Friday 18 January 2013

မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာ၌ စက်မှုဇုန် စီမံကိန်း ဖော်ထုတ်မည်

မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာ၌ စက်မှုဇုန် စီမံကိန်း ဖော်ထုတ်မည်
မြင်းခြံခရိုင် ငါးဇွန်မြို့နယ် မြို့သာ၌ စက်မှုဇုန် စီမံကိန်း ဖော်ထုတ်မည်မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ များနှင့် အဆင့်မီစွာ ရင်ဘောင် တန်းနိုင် ရန် ခေတ်မီ ဖွံ့ဖြိုးသော ဇုန်းများ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ဖော်ဆောင် နေသော စက်မှုဇုန်များ အနက် မြို့သာ စက်မှုဇုန် သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။
နိုင်ငံတော် သမ္မတနှင့် တိုင်းဒေသကြီး ဝန်ကြီးတို့ မှ စေတနာမေတ္တာ ပြည့်ဝ စွာဖြင့် ပြည်သူများ၏ဘဝမြင့်မား လာစေရန်နှင့် မြို့ရွာများ ခေတ်မီဖွံ့ဖြိုး တိုးတက် လာစေရန် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစား အကောင်အထည် ဖော်နေကြ သည်ကို မြင်တွေ့ နေကြသည်။
စက်မှုဇုန်များနှင့် ဟိုတယ်ဇုန်များ တည်ဆောက်ခြင်းကြောင့် ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလန်းများ ပွင့်လာသလို လူမှုရေးဘဝတွေပါ အဆင့် အတန်း မြင့်များ လာနိုင်ကြောင်း မျှော်လင့်မိသည်။ ဇုန်များကြောင့် အလုပ်လက်မဲ့ များနှင့် ဆင်းရဲမွဲ တေပပျောက်ရေး များမှာလည်းများစွာ အထောက်အကူ ပြုမည်။ နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင် လာသောကြောင့် နည်းပညာ အသစ်များဖြင့် နိုင်ငံ၏လုပ်ငန်း များကိုပိုမိုဖွံ့ဖြိုး တိုးတက် လာနိုင်ကြောင်း ယခင်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန (ရုံးဟောင်း)တွင် စက်တင်ဘာ(၁၄)ရက်နေ့တွင် ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်း လင်းပွဲ ၌ ဒေါက်တာထွန်းထွန်းအောင် ကပြောသည်။
Industrial Park စီမံကိန်းကို မြင်းခြံခရိုင် ၊ငါးဇွန်မြို့နယ် မြို့သာနှင့် နဘူးအိုင်ရွာ ကြားရှိ ဒေသခံများ အသုံးပြု၍ မရသော ကြက်တီးကုန်းတွင် ရှင်းလင်း တည်ဆောက်မှာ ဖြစ်သည်။ ဇုန်အနီးတစ်ဝိုက်ရှိ ကျေးလက်များကို ထိခိုက်မှာ မဟုတ်ကြောင်းနှင့် ဒေသခံများအလုပ် အကိုင် အခွင့်အလမ်းများ ပွင့်လင်း လာမှာ ဖြစ်ကြောင်းနှင့် တစ်ဦး တစ်ယောက်ဝင်ငွေ များလည်းတိုးပွားလာမည်ဖြစ်သည်။
ထိုဒေသသည် စီးပွားရေးဖွံ့ဖြိုးမှုအလွန်နည်းပါး သောကြောင့် လူနေမှု အဆင့်အတန်း ပါ နိမ့်ကျခဲ့ရသည်။ ထို့ကြောင့် မိမိဒေသတွင် အိုးမကွာ အိမ်မကွာ လုပ်ကိုင် စားသောက်နိုင်စေရန်Industrial Park (မြို့သာ) စီမံကိန်း ကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်မှာဖြစ်ကြောင်းလျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မြင့်ကြူမှ ပြောကြား ခဲ့သည်။
Myo Thar Industrial Park(MIP) တည်ဆောက်မည့် ကြက်တီးကုန်း ဧရိယာမှာ ၁၀၃၄၅၊ဒသမ၈၂ ကျယ်ဝန်းကြောင်း သိရသည်။ ပြည်တွင်းနှင့်နိုင်ငံခြား သင်္ဘောများ ဝင်ထွက် သွားလာနိုင်ရန်နှင့် ကုန်ပစ္စည်းများ တင်ချနိုင်ရန် ဆီမီးခုံ(ဧရာဝတီ)ဆိပ်ကမ်း Si Mei Kon Port(SP)ကိုလည်း နိုင်ငံတကာ အဆင့်မီ တည်ဆောက် သွားမှာ ဖြစ်ကြောင်းလည်း သိရသည်။
ထိုဆိပ်ကမ်းကြောင့် လည်း လုပ်သားများစွာအလုပ်အကိုင်များပေါ်နိုင်မည်ဖြစ်သည်။ မြို့သာနှင့် ဆီမီးခုံကြားတွင် လည်း ဆက်သွယ် သွားလာမှု လွယ်ကူစေရန် ခေတ်မီလမ်း သစ်များဖောက်လုပ်သွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာ သန်း၃၆၀ဖြစ်ကြောင်းလည်းသိရသည်။
ပြည်တွင်းလုပ်ငန်းပိုင်ရှင်များလည်းစီးပွားရေး အခွင့်အလန်းများထင်သာမြင်သာရှိလာပြီးဖြစ်၍စည်းကမ်းစနစ်ကျစွာအစုရှယ်ယာ များဝယ်ယူပါဝင်ရင်းနှီးမြှုပ်နှံနိုင်ကြောင်းဝန်ကြီးကပြောကြားခဲ့သည်။ မြို့သာနှင့်ဆီမီးခုံဒေသများမှဒေသခံများသည်အိပ်မက်တစ်ခုမြင်မက်သလိုဖြစ် နေကြသည်။ မတွေ့ဘူး၊မကြားဘူးသောဇုန်ကြီးပေးထွန်းလာမှာကိုလည်းဒေသခံ များမှဝမ်းမြောက်စွာကြိုဆိုကြကြောင်းသိရသည်။
ဆီမီးခုံဆိပ်ကမ်းမြို့ကြီးဖြစ်သွားလျှင် တစ်ဟုန်ထိုးစီးပွားရေးများဖြစ်ထွန်းလာမှာကိုမျှော်လင့်နေကြသည်။ ဒေသခံများလည်း အခြားဒေသများကို မိသားစုနှင့် အိုးအိမ်များ စွန့်ခွာပြီး သွားရောက်မလုပ်ကိုင်ရတော့ပေ။ ကိုယ့်အရပ်ကိုယ့်ဒေသမှာပင်အလုပ်အကိုင်များရကြမှာဖြစ်သောကြောင့်ဒေသခံများ မှာဝမ်းသာ ပီတိများစွာဖြင့် မျှော်လင့် နေကြကြောင်း ဒေသခံများထံမှ ကြားသိ ရသည်။
အောင်ကိုဦး

No comments:

Post a Comment