Thursday 22 December 2011

၂၀၁၂ ခုနှစ်မှ စတင်၍ အိမ်သုံးမီတာ တစ်ယူနစ် ၃၅ ကျပ်နှင့် စီးပွားရေးသုံး မီတာတစ်ယူနစ် ၇၅ ကျပ်သာ ကောက်ခံရန် သတ်မှတ်ထား

လာမယ့် ၂၀၁၂ ခုနှစ်မှ စတင်ကာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ ကောက်ခံဖို့နဲ့ စီးပွားရေး လုပ်ငန်းသုံး ပါဝါ မီတာတွေမှာ မီတာ တစ် ယူနစ်လျှင် ကျပ် ၁၀၀ ကောက်ခံဖို့ လျာထားသတ်မှတ် ခဲ့ပေမယ့် ယခု အခါမှာတော့ အိမ်သုံးမီတာ တစ်ယူ နစ် လျှင် ၃၅ ကျပ်နဲ့ ပါဝါမီတာ တစ်ယူနစ်လျှင် ၇၅ ကျပ်သာ ကောက်ခံဖို့ သတ်မှတ်လိုက် ပြီ ဖြစ်တယ်လို့ အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါသည်။

ယခုလက်ရှိ မီတာခတွေဟာ အိမ်သုံးမီတာ တစ်ယူနစ်လျှင် ၂၅ ကျပ်နဲ့ စီးပွားရေး လုပ်ငန်း မီတာ တစ်ယူနစ်ကို ကျပ် ၅၀ နှုန်းကောက်ခံ လျက် ရှိတာ ဖြစ်ပါသည်။ ယခုပြောင်းလဲ သတ်မှတ်မယ့် မီတာခ တွေကတော့ လာမယ့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁  ရက်နေ့မှ စတင်ကာ ကောက်ခံ သွားမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ မှစတင်ပြီး အဆိုပါ နှုန်းထားနဲ့ လျှပ်စစ်မီတာ ခများ ပေးဆောင်ရမှာ ဖြစ်ပါသည်။ လျှပ်စစ် မီတာခများ ယခုလို အနည်းငယ် တိုးမြင့်ကောက်ခံ ရခြင်းမှာ ယခင်က အိမ်သုံး တစ်ယူနစ်လျင် ၂၅ ကျပ် ၊ စီးပွားရေး လုပ်ငန်းမီတာ တစ်ယူနစ်လျှင် ကျပ် ၅၀ေ ကာက်ခံစဉ်က အစိုးရ အနေနဲ့ တစ်နှစ်လျှင် ကျပ်ငွေ ၂၅၀ ဘီလီယံခန့် အရှုံးပေါ် နေတဲ့အတွက် ရငွေ ၊ သုံးငွေကာ မိစေဖို့  အနည်းငယ် မြင့် တက် ကောက်ခံတာ ဖြစ်တယ်လို့ သိရပါသည်။


credit to MRTV4

No comments:

Post a Comment