Saturday, 31 December 2011

နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့

rowse › Home » နိုင်ငံရေးလုပ်ရမှာ မကြောက်ပါနဲ့
မောင်ဝံသ
ကြောက်စိတ်ဟာ လူသားရဲ့ မွေးရာပါပစ္စည်းတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒ ပညာရှင်တွေက ဆိုတယ်ဗျ။ အားလုံးသိကြတဲ့ အတိုင်း ခွန်အား အင်မတန် ကြီးမားတဲ့ ဒိုင်နိုဆောတို့လို သတ္တဝါကြီးတွေ၊ ရှည်လျားတဲ့ အစွယ်ရှိတဲ့ ဆင်လိုသတ္တဝါကြီးတွေ၊ ခွန်အားရော၊ လျင်မြန်ဖျတ်လတ်မှုပါရှိတဲ့ ကျားတွေ၊ ခြင်္သေ့တွေလို သတ္တဝါတွေ၊ အင်မတန် အဆိပ်ပြင်းတဲ့ မြွေလို၊ ကင်းလို သတ္တဝါတွေအလယ်မှာ အဲဒီစွမ်းပကားတွေ တစ်ခုမှမပါဘဲ မွေးဖွားပေါ်ပေါက်လာရတဲ့ လူသားတွေအဖို့ ပတ်ဝန်းကျင်မှာ   မြင်မြင်သမျှဟာ ကြောက်စရာတွေချည်း ဖြစ်ခဲ့မှာအမှန်ပဲဗျာ။ အဲဒီ သတ္တဝါကြီးတွေအပြင် မြေငလျင်လှုပ်တာ၊ မီးတောင်ပေါက်ကွဲတာ၊ မိုးကြိုး ပစ်တာ၊ ရေကြီးတာ၊ တောမီးလောင်တာ စတဲ့သဘာဝဘေးဆိုးတွေကိုပါ ကြုံတွေ့ရပြန်တော့ ကြောက်စိတ်ဟာ လူသားတွေစိတ်ထဲ စွဲစွဲမြဲမြဲ မြစ်တွယ်လာခဲ့ပြီး ကြောက်စိတ်ဗီဇဟာ မျိုးဆက်တစ်ခုကတစ်ခုကို လက်ဆင့်ကမ်းခဲ့တဲ့အရာ ဖြစ်လာခဲ့တယ်ဗျ။ ဒီကနေ့ သိပ္ပံပညာ အတော်ကလေးမြင့်မားတိုးတက်တဲ့ ခေတ်ကာလ ရောက်နေတာတောင်မှ လူအတော်များများ အမှောင်ကိုကြောက်တာ။ မိုးသဲကြီးမဲကြီးရွာရင် ကြောက်တာ၊ မြွေကိုမြင်ရင် ကြောက်တာစတဲ့ ကြောက်စိတ်တွေဟာ လူသားဘိုးဘေးဘီဘင်တွေရဲ့ မျိုးဗီဇတစ်ခု ဖြစ်တယ်လို့ မနုဿဗေဒပညာရှင်တွေက ယူဆကြောင်း ကျွန်တော် ဖတ်ခဲ့ရဖူးတယ်ဗျ။
အကြောက်လွန်ပြီဆိုရင်
မနုဿဗေဒ အယူအဆအရ ကြောက်စိတ်ဟာ လူသားရဲ့မွေးရာပါဗီဇတစ်ခု ဖြစ်ကောင်းဖြစ်နိုင်တာမို့ လူတွေကြောက်တတ်တာ ဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူးဗျ။ ဒါဟာ မူမှန်တဲ့ ကိစ္စတစ်ခုလိုပဲ ဆိုရမယ်ဗျ။ ဒါပေမဲ့ လူတစ်ယောက်၊ လူ့အသိုင်းအဝိုင်းတစ်ခု၊ လူ့အဖွဲ့အစည်း တစ်ခုဟာ တစ်စုံတစ်ခုကို ကြောက် သင့်တဲ့ အတိုင်းအတာထက် ပိုပြီးကြောက်ရွံ့နေပြီဆိုရင်တော့ အဲဒါဟာ အင်္ဂလိပ်လို လို့(Phobia) ခေါ်တဲ့ အကြောက်လွန်ကဲမှု ဖြစ်နေပြီဆိုတဲ့ သဘောပဲဗျ။ မြွေကိုမြင်လိုက်တာနဲ့ လူတိုင်း တွန့်ခနဲဖြစ်သွားကြတာ သဘာဝဖြစ်ပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေပြန်ပြီး လှုပ်မရရှားမရ ဖြစ်သွားတာ။ သတိမေ့မျော သွားတာမျိုးကတော့ ဖိုးဘီးယားသာ ဖြစ်တယ်ဗျ။ ကြောက်တာဟာ စိတ်ရောဂါ မဟုတ်ပေမယ့် အကြောက်လွန်တာကတော့ စိတ်ရောဂါတစ်ခု ဖြစ်တာမို့ အဲဒီလူ၊ အဲဒီလူ့အသိုင်းအဝိုင်း၊ အဲဒီ လူ့အဖွဲ့အစည်းဟာ စိတ်ရောဂါ စွဲကပ်နေပြီ၊ မူမမှန်တော့ဘူးလို့ ပြောရတော့မှာပဲ ဖြစ်တယ်ဗျ။ စိတ်ရောဂါရှင်တစ်ယောက် သူ့ကိုယ်သူ မစောင့်ရှောက်နိုင်၊ သူ့ဘဝအတွက် လှပတဲ့အနာဂတ်တစ်ခုကို ဘယ်လိုနည်းနဲ့မှ တည်ဆောက်နိုင်မှာ မဟုတ်သလိုပဲ စိတ်ရောဂါစွဲကပ်ပြီ။ မူမမှန်တဲ့ လူ့အဖွဲ့ အစည်း တစ်ခုဟာလည်း ငြိမ်းချမ်းသာယာ စည်ပင်ဝပြောတဲ့ အနာဂတ်တစ်ခုကို မဖန်တီးနိုင်တော့မှာ သိပ်ကို သေချာတယ်ဗျ။
အကြောက်လွန်သူ အာဏာရလျှင်
လူ့သမိုင်းတစ်လျှောက်မှာ လူရည်နည်းနည်း ပိုလည်တဲ့အလွှာတစ်ခုက ကျန်တဲ့လူအများစုကြီးရဲ့ ကြောက်စိတ်ကို ဖိုးဘီးယား အဆင့်သို့ ရောက်သွား အောင် ပါးပါးနပ်နပ် ပဲ့ကိုင်စေစားတွန်းပို့ပြီး လူသားအားလုံး ပိုင်ဆိုင်တဲ့ အရင်းအမြစ် ဓနဥစ္စာနဲ့ မွေးရာပါပိုင်ဆိုင်ခွင့်တွေကို မောင်ပိုင်စီးခဲ့ကြတာ သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသူတိုင်း အသိဖြစ်တယ်ဗျ။ သမိုင်းဖြစ်ရပ် တချို့မှာကျတော့လည်း အကြောက်လွန်ရောဂါ စွဲကပ်နေသူတွေကိုယ်တိုင် အာဏာရလာကြပြီး သူတို့က လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပင်လယ်ဝေအောင် လုပ်ခဲ့ကြတာတွေလည်း ရှိခဲ့တယ်ဗျ။ အမုန်းတရားကြောင့် အဲသလိုလုပ်ခဲ့ကြတာ ဖြစ်ပေမယ့် စိတ်ပညာ သဘောအရ အမုန်းတရားဆိုတာ အကြောက်တရားရဲ့ အမြင့်ဆုံးအဆင့် ဖြစ်တာမို့ အခြေခံကတော့ အကြောက်တရား၊ အကြောက်လွန်ကဲမှုပဲ ဖြစ်တယ်ဗျ။ နာဇီအာဏာရှင် ဟစ်တလာက ဂျူးလူမျိုးခြောက်သန်းလောက်ကို ရက်ရက်စက်စက် သုတ်သင်ရှင်းလင်းခဲ့တာ ခမာနီတွေက ကမ္ဘောဒီးယား ပညာတတ်တွေကို သုတ်သင်ခဲ့တာ၊ ရဝမ်ဒါမှာ ဟူတူတွေက တွတ်ဆီတွေကို သတ်ဖြတ်ခဲ့တာ၊ ဘောစနီးယားမှာ ဆာ့ဘ်တပ်ဖွဲ့တွေက မူဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာ။ ဆူဒန်နိုင်ငံ ဒါဖူးဒေသမှာ အာရပ်နွယ်ဖွားအစိုးရရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ အာရပ်နွယ်ဖွား ဂျန်ဂျာဝိ မြင်းစီး သေနတ်ကိုင်တွေက အာဖရိကနွယ်ဖွား ပြည်သူတွေကို နှိပ်စက် ညှဉ်းပန်းသတ်ဖြတ်ခဲ့တာ စတဲ့လုပ်ရပ်တွေအားလုံးရဲ့ ပင်မလှုံ့ဆော်မှု အကြောင်းရင်းက ဖိုးဘီးယားပဲ ဖြစ်တယ်ဗျ။
နိုင်ငံခြားသားကြောက် ရောဂါ
သေသေချာချာ ပြန်ပြီး လေ့လာသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့ နိုင်ငံမှာလည်း ဖိုးဘီးယားတွေ ရှိခဲ့တာကို တွေ့ရမှာပဲဗျာ။ နှစ်ပေါင်း တစ်ရာကျော် လူမျိုးခြား လက်အောက်မှာ ကျွန်သားပေါက်ဘဝနဲ့ နေထိုင်ခဲ့ရတဲ့ ကျွန်တော်တို့  လူ့အဖွဲ့အစည်းမှာ အထင်ရှားအပေါ်လွင်ဆုံး ဖိုးဘီးယားကတော့ (xenop hobia)လို့ခေါ်တဲ့ သူစိမ်းကြောက်ရောဂါ၊ နိုင်ငံခြားသားကြောက်ရောဂါပဲဗျာ။ အခုအချိန်မှာ အဲဒီရောဂါ အတော်ကလေး လျော့ပါးသွားပြီ ဖြစ်ပေမယ့် တချို့ကတော့ ပြည်သူအစိတ်အပိုင်းတွေထဲမှာတော့ နိုင်ငံခြားသားဆိုရင် ငါတို့ပြည်တွင်းရေး ဝင်စွက်မယ့်သူတွေလား၊ ငါတို့ ပစ္စည်းတွေ လာခိုး၊ လာလိမ်၊ လာလုမယ့်သူတွေ လား။ ငါတို့ကို ကျွန်ပြုဖို့လာတဲ့ ကိုလိုနီလက်သစ် တွေလားစတဲ့ သံသယတွေနဲ့ ဖိုးဘီးယား အပျော့စားတွေကို ဆက်လက်မွေးမြူထားကြဆဲ ဖြစ်တယ်ဗျ။
နိုင်ငံရေးဖိုးဘီးယား
သမိုင်းတစ်ကွေ့မှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအတွင်း ‘ကွန်မြူနစ်ဖိုးဘီးယား’ ရောဂါလည်း စွဲကပ်ခဲ့ ဖူးတယ်ဗျ။ အဲဒီ ရောဂါကတော့   ပြည်တွင်းပြည်ပ ကွန်မြူနစ်ရေချိန် ကျဆင်းသွားမှုနဲ့အတူ အခုအချိန်မှာ အတော်ကလေး အရှိန်ကျသွားခဲ့ပေမယ့် လုံးလုံးအကင်းသေသွားပြီလို့ မဆိုနိုင်တဲ့ အခြေအနေမှာတော့ ရှိနေသေးတာ ဖြစ်တယ်ဗျ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ နီးပါး ကာလအတွင်း မြန်မာပြည်သူလူထု အများစုကြီးအတွင်း နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်စွဲကပ်နေခဲ့တဲ့ ဖိုးဘီးယားကတော့ ‘နိုင်ငံရေးဖိုးဘီးယား’ ပဲဖြစ်တယ်ဗျ။  မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမြုတေပါတီအဖြစ်က ပြည်သူ့ ပါတီ ဖြစ်လာအောင် ကြိုးစားခဲ့တာဆိုပေမယ့် အဲဒါဟာ စာအုပ်ထဲနဲ့ အစည်းအဝေးခန်းမတွေထဲမှာသာ ရှိခဲ့ပြီး ပြည်သူလူထု အများစုကြီးအတွက်တော့ ‘နိုင်ငံရေး’ ဆိုတာ ငါတို့နဲ့ ‘လားလားမှ မထိုက်တဲ့အရာ’ အခွင့်ထူးခံ လူတန်းစားတစ်ခုအတွက်သာ သီးသန့်ဖယ်ထားတဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်ဗျာ။ အဲဒီ ဖိုးဘီးယားဟာ နောက်ထပ် ခေတ်သစ်တစ်ခုရဲ့ ကန့်လန့်ကာအဖွင့်ဖြစ်တဲ့ ၈၈ လှုပ်ရှားမှုကြီးနောက်မှာတောင် အားကောင်းကောင်းနဲ့ ဆက်ရှိနေခဲ့ပြီး အခုအထိ အငွေ့တလူလူ ဖြစ်နေသေးတာကို တွေ့ရတဲ့အပြင် သူက   နောက်ဆုံးပေါ် ဖိုးဘီးယားရောဂါသစ် တစ်ခုကိုတောင် ခေါ်လာတာကို တွေ့နေရတယ်ဗျ။
နိုင်ငံရေးမပီ ဖိုးဘီးယား
အဲဒါကတော့ ‘နိုင်ငံရေးမပီ ဖိုးဘီးယား’ ဖြစ်တယ်ဗျ။ ရာစုတစ်ဝက်လောက် နိုင်ငံရေးဖိုးဘီးယားရောဂါနဲ့အတူ နေထိုင်လာနေတဲ့ မြန်မာပြည်သူတွေဟာ ၂ဝ၁ဝ ရွေးကောက်ပွဲ နောက်ပိုင်း ရုတ်တရက် ပြောင်းလဲသွားတဲ့ အခြေအနေတွေ အထူးသဖြင့် မှတ်ပုံတင်ဖို့ NLD ဒီချုပ်က ဆုံးဖြတ်လိုက်ပြီးနောက် အခြေအနေ တွေကို အမှီလိုက်ပြီး ‘စမ်းဝါး’ ကြည့်ဖို့ မစွမ်းနိုင်ဖြစ်နေကြတဲ့အသံတွေ ကြားနေရတယ်။ သိပ်တော့လည်း မဆန်းဘူးဗျ။ ရှေ့ဆုံးတန်းက ရဲရဲရင့်ရင့် နိုင်ငံရေးလုပ် နေသူ တချို့ကတောင် "ကျွန်တော်၊ကျွန်မတို့ဟာ နိုင်ငံရေးသမား မဟုတ်ပါဘူး။ နိုင်ငံ့အရေး လုပ်နေကြတာသာ ဖြစ်ပါတယ်” လို့ ခပ်ဝါးဝါး ပြောနေကြတာကို မကြာခဏ ကြားနေရတဲ့ ပြည်သူတွေအတွက် နိုင်ငံရေးပါတီဆိုတာ မဝင်အပ်တဲ့နယ်မြေလိုလို ဘာလိုလိုဖြစ်နေတာ နားလည်နိုင်တဲ့ကိစ္စ ဖြစ်နေတယ်ဗျ။    တကယ်တော့ အခုအချိန်မှာ ဘာမှရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစရာ အကြောင်းမရှိတော့ပါဘူးဗျာ။ နိုင်ငံရေးပါတီဆိုတာ နိုင်ငံရေးကောင်းစားရေးအတွက် စွမ်းစွမ်းတမံ ရွပ်ရွပ်ချွံချွံ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အခြေခံသဘောထားအမြင် အယူအဆ ရပ်တည်ချက်ချင်းတူသူတွေ ပေါင်းစုဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေသာ ဖြစ်တယ်ဗျ။ ဒီတော့ မိမိတို့ဟာ နိုင်ငံရေးကောင်းစားရေးကို အားကြိုးမာန်တက် ကိုယ်ရောစိတ်ပါ ထိထိရောက်ရောက် လုပ်ဆောင်လိုသူဖြစ်တယ်လို့ မိမိကိုယ်မိမိ ယုံကြည်တယ်ဆိုရင် မိမိနှစ်သက် ယုံကြည်ရာ ပါတီတစ်ခုထဲကို အမြန်ဆုံးဝင်ရောက် လုပ်ဆောင်ရမှာပဲဖြစ်တယ်ဗျ။
အာဏာငန်းဖမ်းတာမဟုတ်
နိုင်ငံ့ဝန်ထမ်းနဲ့ သာသနာ့ ဝန်ထမ်းတွေကလွဲပြီး ဘယ်သူမဆို မိမိတို့နှစ်သက်ရာ ပါတီထဲဝင်ပြီး နိုင်ငံအကျိုး သယ်ပိုးနိုင်ခွင့် ရှိတာ ဒီမိုကရေစီရဲ့ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ဒီလိုပါတီထဲ ဝင်ပြီးလုပ်တာဟာ (မကြာသေးခင်ကအထိ အမျိုးသားနိုင်ငံရေးလို့ သုံးသုံးနေကြတဲ့) အမျိုးသားရေးကို    ကျောခိုင်းတာ လုံးဝ(လုံးဝ) မဟုတ်သလို တချို့က စွပ်စွဲနေကြသလို အာဏာငန်းဖမ်းတာလည်း လုံးဝ(လုံးဝ) မဟုတ်ဘူးဗျ။ စတုတ္ထမဏ္ဍိုင်သားတွေ ဖြစ်ကြတဲ့ ကျွန်တော်တို့ စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ၊ အနုပညာမီဒီယာ လောကသားတွေ အနေနဲ့လည်း မိမိတို့ဆန္ဒရှိရင် ကြိုက်တဲ့ပါတီ ဝင်နိုင်ရမယ်လို့ ကျွန်တော် ယူဆ တယ်ဗျာ။ မီဒီယာလို့ခေါ်တဲ့ လူထုဆက်သွယ်ရေး နည်းလမ်းတွေမှာ မိမိတို့ရဲ့ ဖန်တီးမှုများကို တင်ပြတဲ့အခါ မိမိတို့ဝင်ထားတဲ့ ပါတီကိုအခွင့်သာစေမယ့် တစ်နည်း ပြောရရင် ဘက်လိုက်မှုပါတဲ့ ဖန်တီးမှုမျိုးတွေ မဟုတ်ဘူးဆိုရင် စတုတ္ထမဏ္ဍိုင် လောကသားအဖြစ် မိမိတို့ကိုယ် မိမိတို့ လိပ်ပြာသန့်သန့်ခံယူနိုင်ကြမယ် ထင်ပါ တယ်ဗျာ။
မောင်ဝံသ
(ဒီဇင်ဘာ ၂၉ ထုတ် Popular News  အတွဲ (၃) အမှတ် (၅၀) မှ ထုတ်ယူဖော်ပြသည်)

Friday, 30 December 2011

ချစ်ဦးညို - တကယ်ပြောင်းလဲပြီလား (တိုကျို)

<object width="560" height="315"><param name="movie" value="http://www.youtube.com/v/ZbhTjhgRybA?version=3&amp;hl=en_US"></param><param name="allowFullScreen" value="true"></param><param name="allowscriptaccess" value="always"></param><embed src="http://www.youtube.com/v/ZbhTjhgRybA?version=3&amp;hl=en_US" type="application/x-shockwave-flash" width="560" height="315" allowscriptaccess="always" allowfullscreen="true"></embed></object>

အပန်းဖြေနားရက်များ (၃) (အောင်ဆန်းစုကြည်)

Home » Uncategorized » အပန်းဖြေနားရက်များ (၃) (အောင်ဆန်းစုကြည်)

ပုဂံမှာ ကျမတို့သွားဖူးတဲ့ တတိယမြောက် ပုထိုးက သဗ္ဗညု ဖြစ်ပါတယ်။ ရှေးပောင်းဘာသာရေး အဆောက်အ အုံတွေထဲ အမြင့်ဆုံးဖြစ်ပြီး ပြေပြစ်တဲ့အချိုးအစားနဲ့ ပစ္စယံအဆင့်တွေကြောင့် သိပ်ကိုသပ္ပာယ်တဲ့ စေတီပုထိုး တွေထဲ တခုအပါအဝင် ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေ အထိ လာရောက် ဖူးမြော်သူများကို ပစ္စယံတွေ အပေါ် တက်ခွင့်ပေးတာကြောင့် ပုဂံ လွင်ပြင်တခုလုံးရဲ့ ငြိမ်းချမ်းပြီး အတုမရှိတဲ့သက်ငြိမ် အခင်းအကျင်းကို လှမ်း ကြည့်နိုင်ပါတယ်။ “ငါ ဒီကို ရောက်ခဲ့တယ်” ဆိုတဲ့ ဓာတ်ပုံတွေရိုက်ဖို့ အကောင်းဆုံးနေရာဖြစ်ပြီး ကျမ ကိုယ် တိုင်လည်း ငယ်စဉ်က ဒီ ပစ္စယံ အဆင့်တဆင့်မှာ ဝမ်းကွဲမောင် တယောက်ရယ်၊ ဦးလေးတယောက်တို့နဲ့ အ တူ ရိုက်ထားတဲ့ပုံတွေ ရှိပါတယ်။ ပုံတွေထဲမှာ ကျမတို့အားလုံး ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ဘဝကို ကျေနပ်အား ရနေကြပုံ ပေါ်ပါတယ်။
ထိန်းသိမ်းရေး အလိုငှာ ပစ္စယံတွေပေါ် ဘယ်သူ့ကိုမှ တက်ခွင့်မပေးတော့ကတည်းက သဗ္ဗညုကိုလာတဲ့ ဧည့် အရေအတွက် အတော်ကို လျော့ပါးသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဒီပုထိုးကြီးဟာ ပြန်လည် ဖော်ထုတ်တာ စောင့်နေတဲ့ အပစ်ပယ်ခံ အလှတခုလို ဆွေးရိပ်တွေ လွှမ်းနေပါတယ်။ အတွင်းနံရံတွေမှာ သုတ်ထားတဲ့ ထုံး ဖြူကြမ်းကြမ်းအောက်က နံရံဆေးရေးတွေကို ကျွမ်းကျင်တဲ့ ပန်းချီ ထိန်းသိမ်းသူ ပညာရှင်များရဲ့အစွမ်းနဲ့ ပြန် လည် ဖော်ထုတ်နိုင်ပါလိမ့်မယ်။ ထိန်းသိမ်း စောင့်ရှောက်မှုကတော့ လုပ်ပါတယ် ဆိုလောက်အောင်သာ ရှိ တယ်ဆိုတာ ပေါ်လွင်ပါတယ်။ ဒီလောက် ယဉ်ကျေးမှုအရ၊ သမိုင်းအရ အရေးပါလှတဲ့ အဆောက်အအုံးကြီး အတွက် ဝမ်းနည်း စိတ်ပျက်ဖွယ်ရာအခြေအနေ ပါပဲ။
ပုဂံနဲ့ပတ်ဝန်းကျင်မှာ စောင့်ရှောက်ဖို့လိုအပ်တာ အများကြီးပါ။ စမယ်ဆိုရင် ဒီ သာသနိက အဆောက်အအုံး တွေကပဲ စရပါမယ်။ ၁၉၉၀ နောက်ပိုင်း လုပ်ခဲ့တဲ့ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေဟာ အကောင်းဆုံးဖြစ်ဖို့ ထက် မြန်မြန်ပြီးဖို့ကိုသာ ပညာရှင်တွေရဲ့ အကြံဥာဏ်မပါဘဲ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အနုပညာနဲ့ ရှေးဟောင်း သုတေသနလုပ်ငန်း မြတ်နိုးတဲ့သူတွေ ပုဂံရဲ့ အခုအခြေအနေကို မြင်တိုင်း မျက်ရည်လည်ကြ တယ်လို့ ကျမ ကြားရပါတယ်။
ဘုရားပုထိုးတွေနဲ့ ပြည့်နေတဲ့ လွင်ပြင်ကြီး ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာတခုဖြစ်အောင် အလျင်စလို တွန်းပြီး လုပ်ဆောင်ခဲ့ကြလို့ ပျက်စီးသွားခဲ့ရတဲ့ မြတ်နိုးဖွယ် ရှေးပုထိုး စေတီဟောင်းတွေဟာ ဂရုစိုက်မှု၊ ကျွမ်း ကျင်မှုတွေနဲ့ ဆိုရင် တကယ့်မူလပုံ ပြန်လည်ပေါ်လာနိုင်လောက် ပါသေးတယ်။ ဂူကျောင်းအငယ်တွေ တော် တော်များများဟာ မပြင်ဆင်ရသေးတဲ့အတွက် ကံကောင်းတယ်လို့ပြောရပါလိမ့်မယ်။ ၎င်းတို့ကို နဂို အနေအ ထားနဲ့ နီးစပ်တဲ့ သွင်ပြင်အတိုင်း ပြန်လည်တည်ဆောက်ခြင်း၊ ဒါမှမဟုတ် ပျက်စီးနေပုံ အဆင့်ဆင့်အတိုင်း ထိန်းသိမ်းထားတဲ့ နည်းအားဖြင့် မြို့ဟောင်းကြီင်္းကို အချိန်က တိုက်စားခဲ့ပုံရဲ့ မျက်မြင်သမိုင်းအဖြစ် ရှိစေခြင်း တွေ လုပ်ဆောင်နိုင်ပါသေးတယ်။ ဒါတွေက ကျွမ်းကျင်သူတွေရဲ့ကဏ္ဍ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့လုပ်ငန်း မစခင်မှာ ကျမတို့တွေက ပုဂံဟာ ကျမတို့ နိုင်ငံရဲ့သမိုင်းမှာ အရေးပါတဲ့အထိမ်းအမှတ် တခုသာမက ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ် တစိတ်တပိုင်းလည်းဖြစ်လို့ ကာကွယ်ဖို့၊ ထိန်းသိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ အသိ ကျယ် ပြန့်လာအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ရှေးဟောင်း သာသနိကအဆောက်အအုံးတွေတင် ဂရုစိုက်ဖို့ ၊ ကာကွယ်ဖို့လိုနေတာ မဟုတ်ပါဘူး။ ပုဂံဝန်း ကျင် ဒေသတဝိုက်လုံးဟာလည်း အမြတ်တနိုးထားဖို့ ၊ ထိန်းသိမ်းဖို့ တောင်းဆိုနေပါတယ်။ တနာရီလောက် ကားနဲ့သွားလိုက်ရင် ဒီ ဒေသမှာ နောက်ဆုံးကျန်နေတဲ့ အင်ကြင်း တောအုပ်ကိုရောက်ပါတယ်။ ခြောက်သွေ့ ကြမ်းတမ်းတဲ့ ကန္တာရအလယ်က ရဲရဲဝံ့ဝံ့ အိုအေစစ်ကလေး ပါပဲ။ အင်ကြင်း (pentacme siamensis) ဆိုတာ သိပ်ထူးဆန်းတဲ့သစ်ပင်တမျိုး ဖြစ်ပါတယ်။ အပင်အိုလာလို့ သေသွားတဲ့အခါ သူ့အသားဟာ အခြားသစ်တွေလို ဆွေးမြည့်မသွားဘဲ ကျောက်သားလို အသွင်ပြောင်းသွားပါတယ်။ သစ်တောထိန်းသိမ်းရေး ဥပဒေအရ အပင် ခုတ်လှဲတာကို တားဆီးထားတယ် ဆိုပေမဲ့လည်း အပင်တွေကြည့်ရတာ ပိန်ပိန်လှီလှီနဲ့ အားရစရာမရှိတဲ့အပြင် အပင်ပျိုလေးတွေ တက်လာနေတဲ့ အရိပ်အရောင်လည်း မရှိလှပါဘူး။
ကျမတို့ရဲ့ သစ်တောလေ့လာရေးခရီးမှာ သတင်းထောက် အယောက်၂၀ လောက်လည်း ပါလာပါတယ်။ ကျမ အနေနဲ့ ကျမတို့ရဲ့ ပုဂံခရီး အပန်းဖြေရက်တွေကို သီးသီးသန့်သန့် ရှိစေချင်ပေမယ့် မျှော်လင့်သလို ဖြစ်မလာ ခဲ့တဲ့အတူတူ သတင်းထောက်တွေကို ကျမတို့ရဲ့ တိုးလာတဲ့ အဖွဲ့ဝင်တွေလို့ပဲ သဘောထားလိုက်ပါတယ်။ ကံ ကောင်းတာကအားလုံးဟာ ခင်ခင်မင်မင်နဲ့ အဆင်ပြေအောင် ဝိုင်းလုပ်ပေးကြပါတယ်။ သစ်တောရဲ့ ဆိတ်ငြိမ် တဲ့ တနေရာမှာ အေးအေးဆေးဆေး နေ့လယ်စာ ပျော်ပွဲစားကြမယ်လို့ ကျမတို့ စီင်္စဉ်ခဲ့ပါတယ်။ ဒါပေမဲ့ တော အုပ်လေးကို ရောက်သွားတော့ အနီးရှိ ရွာတစ်ရွာက လူတွေ တော်တော်များများ ကျမတို့ကိုတွေ့ဖို့ စောင့်နေ တာ တွေ့ရပါတယ်။ ဒီရွာရဲ့ နာမည်က ကဗျာဆန်ဆန်လေးပါ။ ‘ဇီးအိုသစ်လှ နတ်ထိန်း အင်ကြင်းတော’ တဲ့၊ ဟိုက္ကူ ကဗျာတပုဒ် ကျနေတာပါပဲ။
ဒီရွာကလေးနဲ့ ဂျပန်နိုင်ငံအကြား မျှော်လင့်မထားတဲ့ ဆက်သွယ်မှုတခု ရှိနေပါသေးတယ်။ ကျမက ရွာက အ မျိုးသမီးတွေကို သူတို့ရွာမှာ အလိုအပ်ဆုံးက ဘာလဲလို့ မေးတဲ့အခါ ရေ လို့ ဖြေကြပါတယ်။ သူတို့ ရွာမှာ လွန် ခဲ့တဲ့နှစ်အနည်းက (bridge asia japan)  အဝီစိတွင်းတူးပေးထားလို့ အရင်ကလို မခက်ခဲတော့ဘဲ ရေရလာပြီ ဖြစ်ပေမယ့် ရေတွင်းနဲ့ဝေးတဲ့သူတွေ အတွက်ကတော့ နေ့တိုင်း လမ်းအဝေးအကြီးလျှောက်ပြီင်္း ခပ်နေရသေး တယ်ဆိုတဲ့ အကြောင်းတွေ ရှင်းပြကြပါတယ်။ ဒါ့အပြင် ရေပန့်ကို မောင်းဖို့ ဒီဇယ်ဖိုးပေးရပါတယ်။ ဈေးကသင့် တင့်တယ်ဆိုပေမယ့် သူတို့လို ထန်းနဲ့ လုပ်စားရတဲ့ တောင်သူအများစုအတွက်တော့ ဝန်တခုလို ဖြစ်နေပါ တယ်။ ဒီလို ခြောက်သွေ့ပူပြင်းတဲ့ အညာဒေသမှာ ရှင်သန်နိုင်တဲ့ ထန်းပင်တွေဟာ ဖျာတွေ၊ တောင်းတွေ ရက် လုပ်လို့ရတဲ့ ယပ်လိုအရွက်တွေ စားလို့ရတဲ့အသီးတွေ ထွက်ပါတယ်။ အဓိကကျတဲ့ ထုတ်ကုန်ကတော့ ချိုမြတဲ့ ပင်ကျရည်ပါ။ ဒီအတိုင်း လတ်လတ်ဆတ်ဆတ် သောက်စရာ အနေနဲ့ ဖြစ်ဖြစ်၊ အချဉ်ခံပြီး ကျေးလက် ယမကာ ပြင်းပြင်းလို ဖြစ်ဖြစ်၊ ကျိုချက်ပြီး အင်မတန် စားကောင်းတဲ့ ထန်းလျက်အနေနဲ့ဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။
ကျမကျောင်းသူ ဘဝတုန်းက အလွတ်ကျက်ခဲ့ရတဲ့၊ အင်မတန် ကျော်ကြားတဲ့ ၁၂ ရာစု ကဗျာတပုဒ်ကနေ ထန်းတက်သမားတွေရဲ့ ခက်ခဲတဲ့ ဘဝကို သိခဲ့ရတယ်။ မနက်စောစော မြူခိုးထချိန်ကတည်းက အန္တရာယ် အ လွန်များပြီး (ထန်းပင်က ကျတာတွေ မကြာခဏဖြစ်ပြီး ဒဏ်ရာကလည်း ပြင်းထန်နိုင်ပါတယ်) ပင်ပန်းလှတဲ့ ထန်းတက်သမားဘဝကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်စေရုံမက ယခုခေတ်အထိတောင် တိကျမှန်ကန်တဲ့ ပုံဖေါ်မှုဖြစ်တယ်ဆိုတာကို ကျမ ရွာသားတွေနဲ့  စကားပြောကြည့်တော့ သိရပါတယ်။ သူတို့ဟာ အရင်ရှေး ရာစုများစွာက သူတို့ ဘိုးဘွားတွေလျှောက်လှမ်းခဲ့တဲ့ သက်သာရာမရှိတဲ့ လမ်းကြမ်းကြီးကိုဆက်ပြီး လျှောက် လှမ်းနေရဆဲ ဖြစ်ပါတယ်။ အရင်ကနဲ့သိသိသာသာ ကွာလာတာတခုကတော့ ဒီကနေ့ ‘ဇီးအိုသစ်လှနတ်ထိန်း အင်ကြင်းတော’ ရွာက ထန်းတက်သမားတွေထဲ တက္ကသိုလ် ဘွဲ့ရတွေ ရှိနေတာပါပဲ။
အောင်ဆန်းစုကြည်

Thursday, 29 December 2011

ကျနော် ထောက်တံထုတ်လိုက်မယ်လေ

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်… " လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း

ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်။" တဲ့။ ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို

စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို တာဝန်ယူ ဆောင်ရွက်ပေးမှာ

ဖြစ်ပါသတဲ့။

ကဲ..ဇာတ်လမ်းကတော့ စတာပါပဲ။ ကိုဗာလ တစ်ယောက် အိမ်ထောင်ကျတာ ငါးနှစ်တောင် ရှိပါကောလား... ကိုဗာလရဲ့  ငါးနှစ်မြောက်

မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ ကလေးမရသေးဘူးဆိုတော့ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ကိုဗာလက…

"မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။

ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… "

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့ အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တကယ်တော့ တံခါးဝမှာ
စောင့်နေတဲ့သူက သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ ဓာတ်ပုံဆရာ တစ်ယောက်ပါ။ မွေးကင်းစအရွယ်

ကလေးလေးတယောက်ကို ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတာပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာ က စပြောပါတယ်…


"မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… "


"သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… "


"ကျနော့်နာမည် ငမြွေ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… "

"သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး "


"ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… "


"ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို

ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ "

"ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ "


"ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း…

ဘယ်ကဘယ်လိုစရမယ် မသိဘူးနော်…"

"ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့

ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ "

"ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… "


"ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ

ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ "

"ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ "


"ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့

အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… "

"အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ "


"ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ "


"ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်

ပြီးပြီးရော ဘယ်ရပါ့မလဲ… "

(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)


"ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်

လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ "

"ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်

ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… "

"ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ..

ဒီအောက်က ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား
ခေါင်မိုးပေါ်မှာ…ဗျ။ "

"ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။


"ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။ အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့စိတ်နှစ်ပြီး ကြိုးစားပေးခဲ့တာဗျ။ "

"ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… "


"ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။

သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ "

"လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က

လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့…

ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့
တကယ်လဲ ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ "

"ဗုဒ္ဓော… ဘုရား.. ဘုရား… "


"ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။

အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့
ခဲလို့… အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက
တအားများလေတော့ အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ "

"ရှင်တို့က လူအုပ်ကြီးရှေ့မှာ... အိုးရေးးးး အိုးးရေးးး "


"ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး

လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ… ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင်

ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့ ရဲတွေရောက်လာပြီး ကျနော့်ကို
လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ် နှစ်ကွက် သုံးကွက်လောက်
ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို
ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော် ထောက်တံထုတ်လိုက်မယ်လေ… "

"ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့

ဇစ်ဆွဲသံလဲ ကြားလိုက်ရော… "

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…..။     :2 :2 :2

ဂေါက်ရိုက်တံကောက်သွားလို့ကတော့

ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။
"ဟေ့ကောင်ကြီး....အိမ်မှာဘယ်လို
အခြေအနေရှိလဲ..
အေးဆေးပဲလား"
"ဟာ....မအေးဆေးဘူးဆရာ....ဆရာမွေးထားတဲ့..ကြက်တူရွေးကြီးသေသွားပြီ"
"ဟေ...မင်းဂရုစိုက်ပြီးအစာမကျွေးဘူးလားဟေ့ကောင်..."
"ကျွေးပါတယ်ဆရာရယ်..."
"အေး...ကျွေးရင်ပြီးရော....သေတာကသေသွားပြီ..ရှိစေတော့...ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ...အအေးမိတာလား"
"မဟုတ်ဘူးဆရာ....အဲဒီကောင်ကအသားအပုပ်တွေစားမိလို့သေသွားတာ"
"ဟင်!!!!ဘယ်ကအသားအပုပ်တွေတုန်းဟ..မင့်ဥစ္စာက"
"ဆ..ဆရာ...စိတ်မဆိုးရဘူးနော်..
ပြီးတော့...ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်....."
"အေးပါ...မြန်မြန်ပြောစမ်းပါ..."
"ဟိုလေ....ဆရာမြင်းကြီး....အဲလေ...ဆရာ့မြင်းကြီးအသားအပုပ်တွေ....."
"ဘာ....ငါ့မြင်းကြီး...ဟုတ်လား.."
"ဟုတ်...ဟုတ်...သေသွားပြီဆရာ.."
"ဟေ!!!!...."
"သူကတော့ပင်ပန်းပြီးသေတာဆရာ"
"ဘာကွ...မြင်းကြီးကိုမင်းတို့လျှောက်စီးကြတာပေါ့ ဟုတ်လား.."
"မဟုတ်ဘူးဆရာ...ရေ...ရေသယ်ရလို့ပါ..."
"ဘာ!!!!...ရေ.........ဟုတ်လား....????.ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"
"ဟို..ဟိုလေ....မီးလောင်လို့..."
"ဘာ!!!!!! မီးလောင်လို့ဟုတ်လား....ဘယ်သူ့အိမ်လဲ..ပြောစမ်းမြန်မြန်.."
"ဆရာ.အိမ်ပေါ့ဆရာရယ်"
"ဘာကွ...ဟေ့ကောင်....ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"
"ဖယောင်းတိုင်မီးကလောင်တာဆရာ..အသုဘရှိလို့ထွန်းထားတဲ့ဖယောင်းတိုင်က"
"...အ..အ...အသုဘ...ဘယ်..ဘယ်သူလဲဟင်"
"ဆရာ့အမေ...."
"ဘာကွ..ငါ့အမေသေပြီ...ဟုတ်လား...အမယ်လေး..ပြောစမ်း..ပြောစမ်း..ဘယ်လိုဖြစ်တာလဲ"
"ဒီလိုပါဆရာရယ်...အဲဒီနေ့ကပေါ့..ဘုရားခန်းထဲမှာ...လူရိပ်တစ်ရိပ်...ဖျတ်ခနဲမြင်တာနဲံ့..
ဟ..သူခိုးဟ..ဆိုပြီး...အနားမှာတွေ.တဲ့ဂေါက်ရိုက်တံနဲ့နှက်ထည့်တာ..ဆရာ့အမေဖြစ်နေတယ်
တခါတည်းပွဲချင်းပြီးသွားတယ်...ဆရာ.."
"ဘာ.ရှီးထဲမှပဲ..သောက်ရမ်းသောက်ရမ်းလုပ်ရလားဟ..
..အဲဒီဂေါက်ရိုက်တံကောက်သွားလို့ကတော့..မင်း...မင်း..သေပြီသာမှတ်."

ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ

> တစ်ခါတုန်းက မောင်ဘနှင့်ညိုမြဆိုတဲ့လက်ထပ်ပြီးကာစ ဇနီးမောင်နှံဟာ
> သူတို့နေတဲ့လာရှိုးမြိုကလေးကနေ မန္တလေးလေးဘက်ကို ကားလေးမောင်းပြီး
> အေးအေးဆေးဆေး ဟန်းနီးမွန်းခရီးထွက်ခဲ့ကြသတဲ့.........ဒီလိုနဲ့မှောင်လဲသွားရော......မေမြို့မှာတင်
> ညအိပ်ဖို့ ဆုံးဖြတ်လိုက်ကြသတဲ့......တည်းခိုးခန်းသွားအိပ်တော့
> .........တည်းခိုခကို တစ်ည ၃၀၀၀၀ ကျပ်နဲ့
> သဘောတူလိုက်ကြသတဲ့.....မောင်ဘတို့လည်းပင်ပန်းလာကြတာဆိုတော့ စောစောအိပ်ယာ
> ၀င်လိုက်ကြသတဲ့......မိုးလင်းလို့ မန်းတလေးဘက်ကို ခရီးဆက်မယ်ဆိုပြီး
> ကောင်တာမှာပိုက်ဆံသွားရှင်းတော့ ၁၂၀၀၀၀
> တောင်းသတဲ့..........မောင်ဘတို့ကလည်းမပေးနိင်ဘူးဆိုတော့ မန်နေဂျာကို
> ခေါ်ရှင်းကြသတဲ့.........
> မန်နေဂျာက လည်းဟုတ်တယ် .....၁၂၀၀၀၀ဆိုတော့...ခတ်တော့တာပေါ့.........
> မန်နေဂျာက ဒီလိုရှင်းပြသတဲ့........
> ငါ့တို့တည်းခိုးခန်းမှာ........nightclub တွေ ကာ၇ာအိုကေတွေ........ဘားတွေ
> ........ရှိတယ်....
> အဲ့ဒီအတွက်က ၃၀၀၀၀ယူတယ် .....ဆိုတော့..
> မောင်ဘကလည်း........ '' ဆရာရယ် ကျွန်တော့တို့
> အိပ်ယာတန်းဝင်ကြတာပါ.....nightclub ကိုမသွားပါဘူး" ပေါ့..........
> မန်နေဂျာက .......သွားတာမသွားတာမင်းတို့တာဝန်ကွာ.........ငါ့တို့က
> အဲ့ဒီဟာတွေအတွက်ရင်းနှီးထားရတာမနည်းဘူးကွ
> ...........လို့ပြောလိုက်သတဲ့........
> နောက်ထပ် ၃၀၀၀၀ ကျပ်ကကွာ..........ရေကူးတဲ့အတွက်ပေါ့..........လို့ပြောလိုက်တော့.
> မောင်ဘကလည်း ကျွန်တော်တို့ရေကူးဘို့နေသာသာ
> ရေကူးကန်ဘယ်မှာရှိမှန်းတောင်မသိရပါဘူဗျာတဲ့...........
> မင်းတို့ရေကူးတာမကူးတာ
> ငါ့တာဝန်မဟုတ်ဘူး........မင်းတို့တာဝန်ပါ..ရေကူးကန်အတွက်
> အကုန်အကျတွေများတဲ့အတွက်.......အဲ့ဒီအတွက်ပါယူတယ်ကွာ....လို့မန်နေဂျာကပြေလိုက်သတဲ့.
> ဒါနဲ့နောက်ထပ် ၃၀၀၀၀ ကျပ်က Tv , air com ,ရေသန့်ဘူး ဘီယာ ဆတယ်လိုက်
> ဂြိုလ်တု ရေခဲသေတ်တာ
> တို့အတွက်ပေါ့........လို့မန်နေဂျာကရှင်းပြပြန်သတဲ့.........
> မောင်ဘကလည်း ..........ရေခဲသေတ်တာမပြောနဲ့
> ရေသန့်ဘူးတစ်ဘူးတောင်မသောက်ရပါဘူးဗျာလို့ ပြန်ရှင်းပြတာပေါ့..........
> မန်နေဂျာကလည်း................သောက်တာမသောက်တာမင်းတို့တာဝန်ကွာ.......ငါတို့က
> အဲ့ဒီအတွက် အကုန်အကျတွေများတော့ ၃၀၀၀၀ ယူရမှာပဲလို့ရှင်းပြသတဲ့........
> မောင်ဘလည်းအကြံထုတ်လိုက်ရတာပေါ့...........ဒါဆိုလည်းရော့ဗျာ ၁၂၀၀၀၀
> ကျပ်ဆိုပြီးမန်နေဂျာကို ပိုက်ဆံပေးလိုက်သတဲ့.......မန်နေဂျာကပိုက်ဆံကို
> ရေတွက်ကြည့်လိုက်တော့ ၃၅၀၀၀ ပဲတွေ့ရသတဲ့........
> မောင်ဘကလည်း " ကျွန်တော့်မိန်းမကို ခင်ဗျားနမ်းခက ....၉၀၀၀၀
> ကျတယ်....ခင်ဗျားကို ၅၀၀၀ လျော့ပေးထားတာ " လို့ပြောလိုက်တော့
> .မန်နေဂျာကလည်း ရှက်သွားပြီး ငြင်းတော့တာပေါ့......" ခင်ဗျားမိန်းမကို
> နမ်းဖို့နေနေသာသာ မြင်တောင်မြင်ဘူးတာမဟုတ်ဘူး" ပေါ့.
> .........မောင်ဘကလည်း " နမ်းတာမနမ်းတာ
> ခင်ဗျားတာဝန်ပါ.......ကျွန်တော့မိန်းမဒီမှာ တစ်ညလုံးရှိနေတာပဲ"
> လို့ပြောလိုက်သတဲ့.............

မြန်မာကြက်

မြန်မာတစ်ယောက်နဲ့ တရုတ်တစ်ယောက် စကားပြောရင်းနဲ့ ညင်းခုံနေကြတယ်။
သူ့တို့တိုင်းပြည်က တိုက်ကြက်တွေ ဘယ်လောက်ကောင်းကြောင်း
စကားနိုင်လုကြရင်း တိုက်ကြက်ချင်းခွပ်ဖို့ စိန်ခေါ်လိုက်ကြတယ်။
ရှုံးတဲ့ကြက်ဘက်ကလူက တနှစ်ကျွန်ခံကြေး တဲ့။
ဒါပေမဲ့ ကြက်ခြင်းတိုက်ကြမှာက ခုချက်ခြင်းမဟုတ်ဘူး၊ နောင် ၅ နှစ်နေမှ တိုက်ကြမှာ...
ဘာလို့လဲဆိုတော့ မိမိတို့ရဲ့ ကြက်တွေကို စိတ်ကြိုက်မွေးမြူ
ပြုစုပျိုးထောင်ပြီး အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးကြဖို့ ၅ နှစ်
အချိန်ယူလိုက်တာလေ။
အဲ...၅ နှစ်လည်းပြည့်ရော... ...
... ... ...
တရုတ်ကြက်နဲ့ ဗမာကြက် ခွပ်လက်ဆုံကြပြီ ခင်ဗျ..
တရုတ်ကြက်က အကောင်နဲနဲသေးပေမဲ့ သွက်လက်ဖြတ်လတ်ပုံဘဲ။
ဗမာကြက်ကတော့ ကိုယ်လုံးကိုယ်ထည် ပိုကြီးပေမဲ့ ထုံထိုင်းထိုင်းပုံထွက်နေတယ်။
စ, လွတ်ပါပြီဆိုကတည်းက ဗမာကြက်က ကွင်းလည်မှာ ငိုက်နေပါလေရော၊ ဒါပေမဲ့
ကိုရွှေဗမာ ကြက်ပိုင်ရှင်က မပူဘူး...အေးဆေးဘဲ သူ့ကြက်အခြေအနေကို
ကြည့်နေတယ်။
လျောင်ကီးတို့ရဲ့ ကြက်ကတော့ အတက်လေးတပြပြ အတောင်ပံလေး
တသသနဲ့ပေါ့...ကွင်းထဲဝင်လာပြီဆိုကထဲက တဘက်ကဗမာကြက်ကို
ပြေးပြေးခွပ်နေလိုက်တာ ခြေထောက်မှာ စက်တပ်ထားလားမှတ်ရတယ်...



အတောင်ပံခပ်သံကလည်း တဖျန်းဖျန်းနဲ့... ပြင်းမှပြင်း
ရန်သူကို ဘေးကတမျိုး၊ ရှေ့ကတဖုံ၊ နောက်ကတသွယ် ပယ်ပယ်နယ်နယ်ကို
တီးနေလိုက်တာများ တရုတ်ကြက်ဘက်က အားပေးနေတဲ့လူတွေရဲ့အော်သံ
ဝက်ဝက်ညံနေရော... ...
ဗမာကြက်ကတော့ ဘာမှပြန်မလုပ်ဘူးခင်ဗျ။ တခါတခါ နဲနဲနာသွားရင်
မျက်လုံးလေးတဖက်ဖွင့်ကြည့်ပြီး ပြန်အိပ်သွားပြန်တယ်။
အဲလို...ခွပ်ရင်းခွပ်ရင်းနဲ့ ကြာလာတော့ တရုတ်ကြက်
သက်လုံကျလာတယ်..သိပ်မကြာခင်မှာဘဲ တော်တော်လေးအမောဖောက်လာပြီး ဗမာကြက်ရဲ့
အတောင်ပံကြား ခေါင်းထိုးပြီး
နားနေပါလေရော...



ကံဆိုးခြင်တော့ သူ့ဟာသူခွပ်ရင်းနဲ့ သူ့ခြေထောက်မှာ၊ ခေါင်းမှာ၊
ကိုယ်လုံးမှာ ထိခိုက်မိပြီး သွေးစ နဲနဲထွက်နေတာကိုး...



သွေးညှီနံ့လဲရရော ဗမာကြက်ခေါင်းထောင်လာတယ်...ဘေးဘီဝဲယာ
လှည့်ပတ်ရှာလိုက်တော့ သူ့အတောင်ပံကြားက တရုတ်ကြက်ဆီကကိုး ...
ဘာမှပြောမနေဘူး...တခါထဲ တရုတ်ကြက်ခေါင်းကို ဖမ်းဆွဲပြီး တစ်ကောင်လုံးကို
ဖဲ့ရွဲ့စားလိုက်တာ အချိန်ပိုင်းလေးအတွင်းမှာဘဲ အရိုးပါးပါး ကျန်တယ်။
ဗမာပရိတ်သတ်တွေရဲ့ အော် အလှည့်ပေါ့...၊ ဝေး...ဟေး...ဟေး... ...
ဗမာကြက်ပိုင်ရှင်ကတော့ ပြုံပြုံး ပြုံးပြုံးနဲ့။
ခဏနေတော့ ရှုံးတဲ့ကြက်ပိုင်ရှင် မောင်တရုတ်တစ်ယောက်
ဗမာကြက်ပိုင်ရှင်ရဲ့ရှေ့ ဒူးထောက်ရောက်လို့လာတယ်။
ပြီးတော့ ဇဝေဇဝါမျက်နှာနဲ့ မေးလာတယ်.. ...
"ကျနော်တော့ နားကိုမလည်တော့ဘူးဗျာ၊ မရှုမလှရှုံးမဲ့သာရှုံးတာ ကျနော့်ကြက်ဟာ
နယ်နယ်ရရ ကြက်မဟုတ်ဘူး၊ အိန္ဒိယ စစ်တကောင်းနယ်က အရက်စက်ဆုံး
အကြမ်းတမ်းဆုံး
တိုက်ကြက်ဖ နဲ့ မွန်ဂိုလီယားကြက်မကို မျိုးစပ်ပြီး ပြည်မကြီးက
ဓါတ်ခွဲခန်းမှာ အကောင်းဆုံး စမ်းသပ်စစ်ဆေးပြီးမွေးမြူခဲ့တာ၊
သူ့ကိုနိုင်တဲ့ကြက် တရုတ်ပြည်မှာတော့ တစ်ကောင်မှ မရှိတော့ဘူး၊ အချိန် ၅
နှစ်တောင်ကြာအောင် လေ့ကျင့်ပေးခဲ့ရတာ၊ ခင်ဗျားတို့ကြက်ကိုရော ဘယ်လို
မွေးမြူခဲ့ပြီး ဘယ်လောက်တောင်လေ့ကျင့်ပေးခဲ့ရသလဲ"



ဒီတော့ ဗမာကြက်ပိုင်ရှင်က ပြန်ဖြေတယ်... ...
"အထွေအထူးတော့မရှိပါဘူးကွာ...၊ လဒ တစ်ကောင်ကို တိုက်ကြက်ဖနဲ့တူအောင်
ယိုးဒယားသွားပြီး ပလပ်စတစ်ဆာဂျရီလုပ်လိုက်တာ ၂ ရက်ဘဲ ကြာတယ်၊
ဒါပါဘဲ"...တဲ့။

ပညာအခြေခံ လူမှုအဖွဲ့အစည်း

ကျွန်တော်မန္တလေး တက္ကသိုလ် တက်စဉ်က ရူပဗေဒဘာသာရပ်ကို ပို့ချသူဆရာ ဦးလှမြင့်ကို အလွန် သဘောကျသည်။ စာသင်ကောင်း သလို အပြောလည်းကောင်းပါ သည်။ ဆရာသည် အင်္ဂလန်မှ Ph.D ရရှိပြီး ပါမောက္ခချုပ်လည်း ဖြစ်ခဲ့ပါသည်။  ဆရာက ”မင်းတို့စာကြိုးစားကြ၊ အောင်ရုံတော့မကောင်းဘူး” ကျောင်းသားတွေ ဝေါခနဲ ရယ်ကြသည်။ မန္တလေးတွင် ‘အောင်ရုပ်ရှင်ရုံ’ကို ‘အောင်ရုံ’ဟု ခေါ်ကြသည်။ အောင်ရုံသည် ရှေး ဟောင်းအဆောက်အအုံဖြစ်သည်။ “မင်းတို့ ‘ဝင်းလိုက်’လောက်တော့   ဖြစ်အောင်လုပ်ပေါ့” ဝင်းလိုက်ရုပ်ရှင်ရုံသည် ထိုစဉ် က ရုံသစ်ဖြစ်သည်။ အင်မတန် ခမ်းနားသည်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ အတွဲများစတည်း ချရာဖြစ် သည်။ ဝင်းလိုက်ရုံရှိ စတော် ဘယ်ရီဒိန်ချဉ်သည် နာမည်ကြီးသည်။    ဆရာအများစုသည် ကျောင်း သားကို စာကြိုးစားစေချင်သည်။ ”မင်းတို့ အိမ်ရောက်ရင် တစ်ခေါက်   လောက်တော့ ပြန်ဖတ်၊ နားလည် အောင်လုပ်ကြပါ”  ဤနေရာတွင် ကျွန်တော်မြင် သည့် အချက်တစ်ခုကို ပြောလို သည်။ Lecture တစ်ခုကို တက်ရင် တစ်ခါတစ်ခါ နိဒါန်းလောက်သာ ပို့ချပြီးစီးသည်။ လိုအပ်သော အကြောင်းအရာ လိပ်ပတ်မလည်ပါ။ ထို့အတွက် ဒီပို့ချချက်ဟာ ဘာကို ရည်ရွယ်သလဲ။ ဘာအတွက် ဒါကိုနိဒါန်းမှာ   ပေးထားလဲဆိုတာ တွေကို သိရန်လိုသည်။  နားမလည်သောကြောင့် မ ဖတ်၊ မဖတ်သောကြောင့် နားမလည်၊ လုံးလည်ချာလည် လိုက်ကာ နောက်ဆုံး စာမေးပွဲနီးမှ ‘အရေးကြီးတယ်၊ မေးမယ်’ဆိုသော စာ များကို ဂရုစိုက်ကျက်မှတ်ကြကာ စာမေးပွဲအောင်သွားကြသည်။ ဒါကို တစ်ပွဲတိုးဟု ခေါ်ပါသည်။  များသောအားဖြင့်တစ်ပွဲတိုး စာ ဖတ်သောကျောင်းသားအများသည် ဘာသာရပ်ကို လိပ်ပတ်လည် အောင်မသိကြ၊ မတတ်ကြပါ။ ကျောင်းသား အများစုသည် တစ်ပွဲတိုးသာဖြစ်သောကြောင့် စာတတ်သူ အရေအတွက် နည်းလာသည်။ ”ကျွန်တော် ဘွဲ့ရပြီးပါပြီ၊ ဒါ ပေမဲ့ စာတစ်လုံးမှမမှတ်မိတော့ ဘူး”ဆိုသည့် ကျောင်းသားများစွာ ကို တွေ့ဖူးပေမည်။ သူတို့နားမလည် သည့်အတွက် ဘာသာရပ်ကို လည်း ‘မုန်း’လာပါသည်။ တကယ်တော့ ရူပဗေဒပညာ ရပ်ကိုသင်ယူလျှင် ထိုဘာသာရပ် သဘောတရားကို သိလာသည်။ ထို့ထက်ပို၍ ထိုဘာသာရပ်တွင် ဆင်ခြင်နိုင်ဖို့ လိုသည်။ အဓိက ကတော့ ပညာရေးသည် အတွေး တွေကို သင်ပေးခြင်းဖြစ်သည်။ စာကျက်ပြီး ဘာသာရပ်ကို မုန်း သောကျောင်းသည် အပြင်ရောက် လာသည့်အခါ စာဖတ်ဖို့ ကြောက် သည်။ ဆောင်းပါးတစ်ပုဒ်ကို ဆုံး အောင်ဖတ်၍ နားမလည်ပါ။ စာစီ စာကုံးတစ်ပုဒ်ကို မရေးတတ်ပါ။  စာဖတ်မှ ကိုယ်ရည် ကိုယ်သွေး မြင့်သည်။ ထို့ကြောင့် ပညာသင် ခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ ‘စာ ဖတ်ရန် အလေ့အကျင့်’ဖြစ်မြောက် စေဖို့ဖြစ်သည်။ စာအုပ်ကိုကြောက်သည်။ စာဖတ်ရမှာ   ကြောက်သည်။ ထိုသူများစွာကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုသည်။ ”ကျွန်တော်က အဝေးသင် တက်တာပါဆရာ၊ ၁ဝ ရက်ပဲ တက်ရတယ်၊ အဲဒီရက်မှာ စာဖတ် ပြီးစာမေးပွဲဖြေတာပဲ။ အောင်တဲ့ အခါလည်း အောင်တာပေါ့။ ကျွန် တော်ဘာမှမတတ်တာ အမှန်ပဲ” ကျွန်တော် ကျောင်းသားများ စွာနှင့် ဆုံဖူးပါသည်။ သူတို့ဘွဲ့ရပြီး အင်တာဗျူး တချို့ဝင်သည့်အခါမှာ ကျွန်တော် မေးဖူးပါသည်။  တက္ကသိုလ်ပညာရေးကို သူ တို့ဘာမှမသိ။ ပါမောက္ခကိုလည်း မသိ၊ ပါမောက္ခချုပ်အမည်လည်း မကြားဖူး ပါ။ မိမိတို့ကို သင်ကြားပို့ ချသွားသော ဆရာ၊ ဆရာမကို လည်း မသိကြပါ။ ပြဋ္ဌာန်းစာအုပ် မမြင်ဘူးပါ။ ဆရာပေးသော နုတ်တွေကိုသာ ဖတ်သည်။ သူတို့ဘာတွေ စိတ်ဝင် စားလဲ။ ”ဘွဲ့ရမယ်။ အလုပ်ရမယ်” ဒါပဲဖြစ်သည်။ အချိန်တော့ရှိပါသေးသည်။ သူတို့ စာဖတ်ကြဖို့လိုသည်။ ဘောလုံးပွဲကြည့်၊ ချဲထိုး၊ ဘီယာ ဆိုင်ထိုင်တာကို ဘဝလို့ ထင်နေရင် တော့ အနာဂတ်ကဆိုးတာပေါ့။ လူငယ်များစာဖတ်ဖို့ တိုက်တွန်းလိုပါ ကြောင်း။
ဒေါက်တာခင်မောင်ညို

လူငယ်နှင့် နိုင်ငံရေး

ကျွန်တော်တို့ လူငယ်ဘဝက နိုင်ငံရေးပါတီအများအပြားရှိသလို လွတ်လပ်သော လူထုလူတန်းစားအဖွဲ့ အစည်းများလည်း တရားဝင်စည်းရုံး လှုပ်ရှားခွင့်ရှိခဲ့လေသည်။ မတရား သင်းကြေညာထားသည့် လက်နက်ကိုင် သူပုန်အဖွဲ့များမှ လွဲ၍ နိုင်ငံရေး ပါတီများကို လွတ်လပ်စွာဖွဲ့စည်းခွင့် ပြုထားသည့် ဒီမိုကရေစီခေတ်တွင် နိုင်ငံရေး ယဉ်ကျေးမှုဖွံ့ဖြိုးလာခြင်း ဖြစ်ပေသည်။ ဖဆပလအစိုးရကို  ထောက်ခံသော နိုင်ငံရေးပါတီများ နှင့် လူထုလူတန်းစား အဖွဲ့အစည်း များရှိသလို အစိုးရကို ဆန့်ကျင် သော အတိုက်အခံနိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းများစွာ ရှိလေသည်။ အာဏာရ ဖဆပလပါတီကြီး၌ ပင် ဗတလစခေါ် တောင်သူလယ်သမား အဖွဲ့၊ တီယူစီဘီခေါ်အလုပ် သမား အဖွဲ့၊ လူငယ်အဖွဲ့အစိုးရကို ထောက်ခံသောဒီအက်စ်အိုခေါ်ကျောင်း သားအဖွဲ့များရှိကြသလို အတိုက် အခံနိုင်ငံရေးပါတီများအဖြစ် ဆိုရှယ် နီဟုခေါ်သည့် ဖဆပလ၏ ဆိုရှယ် လစ်ပါတီထဲမှ ခွဲထွက်လာခဲ့သော အလုပ်သမားပါတီ၊ ပြည်သူ့ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီပါတီ စသည် စသည်ဖြင့် နိုင်ငံရေး ပါတီအများအပြား ရှိသည်။ လွတ်လပ်သောနိုင်ငံရေး ယဉ်  ကျေးမှုဖွံ့ဖြိုးလာမှုအတွက် လူငယ် အဖွဲ့အစည်းအများအပြားမှာလည်း  အင်အားကောင်းစွာပေါ်ပေါက်ခဲ့ပါသည်။ ထိုအစဉ် အလာမှာ ဗြိတိသျှလက် အောက် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သည်။ ဖဆပလအစိုးရ  အောက်တွင် ဗကသခေါ် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ ချုပ်ကို တရားဝင်ဖွဲ့စည်းထားသည်။ ကျောင်းသား အခွင့်အရေးအတွက် နှင့်ကျောင်းသားများ လွတ်လပ်စွာ ရေးသား ဟောပြောစည်းရုံးခွင့် အတွက်ဖွဲ့စည်းထားသော   ကျောင်း သားအဖွဲ့အစည်းဖြစ်ကာ မည်သည့်နိုင်ငံရေး ပါတီအဖွဲ့အစည်းတို့ ၏ လက်အောက်ခံ၊ သြဇာခံ မဟုတ်ဘဲကျောင်းသားအခွင့်အရေး အတွက် သာဖြစ်ပါသည်။
ထိုဗကသ များအဖွဲ့ချုပ်ကဲ့သို့ ပင် တကသ၊ ရကသ၊ ဗတက သ  ကျောင်းသားတပ်ဦး ၊ တပ်ဦး သစ်စသောကျောင်းသားအဖွဲ့အစည်း အများအပြားရှိလာသလို လူငယ် ကျောင်းသားများမှာ ထိုအဖွဲ့အစည်း များနှင့် ထိတွေ့လာကြသည်။ နိုင်ငံ ရေးလှုပ်ရှားမှုများ ပြင်းထန်လာချိန်၌ ထိုကျောင်းသားအဖွဲ့များမှာ ဗကပ၊ အလံနီ၊ မလညပ စသော နိုင်ငံရေး ပါတီများ၏ သြဇာလွှမ်းမိုးမှု ကို ခံရသည်။ ပြည်သူ့လူငယ်အဖွဲ့၊ လူငယ်တပ်ဦးအဖွဲ့၊ ဖဆပလ လူငယ်အဖြစ် ပြည်ထောင်စု လူငယ် အဖွဲ့စသည့် တရားဝင်လူငယ် ဖွဲ့အစည်း များမှာလည်း လူငယ့် အကျိုးအတွက်၊ စာကြည့်တိုက်များ ဖွင့်ခြင်း၊ ဘောလုံးအသင်းနှင့် အခြား အားကစားအသင်းများ ထောင်ခြင်း တို့ကို   ပြုလုပ်ခဲ့သည်။ နောင်အခါ၌ ထိုလူငယ်အဖွဲ့များမှာ နိုင်ငံရေးအဖွဲ့များ အဖြစ်လှုပ်ရှားခဲ့ပါတော့သည်။ တစ်နည်းပြောရလျှင် ထိုခေတ်ကလူငယ် များမှာ နယ်ချဲ့  ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများ၏ ရိုက်ခတ်ချက်ကြောင့် နိုင်ငံရေး အသိအမြင် အားကောင်းတိုးတက် လာခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ၁၉၄၈ ခုနှစ် ကတည်းက စတင်ခဲ့သော ပြည်တွင်းစစ်မီးမှာလည်း အရှိန်ပြင်း လာသလို ငြိမ်းချမ်း ရေးလှုပ်ရှားမှုများလည်း အားကောင်းလာသည်။ လူငယ်အများ အပြားမှာ လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများ တွင် ပါဝင်ပတ်သက် လာခဲ့ပေသည်။ ထိုအချိန်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်း စစ်ရပ်စဲရေးနှင့်   ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့စသော အဖွဲ့အစည်းများတွင်  လူငယ်များ အားတက်သရော် ပါဝင်လှုပ်ရှားခဲ့ကြသည်။ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် တို့သည် နိုင်ငံရေးပါတီများနှင့် မပတ်သက်ပေ။ ဖဆပလအစိုးရအဖွဲ့မှ ခေါင်းဆောင် များ၊ အတိုက်အခံပါတီများမှ ခေါင်းဆောင်များ(ဦးသိန်း ဖေမြင့်၊ သခင်လွင်၊ သခင် လှကျွေ၊ သခင် ချစ်မောင်) လက်နက်ကိုင်သူပုန်များ (ဗကပခေါင်းဆောင်သခင်သန်းထွန်း၊ အလံနီခေါင်းဆောင်သခင်စိုး) စသည့် နိုင်ငံရေးသမားအားလုံး၏ ဆရာ   ဖြစ်သော  ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဦးဆောင်ဖွဲ့ စည်းထားခြင်းဖြစ်သည်။ ထိုငြိမ်းချမ်း ရေးအဖွဲ့များတွင် ဆရာ ကြီး သခင်ကိုယ်တော်မှိုင်း၏ သွန်သင်မှု   အောက်၌ ပါဝင်လှုပ်ရှားခဲ့သော လူ ငယ်များသည် နိုင်ငံရေးယဉ်ကျေးမှု၏ အတွေ့အကြုံနှင့် အနှစ်သာရ ကို နားလည်ခံစားခဲ့ကြရသည်။ ထိုလူငယ်များသည် ထိုအချိန် က အသက် ၂ဝ ကျော် ၃ဝ နီးပါး သာရှိကြပေလိမ့်မည်။ ဗန်းမော် တင်အောင်၊ ဒဂုန်တာရာ၊ မြသန်း တင့်၊ သခင်မြသန်း၊ တော်ဘုရား ကလေး၊ အံ့မောင်၊   မောင်တင်   ရွှေ၊ မောင်လင်းယုန်(ရှမ်းပြည်) စသည့် ငြိမ်းချမ်းရေးတပ်သားများ ဖြစ်ပါ သည်။ ”လူသည်နိုင်ငံရေးသတ္တဝါ ဖြစ် သည်” ဆိုသော ပလေတို၏ စကားမှာ ဆင်ခြေ မပေးနိုင်   လောက် အောင် မှန်ကန်လွန်းလှသည်။ ကျွန် တော်သည်ဆယ်ကျော်သက်အရွယ် အသက် ၁၆ နှစ်ကျော် ၁၇ နှစ် ကတည်းကအဖွဲ့အစည်းထဲရောက် ခဲ့သည်။ စာဖတ်   ခြင်း၏ အကျိုး အဖြစ် အသင်းအဖွဲ့ထဲတွင် စုပေါင်း တာဝန်ယူခြင်းကို အားကျခဲ့သလို  လက်တွေ့လုပ်ဆောင်ရာတွင် ကျေ နပ်ဂုဏ်ယူခဲ့ပါသည်။ မြို့နယ်ကျောင်း သားသမဂ္ဂတာဝန်၊ ပြည်သူ့ လူငယ် အဖွဲ့တာဝန်၊ ငြိမ်းချမ်းရေးအဖွဲ့ တာ ဝန်များကိုယူရင်း တိုင်းပြည်အတွက် နိုင်ငံရေးတာဝန်ယူရသည်မှာ မြင့်မြတ်သည်၊ ဂုဏ်ရှိသည် ဟုယုံကြည် နားလည်ခဲ့လေသည်။ ငယ်ရွယ်နုပျိုစဉ် နိုင်ငံရေးယဉ် ကျေးမှုကို နားလည်သဘောပေါက် ပြီး နိုင်ငံရေးတာဝန်ကို ယူနိုင်လျှင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက်  အလွန်အကျိုးရှိပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် အသက် ၂ဝ ကျော်ကတည်းက နိုင်ငံရေးလှုပ်ရှား မှုတွင်ပါဝင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်၊ ကွန်မြူ နစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ဖဆပလ အဖွဲ့ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် အဖြစ် တာဝန်ကြီးများကို ယူရင်း အသက် ၃၂ နှစ် အရွယ် နုပျိုစဉ်မှာ ပင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသည်။ လူငယ်ခေါင်းဆောင်သည် လူကြီး ခေါင်းဆောင်ထက် သာသည်မှာ စိတ်ရော ရုပ်ပါနုပျိုပြီး ခေါင်းဆောင် မှုပေးနိုင် သည့် ခွန်အားအပြည့်ရှိ ခြင်းဖြစ်သည်။ နယ်လ်ဆင်မင်ဒဲလား သည်ထောင်ထဲတွင် ၂၇ နှစ်ကျော် နေခဲ့ပြီးနောက် အပြင်ရောက်သည့် အခါသူ့ပါတီ ဗဃြ က ရွေးကောက်ပွဲ တွင် တစ်ခဲနက် အနိုင်ရခဲ့ သည်။ မင်ဒဲလားသည် တောင်အာဖရိကနိုင်ငံ သမ္မတအဖြစ် တာဝန်ယူ ရင်းအသက် အရွယ်ရလာသောအခါ အငြိမ်းစားယူခဲ့သည်။ လူထုက သူ့ ကို သမ္မတတာဝန် ဆက်ယူစေချင်သော်လည်း သူကအနားယူခဲ့သည်။ မင်ဒဲလားက ”လူဟာ အသက်၇ဝ လောက်အထိ အရွယ်ရလာရင် တွေးခေါ်ချင့်ချိန်မှု အားနည်းလာ ပါတယ်။ ဒီအရွယ်မှာ အရေးကြီးတဲ့ တိုင်းပြည်တာဝန်ကို  မယူသင့်တော့ ပါဘူး။ လူငယ်၊ လူလတ်တွေကိုပဲ တာဝန်ပြောင်းပေးသင့်တယ်”ဟု ပြောကြားခဲ့လေသည်။
ယခုတလော အရှေ့အလယ် ပိုင်းဒေသတစ်ခုလုံးတွင် မိုးပြိုသလို ဒီမိုကရေစီတောင်းဆိုမှု၊ လူထုဆန္ဒ ပြပွဲများ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဖြစ်ပွားနေသည်။ အထူးသဖြင့် ပုဂ္ဂိုလ်တစ်ဦးတည်းက နှစ်ပေါင်းများ စွာ နိုင်ငံကိုအုပ်ချုပ်နေမှုအား မကျေနပ်မှုသည် အကြောင်းအချက် တစ်ခုဖြစ်သည်။ အီဂျစ်နိုင်ငံ တွင်ရာသက်ပန် သမ္မတအဖြစ်   နှစ်ပေါင်း ၃ဝ ကျော် အုပ်ချုပ်နေမှု၊ ဆီးရီးယားနိုင်ငံရှိ သမ္မတအာဆတ်၏ ရာသက်ပန် အာဏာယူထားမှုကို မကျေနပ်ကြ၍ လူထုတိုက်ပွဲများ ဖြစ်ပေါ်ခဲ့ရသည်။ အရှေ့အလယ် ပိုင်းမှ လူငယ် ပညာတတ်များက ထိုဆန္ဒပြပွဲများကို ဦးဆောင်ပါဝင်ခဲ့ကြ လေသည်။ ဆိုလိုသည်မှာ လူငယ် များသည် အပြောင်းအလဲကို   တောင်းဆို ဖန်တီးကြခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ထိုက်သင့် သောနေရာပေးရေးမှာ လူကြီးများ တွင် တာဝန်ရှိသည်။ တိုင်းပြည်တိုး တက်မှုအတွက် တာဝန်သိစိတ် ရှိလျှင် လူငယ်များကို အမွေဆက် ခံခွင့်ပေးရပေလိမ့်မည်။မူဘာရက်လို၊ အာဆတ်လို ရာသက်ပန် အာဏာ ချုပ်ကိုင်လိုစိတ်ရှိလျှင်ကားတိုင်း ပြည်တိုးတက်ဖို့ကားမလွယ်လှပေ။ ထိုအခါ ခေတ်ကိုပြောင်းလဲလို သော လူငယ်တို့နှင့် ထိပ်တိုက် ရင်ဆိုင်ရပေလိမ့်မည်။ လက်ဆင့် ကမ်းတာဝန်လွှဲပြောင်းမှုကို စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူသည် စနစ် တကျလုပ်ကိုင်နိုင်ခဲ့ပေသည်။ နိုင်ငံရေး တာဝန်ကို လူငယ် များ ထမ်းဆောင်နိုင်ပုံကို အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားက လက်တွေ့ပြသပါသည်။ မကြာသေး ခင်က အိုဘားမား အသက် ၅ဝ ပြည့်မွေးနေ့ကျင်းပခဲ့သည်။ အသက် ၆ဝ၊ အသက် ၇ဝ လူကြီးများအနေ ဖြင့် ၅ဝ အရွယ်ကို ငယ်သေးသည် ဟု သတ်မှတ်ရပေလိမ့်မည်။ ကမ္ဘာ့ အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံ ကြီးကို အုပ်ချုပ်ဖို့အမေရိကန်သမ္မတ တာဝန်စတင်ထမ်းဆောင်စဉ်က ဘားရက်အိုဘားမားမှာ အသက် ၄၇ နှစ်သာ ရှိပါသေး သည်။  ရုပ်ရော စိတ်ပါ အင်အားကောင်းသော၊ တိုင်း ပြည်တာဝန်၊ နိုင်ငံရေးတာဝန်ယူဖို့ ကောင်းဆုံးသော အရွယ်ဖြစ်ပါ သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မှာလည်း အသက် ၄ဝ ကျော်ပင်ရှိသည်။ ယခုထိုင်းနိုင်ငံရွေး ကောက် ပွဲတွင် အနိုင်ရသော ယင်းလတ်ရှင် နာဝပ်ထရာမှာ အသက် ၄၄ နှစ်အရွယ် ချောမော လှပသည့် စီးပွားရေးလုပ်ငန်းရှင် လူငယ်အမျိုးသမီးဖြစ်သည်။ လူငယ်နှင့် နိုင်ငံရေးယဉ်ကျေး မှုဖွံ့ဖြိုးလာခြင်းသည် ကမ္ဘာအနှံ့ လွှမ်းမိုးလာပေပြီ။ လူငယ်များကို နိုင်ငံရေးနှင့် ကင်းရမည်၊ လူငယ်များ   နိုင်ငံရေးမလုပ်ရဆိုသည့် အလွန် ခေတ်နောက်ကျသော အတွေး အခေါ်မှာ သမိုင်းအမှိုက်ခြင်းထဲ စွန့်ပစ်ခံရသည်မှာ ကြာပေပြီ။ လူငယ်များ ကို နိုင်ငံရေး ရင့်ကျက်အား၊   နိုင်ငံရေးကို နားလည်သဘော ပေါက်အောင် နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်ပတ်သက်စေ   အောင် စည်းရုံးရပေမည်။ ကမ္ဘာကြီးသည် အပြောင်းအ လဲဆီသို့ အဟုန်ပြင်းပြင်းချီတက် နေသည်။ မထင်မှတ်သော ဖြစ်ရပ်များ၊ အပြောင်းအလဲများမှာလည်း ရုတ်တ ရက်ဖြစ်ပေါ်လျက်ရှိ၏။ သို့သော် ထို ရုတ်တရက်အပြောင်းအလဲမှာ မိုးပေါ် မှ ချက်ချင်းကျလာခြင်း မဟုတ်ပေ။ တရွေ့ရွေ့ဖြစ်စဉ်များ၊ ယခင့် ယခင်က တစ်စတစ်စ   ပြောင်းလဲမှုများ အားကောင်း လာချိန်တွင် ရုတ်တ ရက်ပြောင်းသွားခြင်းဖြစ်ပါသည်။ သမိုင်းဖြစ်ပေါ်မှုကို မိုက် ရူးရဲဆန်စွာ တား၍မရနိုင်ပေ။ တားဆီးသူမှန် သမျှကို သမိုင်းက နင်းချေသွားပေ လိမ့် မည်။ သမိုင်းကို ဖန်တီးသူမှာ လူထုဖြစ်၏။ ထိုလူထုကို ဦးဆောင် မည့်သူမှာ လူငယ်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေ ဖြင့်   နိုင်ငံရေး ယဉ်ကျေးမှုကို နားလည် သဘောပေါက်အောင် သဘာ တရားရောလက်တွေ့ပါ ကြိုးစား သ%

၂ဝ၁၁ ခုနှစ်အတွင်း နိုင်ငံတကာ စိတ်အဝင်စားဆုံး သတင်း ၁ဝ

Share
အင်အားပြင်းထန်လှသော ငလျင်ကြီးကြောင့် စုနာမိလှိုင်းလုံးကြီးများ ဂျပန်ကမ်းခြေသို့ ရိုက်ခတ်လာစဉ်
၁။ ၂ဝ၁၁ ခုနှစ်အတွင်း ကမ္ဘာ တစ်ဝန်းမှ စိတ်အဝင်စားဆုံး သတင်းမှာ ဘင်လာဒင်ကို အသေဖမ်းမိခြင်း ပင်ဖြစ်ကြောင်း အေပီသတင်းဌာန အပါအဝင်  နိုင်ငံတကာ သတင်း  ဌာနအချို့၏ စစ်တမ်း ကောက်ယူချက်များအရ သိရသည်။  ယင်းကပင်လျှင် အကြမ်းဖက် ဝါဒနှင့် အစွန်းရောက် ဝါဒတို့ကို ကမ္ဘာတစ်ဝန်းက မည်မျှမုန်းတီးရွံရှာ   နေကြကြောင်း ခိုင်မာသည့် အထောက်အထားတစ်ခုပင် ဖြစ်တော့ ၏။ ဘင်လာဒင်သည် အမေရိကန် တစ်နိုင်ငံတည်း၏ ရန်သူမဟုတ်။ နိုင်ငံတကာ၏ ရန်သူတစ်ဦးဖြစ် သလို ဘင်လာဒင်ကဲ့သို့သောသူ အားလုံးသည်လည်း နိုင်ငံတကာ၏ ရန်သူများပင် ဖြစ်တော့သည်။ ဘင်လာဒင်အားအသေဖမ်းမိကြောင်း ကို အမေရိကန်သမ္မတ အိုဘားမားက မေလ ၁ ရက်နေ့က ကမ္ဘာသို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
၂။ ဘင်လာဒင်ကို အသေမိခြင်းထက် စောသော်လည်း ကမ္ဘာတစ်ဝန်း စိတ်အဝင်စားဆုံး သတင်းများအနက် ဒုတိယလိုက်သည့် သတင်းမှာ ဂျပန်ငလျင်ကြီးသတင်း ပင်ဖြစ်၏။ ပြင်းအား ၉ ဒသမ ၁ ရှိသော ငလျင်ကြီးတစ်ခု ဂျပန်နိုင်ငံ အရှေ့မြောက်ကမ်းခြေတွင် လှုပ်ခတ်သွားခဲ့သည်။ လူဦးရေ ၁၅၈၄ဝ ခန့်သေဆုံးခဲ့ပြီး၊ ၃၉၂၆ ဦးခန့်   ပျောက်ဆုံးခဲ့သည်။ ငလျင်ကြောင့် နျူကလီးယားစက်ရုံများပါ ထိခိုက် ပေါက်ကွဲမှုများဖြစ်ခဲ့သည်။ သို့ရာတွင် ဂျပန်အစိုးရသည် အဆိုပါ အဖြစ်ဆိုး၏ အကျိုးဆက် များကို နိုင်နင်းစွာ ကိုင်တွယ်နိုင်ခဲ့သဖြင့် တစ်လအတွင်း ပုံမှန်အခြေအနေသို့ ပြန်ရောက်ခဲ့သည်။ အဆိုပါ ဂျပန် ငလျင်ကြီးကြောင့် ဆူနာမီအရေးပေါ် ကြေညာချက်များ ကမ္ဘာ့နိုင်ငံ ၅ဝ ခန့်တွင် ကြေညာခဲ့ရသည်။
၃။ ၂ဝ၁၁ ခုနှစ် နှစ်စပိုင်းတွင် ဖြစ်ပွားခဲ့သော အာရပ်နွေဦး အုံကြွ မှုများမှာမူ ကမ္ဘာတစ်ဝန်း စိတ်အဝင်စားဆုံး သတင်းများအနက် တတိယလိုက်၏။ ယင်းကို အာရပ်   နိုးကြား  ခြင်းဟုလည်း လူသိများသည်။ အရှေ့အလယ်ပိုင်းနိုင်ငံ တစ်ခု ဖြစ်သော တူနီးရှားဝယ်လမ်းဘေး ဈေးရောင်းသူ လူငယ်တစ်ဦး ကိုယ့်ကိုယ်ကို မီးရှို့ သတ်သေ   ခြင်းမှ  စလိုက်သော လှုပ်ရှားမှုသည် အရှေ့ အလယ်ပိုင်းရှိ အာရပ်နိုင်ငံအချို့ ဖြစ်သော အယ်လ်ဂျီးရီးယား၊ လစ်ဗျား၊ အီဂျစ်၊ ဂျော်ဒန်နှင့် ယီမင် နိုင်ငံများဆီသို့တိုင်အောင် ကူးစက် သွားခဲ့သည်။ အာဏာရှင်အစိုးရများ ပြုတ်ကျသွားခဲ့ကြသည်။ လှုပ်ရှား သူများသည်  facebook လူမှုကွန် ရက်ကို ကောင်းစွာအသုံးချခဲ့ကြ သဖြင့် နိုင်ငံတကာ အစိုးရများအနေ ဖြင့်ခေနဘသသု သည် အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်ခြင်းနှင့် ကောင်းမွန်သော အုပ်ချုပ်မှုပေါ် ပေါက်လာရေးအပေါ် အကျိုးသက်   ရောက်မှု များစွာရှိနေကြောင်း သတိ မပြုဘဲ မနေနိုင်အောင်ဖြစ်လာရ တော့သည်။ သို့သော်  facebook ကြောင့် အနုတ်လက္ခဏာ ဆောင်သော ဆူပူအုံကြွမှုများ ပေါ်ပေါက် လာရခြင်းကမူ မဖြစ်သင့်ချေ။ အာရပ်နွေဦး လှုပ်ရှားမှုများဝယ်  facebook ကိုကောင်းစွာအသုံးချ ကြခြင်းကို အတုယူမှုများလည်း ပေါ်ပေါက်ခဲ့သဖြင့်  facebook ကို တည်ထောင်သူ ဇူကာဘတ်ကပင်လျှင်  facebook ကိုပိတ်ပစ်ရန်အကြံ ပေါ်ခဲ့ရသည်။
၎။ ဥရောပသမဂ္ဂ နိုင်ငံများ၏ ဘဏ္ဍာရေး အကျပ်အတည်းကိစ္စမှာ လည်း ကမ္ဘာတစ်ဝန်း စိတ်ဝင်စားကြသော သတင်းများဝယ် နံပါတ် လေး နေရာတွင်ရှိကြောင်း သိရ သည်။ ပြင်သစ်နှင့် ဂျာမနီတို့သည် အဆိုပါ ကြေွးမြီး အကျပ်အတည်းများ ပြေလည်စေရေး အရေးတကြီး ကြိုးပမ်းအားထုတ်ကြသည်။ ဗြိတိန် ကမူ အပြောင်းအလဲများ အတွက် လက်တွန့်နေပုံရ၏။
၅။ အမေရိကန် စီးပွားရေးကိစ္စ များကိုလည်း နိုင်ငံတကာက စိတ်ဝင်စားစွာ စောင့်ကြည့်ကြသည်။ အချို့ကလည်း အမေရိကန်စီးပွားရေး ယခုနှစ်တွင်ပြန်လည်   ခေါင်း   ထောင်လာမည်ဟု ခန့်မှန်းကြသော် လည်း အလုပ်လက်မဲ့ပြဿနာမှာမူ ကြီးမားနေဆဲပင်ဖြစ်သည်။ နိုင်ငံ တစ်ဝန်းအလုပ်လက်မဲ့ဦးရေမှာ ၉ ရာခိုင်နှုန်းအောက်သို့   ရောက်သွား ပြီဖြစ်သော်လည်း သန်းပေါင်းများစွာ သော အမေရိကန်တို့အနေဖြင့် ယင်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေဆဲ ပင်ဖြစ်သည်ဟု သိရသည်။ ရင်းနှီ မြှုပ်နှံသူများ အနေဖြင့်လည်း ဥရောပ ငွေကြေးအကျပ်အတည်း၏ ရိုက်ခတ်မှုများကို ခံနေရသည်။
၆။ လစ်ဗျားအာဏာရှင် မွမ်မာ ဂဒါဖီကို အစိုးရဆန့်ကျင်သူများက သတ်ဖြတ်လိုက်ခြင်း သတင်းမှာမူ ဆဋ္ဌမမြောက် စိတ်အဝင်စားဆုံး သတင်းတစ်ပုဒ်ဖြစ်သည်။     အောက်တိုဘာ ၂ဝ ရက်နေ့ တွင် ယင်းအားသုတ်သင်လိုက်ကြ ခြင်းဖြစ်၏။ လစ်ဗျားပြည်တွင်း စစ်ကြောင့် တိမ်းရှောင်နေရသော ကဒါဖီကို ယင်း၏ မွေးဇာတိဖြစ် သည့် တံငါရွာကလေးတစ်ရွာ အနီး တွင် ခြေရာခံမိပြီး လက်ရဖမ်းမိ သည်ဝယ်၊ ဒေါသကြီးနေကြသော သူပုန်များက သုတ်သင်လိုက်ကြ ခြင်းဖြစ်သည်။
၇။ ဝေါလမ်းမကို သိမ်းပိုက်ခြင်း သတင်းမှာလည်း လူအများ စိတ် အဝင်စားဆုံးသတင်း တစ်ပုဒ်ဖြစ် သည်။ စက်တင်ဘာ ၁၇ ရက်နေ့ ကတည်းက ဝေါလမ်းမအနီး ဇူကော့ တီဥယျာဉ်တွင် စတင်ခဲ့သော လူထု ဆန္ဒဖော်ထုတ်မှုသည် ရက်သတ္တ ပတ် အနည်းငယ်အတွင်း အင်အား ကောင်းလာပြီးနောက် နိုဝင်ဘာလတွင်မူ ဝေါလမ်းမကို လူထုက သိမ်း ပိုက် သည်အထိဖြစ်လာခဲ့သည်။ ဆန္ဒပြသူများ၏ အဓိကကြေွးကြော်သံမှာ နိုဘယ်ဆုရ စီးပွားရေး ပညာရှင် ဂျိုးဆက်စတစ်ဂလစ်၏ ဆောင်းပါးတစ်ပုဒ်မှ ဆင်းသက်လာ ခြင်းဖြစ်သော ”ကျွန်ုပ်တို့သည် ၉၉ ရာခိုင်နှုန်း”ဟူသည်ပင်ဖြစ်၏။ ဆိုလိုသည်မှာ အမေရိကန်ပြည်သူများ၏ ၁ ရာခိုင်နှုန်းမှာ အချမ်းသာဆုံးများ ဖြစ်နေပြီး၊ ကျန် ၉၉ ရာခိုင်နှုန်းမှာမူ သာမန်အခြေအနေသာရှိသဖြင့် ဝင်ငွေနှင့်ကြွယ်ဝမှုများ မမျှမတဖြစ် နေခြင်းကိုဆိုလိုသည်။ ယင်းဆန္ဒပြ သူများသည်လည်း facebook  ကို   ကောင်းစွာ အသုံးချခဲ့ကြသဖြင့် အလားတူလှုပ်ရှားမှုများ ကမ္ဘာ့နိုင်ငံ အချို့တွင် ပေါ်ပေါက်ခဲ့ရသေးသည်။
၈။ မြောက်ကိုရီးယား ခေါင်း ဆောင် ကင်ဂျုံအီကွယ်လွန်ခြင်း သတင်းမှာလည်းလူစိတ်ဝင်စားသည့် သတင်းများတွင် အပါအဝင်ဖြစ် သည်။ အသက် ၇ဝ အရွယ် ကင်ဂျုံအီသည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခြင်းဖြစ် သည်။ ကင်ဂျုံအီကွယ်လွန်ပြီး နောက် ရက်သတ္တတစ်ပတ်အကြာ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အသက် ၂၇ နှစ်သာရှိသော သူ့သား ကင်ဂျုံ အန်သည် ကိုရီးယားပြည်သူ့ တပ်မတော်၏ စစ်သေနာပတိချုပ်ဖြစ် လာခဲ့သည်။ နျူလက်နက်ပိုင်ဆိုင် ထားသော မြောက်ကိုရီးယားနိုင်ငံဝယ် ဖခင်ဖြစ်သူ၏ ”တပ်မတော်သည်သာ ပထမ” မူဝါဒကို ဆက်လက် ကျင့်သုံးမည်ဖြစ်သည့် အသက် ငယ်ရွယ်သေးသော စစ်ခေါင်း   ဆောင် တစ်ဦးပေါ်ပေါက်လာသဖြင့် တောင် ကိုရီးယားနှင့် အမေရိကန်တို့ အပါအဝင် စိတ်ပူပန်သူများရှိနေကြသည်။
၉။  အီရတ်စစ်ပွဲကို လုံးဝ အဆုံးသတ်လိုက်ပြီဟု အမေရိကန် အစိုးရက ဒီဇင်ဘာလ ၁၅ ရက်နေ့ တွင် ကြေညာခဲ့သည့်သတင်းကို လည်း ကမ္ဘာတစ်ဝန်းက စိတ်ဝင် စားစွာ ကြိုဆိုကြသည်။ ၂ဝဝ၃ ခုနှစ် မတ်လ ၂ဝ ရက်နေ့ကစတင်ခဲ့ သော အီရတ်စစ်ပွဲကို ၈ နှစ်ကျော် ကြာပြီးနောက်ဝယ်အဆုံးသတ်လိုက် ခြင်းဖြစ်သည်။ ထို့အတွက် အမေ ရိကန်အား ကျူးကျော်သူအဖြစ် ရှုတ်ချသူများ ပေါ်ပေါက်ခဲ့သလို၊ ကယ်တင်ရှင်တစ်ဦးအဖြစ် ရှုမြင် ကြသူများလည်း ရှိခဲ့သည်။ ထိုစစ်ပွဲ အတွက် အမေရိကန်နိုင်ငံ သား အခွန်ထမ်းပြည်သူများ၏ ငွေကြေး ၁ ဒသမ ၉ ထရီလျံမျှ သုံးစွဲခဲ့ ရကြောင်း ခန့်မှန်းကြသည်။ အမေရိ ကန်တပ်ဖွဲ့ဝင် ၄၄၈၄ ဦးမျှ သေဆုံး ခဲ့ကာ ၃၃၁၈၆ ဦးမျှ ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး၊ အီရတ်ပြည်သူ တစ်သိန်း ကျော်သေဆုံးခဲ့သည်။
၁ဝ။ နော်ဝေနိုင်ငံ အော့စလို မြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက် သတ်ဖြတ်မှု နှစ်ခုကြောင့် ၇၆ ဦး သေဆုံးခဲ့ရခြင်းကိုလည်း ကမ္ဘာ တစ်ဝန်း ထိတ်လန့်တုန်လှုပ်စွာ စိတ်ဝင်စားကြသည်။ ဇူလိုင်လ ၂၂ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ တရားခံမှာ အသက် ၃၂ နှစ်အရွယ် လက်ယာအစွန်းရောက်ဝါဒီ အန် ဒရေးဘာရင်းဘရီဗစ်   ဖြစ်သည်။ ဇူလိုင်လ ၂၅ ရက်နေ့တွင် အကြမ်း ဖက်မှုကြောင့် သေဆုံးသူများအား အောက်မေ့ သတိရခြင်းအားဖြင့် နော်ဝေနိုင်ငံသား နှစ်သိန်းခန့်က လွမ်းသူ့ ပန်းစည်း များကိုင်ဆောင် ကာ စီတန်းလှည့်လည်ခဲ့ကြသည်။
၂ဝ၁၁ဝယ် အင်တာနက် လူမှုကွန်ရက်များသည် နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များ အတွက် အဆိုးရော အကောင်းဘက်များမှပါ အကျိုးသက်ရောက်မှု များစွာ ရှိလာခြင်းမှာ အထူးပင်ထင်ရှားသည်။ အကြီးဆုံး လူမှုကွန်ရက်ဖြစ်သည့် facebookတွင် အဖွဲ့ဝင် ပေါင်းသန်း ၈ဝဝ မျှရှိနေကာ၊ ယင်းကို နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ် ပါက တရုတ်နှင့်အိန္ဒိယပြီးလျှင် တတိယ လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်နေပြီ။ ထို့အပြင်ခေနဘသသု မှ သတင်းပျံ့နှံ့မှုမှာလည်း လွန်စွာပင် လျင်မြန်ကြောင်း   တွေ့ရသည်။ ယင်းကို အသုံးပြု၍ စိတ်တူဝါသနာ တူကွန်ရက်များ ထပ်ဆင့်ဖွဲ့စည်း ကာ လှုပ်ရှားမှုအမျိုးမျိုးပြုလုပ်နေကြ ကြောင်း သိရသည်။  ကုလသမဂ္ဂမှ ထုတ်ပြန် သည့် ၂ဝ၁၂ ခုနှစ် ကမ္ဘာ့စီးပွားရေးအလား အလာ အစီရင်ခံစာအရမူ ရှေ့နှစ် တွင်လည်း ကမ္ဘာ့စီးပွားရေးကျဆင်း နေဦးမည်ဖြစ်ကြောင်း သိရသည်။   ဥရောပသမဂ္ဂနိုင်ငံ များတွင် ကြေွးမြီပြဿနာများကိုမူအတိုင်းအ တာတစ်ခုမျှအထိ ထိန်းချုပ်သွားနိုင် မည်ဖြစ်သလို အမေရိကန်ဘဏ္ဍာ ရေးအကျပ်အတည်းမှာလည်း ယခု ထက်ပိုဆိုး လိမ့်မည်မဟုတ်ဟု သုံး သပ်ထားသော်ငြား ကမ္ဘာ့စီးပွားရေး အခြေအနေမှာမူ နောင်နှစ်နှစ်အထိ ဖရိုဖရဲဖြစ်နေဦးမည်ဟု ကမ္ဘာ့စီးပွားရေး ပညာရှင်များက သုံးသပ်ကြ သည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကမူ ပြဿနာအဝဝမှ သက် သာစေရေး၊ နိုင်ငံတော်၏ ဘဏ္ဍာ ရေးအသုံးစရိတ်များကို ချွေတာသုံး စွဲရန်တိုက်တွန်းနေကြောင်း သိရသည်။ နိုင်ငံတိုင်း၏ ငွေကြေးဈေး ကွက်များအပေါ် အကျိုးဆက်များ ပေါ်ပေါက်လာစေမည့် မူဝါဒချမှတ် ကာ နိုင်ငံခေါင်းဆောင်များ၏ ဆုံး ဖြတ်ချက်များမှာလည်း အဓိကကျ ပေလိမ့်မည်။ အားလုံးကို ခြုံငုံသုံးသပ်သော် ကမ္ဘာသူကမ္ဘာသားများသည် စစ်ပွဲများ အပါအဝင် အကြမ်းဖက်မှုများကို ကြောက်ရွံ့ မုန်းတီးနေကြကြောင်း ထင်ရှားသလို၊ ငွေကြေးအကျပ် အတည်းမှ လွတ်မြောက်လိုကြ ကြောင်း သိသာလှပြီး  အာဏာရှင် စနစ်ကို လက်မခံနိုင် ကြတော့သည် ကလည်း ထင်ရှားသည်။  ကမ္ဘာ့လူသား အများစုမှာမူ စစ်ပွဲများနှင့် အကြမ်းဖက်မှုများ ကင်းစင်ကာ အေးချမ်းသာယာသည့် ကမ္ဘာကြီး ဖြစ်လာစေရေးကို ဦးတည်နေကြသည်။

စာပေဟောပြောသူများ

Written by ဒေါက်တာခင်မောင်ညို   
Thursday, 29 December 2011 01:29
AddThis Social Bookmark Button
b39_17 ယနေ့ခေတ် စာပေဟောပြောပွဲတွေရဲ့ လမ်းကြောင်းတွေ ဘယ်ကိုဦးတည်နေလဲ။ ဖျော်ဖြေရေး၊ အသိပညာပေး၊ စာပေရေးတွေကနေ နိုင်ငံရေး စင်မြင့်ဖြစ်လာလေသလား။
ယနေ့ စာပေဟောပြောပွဲများ ခေတ်စားသည်။ စာပေဟောပြောမှုကို မြန်မာနိုင်ငံတစ်ခုတည်းမှာရှိသည် သို့မဟုတ် မြန်မာလူမျိုးအကြားတွင်သာရှိသည်ဟူသော စကားသည်လည်း မှန်ကန်သည်ဟု ယူဆမိသည်။  မြန်မာလူမျိုးများ စာပေနှင့် ပိုမိုနီးစပ်စေရန်အတွက် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ အစဉ်အလာ ဖြစ်လာသည်။ ထို့ကြောင့် စာဆိုတော်နေ့ဖြစ်သည့် နတ်တော်လဆန်းတစ်ရက်တွင် စာပေဟောပြောမှုကို နိုင်ငံအနှံ့ ပြုလုပ်ခဲ့ကြသည်။ ယနေ့တွင် စာပေဟောပြောပွဲ စီဒီများ ဗွီစီဒီများကြောင့် စာဖတ်သူများသည် စာပေဟောပြောသူများကို အရှင်လတ်လတ် မြင်တွေ့လိုသည့် ဆန္ဒတဖွားဖွားပေါ်လာကာ စာရေး ဆရာများကို ဖိတ်ကြားကာ ဟောပြောပွဲများ ပြုလုပ်လာကြသည်။ ထိုဟောပြောပွဲများသည် တစ်ခါတစ်ခါ စာရေးဆရာမထပ်စေဘဲ ၇ ရက် ၇ လီပြုလုပ်သည့် မော်လမြိုင်ပွဲမျိုးလည်း ရှိသည်။ ချင်းတွင်းမြစ်ကြောင်းတစ်လျောက် မြို့ရွာ ၃၀ ကို စာရေးဆရာ ၆၀ ခန့်ဖြင့် နှစ်ပတ်တာမျှ နေ့စဉ်သွားဟောပြောသော စာပေဟောပြောပွဲသည်လည်း ရှိသည်။ ပုံမှန်တစ်နေရာတစ် ရက်နှုန်းဖြင့် စာရေးဆရာ နှစ်ယောက် သုံးယောက်(အများဆုံးငါးယောက်) ဟောပြောမှုများသည် စာပေဟောပြောပွဲ အစဉ်အလာလိုဖြစ်သည်။
ယနေ့ ပွင့်လင်းလာသည့်အလျောက် စာရေးဆရာအချို့သည် ပြည်သူများခံစားရသော မကျေနပ်ချက်များ ပေါက်ကွဲမှုများနှင့် နိုင်ငံရေးစကား မျိုးချစ်စိတ်များကို ဖော်ထုတ်ပြောဟောသော စာရေးဆရာများကို ယနေ့တွင် စင်အတော်များများတွင် မြင်နိုင်သည်။
ကျွန်တော်သည်လည်း စာပေ ဟောပြောရာဝါသနာပါသည်။ မိမိဟောပြောသည်ကို နှစ်ခြိုက်သဘောကျသူများ တ၀ါးဝါး ပွဲကျသူများ မှတ်သားစရာစကားကို သဘောကျကြောင်း လာပြောဆိုမှုများကိုကြားပါက ပီတိဖြစ်မိလေ့ရှိသည်။ အကြောင်းကြောင်းကြောင့် စာပေဟောပြောပွဲကို မလာရောက်ဖြစ်သူ နားမထောင်ဖူးသူများသည် ယနေ့တွင် ဗွီစီဒီနှင့် နားထောင်ခွင့် ရလာကြသည်။  ထို့ကြောင့် စာပေဟောပြောပွဲနယ်ပယ်သည် အလွန်တရာမှ ကျယ်ပြန့်လာရာ စာရေးဆရာများတွင် တာဝန်အလွန်ကြီးလာပါသည်။ ''ဇာတ်သမားလာရင် မှတ်သားစရာကျန်တယ်'' ဟု ပြောစမှတ် အစဉ်အလာ ကြားဖူးကြပေမည်။ ယနေ့စာရေးဆရာများ၏ စာပေဗဟုသုတ အသိဉာဏ်ဖြန့်ဖြူးမှုသည် ဇာတ်သမားများထက်တော့ ပိုသင့်ပါသည်။ သို့သော် အချို့ကတော့ စာရေးဆရာပြန်ရင် ပုလင်းခွံကျန်တယ်ဆိုသည့် နောက်ပြောင်စကားများသည် အတိုင်းအတာတစ်ခုထိတော့ မှန်နေတာတွေ့ရသည်။ စာ ပေဟောပြောပွဲ လိုက်ဟောသည့် စာရေးဆရာများတွင် အောက်ပါရည်ရွယ်ချက် (၅)ချက်အနက် အားလုံးကိုသော်လည်းကောင်း အချို့အ၀က်သော ရည်ရွယ်ချက်များကိုသော်လည်းကောင်း ထားရှိတတ်ပါသည်။
၁။အကျိုးကျေးဇူးတစ်စုံတစ်ရာရှိဖို့
၂။အသိပညာပေးဖို့
၃။ဖျော်ဖြေဖို့
၎။စာပေသြဇာလွှမ်းမိုးဖို့
၅။စည်းရုံးဖို့

ဟောပြောတတ်သူ စာရေးဆရာ သို့မဟုတ် အနုပညာသမားတစ်ယောက်ကို စာပေဟောပြောရန်ခေါ်ပါက အဆင်ပြေလျှင် လိုက်သွားကြပါသည်။
အကျိုးကျေးဇူးတစ်စုံတစ်ရာ ရရှိဖို့
စာရေးဆရာသည် ထိုသို့လိုက်သွားလျှင် ဒေသန္တရဗဟုသုတ ရသည်။ ပြည်သူနှင့် နွေးထွေးစွာ ထိတွေ့ခွင့်ရသည်။ တစ်ခါတစ်ခါတော့လည်း ငွေကြေးကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်သည်။ တစ်ခါတစ်ခါတော့လည်း ပုဆိုးတစ်ကွင်း သာရသည်။ တစ်ခါတစ်ခါ ဘာမှမရ ပါ။ သို့သော် ပြောချင်တာလေးတွေကို ပြောခွင့်ရသောကြောင့် စာရေးဆရာအများစုသည် ၀မ်းသာကြသည်။
အသိပညာပေးဖို့
အလိမ္မာစာမှာရှိဆိုသော စကားကို အားလုံးလက်ခံကြသည်။ ထို့ကြောင့် စာရေးဆရာများသည် စာဖတ်ကြဖို့ တိုက်တွန်းကြသည်။ ထို့ကြောင့်လည်း စာဖတ်၍ တိုးတက်လာသော မိမိအတွေ့အကြုံများကို ပြောပြတတ်သည်။ စာအုပ်စာပေသမိုင်းတွေကို ပြောသည်။ ပညာရသများကို ပြောသည်။ လူမှုရေးအသိကို ပေးသည်။ နိုင်ငံရေးအသိကို ပေးသည်။ မျိုးချစ်စိတ်ကို နှိုးဆွသည်။
ဖျော်ဖြေဖို့
စာရေးဆရာများ အပြောကောင်းသည့်အခါ ပရိသတ်များ နောက်ကလိုက်ပါလာပြီး ဟင်းကောင်းတစ်ခွက် စားရသကဲ့သို့ နှစ်သက်ကြသည်။ အချို့ကတော့ သူတို့ပြောတာတွေကို မှတ်မိစေဖို့ ဟာသနှော ကာ ပြောတတ်သည်။ ထိုဟာသများတွင် ညစ်ညမ်းသောဟာသများ ပါ လာတတ်သည့်အတွက် စာရေးဆရာများ ဆင်ခြင်ပြောတတ်ပါသည်။
စာပေဟောပြောပွဲကို အနုပညာရှင်များအား ဖိတ်၍ ဟောပြောခိုင်းသည်လည်း ရှိသည်။ သူတို့က တီးမှုတ်ဖြေဖျော်သည်လည်း ရှိသည်။ တစ်ခါတစ်ခါတွင် စာရေးဆရာက သီးချင်းဆိုကာ အဆိုတော်တွေက ဟောပြောသည်လည်း ရှိသည်။
အချို့ကတော့ စာဟောပြောပွဲကို သန့်သန့်လေးဖြစ်စေချင်သည်။ သို့သော် ပရိသတ်ကတော့ အမျိုးမျိုးသော အနုပညာရှင်များ ပါလာစေချင်ကြသည်။

ပွဲဆူပြီး မချင့်မရဲဖြစ်အောင် ဟောပြောလို့လည်း ရသည်။ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ပညာပေးဟောပြောကာ အမှိုက်စနစ်တကျပစ်ဖို့ ကျွတ်ကျွတ်အိတ်တွေ သုံးတာလျော့ဖို့ သစ်ပင်တွေကို အလွန်အကျွံ မခုတ်ဖို့ စည်းရုံးဟောပြောသည် လည်းရှိသည် . . .
စာပေသြဇာလွှမ်းမိုးဖို့
စာပေအရှိန်အ၀ါကြီးမားသော စာရေးဆရာများ စာပေဟောပြောပွဲများကို ရောက်လာသည့်အခါ ပရိသတ်များ ၀မ်းသာကြည်နူးကြသည်။ အချို့သော စာရေးဆရာများသည် ဂျာနယ်တွင် အဓိကထားရေးသောကြောင့် သူတို့ကို နယ်ပရိသတ်များ မသိကြပါ။ အချို့လုံးချင်းရေး သော စာရေးဆရာများကို မြို့နေလူတန်းစားများ မသိကြပါ။
''ကျွန်တော် ဒီစာရေးဆရာကို မကြားဖူးပါဘူး''ဆိုသော စကားကို မကြာခဏ ကြားရဖူးသည်။ စာရေးဆရာသည် လူမသိသူမသိ ဖြစ်လေ့ရှိသည်။ ဆရာတက်တိုးက ပြောဖူးသည်။ ''ငါ့ကိုမင်းတို့ သိပေမယ့် မသိသူတွေ အများကြီးကွ၊ သူတို့က မင်းသားမင်းသမီးတွေကိုပဲ သိတာ''
''စာရေးဆရာသည် လူထဲက လူတွေပါ။ သူတို့တစ်တွေဟာ တို့ တစ်တွေနဲ့ အတူတူပါပဲလား''ဆိုသော အသိသည် ပြည်သူ့အကြား ရောက်စေချင်သည်။ စာပေဟာ တို့ကို လူတစ်လုံးသူတစ်လုံးဖြစ်စေနိုင်သည်ဟူသော အသိကို ရစေချင်သည်။
စာပေဟောပြောကာ သူတို့ သဘောပေါက်နားလည်မှု အတိုင်းအတာကိုတော့ ဂရုပြုရပါသည်။

စည်းရုံးဖို့
စာပေဟောပြောခြင်းဖြင့် ပရိသတ်ကို စာပေချစ်မြတ်နိုးလာစေရန် စည်းရုံးနိုင်သည်။ အတွေးတွေမြင့်မားဖို့ မေတ္တာတရားရှေ့ထားဖို့ စည်းရုံးနိုင်သည်။ စာပေမြင့်မှ လူမျိုးတင့်မည် စသော သတင်းစကားကို သူတို့ထံ ရောက်အောင် ပို့ပေးစည်းရုံးနိုင်သည်။ တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးစိတ်ကို နှိုးဆွပေးနိုင်သည်။ အမုန်းတရားတွေကို နှိုးဆွပေးကာ အုပ်ချုပ်သူအများ၏ အမှားတွေကို တူးဖော်ထုတ်ပြလို့လည်း ရသည်။ ပွဲဆူပြီး မချင့်မရဲဖြစ်အောင် ဟောပြောလို့လည်း ရသည်။ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ ပညာပေးဟောပြောကာ အမှိုက်စနစ်တကျပစ်ဖို့ ကျွတ်ကျွတ်အိတ်တွေ သုံးတာလျော့ဖို့ သစ်ပင်တွေကို အလွန်အကျွံ မခုတ်ဖို့ စည်းရုံးဟောပြောသည်လည်း ရှိသည်။ ဓာတ်မြေသြဇာထက် သဘာဝမြေသြဇာသုံးဖို့ အော်ဂဲနစ် စိုက်ပျိုးရေးများကို ထည့်ပြောနိုင်သည်။ လောင်းကစား အကျိုးမများပုံတွေ အေအိုင်ဒီအက်စ်ရောဂါ ပညာပေးတွေ ပြောဆိုစည်းရုံးသည်လည်း ရှိသည်။
နိဂုံး
ဗုဒ္ဓကပြောသည်။ လောကတွင် လူတွေဟာ သတ္တလောကကို လွှမ်းမိုးရခြင်းမှာ စကားကြောင့်ဟု ဆိုသည်။ စကားကို သင်္ကေတဖြင့် မှတ်သားထားခြင်းသည် စာပေဖြစ်သည်။ စာပေသည် မှတ်တမ်းမှတ်ရာဖြစ်သည်။ အစဉ်အလာကို လက်ဆင့်ကမ်းနိုင်သည်။ ပညာကိုလက်ဆင့် ကမ်းနိုင်သည်။ အချို့သော စာရေးဆရာများက စာပေဟောပြောပွဲကို ပြစ်တင်ဝေဖန်သည်။ ဟောပြောသည့် ဆရာများအား ဝေဖန်သည်။ စာပေဟောပြောပွဲ သည် နိုင်ငံရေးစင်မြင့်မဟုတ်သည်ကို သတိထားမိကြပေလိမ့်မည်။ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ မြန်မာပြည်တွင် အစဉ်အလာ ကောင်းတစ်ရပ်ဖြစ်သည့် စာပေဟောပြောပွဲ နှစ်တစ်ရာအကျိုးကျေးဇူး တစ်စုံတစ်ရာရရှိဖို့ ရာထောင်မက ကမ္ဘော ကမ္ဘာတိုင် တည်နေနိုင်ပါစေ။

Monday, 26 December 2011

Wyne Wyne, Bass Lay Phyu, Guitar-AhNge+MyoGyi

<iframe width="560" height="315" src="http://www.youtube.com/embed/_e6fEwzEuaQ" frameborder="0" allowfullscreen></iframe>

Saturday, 24 December 2011

မြန်မာလျှပ်စစ်အကြောင်း ခပ်ပါးပါးလေးပြောပြမယ်

လျှပ်စစ်အကြောင်းလေး နည်းနည်း ရေးဦးမယ်။ လက်ရှိမှာ ကျွန်တော်ဟာ လျှပ်စစ်ဌာနက ၀န်ထမ်းဖြစ်ပေမယ့် ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ပါဘူး။ ဒါကြောင့် ခုရေးမှာက အစိုးရသတင်းစာတွေ ရုပ်သံတွေက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်များကိုပဲ ပြောမှာပါ။ လျှပ်စစ် အင်ဂျင်နီယာ မဟုတ်သူများအတွက် ရည်ရွယ်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ် အသုံးဆုံး ဒေသက ရန်ကုန်ဖြစ်ပါတယ်။ 600MW လောက်သုံးပါတယ်။ ဒုတိယ မန္တလေးပါ။ 120MW လောက်သုံး ပါတယ်။နေပြည်တော် 50MW တောင်ကြီး25MW မုံရွာ 15MW စသည်ဖြင့် အခြား မြို့ကြီးတွေလည်း ရှိပါတယ်။ အိမ်ထောင်စု အနေနဲ့ ခွဲပြောရင် ရန်ကုန်တိုင်းဒေသကြီးမှာ သုံးအိမ်မှာ နှစ်အိမ် မီးရပါတယ်။ ၆၆% ဆိုပါတော့။ ဒုတိယက ကယားပြည်နယ်ပါ သူက ၃၅%နှုန်းလောက်ရှိပါတယ်။ နာမည်ကျော် ဘီလူးချောင်းစက်ရုံကြီးကျေးဇူးကြောင့်ပါ။ ပြီးတော့ ပြည်နယ်ကလည်း သေးတော့ မီးရတဲ့ အိမ်များတာပါ။ သူတို့နောက်မှာ အစဉ်လိုက် နေပြည်တော်ဒေသ ၃၄% မန္တလေးတိုင်းဒေသကြီး ၃၃% စသည်ဖြင့်ရှိပါတယ်။ ထူးဆန်းတာ တစ်ခုက တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ မီးအရအနည်းဆုံးက ဧရာဝတီတိုင်းပါ ၁၀%ကျော် လေးပဲရှိပါတယ်။ သူက လူဦးရေများပြီး မြစ်ချောင်း များလို့ ဖြစ်ပါလိမ့်မယ်။ ချင်းပြည်နယ်တောင်မှ ဧရာဝတီရဲ့ အထက်မှာ ရှိပါတယ်။ နောက်တစ်ခု ကြားဖြတ်ကျွန်တော့်အမြင်လေး ပြောရရင် ရှမ်းပြည်နယ်ဟာ အိမ်ထောင်စုတွေရဲ့ ၃၀%လောက်ပဲ မီးရတယ်ဆိုပါတယ်။ သူက ပြည်နယ်တိုင်း၁၄ခုမှာ အဆင့်လေးမှာပါ။ ဒါဟာ ရှမ်းတစ်ပြည်နယ်လုံးကို ပြောထားလို့ ဖြစ်ပါလိမ့်မယ်။ ရှမ်းရှေ့ ရှမ်းတောင် ရှမ်းမြောက် ပြန်ခွဲရင်တော့ ရှမ်းတောင်က ကယားပြည်နယ်ထက် မီးရတဲ့နှုန်းသာမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တောင်ကြီးခရိုင်တစ်ကြောမှာ မီးမရတဲ့ရွာနဲ့ မီးရတဲ့ရွာဆိုရင် မီးရတဲ့ရွာက ပိုများပါတယ်။ လွိုင်လင်ခရိုင်ဆိုရင်လည်း မီးရတဲ့နှုန်းမြင့်ပါတယ်။ ကျောက်ဆည်နဲ့ ကပ်ရက် ရွာငံမြို့ဆို မြန်မာပြည်တစ်ပြည်လုံး မီးပျက်တောင် သူက တစ်ခါတစ်လေ မပျက်ပါဘူး။ ကင်းတားစက်ရုံက မီးကို တိုက်ရိုက်ယူထားတာမို့ပါ။ ရှမ်းတောင်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်သက်သက်ပါ။

မြန်မာပြည်လျှပ်စစ်ရဲ့ ၇၀%ကျော်ကို ရေအားကထုတ်ပါတယ်။ ၂၀%နှုန်းလောက်ကို သဘာဝဓာတ်ငွေ့ကထုတ်ပြီးတော့ ၈%က ရေနွေးငွေ့စက်ရုံတွေက ရပါတယ်။ အခြားနည်းတွေက ၁%အောက်မှာပဲ ရှိပါသေးတယ်။ အားနည်းချက်လာပါပြီ။ မီးသုံးပါတယ်ဆိုတဲ့ ရန်ကုန်နား တစ်ဝိုက်မှာ တစ်မြို့လုံးစာကို စက်ရုံတစ်ခုတည်းက နေပေးဖို့ စက်ရုံလောက်လောက်လားလား မရှိပါဘူး။ မန္တလေးဆိုရင် သူ့သုံးတာရဲ့ ငါးဆလောက် ထုတ်ပေးမယ့် ရဲရွာစက်ရုံက မိုင် ၄၀ လောက်မှာ ရှိနေပါတယ်။ တောင်ကြီးဆိုရင် ကျိုင်းတောင်း၊တီကျစ်၊ ဇော်ဂျီ စတဲ့ စက်ရုံတွေ ရှိပါတယ်။ နေပြည်တော်ဆို လည်း သူသုံးတာရဲ့ ငါးဆကျော် ထုတ်နိုင်တဲ့ ပေါင်းလောင်းစက်ရုံက ၁၁မိုင် အကွာမှာ ရှိပါတယ်။ အကြောင်းရင်းကတော့ ရေအားလျှပ်စစ်ရဲ့ သဘာဝအရ တောထဲမှာပဲ ရှိတာပါ။ ဒါကြောင့် တောနက်နက်နဲ့ ဝေးတဲ့ ရန်ကုန်ဟာ မီးရဖို့ အတွက် လိုင်းအရှည်ကြီးတွေ ဆွဲရပါတယ်။ လိုင်းရှည်ရင် ဆုံးရှုံးမှုများတာ ထုံးစံပါပဲ။ ဒါကြောင့် ရန်ကုန်ကို လျှပ်စစ် 100MW ရောက်ဖို့ ကျွန်တော့စိတ်ထင် 125MW လောက်ပို့ပေးမှ ရပါလိမ့်မယ်။ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကလည်း 300MW လောက်ပဲ ထုတ်နိုင်တာပါ။ ရန်ကုန်သုံးတာရဲ့ တစ်ဝက်ပဲ ရှိပါတယ်။ ၀မ်းသာစရာကတော့ ရန်ကုန်နားမှာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးရုံဆောက်ဖို့ ကိုရီးယားက လာပြီးဆွေးနွေးနေတာ သတင်းဖတ်လိုက်ရပါတယ်။ MW 500 ကျော်ရှိပြီး ဒလမှာ ဆောက်မှာ လို့သိရပါတယ်။ နောက်ပြီး ထန်းတပင်မှာလည်း 375MW ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်နေသံ ကြားပါတယ်။

စဉ်းစားစရာတစ်ခုပေါ်လာပါပြီ။ ရန်ကုန်လူဦးရေက ၆သန်းပါ။ လက်ရှိလျှပ်စစ်သုံးနေတာ 600MW။ စင်ကာပူလူဦးရေက ၄သန်းခွဲပါ။ လက်ရှိလျှပ်စစ်သုံးနေတာက 11000MW တောင်ရှိပါတယ်။ အဲတော့ မြန်မာပြည်သာ စီးပွားရေးတိုးတက်လာခဲ့ရင် လျှပ်စစ် အသုံးက ဆတိုးနဲ့ ကိုတက်လာမယ့် သဘောရှိပါတယ်။ စက်မှုလုပ်ငန်းတွေ များလေ လျှပ်စစ်သုံးတာများလေ ဖြစ်လာမှာဆိုတော့။ ရန်ကုန်အတွက် အနည်းဆုံး  MW 10000 လောက် ရအောင် အစီအစဉ်လေး ဘာလေးရှိရင် သိပ်ကောင်းမှာပါ။ ဗြုန်းခနဲ မဟုတ်ဘူး ဆယ်နှစ် (သို့မဟုတ်) ဆယ့်ငါးနှစ် အတွင်းပေါ့။ ထားပါလေ။ ဒါတွေက လူကြီးတွေလုပ်ပါလိမ့်မယ်။

မန္တလေးကတော့ လျှပ်စစ်ကံကောင်းနေပါတယ်။  မန္တလေးနားမှာ ရေမြေသဘာဝ အရ ရဲရွာစက်ရုံလာဆောက်တယ်။ လျှပ်စစ်က 790MW တောင်ထွက်တယ်။ နောက် ဟိုးဖက် မူဆယ်နားမှာ ရွှေလီ-၁ စက်ရုံဆောက်တယ်။ မြန်မာပြည်အောက်ပိုင်းကို ပို့ဖို့ မန္တလေးနားက ဖြတ်သွားရတယ်။ နောက်ပြီး ဆည်တော်ကြီးတို့ ကင်းတားတို့လို စက်ရုံ အသေးလေးတွေ လည်း ရှိသေးတယ်။ နောက်ပြီး ကျွန်တော့်အထင် မန္တလေးက နိုင်ငံတကာ မြို့တော်ဖြစ်ဖို့ သဘာဝက အခြေအနေ မပေးပါဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင်တော့ ရပါတယ်။ ဖြစ်လည်း ဖြစ်နိုင်တယ်။ သို့သော် ရန်ကုန်လိုတော့ ပင်လယ်ဆိပ်ကမ်းမရှိပါဘူး။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတယ် ဆိုရင်တောင်မှ ရန်ကုန်တို့ ထားဝယ်တို့ ကျောက်ဖြူတို့ မှာလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးကြီး တွေ မန္တလေးကို ၀င်ဖို့နည်းပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းလောက်ပဲ အားကိုးလို့ ရမှာပါ။ ပြောချင်တာက မြန်မာပြည်ကြီး ဗြုန်းခနဲ ဖွံ့ဖြိုးလာရင်တောင်မှ မန္တလေးကတော့ သူ့နှုန်းနဲ့သူ ပဲ တိုးတက်ပါလိမ့်မယ်။ လျှပ်စစ်အသုံးကလည်း တအိအိပဲ တက်လာပါလိမ့်မယ်။ နည်းနည်းပါးပါး တိုးနှုန်းမြန်လာတာတော့ ရှိမှာပေါ့လေ။

ကဲ... မီးဘာကြောင့်ပျက်ရတယ် ဆိုတဲ့ အကြောင်းလေး ပြောပါဦးမယ်။ မီးဘာလို့ ပျက်လဲ ဆိုတော့ မလာလို့ပေါ့ဗျာ။ အဲလို ဖြေတာ အရှင်းဆုံးဖြစ်မယ်ထင်တယ်။ အတည်ပြောပါ့မယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဓာတ်အားပေးစက်ရုံတွေက တောထဲမှာ။ အဲဒီကနေ မြန်မာပြည်အောက်ပိုင်းကို ပို့နေရတာ။ ဓာတ်အားထုတ်လုပ်မှုရဲ့  ငါးပုံနှစ်ပုံ(၄၀%)က မန္တလေးတိုင်းက ထုတ်တာပါ။ (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား) နောက် ၂၀%လောက်ကို ရှမ်းတောင်နဲ့ ကယားက ထုတ်ပါတယ် (လောပိတ၁ နှင့် ၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့်၂) ရန်ကုန်နားက သဘာဝဓာတ်ငွေ့စက်ရုံတွေက ၂၀%လောက်ထုတ်ပါတယ်။ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) ရှမ်းမြောက်က ၁၅%နှုန်း(ရွှေလီ-၁) နောက်ကျန်တာတွေက ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မွန် စတာတွေမှာ နည်းနည်းစီ ထုတ်ပါတယ်။
လျှပ်စစ်အသုံးကျတော့ ရန်ကုန်က ၄၅%နှုန်း မန္တလေးက ၁၀%ခန့် နေပြည်တော်က ၄%ခန့် သုံးပါတယ်။ အဲတော့ ရန်ကုန်မှာ သုံးဖို့ ဆွဲရတဲ့ လိုင်းတွေက ရွှေလီကနေ ဆို ရွှေလီ-မန်စံ-ရွှေစာရံ(မန္တလေးအနီး) ကနေတဆင့် ဘဲလင်း-သပြေ၀(မိတ္ထီလာအနီး) ဆက်သွား ပြီးတော့မှ သာစည်-ပျဥ်းမနား-တောင်ငူ-ကမာနတ်(ပဲခူးအနီး) ကနေပြီး ရန်ကုန်နားက ခွဲရုံတွေကို ၀င်ရပါတယ်။ ရဲရွာဓာတ်အားက ဘဲလင်းနဲ့ သပြေ၀မှာ လာပေါင်းပါတယ်။ ပေါင်းလောင်းဓာတ်အားက ပျဉ်းမနားမှာ လာပေါင်းပါတယ်။ လောပိတက ထုတ်တဲ့ ဓာတ်အားက သာစည်မှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းက လည်းကောင်း တောင်ငူမှာ လောပိတ-တောင်ငူဓာတ်အားလိုင်းကလည်းကောင်း တဆင့်လာပေါင်းပါတယ်။ အဲဒီမှာ ဘာရည်ရွယ်ချက်ရှိလို့ ရှိမှန်းမသိတဲ့ ကောင်တွေက လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲဒီမှာတင် ထုတ်သမျှလျှပ်စစ်က ရန်ကုန်ကို ဘယ်လိုင်းက စီးလို့ စီးရမှန်းမသိဖြစ်ကုန်ပါတယ်။ လိုင်းတွေရဲ့ သယ်ဆောင်နိုင်အားတွေ အသေးစိတ်ပြောရင် ရှုပ်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ သေချာတာကတော့ အဲဒီ လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေ အဖျက်ခံရတဲ့အတွက် ရန်ကုန် မီးမပျက်ဖို့ သေမလောက် လုံးပန်းနေရပါတယ်။ ရန်ကုန်မပျက်တောင် အနည်းဆုံး တောင်ငူနဲ့ ပဲခူးလောက်မှာ ပျက်ပါတယ်။ မန္တလေးတို့လို မြန်မာပြည်အထက်ပိုင်းမှာ ပျက်တာကတော့ ဓာတ်အားလိုင်းခပ်ငယ်ငယ်လေးတွေရဲ့ ယာယီအပြစ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မီးအမြဲလာဖို့(လုံးဝမပျက်ဘဲ လာဖို့) ကတော့ ဓာတ်အားပေးစက်ရုံတွေကို တိုးဆောက်ရမယ်။ ရေအားချည်းပဲ ကတော့ မဖြစ်ပါဘူး။ ရေအားပဲ ဆောက်ရင်တော့ ရန်ကုန်မှာ ခုလက်ရှိတောင် မလွယ်တာ။ နောင်လေးငါးနှစ် နှစ်ဆလောက် တက်လာမယ့် အချိန်ဆို လုံးဝ မလွယ်တော့ပါဘူး။ နောက်ဓာတ်အားလိုင်းတွေ သေချာတွက်ပြီးဆွဲရမယ်။ ဆွဲပြီးကာမှ ထုတ်ထားသလောက် မစီးနိုင်ရင် အလကားပါ။ နောက်ပြီး ဓာတ်အားဖြန့်ဖြူးရေး အပိုင်းမှာ သေသေချာချာ လုပ်ရပါမယ်။ သူများနိုင်ငံမှာ Technical Loss ဆိုတဲ့ စက်ပစ္စည်းတွေ ကြောင့်ပဲ ဆုံးရှုံးတာ။ ကျွန်တော်တို့ ဆီမှာ Non-technical Loss ဆိုတဲ့ လူကြောင့် ဆုံးရှုံးတာပါ တော်တော်များနေတယ်လေ။ အဲဒါလေးတွေ သေချာလုပ်ရပါမယ်။ နောက် အရေးကြီးတာတစ်ခုက ဓာတ်အားစနစ် တစ်ခုလုံးကို Frequency and Voltage Control သေချာလုပ်ဖို့လိုပါမယ်။ အရေးပေါ်မှ ဟိုခေါ်ဒီဆက်လုပ်နေရတဲ့ လက်ရှိစနစ်ကနေ ဓာတ်အားစနစ်ကြီး တစ်ခုလုံးကို တစ်နေရာတည်းက မောက်စ်ကလစ်ရုံနဲ့ ထိန်းနိုင်ဖို့ လုပ်နေကြပြီလို့ ထင်ပါတယ်။

ကဲ... ပြီးပါပြီ။ တော်တော်တော့ မျက်စိနောက်သွားမယ်ထင်တယ်။ စိတ်ဝင်စားရင် သေချာဖတ်ကြည့်ဗျာ။ နောက် ကျွန်တော့်ကို မေးပါ။ မသိရင် သိတဲ့သူကို ပြန်မေးပြီး ကျွန်တော်ဖြေပါ့မယ်။

(အပေါ်တွင် ဖော်ပြထားသော အချက်အလက် အများစုမှာ နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံများတွင်ဖော်ပြသမျှ အချက်အလက် အများစု ဖြစ်ပါသည်။ အချို့ အချက်အလက် များမှာ ခိုင်မာသော အဖွဲ့အစည်းတို့၏ ကွင်းဆင်းကောက်ယူထားသော အချက်အလက်များ ဖြစ်ပါသည်။ ထိုအချက်အလက်များမှာ သတင်းစာ၊ ရုပ်သံတို့တွင် ပါဝင်သေးခြင်းမရှိပါ။ ထို့ကြောင့် ထိုသို့ အချက်အလက်များကို အတိအကျဖတ်ဖူးသော်လည်း အနည်းငယ် မဆိုသလောက် ခန့်မှန်းချေ သဘောမျိုးသာ ရေးသားထားပါသည်။ သို့သော် ဤစာစုပါ အချက်အလက် များတွင် တက်တက်စင်အောင်လွဲသော အချက်လုံးဝမပါကြောင်း အာမခံပါသည်။)

ပေါက်ကျိုင်း
၂၃.၁၂.၂၀၁၁

Friday, 23 December 2011

ဆင်ဆာဖြတ်ကြမယ်--နင်လာဟဲ့ဆင်ဆာ (ရုပ်/သံ)

ဆင်ဆာဖြတ်ကြမယ်--နင်လာဟဲ့ဆင်ဆာ (ရုပ်/သံ)

The pagodas of Yangon (Myanmar)

၂၀၁၁ မေ ၄ရက်နေ့ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ (၄)မှ Interview with APK

‘ကောင်းမွန်သော၊ မှန်ကန်သော၊ အကျိုးရှိသော messageရောက်ဖို့ ဆိုတာ အနုပညာရှင်မှာလည်း တာဝန်ရှိတယ်’ ၊ ကာတွန်းအော်ပီကျယ်နှင့် တွေ့ဆုံမေးမြန်းခြင်း

‘လက်ရှိလူငယ်တွေက အရမ်းအလုပ်လုပ်ကြပါတယ်။ ရည်ရွယ်ချက် ကြီးကြီးတွေလည်း ထားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတဲ့ တိကျတဲ့စနစ်ကျနမှုရှိဖို့ လိုပါတယ်’လို့ ပြောခဲ့သူကတော့ ကာတွန်းအော်ပီကျယ် ပဲဖြစ်ပါတယ်။ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ခဲ့သူ ကာတွန်းအော်ပီကျယ်က သူကျင်လည်ရာ ပတ်ဝန်းကျင်မှ အမြီးအမောက် မအပ်စပ်တဲ့ အရာတွေကို ကာတွန်းအနုပညာကို အသုံးပြုပြီး သရော်ဟန်ဖြင့် တင်ပြကာ လျှောက်လှမ်းခဲ့သလို လူသားတစ်ဦးအနေဖြင့်လည်း မိမိပတ်ဝန်းကျင်၊ မိမိရှင်သန်ရာ နေရာတွေရဲ့ ကောင်းကျိုးတွေအတွက်လည်း တတ်စွမ်းသမျှ အားထုတ်လုပ်ကိုင်လျက်ရှိတဲ့ အနုပညာရှင် တစ်ဦးလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကာတွန်းအော်ပီကျယ်ရဲ့ခံယူချက်နဲ့ သူရဲ့အမြင်စတာတွေကို မေးမြန်းဖြစ်ခဲ့သည့် အခါဝယ် .  .  .

မေး- ဆရာအနေနဲ့ အရင်က Satire တွေကို အဓိကတင်ပြခဲ့ပေမယ့် နောက်ပိုင်း တခြားနယ်ပယ်တွေမှာလည်း ပါဝင်လုပ်ကိုင်ဖြစ်ခဲ့တဲ့ ဆရာရဲ့ခံယူချက်ကို သိပါရစေ။
ဖြေ - လုပ်တာကတော့ ကာတွန်းဆွဲတာ တစ်ခုတည်းပဲ။ အရင်ကတော့ လောကကြီးရဲ့ ကမောက်ကမ ဖြစ်နေ တာတွေကို စေတနာနဲ့ ဖော်ပြထောက်ပြခဲ့တာ။ အဲဒီထောက်ပြတာ တစ်ခုတည်းတင် ကာတွန်းက အစွမ်းထက် တာမဟုတ်ဘူး။  Information  ပေးတာတို့၊ Educate လုပ်တာတို့၊ Communicate လုပ်လို့လည်း ရတယ်။ အားသာချက် အားနည်းချက်ရှိတယ်။ ဥပမာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆို ကာတွန်းတစ်ခုတည်းနဲ့ အပြည့်အစုံသိအောင် တင်ပြလို့ မရဘူး။ ဒါပေမယ့် မိတ်ဆက်ပေးလို့တော့ ရတယ်။ နောက်ကာတွန်းက အရုပ်ပါတယ်။ ပေါ့ပေါ့ပါးပါးဖြစ်တယ်။ ဒါကြောင့် ကာတွန်းကို အသုံးပြုတာပါ။ အရင်လို သရော်တာ ထောက်ပြတာတင် မဟုတ်ဘဲ တခြားနေရာတွေမှာလည်း သုံးလို့ရတယ်ဆိုတာ သိတဲ့အတွက် တခြား Field တွေမှာလည်း လုပ်ပေး ဖြစ်တာပါ။ ပြောရမယ်ဆိုရင် တစ်နေရာကို သွားတဲ့အခါ လူကြုံပါး လိုက်သလိုပေါ့။ ကိုယ့်အနေနဲ့ မယူသွားဘဲ တချို့လူတွေလို လက်ဆွဲ အိတ်လေး ပေါ့ပေါ့ပါးပါးနဲ့ သွားချင်တာပေါ့။ ဒါပေမယ့် ဟိုကလူတွေ အဆင်ပြေပါစေဆိုပြီး ယူသွားပေးတယ်။ ဒီလိုသဘောပဲ။ အနုပညာရှင် တစ်ယောက်အနေနဲ့ ကိုယ့်အနုပညာတစ်မျိုးတည်း လုပ်ရင်ရတယ်။ ဒါပေမယ့် အခြေအနေအရ လုပ်သင့်တဲ့ အချိန်ဖြစ်တဲ့အတွက် ဒါတွေကိုပဲ လုပ်တဲ့ သဘောပါ။

 မေး - ပရိသတ်ကို လွှမ်းမိုးမှုအား ကောင်းတဲ့ အနုပညာရှင်တွေအနေနဲ့ ကိုယ်တင်ပြမယ့် ကိစ္စတွေအပေါ် ဘယ် လိုမျိုး ပြင်ဆင်သင့်ပါသလဲ။
ဖြေ - ကျွန်တော်စောစောက ပြောသလို ကာတွန်းကိုအသုံးပြုပြီး တခြား Field တွေကို တင်ပြတယ်ဆိုတာက မိတ်ဆက်တဲ့ သဘောပဲ။ ပညာရှင်တွေလောက် ထဲထဲဝင်ဝင် မသိဘူး။ ဒါပေမယ့် အဲလို မိတ်ဆက်ပေးနိုင်ဖို့ အတွက် စာတွေဖတ်ရတယ်။ ပညာရှင်တွေကိုလည်း မေးမြန်းရတယ်။ အနုပညာရှင်တွေနဲ့ လူမှုရေးပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပဲဖြစ်ဖြစ် တခြားဘယ်ကိစ္စမှာမဆို ပါဝင်တယ်ဆိုရင် သာမန်ထက်တော့ အာရုံစိုက် ကြတယ်။ လိုက်လုပ်မယ်လို့ ပြောတာတော့ မဟုတ်ဘူးနော်။ ဆွဲဆောင်မှုတော့ ရှိတယ်ပေါ့။ ဒါပေမယ့် အနု ပညာရှင်အနေနဲ့က အင်ဖော်မေးရှင်း ပဲဖြစ်ဖြစ်၊ ဗဟုသုတပဲဖြစ်ဖြစ် ဖြန့်ဝေမယ်ဆိုရင် ကိုယ်လုပ်မယ့်အကြောင်း အရာကို နည်းနည်းတော့ သိထားသင့်တယ်။ အဲလိုမဟုတ်ရင် ကိုယ်လုပ်တဲ့ဟာက အမှားဖြစ်နိုင်တာပေါ့။ ပေး ချင်တာတခြား ဟိုကရလိုက်တာ တခြား ဖြစ်သွားနိုင်တယ်။ ဥပမာ ရေကာတာ တစ်ခုစီကို အနုပညာရှင် တစ်စုက ခဏသွား၊ ရေကာတာကြီး ဘယ်လိုကောင်းတယ်. . . ဆိုပြီးတေးရေးတဲ့သူက ရေးပေး၊ ဆိုတဲ့သူက ဆို ကြတယ်။ ဒါပေမယ့် ဘယ်လိုပတ်ဝန်းကျင် ထိခိုက်တယ်။ သဘာဝ ရေမြေတောတောင်အပေါ် ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာ မသိဘဲ ရေကာတာကြီးကောင်းတယ်၊ ကောင်းတယ် ပြောတာလိုမျိုးတွေပေါ့။ ပြောရ မယ်ဆိုရင် ကောင်းမွန်သော၊ မှန်ကန်သော၊ အကျိုးရှိသော Message ရောက်ဖို့ဆိုတာ အနုပညာရှင်မှာ လည်း တာဝန်ရှိတယ်။

 မေး - စာပေဟောပြောပွဲတစ်ခုမှာ ဆရာက နှမ်းတစ်စေ့နဲ့ ဆီဖြစ်တဲ့ အကြောင်းကို ဟောပြောခဲ့ပါတယ်။ ဆရာ ရဲ့ ယုံကြည်မှုနဲ့ပတ်သက်ပြီး ဆရာရင်ထဲမှာ ပြောချင်တဲ့ စကားများရှိရင် ပြောပြပေးပါ။
ဖြေ - ဟုတ်တယ်။ နှမ်းတစ်စေ့ကို ခြစ်ကြည့် ဆီလေးတက်လာတာတွေ့ ရမယ်။ ဆိုလိုချင်တာက လူတွေက နိုင်ငံရေးပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးပဲဖြစ်ဖြစ်၊ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်တာပဲ ဖြစ်ဖြစ် တစ်ယောက်ချင်းစီက အသိစိတ်ဓာတ်ရှိရှိ ပါဝင်သင့်တယ်။ ပါဝင်မှလည်း အောင်မြင်နိုင်မှာပါ။ ယာဉ် တစ်စီးနဲ့ခရီးသွားသလို အဲဒီယာဉ် နွံနစ်သွားရင်လည်း အားလုံးဝိုင်းတွန်း ရမယ်။ ပျက်ရင်လည်း ဒီလိုပဲ။ ထိုင်ခုံမှာ အခန့်သားထိုင်နေရုံနဲ့ ခရီးက တွင်မှာ မဟုတ်ဘူးလေ။ ပြည်သူလို့ ပြောလိုက်တာနဲ့ တစ်ယောက်ချင်း မပါတော့သလို ဖြစ်နေတယ်။ ပြည်သူဆိုတာ တစ်ယောက်ချင်းအားလုံး ပေါင်းထားတာ။ အမှန်တော့ တစ်ယောက်ချင်းစီ စုထားတာ။ ထမင်းပန်းကန်တစ်ခုမှာ ထမင်းစေ့တွေ စုထားတယ်ဆိုရင် ကောင်းတာပေါ့။ဒါမှမဟုတ် ကျောက်ခဲစေ့လေးပဲဖြစ် ဖြစ်၊ ကြွက်ချေးပဲဖြစ်ဖြစ်ပါရင် သိပ်ဆိုးတယ်။ အားလုံး ထမင်း ဖြစ်နေသင့်တာပေါ့။

မေး - Open Minded ဆိုတဲ့ အနုပညာရှင်တွေကြားက စကားနဲ့ပတ်သက် ပြီး ဆရာရဲ့အမြင်လေးကို သိပါရစေ။
ဖြေ - အဲဒါကပြောရတာ တော်တော်ခက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောတာတို့၊ ထင်သလိုလုပ်လိုက်တာနဲ့မဆိုင် ဘူး။ သူ့မှာမြင့်မြတ်ခြင်း ဆိုတာလည်း ပါနေတယ်။ အနုပညာရှင်တစ်ယောက် ရဲ့ရှင်သန်တဲ့ Life Style ပေါ်မှာ လည်း မူတည်တယ်။
 မေး - ဆရာက အရင်က ခြောက်ကွက် ကာတွန်းတွေကို အများဆုံးရေး ဆွဲဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တစ် ကွက်ကာတွန်းတွေကို ဘာကြောင့် ပြောင်းလဲရေးဆွဲခဲ့ပါသလဲ။
ဖြေ - လွန်ခဲ့တဲ့အနှစ် ၃၀ လောက်က ဆွဲဖြစ်တာပါ။ ကိုယ့်ပြောချင်တာတွေ က ကွေ့ဝိုက်၊ ဝေ့၀ိုက်ပြီး ပြောရမယ့် အတွက် ရေးဖြစ်တာပါ။ ဒီ့နောက်ပိုင်းတော့ တစ်ကွက်တည်းနဲ့ ထိထိ ရောက်ရောက်ပြောနိုင်ရင် တစ်ကွက် ကာတွန်းဆွဲတယ်။
 မေး - လက်ရှိတစ်ကွက် ကာတွန်းတွေနဲ့ပတ်သက်ပြီး ဆရာဘယ်လိုမျိုး သုံးသပ်ပေးချင်ပါသလဲ။
ဖြေ - ခုတစ်ကွက် ကာတွန်းတွေမှာ လူနှစ်ယောက်ရပ်ပြီး ပြောတဲ့စကားလုံးဟာသတွေ များနေတယ်။ ဥပမာ ကြည့်လို့ကိုမရဘူး။ မျက်စိကျိန်းနေ လို့ဆိုတာမျိုး။

 မေး - ဆရာကော်မစ်ရေးဆွဲဖို့ ကြိုးစားခဲ့ဖူးတယ်လို့ သိရပါတယ်။ ဆရာရှေ့အနာဂတ်မှာ ဘယ်လိုအရာတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပါသလဲ။
ဖြေ - ကြိုးစားခဲ့ဖူးတာမဟုတ်ဘူး။ အခုလည်း ကြိုးစားနေတာပဲ။ အချိန် မရသေးလို့ မရေးဖြစ်တာပဲ ရှိတယ်။ ဒါပေမယ့် ကျွန်တော်ရေးမယ့် ရုပ်ပြက လူတစ်ယောက်ရဲ့ဘ၀အကြောင်းပဲ ဖြစ်ဖြစ်၊ ဘ၀ဖြတ်သန်းမှုပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံရဲ့ အကြောင်းပဲဖြစ်ဖြစ် ဖြစ်ရပ်မှန်ကို ရေးတာမျိုးပါ။ သူ့ကို Graphic Novel လို့ခေါ်တယ်။ လုပ်ဖို့အားလည်း အားထုတ်တယ်။ အလုပ်တွေနဲ့ မအားဘူး ဖြစ်နေပါတယ်။

 မေး- Graphic Novel  ကို ဘာကြောင့် စိတ်ဝင်စားတာလဲ။ ဘယ်လို ထူးခြားချက်တွေကို ပေးနိုင်ပါသလဲ။
ဖြေ - အဲဒီကတော့ သူက အဲဒီရေးဆွဲခဲ့တဲ့ အကြောင်းအရာပေါ်မှာ ခေတ်တစ်ခေတ်ရဲ့ပုံရိပ်တွေ၊ အဖြစ်အပျက် တွေကို ထင်ဟပ်စေတယ်။ ဥပမာ အပြင်ထွက်လို့ အရမ်းပူတယ်ဆိုရင် အဲဒီကာလရဲ့ ရာသီဥတု၊ သဘာဝပတ် ၀န်းကျင်စတဲ့ အခြေအနေတွေ၊  ကားတွေကျပ်တယ်ဆိုပါစို့ အဲဒီလူတစ်ယောက်ဖြတ်သန်းခဲ့တဲ့ ကာလရဲ့ သယ် ယူပို့ဆောင်ရေးကို ထင်ဟပ်နေတယ်။

 မေး - ဆရာရေးဆွဲခဲ့တဲ့ ကာတွန်းတွေ က ဆရာပရိသတ် လက်ထဲရောက်ရှိ ခဲ့တာရှိသလို မရောက်ရှိခဲ့တဲ့ ကာလ တွေလည်းရှိခဲ့ပါတယ်။ အဲဒီအတွက် ဆရာဒီနေရာကနေ ဘာများပြောပြချင်ပါသလဲ။
ဖြေ - မဖော်ပြဖြစ်ခဲ့တဲ့ ပုံ ၂၀၀၊ ၃၀၀ လောက် ရှိခဲ့ပါတယ်။ အခုပြန်စဉ်းစား ကြည့်လိုက်တဲ့အခါမှာ ကိုယ်ဒီလိုနေရာ က တင်ပြခွင့်မရရင် တခြားထောင့် တစ်ဖက်ကနေ ပြောင်းပြီး တင်ပြခွင့်ရခဲ့တယ်။ ကာတွန်းတစ်ခုတည်းနဲ့ ပြောချင်တာတွေ အားလုံးပြောပြလို့ မရဘူး။ ဒါ့ကြောင့် ဟောပြောပွဲတွေ ဖိတ်ရင် လိုက်ဟောဖြစ်တာ။ လူတွေ နဲ့တွေ့ပြီး ပြည့်ပြည့်စုံစုံပြောလို့ရတာပေါ့။ ခုကာလမှာ လိုအပ်တယ်ထင်လို့ ဟောပြောပွဲတွေ လိုက်တာပါ။ ကာတွန်း ဆရာရဲ့အဓိကတာဝန်က ကာတွန်းဆွဲဖို့ပါ။ ဟောတာမဟုတ်ဘူး။

 မေး-အခုကာလက ဘာကြောင့်လိုအပ်တယ်လို့ ဆရာထင်တာလဲ။
ဖြေ- အဓိက က အခုကာလမှာ အပြောင်းအလဲ အနည်းငယ်ရှိတယ်။ အခုလို အပြောင်းအလဲ ကာလမှာ လူတွေ ကသတိရှိရှိနဲ့ နိုးကြားနေဖို့ လိုအပ်တယ်။            

ကိုယ်ရေးအကျဉ်း
အမည် - ဦးဝင်းနိုင်
မွေးနေ့ - ၂၄-၇-၁၉၅၉
ပညာအရည်အချင်း       - BE(Mech), Harvard Universityမှ MPA
စာပေလောကသို့ ၀င်ရောက်မှု - ၁၉၈၁ ခုနှစ်
အင်တာဗျူးစဉ်က ရိုက်တဲ့ပုံ ၂၀၁၁ ဧပြီ၃၀

ဝေဖန်ဆွေးနွေးတာမရှိတော့တဲ့ မြန်မာ့လူ့အဖွဲ့အစည်း

ဓါတ်ဆီဆိုင်တွေကို အစိုးရ ဌာနတွေကနေပြီး ပုဂ္ဂလိက ကိုလွှဲပြောင်းပေးလိုက်တာ လူတိုင်းသိမှာပါ။
အဲဒီနောက် ထောက်ပံ့လျှော့ဈေးနဲ့ ရောင်းတဲ့ မြန်မာ ဓါတ်ဆီကို လိုသလောက်ရောင်းပေးရာကနေ တန်းစီတိုးလို့ နောက်ဆုံး ဒုံရင်း တစ်နေ့ ၂ဂါလံပေးတဲ့ ပုံစံကိုပြန်ရောက်သွားတာပါ။
တကယ်တော့ အရင်က တစ်လ ဂါလံ ၆၀ပေးတာပါ။ တစ်နေ့ ၂ဂါလံထုတ်ခွင့်ရှိပြီး လကုန်လို့ ၆၀မပြည့်သေးရင် ပေါင်းထုတ်လို့ရပါတယ်။ ဓါတ်ဆီဆိုင်က ဝန်ထမ်းတွေကလည်း ဆီလာထုတ်သူတွေကို လေးလေးစားစား ဆက်ဆံပါတယ်။ မေးရင် ကောင်းကောင်းပြန်ဖြေပါတယ်။ အဲဒါအစိုးရဆိုင်တွေလက်ထက်ပေါ့လေ။


အကုန်လုံးကိုတော့ မဆိုလိုပါဘူး။

အခုတော့ ပုဂ္ဂလိက ဖြစ်သွားပြီးနောက်ပိုင်း စခါ စကတော့ ဆိုင်တွေက လူတွေကိုလေးလေးစားစားနဲ့ ဆက်ဆံတယ်။ ပိုက်ဆံကို ကားပေါ်ကပေးလိုက်ရုံပဲ။
နောက် တန်းစီတိုးလည်းဖြစ်သွားရော ဆီလာထည့်တဲ့သူတွေကို အပေါ်စီးကလေးက ဖြစ်လာတယ်။ ပိုက်ဆံလာယူပြီး ထည့်ပေးဖို့မပြောနဲ့ လေသံတောင် မာချင်လာတယ်။
အခုတစ်ခါ တစ်နေ့ ၂ဂါလံလည်းဖြစ်ပြန်လည်းပဲ အရင် ဆီတန်းစီတိုးသူတွေအပေါ်မြင်သလိုမျိုးပဲ ကိုယ့်ကားကိုယ်သုံးဖို့ ဆီလာထည့်တဲ့သူတွေကို လေသံမာနေကြတုန်း။

တစ်ချို့ဆိုင်တွေကတော့ ကောင်းပါတယ်။ ၁၆ကွေ့က New Day ဆိုင်ကတော့ စာအုပ်လာယူပေးတုန်း။ စာအုပ်ကို ပြန်ပေးတာတောင် လက်နှစ်ဖက်နဲ့သေသေချာချာပါပဲ။ ဓါတ်ဆီဆိုင်မှာ နှစ်တန်းရှိတာကို တစ်တန်းကို Octane/Diesel လုပ်ထားပေးမယ့် အဲဒီဘက်မှာ ကားရှင်းနေရင် ရိုးရိုးဓါတ်ဆီထည့်တဲ့ကားတွေကို ခေါ်ပြီးထည့်ပေးတယ်။ မြန်အောင်လို့လေ။ ဦးနှောက်သုံးတာပေါ့။


မနေ့က အဖြစ်အပျက်ကတော့ ( ၂၂၊မေ၊၂၀၁၁)
ST ရွှေတောင်ဆီဆိုင်မှာ ကိုယ်တွေ့ပါ။ ကန်တော်ကြီးပတ်လမ်းက ST ဆီဆိုင်မှာ ဆီသွားထည့်တော့ ကားဆယ်စီးလောက်ရှိလို့ တန်းစီရပါတယ်။ ဘေးနားမှာလည်း ဆီဘောက်ဆာကားက ဆီချနေပါတယ်။ ကိုယ့်အလှည့်နားရောက်ခါနီးမှ ဆီဘောက်ဆာကားက ကားတန်းရှေ့မှာ ပိတ်ပြီး ဆီချပြန်ရော။ ကိုယ့်ရှေ့က ကားလည်းထွက်မရ ကိုယ်လည်းရှေ့မတိုးသာ နောက်မှာလည်းကားတွေ ပြည့်လာပြီး နေပူထဲမှာ ( နေ့လည်း ၁၀း၃၀ လောက် ) ပါ။ ဟိုဘက်မှာ Octane/Diesel ဆိုတာထည့်ဖို့ လွတ်နေတဲ့နေရာလည်းရှိတယ်။ အဲဒီမှာလည်း ဘာကားမှ မရှိတာကို နောက်ကားတွေ ခေါ်ပြီးမထည့်ပေးဘူး။ ကြည့်လိုက်တော့ ဆီပန့်နှစ်ခုကြားမှာ ကားတစ်စီးစာ နေရာ ချောင်ချောင်လေး လွတ်ပြီး ဆိုင်းဘုတ်လေးချထားတယ်။ ဆီဖြည့်စဉ် စက်သတ်ထားပါ ဆိုတာမျိုးပေါ့။ အဲဒါလေးဖယ်လိုက်ရင် ကားတွေက ထွက်လို့ရနေပြီမို့ ကောင်လေးတွေကို ဟေ့အဲဒါလေး ဖယ်လိုက်လေ ရှေ့က ကားကို ပေးထွက်ပြီး နောက်ကားတွေဆီဖြည့်တာဆက်လုပ်ပါပြောတာ ကို အားလုံးကမကြားသလိုလုပ်နေတယ်။ အနားသွားပြောတော့ ထွက်သွားတယ်။ ဘာမှပြန်မပြောဘူး။ ဒါနဲ့ မန်နေဂျာဘယ်မှာလဲ မေးတော့ ဆီဘောက်ဆာကားနားကနေ တစ်ယောက်ထွက်လာပြီး “ဘာတုန်း” လို့လုပ်တယ်။ “ဘောက်ဆာပိတ်နေတာကွာ၊ ဆိုင်းဘုတ်လေး ဖယ်ပေးလိုက်ပါလား” လို့ပြောမလို့ကို “ဘောက်ဆာပိတ်နေတာ” ရှိသေးတယ် “စောင့်ပေါ့တဲ့” ကဲ လေသံကမာမာနဲ့ လူကြည့်တော့ ဘာအဆင့်မှမရှိတဲ့ကောင်က။ အဲဒါနဲ့ မင်းက ဘာတုန်းလို့ပြောတော့“ ကျုပ် ဆိုင်တာဝန်ခံ ၊ ဘာလုပ်ချင်လို့တုန်း” တဲ့။ စိတ်တိုလာပြီး မင်းနာမည်ဘယ်သူတုန်း ဆိုတော့ “ အောင်ကြီး ၊ ခင်ဗျားဘာလုပ်ချင်တုန်း” တဲ့။ “ အေး မင်းအဆင့် မင်းလုပ်ရည်ကိုင်ရည်မင်းသိပေါ့ကွာ။ စကားပြောတာ လူပါးမဝနဲ့။ ဆီလေးခိုးစားရတာနဲ့ မမြင်ဘူး မူးမြစ်ထင် လူပါးမဝနဲ့ ငါတို့က မင်းတို့ဆိုင်က ဆီလာဝယ်တာ။ အလကားလာယူနေတာမဟုတ်ဘူး” လို့ပြောတော့ ဝူးဝူးဝါးဝါးတွေပြန်အော်နေတယ်။ ကိုယ်လည်း တစ်ယောက်တည်း အခြားသူများကလည်း ဘာမှ ကို ဝင်မပြောကြ။ သူတို့ဆိုင်ထဲမှာ ဝိုင်းရိုက်ခံရမှာစိုးလို့ ကားနားပြန်လာပြီး “ဟေ့ကောင်တွေ မြန်မြန်လုပ်ကွာ” လို့ထပ်အော်ပေးတယ်။ အဲဒီ အောင်ကြီးဆိုတဲ့ကောင်က ခင်ဗျားက ဘာဖြစ်ချင်လည်း ဘာကောင်လည်း လှမ်အော်တယ်။ ကိုယ်လည်း ငါဆီလာထည့်တယ် customer မင်းတို့မလိုအပ်ပဲ ကြာနေတာ လွယ်တာကို ခက်အောင်လုပ်ပြီး ကြာတာကို မစောင့်နိုင်ဘူး။ ငါ့အလုပ်က မကျေနပ်တာ complaint လုပ်တာပဲ။ မင်းတို့ မရှက်ရင် ဆက်လုပ်လို့ပဲ အော်ပေးလိုက်တယ်။ အဲဒီကောင် က ကျုပ်နာမည် အောင်ကြီး ပုဇွန်တောင်မှာနေတယ်။ ဘာလုပ်ချင်လဲ လုပ်သေးတာ။  နောက်ကားက ကောင်မလေးတစ်သိုက်ပါထပ်ဆင်းလာပြီး နည်းနည်း ပူညံပူညံလုပ်မှ(ဖွန်ကြောင်တာလည်
းပါမယ်ထင်ပါရဲ့) ဆီဆိုင်က ကောင်လေးတွေကို ဖယ်ပေးလိုက်ကွာ ဘာညာလုပ်လို့ ဆီထည့်ပြီး ထွက်လာရပါတယ်။
အဲဒီမှာ မြန်မာ လူထုကိုလည်း အံ့သြပါရဲ့။ ရှေ့ဆုံးက အဖိုးကြီးတွေလည်း ဘာမှကိုဝင်မပြောဘူး။ လူငယ်တွေလည်း ဒီအတိုင်းငြိမ်လို့။ ကောင်မလေးတစ်သိုက်ကမှ ဝင် ပြီး အသံထွက်ပေးဖော်ရသေးတယ်။ ကိုယ့်ကို အဓိပ္ပါယ်မဲ့စွာ စောင့်ခိုင်းတာ၊ အချို့ကို ဆိုရင် နေပူထဲ ရပ်ခိုင်းထားတာတောင် ဒီလို ဆီဆိုင် တာဝန်ခံလောက်ကိုတောင်မှ အပြစ်မတင်ရဲ၊ မဝေဖန်ရဲ၊ မရှုံ့ချရဲ ဖြစ်နေကြတာ။ တော်တော်ကို စိတ်မကောင်းစရာပါပဲ။ နောက် လူတွေကလည်း သူတို့သာ အနှိမ်ခံဘဝ ( ဒီဆီဆိုင် တာဝန်ခံကော၊ ပန့်ကိုင်ကော ဘတ်စကားပေါ်တက်တာနဲ့ စပယ်ယာလောက်ကတောင် ဟောက်တာခံပြီး ဘာညာတိတ်တိတ် ဝေဖန်ပေမယ့် သူတို့ အလုပ်ထဲကျတော့ သူများကို ညစ်ပြန်ရော)။ ကောင်းတာပါပဲလို့သာတွေးမိတော့
တယ်။ ဒီလိုမျိုး အပြုအမူနဲ့ စိတ်ဓါတ်တွေ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်သူမှ ဝေဖန်ဆွေးနွေးတာလည်း မရှိတော့ ပိုဆိုးလာမှာ အသေအချာပါပဲ။
from APK FB note

ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ ၂၀၁၁ ဇူလိုင် ၂၀ရက်၊ အော်ပီကျယ်၏ ဆွေးနွေးချက်

အရင်တစ်ပတ်လောက်က မနက်ပိုင်း ရေနွေးကြမ်းဝိုင်းလေးမှာ ကျွန်တော်က “အစိုးရသစ်လည်း ပြောင်းသွားပြီဆိုတော့ - - -” လို့ စကားစလိုက်တော့ ဝိုင်းထဲကတစ်ယောက်က “ဟင်- ဘယ်တုန်းက ပြောင်းသွားတာလဲ” တဲ့။ ကျွန်တော့ကို နောက်နေတယ်ထင်ပြီး စကားဆက်မယ်လုပ်တော့ နောက်တစ်ယောက်ကလည်း “ဟုတ်လား- ဘယ်တုန်းက ပြောင်းတာလဲ ဆရာ” လို့ မေးလိုက်ပြန်တယ်။ ကျွန်တော် ငါပဲ မှားနေပြီလားတွေးပြီး စကား မဆက်ရဲတော့ဘူး။

ကျွန်တော်တို့က စာပေသမားတွေဆိုတော့ စတုတ္ထမဏ္ဍိုင်နဲ့ စာပေလွတ်လပ်ခွင့်အကြောင်း အရပ်ထဲမှာလည်း အမေးခဲ့ရတယ်။ “သမ္မတကြီးကိုယ်တိုင်က စတုတ္ထမဏ္ဍိုင်က အင်မတန်အရေးကြီးတယ် လို့ ပြောသွားတယ်လေ။ ကိုမြင့်မောင်ကျော်၊ ကိုအော်ပီကျယ်- ခင်ဗျားတို့ ရေးနေတာ အရင်အတိုင်းပဲ၊ ဘာလုပ်နေတာလဲ။ ဟိုမှာ ပေးနေပြီလေ” လို့ ရပ်ကွက်ထဲမှာ အပြောခံရတယ်။ သူတို့အမြင်မှာ ခွင့်ပြုပေးလျက်နဲ့ ကိုယ်တောင် တာဝန်မကျေသလိုလို ဖြစ်နေတယ်။ အခု ကျွန်တော်တို့ ပြောပြောနေကြတဲ့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို ထိန်းကျောင်းပေးရမယ်လို့ ဆိုလိုတာပေါ့။ တနည်းပြောရရင် ဟောင်ပေးရသောခွေး (Watchdog) လို့လည်း ခေါ်ကြတယ်။ ယဉ်ယဉ်ကျေးကျေးဆိုရင် ခေါင်းလောင်းထိုးသူတွေ ပေါ့။

ဒီမိုကရေစီရဲ့ စတုတ္ထမဏ္ဍိုင်နဲ့ ပတ်သက်ရင် of the people, by the people, for the people လို့ ဆိုကြတယ်။ ဒီအခန်းအနားမစခင်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်နဲ့တွေ့တော့ “ဘာတွေလုပ်နေ၊ ဆွေးနွေးနေလဲ” လို့ မေးမိတယ်။ သူက “ဆွေးနွေးနေတာတွေ အတည်မပြုရသေးခင် ပြောခွင့်မရှိဘူး” တဲ့။ ဒါဆို by the people က ဘယ်လိုလုပ် ဖြစ်ပါ့မလဲ။ ပြည်သူလူထု people က တို့အတွက် (for the people) ဖြစ်ရဲ့လားဆိုတာ သိခွင့်မရှိဘူးဆိုတဲ့သဘော ဖြစ်နေတယ်။

ကိုယ်က ကာတွန်းဆရာဆိုတော့ ကာတွန်းတွေး တွေးတယ်။ စတုတ္ထမဏ္ဍိုင် ဆိုပေမဲ့ သုံးချောင်းထောက်ထိုင်ခုံတွေ တွေ့တိုင်း “အော်- သုံးချောင်းထဲနဲ့လည်း ဖြစ်သားပဲ” လို့ တွေးမိတယ်။ အရက်ဘားတွေမှာ ဒေါက်တိုင်တစ်ချောင်းတည်းနဲ့ ခုံတွေ တွေ့ရတော့လည်း “တစ်ချောင်းတည်း ထောက်ထားတဲ့ ခုံတွေလည်း ရှိနေတာပဲ” လို့ တွေးမိပြန်တယ်။ မိတ်ဆွေတစ်ယောက်ရဲ့ ထိုင်ခုံကျတော့ အောက်ဘက်မှာ တန်းလေးတစ်တန်း ရိုက်ထားတယ်။ တိုင်တွေ မရွဲ့စောင်းအောင် ချုပ်တန်းသဘောရိုက်ထားတာလားလို့ မေးတော့- မိတ်ဆွေက “ မဟုတ်ဘူး၊ ခြေတင်ဖို့ လုပ်ထားတာ” တဲ့။ အဲဒီတိုင်လေး စတုတ္ထမဏ္ဍိုင် ဖြစ် မဖြစ် တွေးမိတယ်။

ကျွန်တော်တို့ စာနယ်ဇင်းမှာ တွေ့နေတာ ရှိတယ်။ အဘိုးကြီးတစ်ယောက်က မြေးဖြစ်သူကို ပုံပြင်လေးတစ်ပုဒ် ပြောပြတယ်။ ခွေးတစ်ကောင်က စိတ်ဓာတ် ယုတ်ညံ့တယ်၊ ရန်လိုတယ်၊ အတ္တကြီးတယ်။ နောက်တစ်ကောင်က စိတ်ရင်းကောင်းတယ်။ သိမ်မွေ့တယ်။ အများအကျိုး ကြည့်တတ်တယ်။ တစ်နေ့မှာ အဲဒီခွေးနှစ်ကောင် ကိုက်ကြရော တဲ့။ နားထောင်နေတဲ့ မြေးက “ဘယ်ခွေး နိုင်သွားလဲ”လို့ သိချင်ဇောနဲ့ မေးလိုက်တယ်။ အဘိုးဖြေလိုက်တာက “ငါမွေးထားတဲ့ခွေး နိုင်တာပေါ့” တဲ့။ အဲဒီလို ငါမွေးထားတဲ့ခွေး ပြဿနာတွေလည်း ရှိတာပဲ။

မီဒီယာက မှားတဲ့သူကို မှန်အောင် လုပ်နိုင်တယ်။ မှန်တဲ့သူကိုလည်း မှားအောင် လုပ်နိုင်တယ်တဲ့။ မီဒီယာအင်တာဗျူးတွေမှာ မေးခွန်းကမှန်ပေမဲ့ မှားတဲ့သူကို သွားမေးတာတွေ တွေ့ရတယ် (Right Question, Wrong People)။ တစ်ခါတစ်လေ Wrong Question, Right People တွေ ရှိတယ်။

အခု စာပေလွတ်လပ်ခွင့် အချို့အဝက် ရလာတော့ မဆိုးဘူး၊ ကောင်းတယ်လို့ မြင်တဲ့ အကောင်းမြင်သမားတွေ တွေ့ရတယ်။ ကျွန်တော်က ကာတွန်းဆရာဆိုတော့ အဆိုးမြင်တတ်သူလို့ ထင်ကြတယ်။ ကျွန်တော် အဆိုးမြင် မဟုတ်ပါဘူး။ အမှန်မြင်ပါ။ အကောင်းမြင်၊ အဆိုးမြင်ကို ရေခွက်ထဲမှာ ရေတစ်ဝက်ရှိတာနဲ့ ဥပမာပေးကြတယ်။ အကောင်းမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် ရှိနေတယ်လို့ မြင်တယ်။ အဆိုးမြင်သမားက ခွက်ထဲမှာ ရေတစ်ဝက် လျော့နေတယ်လို့ မြင်တယ်။ ဒီဥပမာမှာ ပမာဏ၊ အရည်အတွက် ကိုပဲ ကြည့်တာဆိုရင် ကိစ္စမရှိဘူး။ ကျွန်တော်က ရေဆာနေလို့ အခုရတဲ့တစ်ဝက်သောက်မယ်။ နောက်တစ်ဝက်ထပ်ရတဲ့အခါ ထပ်သောက်ရင် ဗိုက်ပြည့်မယ်။ အရည်အချင်းသဘောဆိုရင်တော့ ကိစ္စရှိတယ်။ ရေဆူရမယ့် ကိစ္စမျိုးဆိုရင် ၁၀၀ ဒီဂရီစင်တီဂရိတ်မှ ရေဆူမယ်။ ရေထဲက ပိုးမွှားတွေ သေမယ်။ အဲဒီနေရာမှာ ၅၀ ဒီဂရီပဲ အပူရမယ်။ တော်ကြာ အေးသွားပြီးမှ နောက် ၅၀ ဒီဂရီ ထပ်ရမယ်ဆိုရင် တစ်သက်လုံး ၁၀၀ ဒီဂရီ မရောက်တော့ဘူး။ ရေက ဘယ်တော့မှ မကျက်တော့ဘူး။ မကျက်တဲ့ရေသောက်ရင် ဝမ်းလျှောမယ်။ ပိုးတွေကလည်း မသေတော့ဘူး။ ဒါ အကောင်းမြင်လဲ မဟုတ်ဘူး။ အဆိုးမြင်လည်း မဟုတ်ဘူး။ အမှန်အတိုင်း မြင်တာပါ။ အပြောင်းအလဲဖြစ်ဖို့ မြန်ဖို့ မလောပေမဲ့ မှန်ဖို့တော့ လိုတယ်။ တစ်ရင်ချင်းပဲ လျှော့လျှော့၊ တစ်လှမ်းချင်းပဲ သွားသွား ဘယ်လောက်ကြာမှာလဲဆိုတာကတော့ အရေးကြီးတယ်။ မဟုတ်ရင် ကျွန်တောတို့ ၅၀ ဒီဂရီပဲ အပူပေးထားတဲ့ မကျက်တဲ့ရေကိုပဲ သောက်နေရသလို ဖြစ်နေမယ်လို့ ထင်ပါတယ်။
စတုတ္ထမဏ္ဍိုင် ကာတွန်း ၁
စတုတ္ထမဏ္ဍိုင် ကာတွန်း ၂
စတုတ္ထမဏ္ဍိုင် ကာတွန်း ၃
စတုတ္ထမဏ္ဍိုင် ကာတွန်း ၎
စတုတ္ထမဏ္ဍိုင် ကာတွန်း ၅
စတုတ္ထမဏ္ဍိုင် ကာတွန်း ၆

credit to ဆ၇ာအော်ပီကျယ်

ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထား


နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းနှင့် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) အသုံးပြုသော အစိုးရဝန်ကြီးဌာနများ၏ ငွေလဲနှုန်းထားကို ကျပ် ၈၀၀ သတ်မှတ်ထားသည်ဟု ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောကြာင်းသည်။ “အစိုးရဌာနတွေရဲ့ နိုင်ငံခြား ငွေလဲနှုန်းကို အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ နှုန်းနဲ့ တွက်ချက်နေပါတယ်။ အစိုးရဘတ်ဂျက်မှာလည်း ကျပ် ၈၀၀ နှုန်းနဲ့ တွက်နေတယ်” ဟု ဦးအောင်သောင်းက ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံသား ဟားဗတ်တက္ကသိုလ်မှ စီးပွားရေးပညာရှင်များ၊ မြန်မာနိုင်ငံဘဏ်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။ အစိုးရအနေဖြင့် တရားဝင် သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲနှုန်းမှာ ၆ ကျပ်ဝန်းကျင်ဖြစ်ပြီး ယခင်က နိုင်ငံတော် ရ-သုံးငွေရှင်းတမ်းအချို့နှင့် နိုင်ငံခြားငွေ အသုံးပြုသော ဝန်ကြီးဌာနများ၏ ငွေလဲနှုန်းအချို့ကို တရားဝင်ငွေလဲနှုန်းဖြင့်သာ တွက်ချက်ခြင်းဖြစ်ပြီး ယခုဘဏ္ဍာရေးနှစ်မှ စတင်ကာ ကျပ် ၈၀၀ နှုန်းဖြင့် တွက်ချက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဟားဗက်တက္ကသိုလ်မှ ပညာရှင်များက မြန်မာနိုင်ငံ၏ လက်ရှိ ငွေလဲနှုန်းကို အမြန်ဆုံး ပြင်ဆင်ပြောင်းလဲနိုင်ရန် တိုက်တွန်းပြောကြားထားပြီး အဆိုပါ အစိုးရဌာနတွင်း ကျပ် ၈၀၀ နှုန်း သတ်မှတ်မှုမှာ အဆင်ပြေမှု ရှိနိုင်သော်လည်း ပြင်ပစီးပွားရေးအခြေအနေအရ လျော်ကန်သင့်မြတ်မှု မရှိနိုင်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်ဟု ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။ 
credit to သစ်ထူးလွင်

Facebook မှသည် Google+ သို့ အပိုင်း(၁)

ဖိုးဝလုံး
နေ့စဉ်အသုံးပြုနေကျ အင်တာနက်အကြောင်းအရာတွေထဲမှာ လူမှုရေး ကွန်ရက်တစ်ခုဖြစ်တဲ့ Facebook ကို လူကြီးလူငယ်အများ နှစ်သက်အသုံးပြု ကြပါတယ်။ Facebook အပြင် စတင်ရေပန်းစားအသုံးများလာပြီဖြစ်တဲ့ Google+(plus) ပေါ်ထွက်လာတဲ့အချိန်မှာ Facebook မှာရှိတဲ့ သူငယ်ချင်းစာရင်း (Friend List) တွေ၊ ဓာတ်ပုံတွေကို Google+ ပေါ်လွှဲပြောင်းဖို့လို အပ်လာပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Facebook Account က အချက်အလက်တွေကို Google+ အပေါ် ပြောင်းတင်နိုင်တဲ့နည်းလမ်းတစ်ခုကို ဖော်ပြ လိုက်ပါတယ်။
အဆင့်(၁)
အရင်ဆုံးကိုယ့်ရဲ့ Facebook Account ကို Login ၀င်ပြီး ပုံမှာပြထားတဲ့အတိုင်း Home ထဲက Account Setting ကိုသွားပါ။
Account Setting ထဲရောက်သွားရင် Download a copy of your Facebook Data ကို နှိပ်လိုက်ပါ။
Download Your Information ပေါ်လာပါလိမ့်မယ်။
Start My Archive Button ကိုနှိပ်ပါ။ ဒါဆိုရင် ကိုယ် Subscribe လုပ်ထားတဲ့ အီးမေးလ်ကိုအချက်အလက်တွေ Download လုပ်နိုင်မယ့် Link ပို့ပေးပါလိမ့်မယ်။
ကိုယ့်ရဲ့ Data တွေ များရင်များသလို အချိန်အနည်းငယ် ကြာတတ်ပါတယ်။
Pending ဖြစ်နေရင် အီးမေးလ်မရောက်သေးပါ။
Subscribe လုပ်ထားတဲ့ အီးမေးလ်ကိုဝင်ပြီး Facebook ကပေးထားတဲ့ Link ကိုလိုက်ပါ။ ပြီးရင် Facebook ရဲ့ password ကို ရိုက်ထည့်ပြီး download archive ကို နှိပ်ပြီး Zip ဖိုင်ကို Download ဆွဲချပါ။
ZIP ဖိုင်ထဲမှာပါတဲ့ index.html ဖိုင်ကို ဖြေချထားပါ။
အဆင့်(၂)
ကိုယ့်ရဲ့ Google+ Account ကို Login ၀င်ပြီး လက်ယာဘက်အပေါ်မှာရှိတဲ့ Setting ပုံလေးကိုနှိပ်လိုက်ပါ။
Google+ setting ကိုရွေးပါ။
Google+ setting စာမျက်နှာကိုရောက်သွားပါလိမ့်မယ်။
Connected accounts ကိုနှိပ်ပါ။

ပြည်သူကို ကိုယ်စားပြုသည့် အသံ

မောင်သိန်းလွင်
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် နေ့၌ ဆရာကောင်းသန့်က ဖုန်းဆက်၍ ခေါ်သည်။ မင်္ဂလာဒုံစက်မှုဇုန်တွင် လူငယ် အင်ဂျင်နီယာတစ်စု တိုင်းပြည် တိုးတက်အောင် မိမိတို့ တတ်ကျွမ်းသည့် ပညာဖြင့် ကြိုးစား ဆောင်ရွက်ကြကြောင်း၊ သူတို့၏ လုပ်ဆောင်ကြိုးပမ်းချက်များသည် တိုင်းပြည်နှင့်လူမျိုး အတွက် တကယ်အကျိုးရှိမရှိ သွားရောက် လေ့လာကြမည်ဖြစ်ကြောင်း၊ အခြား စာရေးဆရာများလည်းပါကြောင်း၊ လိုက်ပါ လေ့လာစေလိုကြောင်း ဖုန်းဆက်သည်။
သူပြောသည့်စုရပ်သို့ သွားသောအခါ ဆရာချစ်စံဝင်း၊ ဆရာ ချစ်နိုင်(စိတ်ပညာ)၊ ဆရာဒေါက်တာ ခင်မောင်ညို၊ ဆရာကောင်းသန့်၊ ဆရာ နွမ်ဂျာသိုင်းနှင့် Eleven ဂျာနယ်မှ စီနီယာ အယ်ဒီတာ အငယ်ထွေးတို့ကိုလည်း တွေ့ရသည်။
အခြား စိတ်ဝင်စားသည့် လေ့လာသူများလည်း ပါသည်။
ကား နှစ်စီးဖြင့် ထွက်ခွာခဲ့ရာ KOL Global Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတင်မောင်နိုင် (B.E (Mech;) MBA)၊ ကိုစိုးမြင့်ဦး (B.E (Petro:) Senior Manager)၊ TRIANGLE LINKS Engineering မှ ကိုထင်လင်း (General Manager)တို့နှင့် တွေ့ရသည်။
စက်ရုံကို လှည့်ပတ်ကြည့်ရှု လေ့လာကြသည်။
အလုပ်သမားများနှင့်လည်း တွေ့ဆုံဆွေးနွေးကြသည်။
ဘိလပ်မြေ ဖျော်စက်များ၊ အခြားစက်ကိရိယာများ၊ မိုးမြင့်တာဝါ ကရိန်းများ စသည်ဖြင့် ၎င်းတို့စွမ်းအားရှိသလောက် တီထွင် ကြံဆ ထုတ်လုပ်နေကြခြင်းဖြစ်သည်။
ထိုစက်ကိရိယာများကို ပြင်ပနေရာ အနှံ့အပြားတွင်လည်း တွေ့ဖူးသည်။
သို့သော် နိုင်ငံခြားမှတင်သွင်းလာသော စက်ကိရိယာများဖြစ်သည်ဟုသာ ထင်မြင်မိခဲ့သည်။
သို့သော် နိုင်ငံခြားအဆင့်မီ စက်ကိရိယာများကို မြန်မာအင်ဂျင်နီယာများက တီထွင်လုပ်ဆောင်နေကြသည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ထိုအင်ဂျင်နီယာများ၏ လုပ်ဆောင်ကြိုးပမ်းချက်မျိုး လိုအပ်သည်။
ပြည်သူသို့ အသိပေးတင်ပြအပ်သည်ဟု ကျွန်တော်တို့အားလုံးက ထင်မြင်မိပါသည်။
"ဒီလူငယ်တွေလိုသာ ကြိုးစားလုပ်ကိုင်ကြရင်၊ ဒါမှမဟုတ် သူတို့လုပ်ငန်းကို အစိုးရကသာ အားပေးမယ်ဆိုရင် တိုင်းပြည်စီးပွားရေး ကောင်းမှာဗျ။ ရေအားလျှပ်စစ်တွေ ဘာတွေတောင် လုပ်စရာမလိုတော့ဘူးပေါ့"ဟု ဆရာ ကောင်းသန့်က ဝေဖန်တင်ပြသည်။
"အဲဒီ ရေအားလျှပ်စစ်စီမံကိန်းဆိုတာ လောလောဆယ် မလုပ်ဖြစ်တော့ဘူးဗျ။ ဒီနေ့ပဲ နိုင်ငံတော်က ကြေညာလိုက်ပြီ" ဟု ဆရာ ဒေါက်တာ ခင်မောင်ညိုက ပြောပြသည်။
ထိုနေ့က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ "မိမိတို့ အစိုးရလက်ထက် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို ရပ်ဆိုင်းထားမည်" ဟူသော ကြေညာချက် ထွက်လာသည်။
ကျွန်တော်တို့အားလုံး အံ့ဩ၀မ်းသာကြသည်။ သမ္မတကြီးကို ၀ိုင်းဝန်းချီးကျူး ထောက်ခံကြသည်။
သက်တော်ရာကျော် ရှည်စေကြောင်း ဆုတောင်းကြသည်။
ကျွန်တော်က မြို့တော်ခန်းမရှေ့ သွားပြီး 'သမ္မတကြီး သက်တော်ရာကျော် ရှည်ပါစေ'လို့ ကြွေးကြော်သင့်ကြောင်း၊ ထောက်ခံသင့် ကြောင်း ပြောလိုက်ရာ ဆရာချစ်စံဝင်းက "ကျွန်တော်ကတော့ ထောက်ခံကြောင်း ဆောင်းပါးတစ်ပုဒ် ရေးပြီးလို့ မြန်မာတိုင်း(မ်) ကိုတောင် ပို့ပြီးပြီဗျ"ဟု ပြန်ပြောပါသည်။
"ဒီကိစ္စက သိပ်ကို ကျယ်ပြန့် လေးနက်တယ်ဗျ။ မြန်မာ့အရေးသာ မဟုတ်ဘူး။ ကမ္ဘာ့အရေးလည်း ဖြစ်တယ်။ ကမ္ဘာကြီးက အခု ကမ္ဘာ့ရွာကလေး ဖြစ်သွားပြီလေ။ နိုင်ငံတကာက မကြာခင် တုံ့ပြန်လာကြလိမ့်မယ်။ သူတို့ သဘောထားအမြင်တွေကို ထုတ်ပြန် လာကြလိမ့်မယ်။ ကမ္ဘာ့နိုင်ငံအများစုက သမ္မတကြီး ရဲ့ လုပ်ဆောင်ချက်ကို ထောက်ခံကြ မယ်ထင်တယ်။ မြစ်ကိုပိတ်ပြီး ရေကာတာ ဆောက်တာဟာ တစ်နိုင်ငံတည်းရဲ့ ကိစ္စသာ မဟုတ်ဘူးဗျ။ ကမ္ဘာနဲ့ ပတ်သက်တဲ့ အကျိုးဆက်တွေ၊ ရာသီဥတု မိုးလေ၀သ အခြေ အနေတွေကို ထိခိုက်နိုင်တယ်။ Ecoclimate (ဒေသိယရာသီဥတု တစ်ခုတည်း)သာ ထိခိုက်တာမဟုတ်ဘူးဗျ။ ပြီးတော့ Ecology (အပင်၊သတ္တ၀ါ နဲ့ သဘာဝပတ်ဝန်းကျင်ဆက်နွှယ်မှု ဂေဟစနစ်)ကိုလည်း ထိခိုက်တယ်ဗျ။ အီဂျစ်နိုင်ငံက အက်ဆွမ်ရေကာတာ ကြီးနဲ့ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော် ရေးခဲ့ဖူးတယ်"ဟု ဆရာ ဒေါက်တာ ခင်မောင်ညိုက ၀င်ရောက် ပြောဆိုပါသည်။
မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး လူတန်းစား အမျိုးမျိုးရှိမည်ဟု ထင်ရပါသည်။
(၁) ဤကိစ္စကို လုံးဝလည်းမသိ၊ စိတ်ဝင်စားမှုလည်း မရှိသည့်သူများ၊
(၂) ဤကိစ္စကို သိသော်လည်း 'ကိုယ်တတ်နိုင်တာမှ မဟုတ်ဘဲ၊ ကံတရားပေါ့' ဟု ဆိုကာ ကံကိုပုံချနေသည့်သူများ၊
(၃) ဤစီမံကိန်းနှင့်ပတ်သက်၍ တိုင်းပြည်အတွက် တကယ်အကျိုးရှိမည်ဟု ရိုးရိုးသားသား ယုံကြည်ယူဆနေသည့် သူများ (၎င်းတို့အနေဖြင့် ဆိုးကျိုးများ ရှိပင် ရှိနိုင်သော်လည်း ကောင်းကျိုးက ပိုများမည်ဟု ယူဆနေကြသည့်သူများ ဖြစ်သည်။)
(၄) မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် တိုင်းပြည်အတွက် သဘာဝ ဘေးအန္တရာယ်များ၊ မိုးလေ၀သ ဖောက် ပြန်မှုများ၊ စီးပွားရေးလုပ်ငန်းပျက်စီးမှုများ ဖြစ်ပေါ်နိုင်သည်။ ဧရာဝတီမြစ်ကြီး ထိခိုက်ပျက်စီးနိုင်သည်ဟု ရိုးရိုးသား သား ယုံကြည်ယူဆ စိုးရိမ်ပူပန်မှုရှိကြသည့်သူများ၊
(၅) လူထုကို လှုံ့ဆော်ပြီး ပဋိပက္ခဖြစ်အောင်၊ လမ်းပေါ်ရောက်လာအောင် ပြုလုပ်မည်ဟု သဘောရိုးဖြင့်မဟုတ်ဘဲ လှုံ့ဆော်ချင် သည့်သူများ၊ စသည်ဖြင့် အမျိုးမျိုး ရှိနိုင်ပါသည်။
ထိုလူတန်းစား ငါးမျိုးအနက် နောက်ဆုံး လူတန်းစားမှလွဲ၍ ကျန်လူတန်းစား လေးရပ်ကို ကျွန်တော့အနေဖြင့် အပြစ် မမြင်မိပါ။
မိမိရှုထောင့်၊ မိမိအယူအဆအရ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ကြပါသည်။
သို့သော် ဤကိစ္စသည် တရုတ်ပြည်သူ၊ တရုတ် လူမျိုးများနှင့် မြန်မာပြည်သူ မြန်မာ လူမျိုးတို့ကြားတွင် ပဋိပက္ခဖြစ်စရာ အကြောင်း မရှိဟု ကျွန်တော်တွေးတော နေမိစဉ်တွင် ... ကျွန်တော်တို့ထဲမှ တစ်ယောက်က တရုတ်စီးပွားရေးသမားတွေဘက်က ပြောစရာ၊ ဆိုစရာ၊ ကန့်ကွက်စရာတွေ ဖြစ်လာနိုင်တယ်ထင်တယ်" ဟု ထောက်ပြပါသည်။
ကျွန်တော်က "ဘာမှမဆိုင်ဘူးလို့တော့ ထင်တာပဲ။ အဲဒီအချိန်မှာ အခြေခံဥပဒေက အသက် မ၀င်သေးဘူးလေ။ အခုဟာက အခြေခံ ဥပဒေကို တာဝန်ခံပြီး အခြေခံဥပဒေ အရ လုပ်ရတဲ့ကိစ္စ ဖြစ်တယ်ဗျ။ အခြေခံ ဥပဒေပုဒ်မ ၄၄၁ မှာ 'ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်ထောင်စု လွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော် တစ်ဝန်းလုံး၌ အာဏာတည်သည်' " လို့ ဖော်ပြထားတယ်ဟု ကျွန်တော်က တင်ပြပါသည်။
"ဘာပဲပြောပြော သမ္မတကြီးက အခုလို ပယ်ဖျက်တာ သဘောကျသဗျာ" "အခြေခံဥပဒေ ပုဒ်မ ၂၀၉ မှာ 'နိုင်ငံတော်သမ္မတသည် ဥပဒေနှင့် အညီ အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြု ဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ် များမှ နုတ်ထွက်ခြင်းပြုနိုင်သည်"လို့ ပြဋ္ဌာန်းထားတယ်ခင်ဗျ။ အခြေခံဥပဒေပုဒ်မ ၄၅ မှာ 'နိုင်ငံ တော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရ မည်။ (The Union shall protect and conserve natural environment.)လို့ အခြေခံဥပဒေက ပြဋ္ဌာန်းထားသည်။ သမ္မတကြီးက ဥပဒေနဲ့အညီ ဆောင်ရွက် ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး အဖြစ် တာဝန်ယူတဲ့အချိန်ကလည်း "ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ ရိုသေပါမည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်း စောင့်သိ လိုက်နာရိုသေပြီး နိုင်ငံတော်၏ ဥပဒေများကို လိုက်နာကျင့်သုံး ဆောင်ရွက်ပါမည်။ မိမိ၏ တာဝန် ၀တ္တရားများကို ဖြောင့်မတ်မှန်ကန်စွာဖြင့် အစွမ်းကုန် ဆောင်ရွက်ပါမည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလ တရားများ ပိုမိုထွန်းကားရေးအတွက် ဆောင်ရွက်ပါမည်။ ကျွန်ုပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အကျိုးငှာ နိုင်ငံတော်အား မိမိ၏ အသက်နှင့် ကိုယ်ကို အပ်နှင်းသည်ဟု လေးနက် တည်ကြည်စွာ ကြေညာ၍ ကတိသစ္စာ ပြုသည်" ဆိုပြီး ကတိသစ္စာပြုခဲ့သည်။
ပြီးတော့ အခြေခံဥပဒေပုဒ်မ ၅၇ မှာ "နိုင်ငံတော်သမ္မတသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်'လို့ ဖော်ပြထားတော့ အခု နိုင်ငံတော် သမ္မတကြီးရဲ့ လုပ်ဆောင်ချက်ဟာ နိုင်ငံတော်ရဲ့လုပ်ဆောင်ချက်၊ နိုင်ငံသူ နိုင်ငံသားများရဲ့ လုပ်ဆောင်ချက်၊ နိုင်ငံတော်သမ္မတကြီး ပြောတဲ့ စကားက ပြည်သူကို ကိုယ်စားပြုပြီး ပြောတဲ့အသံဖြစ်လို့ ကျွန်တော်တို့ကတော့ အပြည့်အ၀ ထောက်ခံသည်။
နိုင်ငံတော်သီချင်းထဲမှာလည်း
- တရားမျှတ-လွတ်လပ်ခြင်းနဲ့မသွေ- တို့ပြည်-တို့မြေ- များလူခပ်သိမ်း-ငြိမ်းချမ်းစေဖို့- ခွင့်တူညီမျှ-၀ါဒဖြူစင်တဲ့ပြည်- တို့ပြည်-တို့မြေ- ပြည်ထောင်စုအမွေ-အမြဲတည်တံ့ စေ အဓိဋ္ဌာန်ပြုပေ- ထိန်းသိမ်းစို့လေ။ (ကမ္ဘာမကျေ- မြန်မာပြည်- တို့ဘိုးဘွားအမွေစစ်မို့- ချစ်မြတ်နိုးပေ)၂ ပြည်ထောင်စုကို- အသက်ပေးလို့- တို့ကာကွယ်မလေ။ ဒါတို့ပြည်-ဒါတို့မြေ-တို့ပိုင်တဲ့မြေ။ တို့ပြည်- တို့မြေ- အကျိုးကို ညီညာစွာ- တို့တစ်တွေ ထမ်းဆောင်ပါစို့လေ- တို့တာဝန်ပေ အဖိုးတန်မြေ။ လို့ ဖော်ပြထားသည် မဟုတ်ပါလော။