Thursday 29 December 2011

ပညာအခြေခံ လူမှုအဖွဲ့အစည်း

ကျွန်တော်မန္တလေး တက္ကသိုလ် တက်စဉ်က ရူပဗေဒဘာသာရပ်ကို ပို့ချသူဆရာ ဦးလှမြင့်ကို အလွန် သဘောကျသည်။ စာသင်ကောင်း သလို အပြောလည်းကောင်းပါ သည်။ ဆရာသည် အင်္ဂလန်မှ Ph.D ရရှိပြီး ပါမောက္ခချုပ်လည်း ဖြစ်ခဲ့ပါသည်။  ဆရာက ”မင်းတို့စာကြိုးစားကြ၊ အောင်ရုံတော့မကောင်းဘူး” ကျောင်းသားတွေ ဝေါခနဲ ရယ်ကြသည်။ မန္တလေးတွင် ‘အောင်ရုပ်ရှင်ရုံ’ကို ‘အောင်ရုံ’ဟု ခေါ်ကြသည်။ အောင်ရုံသည် ရှေး ဟောင်းအဆောက်အအုံဖြစ်သည်။ “မင်းတို့ ‘ဝင်းလိုက်’လောက်တော့   ဖြစ်အောင်လုပ်ပေါ့” ဝင်းလိုက်ရုပ်ရှင်ရုံသည် ထိုစဉ် က ရုံသစ်ဖြစ်သည်။ အင်မတန် ခမ်းနားသည်။ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ အတွဲများစတည်း ချရာဖြစ် သည်။ ဝင်းလိုက်ရုံရှိ စတော် ဘယ်ရီဒိန်ချဉ်သည် နာမည်ကြီးသည်။    ဆရာအများစုသည် ကျောင်း သားကို စာကြိုးစားစေချင်သည်။ ”မင်းတို့ အိမ်ရောက်ရင် တစ်ခေါက်   လောက်တော့ ပြန်ဖတ်၊ နားလည် အောင်လုပ်ကြပါ”  ဤနေရာတွင် ကျွန်တော်မြင် သည့် အချက်တစ်ခုကို ပြောလို သည်။ Lecture တစ်ခုကို တက်ရင် တစ်ခါတစ်ခါ နိဒါန်းလောက်သာ ပို့ချပြီးစီးသည်။ လိုအပ်သော အကြောင်းအရာ လိပ်ပတ်မလည်ပါ။ ထို့အတွက် ဒီပို့ချချက်ဟာ ဘာကို ရည်ရွယ်သလဲ။ ဘာအတွက် ဒါကိုနိဒါန်းမှာ   ပေးထားလဲဆိုတာ တွေကို သိရန်လိုသည်။  နားမလည်သောကြောင့် မ ဖတ်၊ မဖတ်သောကြောင့် နားမလည်၊ လုံးလည်ချာလည် လိုက်ကာ နောက်ဆုံး စာမေးပွဲနီးမှ ‘အရေးကြီးတယ်၊ မေးမယ်’ဆိုသော စာ များကို ဂရုစိုက်ကျက်မှတ်ကြကာ စာမေးပွဲအောင်သွားကြသည်။ ဒါကို တစ်ပွဲတိုးဟု ခေါ်ပါသည်။  များသောအားဖြင့်တစ်ပွဲတိုး စာ ဖတ်သောကျောင်းသားအများသည် ဘာသာရပ်ကို လိပ်ပတ်လည် အောင်မသိကြ၊ မတတ်ကြပါ။ ကျောင်းသား အများစုသည် တစ်ပွဲတိုးသာဖြစ်သောကြောင့် စာတတ်သူ အရေအတွက် နည်းလာသည်။ ”ကျွန်တော် ဘွဲ့ရပြီးပါပြီ၊ ဒါ ပေမဲ့ စာတစ်လုံးမှမမှတ်မိတော့ ဘူး”ဆိုသည့် ကျောင်းသားများစွာ ကို တွေ့ဖူးပေမည်။ သူတို့နားမလည် သည့်အတွက် ဘာသာရပ်ကို လည်း ‘မုန်း’လာပါသည်။ တကယ်တော့ ရူပဗေဒပညာ ရပ်ကိုသင်ယူလျှင် ထိုဘာသာရပ် သဘောတရားကို သိလာသည်။ ထို့ထက်ပို၍ ထိုဘာသာရပ်တွင် ဆင်ခြင်နိုင်ဖို့ လိုသည်။ အဓိက ကတော့ ပညာရေးသည် အတွေး တွေကို သင်ပေးခြင်းဖြစ်သည်။ စာကျက်ပြီး ဘာသာရပ်ကို မုန်း သောကျောင်းသည် အပြင်ရောက် လာသည့်အခါ စာဖတ်ဖို့ ကြောက် သည်။ ဆောင်းပါးတစ်ပုဒ်ကို ဆုံး အောင်ဖတ်၍ နားမလည်ပါ။ စာစီ စာကုံးတစ်ပုဒ်ကို မရေးတတ်ပါ။  စာဖတ်မှ ကိုယ်ရည် ကိုယ်သွေး မြင့်သည်။ ထို့ကြောင့် ပညာသင် ခြင်း၏ရည်ရွယ်ချက်တစ်ခုမှာ ‘စာ ဖတ်ရန် အလေ့အကျင့်’ဖြစ်မြောက် စေဖို့ဖြစ်သည်။ စာအုပ်ကိုကြောက်သည်။ စာဖတ်ရမှာ   ကြောက်သည်။ ထိုသူများစွာကို ကျွန်တော်တို့ ပြုပြင်ပြောင်းလဲဖို့ လိုသည်။ ”ကျွန်တော်က အဝေးသင် တက်တာပါဆရာ၊ ၁ဝ ရက်ပဲ တက်ရတယ်၊ အဲဒီရက်မှာ စာဖတ် ပြီးစာမေးပွဲဖြေတာပဲ။ အောင်တဲ့ အခါလည်း အောင်တာပေါ့။ ကျွန် တော်ဘာမှမတတ်တာ အမှန်ပဲ” ကျွန်တော် ကျောင်းသားများ စွာနှင့် ဆုံဖူးပါသည်။ သူတို့ဘွဲ့ရပြီး အင်တာဗျူး တချို့ဝင်သည့်အခါမှာ ကျွန်တော် မေးဖူးပါသည်။  တက္ကသိုလ်ပညာရေးကို သူ တို့ဘာမှမသိ။ ပါမောက္ခကိုလည်း မသိ၊ ပါမောက္ခချုပ်အမည်လည်း မကြားဖူး ပါ။ မိမိတို့ကို သင်ကြားပို့ ချသွားသော ဆရာ၊ ဆရာမကို လည်း မသိကြပါ။ ပြဋ္ဌာန်းစာအုပ် မမြင်ဘူးပါ။ ဆရာပေးသော နုတ်တွေကိုသာ ဖတ်သည်။ သူတို့ဘာတွေ စိတ်ဝင် စားလဲ။ ”ဘွဲ့ရမယ်။ အလုပ်ရမယ်” ဒါပဲဖြစ်သည်။ အချိန်တော့ရှိပါသေးသည်။ သူတို့ စာဖတ်ကြဖို့လိုသည်။ ဘောလုံးပွဲကြည့်၊ ချဲထိုး၊ ဘီယာ ဆိုင်ထိုင်တာကို ဘဝလို့ ထင်နေရင် တော့ အနာဂတ်ကဆိုးတာပေါ့။ လူငယ်များစာဖတ်ဖို့ တိုက်တွန်းလိုပါ ကြောင်း။
ဒေါက်တာခင်မောင်ညို

No comments:

Post a Comment