ အလျှော့ပညာ
တံငါလုလင် မျှားကြိုးငင်သို့ ပညာရှိမှ ခွင်သိသည်
ကျေးဇူးသိတက် စကားတက်မှ စည်းစိမ်တည်သည်။
(ကန်တော်မင် ကျောင်းဆရာတော်)


အမြဲစု

ရူပလက္ခဏာ ကိုယ်ခန္ဓာ များစွာဖောက်လှ မတည်မြဲ
လောကီဥစ္စာ ရတနာကို များစွာသိမ်းဆည်းနေမမြဲ
ပုထုဇဉ်လူ မောဟလူ မယူစွပ်စွဲ မှတ်မမြဲ
သစ်ကိုင်းခတ်ပြိုင် ကမ်းမနိုင် ပြိုယိုင်ရေထဲ တည်မမြဲ။
(တောင်ဖီလာဆရာတော် ရှင်ဥပါလိ)
သြဝါဒ ကထာ

ကာမဂုဏ်ကြောင့်လည်း မရူးနှင့်
ဥစ္စာကြောင့်လည်း မမြူးနှင့်
ကံကိုချည်းလည်း မယိုးနှင့်
ဉာဏ်ကိုချည်းလည်း မကိုးနှင့်
ပညာရှိသူကို ကိုးကွယ် ပညာမဲ့သူကို ပယ်
အရွယ်အဆင်းလှပခြင်းဖြင့် ပညာနှင့်ကင်းသူ လူမဆန်
အရောင်အဆင်း လှပခြင်းဖြင့် အနံ့ကင်းသော ပန်းကိုလူမပန်
သတိဝိရိယရှိသူ ဥစ္စာရှိမည်မကြောက်
စွမ်းအင်ရှိသူ ရန်သူလာမည်ကိုမထောက်
ပညာရှိသူ မေးမြန်းလာမည်ကိုမကြောက်
အစွမ်းသတ္တိရှိသူ လေးစွာဝန်ကိုမထောက်။

No comments:

Post a Comment