ကျွန်တော်တို့ လူငယ်ဘဝက နိုင်ငံရေးပါတီအများအပြားရှိသလို လွတ်လပ်သော လူထုလူတန်းစားအဖွဲ့ အစည်းများလည်း တရားဝင်စည်းရုံး လှုပ်ရှားခွင့်ရှိခဲ့လေသည်။ မတရား သင်းကြေညာထားသည့် လက်နက်ကိုင် သူပုန်အဖွဲ့များမှ လွဲ၍ နိုင်ငံရေး ပါတီများကို လွတ်လပ်စွာဖွဲ့စည်းခွင့် ပြုထားသည့် ဒီမိုကရေစီခေတ်တွင် နိုင်ငံရေး ယဉ်ကျေးမှုဖွံ့ဖြိုးလာခြင်း ဖြစ်ပေသည်။ ဖဆပလအစိုးရကို ထောက်ခံသော နိုင်ငံရေးပါတီများ နှင့် လူထုလူတန်းစား အဖွဲ့အစည်း များရှိသလို အစိုးရကို ဆန့်ကျင် သော အတိုက်အခံနိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းများစွာ ရှိလေသည်။ အာဏာရ ဖဆပလပါတီကြီး၌ ပင် ဗတလစခေါ် တောင်သူလယ်သမား အဖွဲ့၊ တီယူစီဘီခေါ်အလုပ် သမား အဖွဲ့၊ လူငယ်အဖွဲ့အစိုးရကို ထောက်ခံသောဒီအက်စ်အိုခေါ်ကျောင်း သားအဖွဲ့များရှိကြသလို အတိုက် အခံနိုင်ငံရေးပါတီများအဖြစ် ဆိုရှယ် နီဟုခေါ်သည့် ဖဆပလ၏ ဆိုရှယ် လစ်ပါတီထဲမှ ခွဲထွက်လာခဲ့သော အလုပ်သမားပါတီ၊ ပြည်သူ့ တိုးတက်ရေးပါတီ၊ ဒီမိုကရေစီပါတီ စသည် စသည်ဖြင့် နိုင်ငံရေး ပါတီအများအပြား ရှိသည်။ လွတ်လပ်သောနိုင်ငံရေး ယဉ် ကျေးမှုဖွံ့ဖြိုးလာမှုအတွက် လူငယ် အဖွဲ့အစည်းအများအပြားမှာလည်း အင်အားကောင်းစွာပေါ်ပေါက်ခဲ့ပါသည်။ ထိုအစဉ် အလာမှာ ဗြိတိသျှလက် အောက် ကိုလိုနီခေတ်ကတည်းက စတင်ခဲ့သည်။ ဖဆပလအစိုးရ အောက်တွင် ဗကသခေါ် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ ချုပ်ကို တရားဝင်ဖွဲ့စည်းထားသည်။ ကျောင်းသား အခွင့်အရေးအတွက် နှင့်ကျောင်းသားများ လွတ်လပ်စွာ ရေးသား ဟောပြောစည်းရုံးခွင့် အတွက်ဖွဲ့စည်းထားသော ကျောင်း သားအဖွဲ့အစည်းဖြစ်ကာ မည်သည့်နိုင်ငံရေး ပါတီအဖွဲ့အစည်းတို့ ၏ လက်အောက်ခံ၊ သြဇာခံ မဟုတ်ဘဲကျောင်းသားအခွင့်အရေး အတွက် သာဖြစ်ပါသည်။
ထိုဗကသ များအဖွဲ့ချုပ်ကဲ့သို့ ပင် တကသ၊ ရကသ၊ ဗတက သ ကျောင်းသားတပ်ဦး ၊ တပ်ဦး သစ်စသောကျောင်းသားအဖွဲ့အစည်း အများအပြားရှိလာသလို လူငယ် ကျောင်းသားများမှာ ထိုအဖွဲ့အစည်း များနှင့် ထိတွေ့လာကြသည်။ နိုင်ငံ ရေးလှုပ်ရှားမှုများ ပြင်းထန်လာချိန်၌ ထိုကျောင်းသားအဖွဲ့များမှာ ဗကပ၊ အလံနီ၊ မလညပ စသော နိုင်ငံရေး ပါတီများ၏ သြဇာလွှမ်းမိုးမှု ကို ခံရသည်။ ပြည်သူ့လူငယ်အဖွဲ့၊ လူငယ်တပ်ဦးအဖွဲ့၊ ဖဆပလ လူငယ်အဖြစ် ပြည်ထောင်စု လူငယ် အဖွဲ့စသည့် တရားဝင်လူငယ် ဖွဲ့အစည်း များမှာလည်း လူငယ့် အကျိုးအတွက်၊ စာကြည့်တိုက်များ ဖွင့်ခြင်း၊ ဘောလုံးအသင်းနှင့် အခြား အားကစားအသင်းများ ထောင်ခြင်း တို့ကို ပြုလုပ်ခဲ့သည်။ နောင်အခါ၌ ထိုလူငယ်အဖွဲ့များမှာ နိုင်ငံရေးအဖွဲ့များ အဖြစ်လှုပ်ရှားခဲ့ပါတော့သည်။ တစ်နည်းပြောရလျှင် ထိုခေတ်ကလူငယ် များမှာ နယ်ချဲ့ ဆန့် ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုများ၏ ရိုက်ခတ်ချက်ကြောင့် နိုင်ငံရေး အသိအမြင် အားကောင်းတိုးတက် လာခဲ့သည်ဟု ဆိုရပေလိမ့်မည်။ ၁၉၄၈ ခုနှစ် ကတည်းက စတင်ခဲ့သော ပြည်တွင်းစစ်မီးမှာလည်း အရှိန်ပြင်း လာသလို ငြိမ်းချမ်း ရေးလှုပ်ရှားမှုများလည်း အားကောင်းလာသည်။ လူငယ်အများ အပြားမှာ လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများ တွင် ပါဝင်ပတ်သက် လာခဲ့ပေသည်။ ထိုအချိန်က ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်း စစ်ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အဖွဲ့စသော အဖွဲ့အစည်းများတွင် လူငယ်များ အားတက်သရော် ပါဝင်လှုပ်ရှားခဲ့ကြသည်။ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့နှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် တို့သည် နိုင်ငံရေးပါတီများနှင့် မပတ်သက်ပေ။ ဖဆပလအစိုးရအဖွဲ့မှ ခေါင်းဆောင် များ၊ အတိုက်အခံပါတီများမှ ခေါင်းဆောင်များ(ဦးသိန်း ဖေမြင့်၊ သခင်လွင်၊ သခင် လှကျွေ၊ သခင် ချစ်မောင်) လက်နက်ကိုင်သူပုန်များ (ဗကပခေါင်းဆောင်သခင်သန်းထွန်း၊ အလံနီခေါင်းဆောင်သခင်စိုး) စသည့် နိုင်ငံရေးသမားအားလုံး၏ ဆရာ ဖြစ်သော ဆရာကြီးသခင် ကိုယ်တော်မှိုင်းက ဦးဆောင်ဖွဲ့ စည်းထားခြင်းဖြစ်သည်။ ထိုငြိမ်းချမ်း ရေးအဖွဲ့များတွင် ဆရာ ကြီး သခင်ကိုယ်တော်မှိုင်း၏ သွန်သင်မှု အောက်၌ ပါဝင်လှုပ်ရှားခဲ့သော လူ ငယ်များသည် နိုင်ငံရေးယဉ်ကျေးမှု၏ အတွေ့အကြုံနှင့် အနှစ်သာရ ကို နားလည်ခံစားခဲ့ကြရသည်။ ထိုလူငယ်များသည် ထိုအချိန် က အသက် ၂ဝ ကျော် ၃ဝ နီးပါး သာရှိကြပေလိမ့်မည်။ ဗန်းမော် တင်အောင်၊ ဒဂုန်တာရာ၊ မြသန်း တင့်၊ သခင်မြသန်း၊ တော်ဘုရား ကလေး၊ အံ့မောင်၊ မောင်တင် ရွှေ၊ မောင်လင်းယုန်(ရှမ်းပြည်) စသည့် ငြိမ်းချမ်းရေးတပ်သားများ ဖြစ်ပါ သည်။ ”လူသည်နိုင်ငံရေးသတ္တဝါ ဖြစ် သည်” ဆိုသော ပလေတို၏ စကားမှာ ဆင်ခြေ မပေးနိုင် လောက် အောင် မှန်ကန်လွန်းလှသည်။ ကျွန် တော်သည်ဆယ်ကျော်သက်အရွယ် အသက် ၁၆ နှစ်ကျော် ၁၇ နှစ် ကတည်းကအဖွဲ့အစည်းထဲရောက် ခဲ့သည်။ စာဖတ် ခြင်း၏ အကျိုး အဖြစ် အသင်းအဖွဲ့ထဲတွင် စုပေါင်း တာဝန်ယူခြင်းကို အားကျခဲ့သလို လက်တွေ့လုပ်ဆောင်ရာတွင် ကျေ နပ်ဂုဏ်ယူခဲ့ပါသည်။ မြို့နယ်ကျောင်း သားသမဂ္ဂတာဝန်၊ ပြည်သူ့ လူငယ် အဖွဲ့တာဝန်၊ ငြိမ်းချမ်းရေးအဖွဲ့ တာ ဝန်များကိုယူရင်း တိုင်းပြည်အတွက် နိုင်ငံရေးတာဝန်ယူရသည်မှာ မြင့်မြတ်သည်၊ ဂုဏ်ရှိသည် ဟုယုံကြည် နားလည်ခဲ့လေသည်။ ငယ်ရွယ်နုပျိုစဉ် နိုင်ငံရေးယဉ် ကျေးမှုကို နားလည်သဘောပေါက် ပြီး နိုင်ငံရေးတာဝန်ကို ယူနိုင်လျှင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက် အလွန်အကျိုးရှိပါသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် အသက် ၂ဝ ကျော်ကတည်းက နိုင်ငံရေးလှုပ်ရှား မှုတွင်ပါဝင်ခဲ့သည့် ကျောင်းသား ခေါင်းဆောင်၊ ကွန်မြူ နစ်ပါတီ အထွေထွေအတွင်းရေးမှူး၊ဖဆပလ အဖွဲ့ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် အဖြစ် တာဝန်ကြီးများကို ယူရင်း အသက် ၃၂ နှစ် အရွယ် နုပျိုစဉ်မှာ ပင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါသည်။ လူငယ်ခေါင်းဆောင်သည် လူကြီး ခေါင်းဆောင်ထက် သာသည်မှာ စိတ်ရော ရုပ်ပါနုပျိုပြီး ခေါင်းဆောင် မှုပေးနိုင် သည့် ခွန်အားအပြည့်ရှိ ခြင်းဖြစ်သည်။ နယ်လ်ဆင်မင်ဒဲလား သည်ထောင်ထဲတွင် ၂၇ နှစ်ကျော် နေခဲ့ပြီးနောက် အပြင်ရောက်သည့် အခါသူ့ပါတီ ဗဃြ က ရွေးကောက်ပွဲ တွင် တစ်ခဲနက် အနိုင်ရခဲ့ သည်။ မင်ဒဲလားသည် တောင်အာဖရိကနိုင်ငံ သမ္မတအဖြစ် တာဝန်ယူ ရင်းအသက် အရွယ်ရလာသောအခါ အငြိမ်းစားယူခဲ့သည်။ လူထုက သူ့ ကို သမ္မတတာဝန် ဆက်ယူစေချင်သော်လည်း သူကအနားယူခဲ့သည်။ မင်ဒဲလားက ”လူဟာ အသက်၇ဝ လောက်အထိ အရွယ်ရလာရင် တွေးခေါ်ချင့်ချိန်မှု အားနည်းလာ ပါတယ်။ ဒီအရွယ်မှာ အရေးကြီးတဲ့ တိုင်းပြည်တာဝန်ကို မယူသင့်တော့ ပါဘူး။ လူငယ်၊ လူလတ်တွေကိုပဲ တာဝန်ပြောင်းပေးသင့်တယ်”ဟု ပြောကြားခဲ့လေသည်။
ယခုတလော အရှေ့အလယ် ပိုင်းဒေသတစ်ခုလုံးတွင် မိုးပြိုသလို ဒီမိုကရေစီတောင်းဆိုမှု၊ လူထုဆန္ဒ ပြပွဲများ တစ်နိုင်ငံပြီးတစ်နိုင်ငံ ဖြစ်ပွားနေသည်။ အထူးသဖြင့် ပုဂ္ဂိုလ်တစ်ဦးတည်းက နှစ်ပေါင်းများ စွာ နိုင်ငံကိုအုပ်ချုပ်နေမှုအား မကျေနပ်မှုသည် အကြောင်းအချက် တစ်ခုဖြစ်သည်။ အီဂျစ်နိုင်ငံ တွင်ရာသက်ပန် သမ္မတအဖြစ် နှစ်ပေါင်း ၃ဝ ကျော် အုပ်ချုပ်နေမှု၊ ဆီးရီးယားနိုင်ငံရှိ သမ္မတအာဆတ်၏ ရာသက်ပန် အာဏာယူထားမှုကို မကျေနပ်ကြ၍ လူထုတိုက်ပွဲများ ဖြစ်ပေါ်ခဲ့ရသည်။ အရှေ့အလယ် ပိုင်းမှ လူငယ် ပညာတတ်များက ထိုဆန္ဒပြပွဲများကို ဦးဆောင်ပါဝင်ခဲ့ကြ လေသည်။ ဆိုလိုသည်မှာ လူငယ် များသည် အပြောင်းအလဲကို တောင်းဆို ဖန်တီးကြခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ထိုက်သင့် သောနေရာပေးရေးမှာ လူကြီးများ တွင် တာဝန်ရှိသည်။ တိုင်းပြည်တိုး တက်မှုအတွက် တာဝန်သိစိတ် ရှိလျှင် လူငယ်များကို အမွေဆက် ခံခွင့်ပေးရပေလိမ့်မည်။မူဘာရက်လို၊ အာဆတ်လို ရာသက်ပန် အာဏာ ချုပ်ကိုင်လိုစိတ်ရှိလျှင်ကားတိုင်း ပြည်တိုးတက်ဖို့ကားမလွယ်လှပေ။ ထိုအခါ ခေတ်ကိုပြောင်းလဲလို သော လူငယ်တို့နှင့် ထိပ်တိုက် ရင်ဆိုင်ရပေလိမ့်မည်။ လက်ဆင့် ကမ်းတာဝန်လွှဲပြောင်းမှုကို စင်ကာပူ ဝန်ကြီးချုပ် လီကွမ်ယူသည် စနစ် တကျလုပ်ကိုင်နိုင်ခဲ့ပေသည်။ နိုင်ငံရေး တာဝန်ကို လူငယ် များ ထမ်းဆောင်နိုင်ပုံကို အမေရိ ကန်သမ္မတ ဘားရက်အိုဘားမားက လက်တွေ့ပြသပါသည်။ မကြာသေး ခင်က အိုဘားမား အသက် ၅ဝ ပြည့်မွေးနေ့ကျင်းပခဲ့သည်။ အသက် ၆ဝ၊ အသက် ၇ဝ လူကြီးများအနေ ဖြင့် ၅ဝ အရွယ်ကို ငယ်သေးသည် ဟု သတ်မှတ်ရပေလိမ့်မည်။ ကမ္ဘာ့ အင်အားအကြီးဆုံး စူပါပါဝါနိုင်ငံ ကြီးကို အုပ်ချုပ်ဖို့အမေရိကန်သမ္မတ တာဝန်စတင်ထမ်းဆောင်စဉ်က ဘားရက်အိုဘားမားမှာ အသက် ၄၇ နှစ်သာ ရှိပါသေး သည်။ ရုပ်ရော စိတ်ပါ အင်အားကောင်းသော၊ တိုင်း ပြည်တာဝန်၊ နိုင်ငံရေးတာဝန်ယူဖို့ ကောင်းဆုံးသော အရွယ်ဖြစ်ပါ သည်။ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း မှာလည်း အသက် ၄ဝ ကျော်ပင်ရှိသည်။ ယခုထိုင်းနိုင်ငံရွေး ကောက် ပွဲတွင် အနိုင်ရသော ယင်းလတ်ရှင် နာဝပ်ထရာမှာ အသက် ၄၄ နှစ်အရွယ် ချောမော လှပသည့် စီးပွားရေးလုပ်ငန်းရှင် လူငယ်အမျိုးသမီးဖြစ်သည်။ လူငယ်နှင့် နိုင်ငံရေးယဉ်ကျေး မှုဖွံ့ဖြိုးလာခြင်းသည် ကမ္ဘာအနှံ့ လွှမ်းမိုးလာပေပြီ။ လူငယ်များကို နိုင်ငံရေးနှင့် ကင်းရမည်၊ လူငယ်များ နိုင်ငံရေးမလုပ်ရဆိုသည့် အလွန် ခေတ်နောက်ကျသော အတွေး အခေါ်မှာ သမိုင်းအမှိုက်ခြင်းထဲ စွန့်ပစ်ခံရသည်မှာ ကြာပေပြီ။ လူငယ်များ ကို နိုင်ငံရေး ရင့်ကျက်အား၊ နိုင်ငံရေးကို နားလည်သဘော ပေါက်အောင် နိုင်ငံအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသော နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်ပတ်သက်စေ အောင် စည်းရုံးရပေမည်။ ကမ္ဘာကြီးသည် အပြောင်းအ လဲဆီသို့ အဟုန်ပြင်းပြင်းချီတက် နေသည်။ မထင်မှတ်သော ဖြစ်ရပ်များ၊ အပြောင်းအလဲများမှာလည်း ရုတ်တ ရက်ဖြစ်ပေါ်လျက်ရှိ၏။ သို့သော် ထို ရုတ်တရက်အပြောင်းအလဲမှာ မိုးပေါ် မှ ချက်ချင်းကျလာခြင်း မဟုတ်ပေ။ တရွေ့ရွေ့ဖြစ်စဉ်များ၊ ယခင့် ယခင်က တစ်စတစ်စ ပြောင်းလဲမှုများ အားကောင်း လာချိန်တွင် ရုတ်တ ရက်ပြောင်းသွားခြင်းဖြစ်ပါသည်။ သမိုင်းဖြစ်ပေါ်မှုကို မိုက် ရူးရဲဆန်စွာ တား၍မရနိုင်ပေ။ တားဆီးသူမှန် သမျှကို သမိုင်းက နင်းချေသွားပေ လိမ့် မည်။ သမိုင်းကို ဖန်တီးသူမှာ လူထုဖြစ်၏။ ထိုလူထုကို ဦးဆောင် မည့်သူမှာ လူငယ်ဖြစ်သည်။ ထို့ကြောင့် လူငယ်များအနေ ဖြင့် နိုင်ငံရေး ယဉ်ကျေးမှုကို နားလည် သဘောပေါက်အောင် သဘာ တရားရောလက်တွေ့ပါ ကြိုးစား သ%
No comments:
Post a Comment