Thursday 22 December 2011

အသုံးဝင်တဲ့ Windows 7 PSR

Windows 7 ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ Program Steps Recorder (PSR) အကြောင်းကို ဒီတစ်ပတ် အိုင်တီဗဟုသုအဖြစ် ဖော်ပြလိုက်ပါတယ်။
ကွန်ပျူတာအသုံးပြုသူ အများစုဟာ ကွန်ပျူတာမှာ အမှားအယွင်း တစ်ခုခု ဖြစ်ပြီဆိုရင် ဘယ်လိုဖြစ်နေတယ်ဆိုတာ ပြုပြင်သူတွေကို အသေးစိတ် ပြန်မပြောတတ်ကြပါ။
ဒီ အချက်ကို အလွယ်တကူ ဖြစ်စေဖို့ Windows7 ရဲ့ PSR က ဖြေရှင်းပေးနိုင်ပါတယ်။ PSR က Windows 7 ရဲ့ User Interface ထဲမှာ ရှာကြည့်ရင် မတွေ့နိုင်ပါ။ ဒါကြောင့် Windows 7 ရဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ PSR က ၀င်းဒိုးမှာ မိမိဖွင့်ပြီး အသုံးပြုတဲ့ ပရိုဂရမ်တွေရဲ့ Screen Shot တွေကို အဆင့်လိုက် သိမ်းထားပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကွန်ပျူတာမှာ ပရိုဂရမ်တွေ အသုံးပြုရင်း ဖြစ်လာတဲ့ အမှားအယွင်းပြစ်ချက်တွေကို မှတ်တမ်းရယူနိုင်ပါတယ်။ ဒါပေမယ့် Keyboard က ရိုက်သမျှ စာလုံးတွေကိုတော့ သိမ်းထားပေးမှာ မဟုတ်ပါ။ အသုံးပြုနည်းက Windows 7 ရဲ့ Start Menu ထဲက Program Search Box မှာ psr လို့ ရိုက်ထည့်လိုက်ပါ။
Search Result List ထဲမှာ psr ကို တွေ့ပါလိမ့်မယ်။ နှိပ်ပြီးဖွင့်ပါ။ Program Steps Recorder ၀င်းဒိုး ပေါ်လာပါလိမ့်မယ်။ Start Record ကိုနှိပ်ပြီး အသုံးပြုနိုင်ပါတယ်။ ပြီးရင် Stop Record ကိုနှိပ်ပါ။ Record လုပ်ထားတာတွေကိုသိမ်းဖို့ Save Dialoge Box ပေါ်လာပါလိမ့်မယ်။
ကိုယ်သိမ်းလိုတဲ့ ဖိုင်အမည်ရိုက်ထည့်ပြီး Save ကို နှိပ်ပါ။
Zip ဖိုင်အနေနဲ့ Save လုပ်သွားပါလိမ့်မယ်။
ဒါဆိုရင် ဖြစ်ပေါ်လာတဲ့ Error တွေကို မှတ်တမ်း တင်နိုင်ပါလိမ့်မယ်။
မှတ်တမ်းတင်ထားတဲ့ Zip ဖိုင်ကို ကွန်ပျူတာကျွမ်းကျင်သူကိုပြသပြီး လိုအပ်တဲ့ အကူအညီတွေကို တောင်းနိုင်ပါကြောင်း ယခု တစ်ပတ် အိုင်တီဗဟုသုတကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။

No comments:

Post a Comment