Thursday 22 December 2011

၇ယ်ရွှင်ဖွယ်

သြော်... ဒီလိုကိုး
အမေရိကန် တက်ဆပ်စ် (Taxas) ပြည်နယ်မှ နွားခြံပိုင်ရှင်တစ်ယောက်သည် သြစတေးလျ နိုင်ငံသို့ အလည်သွားပြီး ခရီးနားသည့် အချိန်တွင် ဘီယာဆိုင်တစ်ဆိုင်သို့ ဝင်ပြီး ဘီယာသောက်အနားယူရင်း သူ၏နွားခြံ ကြီးမားကြောင်းကို ကြွားဝါပြောဆိုနေလေသည်။
"ကျနော့်  ခြံကလေ ဘယ်လောက်တောင်ကြီးသလဲဆိုတော့  မြင်းနဲ့ သွားရင်တောင် ဟိုဘက်ခြံစည်းရိုးကို ရောက်ဘို့ သုံးရက်လောက်စီးရတယ်ဗျ.."
နားကြားပြင်းကပ်လာသော ဒေသခံအဘိုးအိုမှ..
"အေး ငါ့ မှာလဲ အဲလို မြင်းတစ်ကောင်ရှိဘူးတယ်ကွယ့် ...
 အဲလို ပျင်းလို့  ပစ်သတ်ပလိုက်တယ် ကွယ်.."

သိုးမွှေးခြေအိပ်
တနေ့တွင် စိတ်ရောဂါကု ဆရာဝန်တယောက်ထံ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားသော လူ တယောက် ၀င်လာပြီး
“ ဆရာ ကျနော်က နိုင်လွန်ခြေအိပ်နဲ့ စာလိုက်ရင် သိုးမွှေးခြေအိပ်ကို ပိုကြိုက်တယ် ပြောမိတာနဲ့ လူတွေက ကျနော့ကို ရူးတယ် ဆိုပြီး ဆရာ့ဆီ လွှတ်လိုက်လို့ပါ”
“ ဒါကတော့ ဗျာ ကျနော်လဲ သိုးမွှေးခြေအိပ် ပိုကြိုက်တာဘဲ လူတကိုယ် အကြိုက် တမျိုးစီပေါ့”
“ မှန်လိုက်လေ ဆရာရယ် . . . ဆရာနဲ့ ကျနော် အကြိုက်ချင်းတူနေတာပေါ့ . .  . ဒါနဲ့ ဆရာက ဘယ်လို ကြိုက်တာလဲ ? ကျနော်ကတော့ သိုးမွှေးခြေအိပ်ကို ထောပတ်လေး ခပ်ပါးပါး သုတ်ပြီး စားရတာ ကြိုက်တယ်”

မြန်မာနိုင်ငံမှာပြုလုပ်တဲ့ Miss Universe Final round ဖြစ်ပါတယ်၊
နောက်ဆုံးဇကာတင်ရွေးထားတဲ့(၃)ယောက်ဖြစ်တဲ့

Miss USA, Miss Malaysia and Miss Myanmar တို့ကို မေးခွန်း(၃)ခု စီမေးမယ့်အစီအစဉ် ပဲဖြစ်ပါတယ်

တင်ဆက်သူ ။ ။ ပထမမေးခွန်းကတော့ အင်္ဂလိပ်အက္ခရာ "L" နဲ့စတဲ့ လျှပ်စစ်ပစ္စည်းတစ်မျိုးရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA။ ။ Lamp

Miss Malaysia။ ။ Light bulb

Miss Myanmar။ ။ LAY DIO

ဒိုင်လူကြီး ။ ။ အိုး..နိုး.. Radio က letter "L" နဲ့မစဘူးလေ

တင်ဆက်သူ။ ။ ဒုတိယမေးခွန်းကတော့ letter "L" နဲ့စတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA ။ ။ Lion

Miss Malaysia ။ ။ Leopard

Miss Myanmar ။ ။ LABBIT

ဒိုင်လူကြီး ။ ။ အိုး..နိုး.. Rabbit က letter "L" နဲ့မစဘူးလေကွယ်

တင်ဆက်သူ ။ ။ အခုမေးမဲ့ နောက်ဆုံးမေးခွန်းကတော့ letter "L"နဲ့စတဲ့ အသီးတစ်မျိုးရဲ့ အမည်ကိုပြောရမှာဖြစ်ပါတယ်

Miss USA ။ ။ Lemon

Miss Malaysia။ ။ Lychee

Miss Myanmar, (ယုံကြည်မှုအပြည်နှင့်ပြောလိုက်သည်) : LAIN MAW

ဒိုင်လူကြီး ။ ။ ( အိုး.မိုင်ဂေါ့ )

ဒိုင်လူကြီးတွေနဲ့အကဲဖြတ်အဖွဲတွေဟာ Miss Myanmar ကို

အရည်အချင်းမပြည့်မှီဘူးလို့ သတ်မှတ်သင့်သလားဆိုတဲ့မေးခွန်းကို

အပြန်အလှန်တိုင်ပင်နေကြပြီး၊မြန်မာနိုင်ငံမှာကျင်းပခြင်းဖြစ်နေတာကတစ်ကြောင်း၊

Miss Myanmar လေးအားလည်း အရှက်တကွဲ အကျိုးနည်းမဖြစ်စေချင်သည်ကတစ်ကြောင်း ၊

Miss Myanmar လေးမှာ letter "L" နှင့်ပတ်သက်ပြီး ပြသနာများစွာရင်ဆိုင်နေရသည်ကတစကြောင်းတို့ကြောင့် ၊

နောက်ထပ်အခွင့်အရေးတစ်ခုပေးရန် ဆုံးဖြတ်လိုက်ကြသည်။

တင်ဆက်သူ ။ ။ OK, အခုနောက်ဆုံးမေးခွန်းကတော့ လူမှာ letter "L" နဲ့စတဲ့ လူခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုရဲ့အမည်ကိုပြောပြပါ။

Miss USA ။ ။ Lung (လက်ခုပ်သံများ)

Miss Malaysia ။ ။ Liver (ပိုများသောလက်ခုပ်သံများ)

Miss Myanmar ။ ။    LA U            :2 :2 :2

No comments:

Post a Comment