Thursday 22 December 2011

“ဒါဘယ်သူ့ကားလဲ သိလား”

မှန်များအားစတစ်ကာ အနက် အပြည့်ကပ်ထားသော ကားတစ်စီး အား မော်တော်ပီကယ်လေး က တားလိုက်သည်။
ရွှီ..
ကားမှန်လေး မှာ အသာလေး ကျသွားပြီး.. အမျိုးသမီးကြီး တဦး မျက်နှာ ပေါ်လာပြီး စကားသံပါ ထွက်လာသည်။
အမျိုးသမီး - “ဘာဖြစ်လို့ လဲ ကွယ်...”
မော်တော်ပီကယ် - “ကား မှန်စတစ်ကာ အနက်တွေကပ်ခွင့် မရှိပါဘူး”
အမျိုးသမီး - “ဒါဘယ်သူ့ကားလဲ သိလား”
မော်တော်ပီကယ်လေးမှာ ရုတ်တရက် လန့်သွားပြီး..
ဟာ တောင်းပန်ပါတယ် အမ ခင်ဗျား သွားပါသွားပါ...။
မှန်လေးမှာ အသာပြန် တက် သွားပြီး ၊ ကားလေးမှာ မောင်းထွက်သွားသည်..။ ထိုအခါ ကားနောက်ခန်းမှ ကလေးလေးမှာ သူ၏ မိခင်ကို မေးလိုက်သည်.။
ကလေး - “မေမေ ဒါဘယ်သူ့ကား လဲဟင်...”
အမျိုးသမီး - “သမီးတို့ ဖေဖေ ၀ယ်ထားတဲ့ သမီးတို့မေမေတို့ကားပေါ့ သမီးရယ်”

No comments:

Post a Comment